နော်ဝေတွင် ဘိုးဘွားဂေဟာတွင် နေထိုင်သူ ၂ ဦး Pfizer ကာကွယ်ဆေးထိုးခံပြီးနောက် သေဆုံး
နော်ဝေတွင် ဘိုးဘွားဂေဟာတွင် နေထိုင်သူ ၂ ဦး Pfizer ကာကွယ်ဆေးထိုးခံပြီးနောက် သေဆုံး - Property News in Myanmar from iMyanmarHouse.com
7 Jan 2021 10:36 am တွင် တင်ခဲ့သည်
1568 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နော်ဝေနိုင်ငံတွင် ဘိုးဘွားဂေဟာတွင် နေထိုင်သူ ၂ ဦးသည် Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု ခံယူအပြီး သေဆုံးခဲ့မှု ပေါ်ပေါက်ခဲ့သည်။
နော်ဝေ ဆေးဝါးအေဂျင်စီနှင့် နော်ဝေ ပြည်သူ့ကျန်းမာရေး အမျိုးသားအင်စတီကျု၏ ဆေးဝါးညွှန်ကြားရေးက အဆိုပါသေဆုံးမှုများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့တွင်လည်း ကလေးခွဲစိတ်ကုသမှုဆိုင်ရာ လက်ထောက်တစ်ဦး Pfizer ကာကွယ်ဆေးထိုးပြီး ၂ ရက်အကြာတွင် သေဆုံးသွားခဲ့သည့် ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ နော်ဝေတွင်လည်း သေဆုံးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(ပေါ်တူဂီနိုင်ငံတွင် Pfizer ကာကွယ်ဆေးထိုးပြီး သေဆုံးသွားခဲ့သည့်ဖြစ်ရပ်ကို iMyanmarHouse.com ဝဘ်ဆိုက်ကြီးတွင် ဖော်ပြပြီးဖြစ်ပါသည်။ https://www.imyanmarhouse.com/news/read/990107)
နော်ဝေဆေးဝါးအေဂျင်စီမှ ဆေးဘက်ဒါရိုက်တာ စတိုင်နာ မောက်ဆင်း (Steiner Madsen ) က “ကာကွယ်ဆေးကြောင့် သေဆုံးခြင်းလား (ဒါမှမဟုတ်) ကာကွယ်ဆေးထိုးပြီးမှ သူ့အကြောင်းနဲ့သူ သေဆုံးမှုတိုက်ဆိုင်သွားသလားဆိုတာ ကျွန်တော်တို့ စစ်ဆေးဖော်ထုတ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် နော်ဝေ ပြည်သူ့ကျန်းမာရေး အမျိုးသားအင်စတီကျုကလည်း သေဆုံးရခြင်း၏ အကြောင်းရင်းကို စစ်ဆေးလျက်ရှိသည်။
သက်ကြီးရွယ်အိုများကို ကာကွယ်ဆေး ပထမဆုံး ထိုးနှံပေးနေခြင်းဖြစ်သောကြောင့် သေဆုံးမှုမှာ တိုက်ဆိုင်မှုဖြစ်နိုင်ချေ များကြောင်းလည်း မောက်ဆင်းက ပြောသည်။
Pfizer Inc ၏ အမှုဆောင်အရာရှိချုပ် အဲလ်ဘတ် ဘားလာ (Albert Bourla ) က ကာကွယ်ဆေးထိုးခံထားသူများမှတဆင့် အခြားသူများထံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်မှု ရှိ၊ မရှိကိုမူ ကုမ္ပဏီအနေဖြင့် အသေအချာ မသိသေးကြောင်း ပြောကြားသည်။
ကာကွယ်ဆေးထိုးနှံမှုခံယူထားသူအချို့က ပြောရာတွင် Pfizer ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများသည် တုပ်ကွေးကာကွယ်ဆေးနှင့် အလားတူကြောင်း ပြောကြားကြသည်။
နော်ဝေတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ဦးမော့လာနေခြင်းကို တားဆီးကာကွယ်ရေးအတွက် စည်းမျဉ်းတင်းကြပ်မှုများ ပြုလုပ်သွားမည်ဟု နော်ဝေဝန်ကြီးချုပ် အာနာ ဆူလ်ဘတ် (Erna Solberg) က ပြောသည်။
အဆိုပါ စည်းမျဉ်းတင်းကြပ်မှုတွင် စားသောက်ဆိုင်များ၊ အရက်ဘားများတွင် အရက်ရောင်းချခြင်း၊ နေအိမ်သို့ ဧည့်သည်များ ဝင်ထွက်မှု ပိတ်ပင်ခြင်းများ ပါဝင်သည်။
“ကျွန်မတို့ဟာ ရောဂါကူးစက်မှုလှိုင်းသစ်တစ်ခုရဲ့ လက္ခဏာတွေ တွေ့နေရပါတယ်။ အိမ်ကို ဧည့်သည်တွေ မခေါ်ဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။ ရက်သတ္တ ၂ ပတ်လောက် ဧည့်သည်တွေ မခေါ်ကြပါနဲ့ဦး။”ဟု ဝန်ကြီးချုပ်က ပြောသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Two dead in Norway, received Pfizer's coronavirus vaccine recently (dnaindia, wionews)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service