ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြင်းထန်နေသော ပြည်နယ် ၅ ခု လော့ဒေါင်းအပြည့်ချ
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြင်းထန်နေသော ပြည်နယ် ၅ ခု လော့ဒေါင်းအပြည့်ချ - Property News in Myanmar from iMyanmarHouse.com
6 Jan 2021 10:55 am တွင် တင်ခဲ့သည်
831 ကြိမ် ကြည့်ရှု့ပြီး
[Unicode] ထိုင်းနိုင်ငံ၏ ပြည်နယ် ၅ ခုတွင် လော့ဒေါင်းအပြည့်ချမှတ်လိုက်ပြီဖြစ်ကာ မဖြစ်မနေလိုအပ်ချက် မဟုတ်လျှင် မည်သူမဆို အဆိုပါပြည်နယ်များသို့ ဝင်ရောက်ခြင်း (သို့မဟုတ်) ထွက်ခွာခြင်းများကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ယခုကဲ့သို့ တင်းကြပ်သည့် ပိတ်ပင်မှုပြုလုပ်လိုက်သည့် ပြည်နယ်များမှာ ထိုင်းနိုင်ငံအရှေ့ပိုင်း ပြည်နယ်များဖြစ်သော ချုံဘူရီ၊ ရယောင်၊ ချန်ထဘူရီ၊ သရာ့ပြည်နယ်များနှင့် ပြီးခဲ့သောလအတွင်း Covid-19 ကူးစက်မှုများ အလုံးအရင်းပေါ်ပေါက်ခဲ့သည့် အလယ်ပိုင်းပြည်နယ်ဖြစ်သော ဆမုဆခွန်ပြည်နယ်တို့ ဖြစ်သည်။
ယခုကဲ့သို့ လော့ဒေါင်းအပြည့်ချမှတ်ရခြင်းမှာ သက်ဆိုင်ရာပြည်နယ်များအတွင်း ရောဂါကူးစက်မှုနှုန်း မြင့်မားလာနေခြင်းကြောင့် ဖြစ်ကြောင်း၊ လော့ဒေါင်းချရန် သဘောတူခဲ့သည့် ဝန်ကြီးချုပ် ပရာယု ချန်အိုချာနှင့် Covid-19 အခြေအနေကွပ်ကဲရေးဗဟိုတို့ကို လက်ထောက်ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆာထစ် ပစ်တူးတချားက ချီးမွမ်းခဲ့ကြောင်း Thai PBS World သတင်းဌာနက သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မှုမှာ ခေတ္တသာဆောင်ရွက်ရန် လိုအပ်မည်ဟု မျှော်လင့်ကြောင်း၊ ယခုကဲ့သို့ လော့ဒေါင်းချမှုမျိုးသည် စီးပွားရေးထိခိုက်မှုများ ဖြစ်လာနိုင်သည်ကို သိရှိကြောင်းလည်း ၎င်းက ပြောကြားသည်။
သို့သော် ယခုကဲ့သို့ ဆောင်ရွက်မှု မပြုလုပ်ပါက နိုင်ငံ၏အခြားနေရာများသို့ Covid-19 ရောဂါပျံ့နှံ့မည့်အန္တရာယ်ရှိနေကြောင်းလည်း လက်ထောက်ဝန်ကြီးက ပြောသည်။
ထိုင်းတွင် လက်ရှိအားဖြင့် Covid-19 ရောဂါကူးစက်မှုများ ဖြစ်ပွားနေသည့် ပြည်နယ်ပေါင်း ၅၄ ခုရှိသည်။ (ထိုင်းနိုင်ငံတွင် ပြည်နယ် စုစုပေါင်း ၇၃ ခု ရှိသည်)
အရောင်ဖြင့် ပြသထားသော ပြည်နယ်များမှာ ကူးစက်မှု ပြင်းထန်သည့် အခြေအနေကို ရည်ညွှန်းသည်။
တင်းကျပ်သည့် စည်းမျဉ်းကန့်သတ်မှုများချမှတ်ထားသော ဘန်ကောက်တွင် အများပြည်သူသွားလာလည်ပတ်လေ့ရှိသောနေရာများကို ဇန်နဝါရီလ ၃၁ ရက်အထိ ပိတ်ပင်ထားရာ ထိုင်းဘုရင့်နန်းတော်ဟောင်း၊ မြဘုရားတို့လည်း ပါဝင်သည်။
ဘန်ကောက်သို့ အဝင်၊ အထွက်ကိုမူ ပိတ်ပင်ခြင်းမရှိသော်လည်း အဆိုပါဒေသသို့ ဝင်ထွက်မည့်သူများမှာ တင်းကြပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ခံယူရမည် ဖြစ်သည်။
အခြားသတင်းများတွင် Prince of Songkhla တက္ကသိုလ်မှ အဖွဲ့တစ်ခုသည် Covid-19 test kit တစ်မျိုး ထုတ်လုပ်နိုင်ခဲ့ပြီး သွေးအတွင်းရှိ ပဋိပစ္စည်းများကို ၁၅ မိနစ်အတွင်း ထောက်လှမ်းနိုင်ကာ တိကျမှု ၉၉ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
အဆိုပါ အဖွဲ့ကို ဦးဆောင်သူ ထီရာကမူး ဖင်စကူးက ပြောရာတွင် ရောဂါကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြသူများဖြစ်နေကြရာ ယခုစမ်းသပ်ပစ္စည်းသည် ရက်သတ္တပတ် (သို့မဟုတ်) ၂ ပတ်အတွင်း ဗိုင်းရပ်စ်နှင့် ထိတွေ့ခဲ့သူတို့တွင် ပဋိပစ္စည်း ထုတ်လုပ်မှု ရှိ၊ မရှိ ထောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ စမ်းသပ်ပစ္စည်းကို ထိုင်း အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးက အတည်ပြုခွင့်ပြုပေးပြီးဖြစ်ရာ အလုံးအရင်းထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး တစ်ရက်လျှင် test kit ပေါင်း ၁၀၀၀၀၀ ခန့် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 5 Thai provinces ordered into total lockdown (thethaiger)
[Zawgyi]
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service