ဖုန်းကင်မရာကို တစ်မိနစ်စိုက်ကြည့်ရုံဖြင့် နှလုံးခုန်နှုန်း၊ အောက်ဆီဂျင်ပမာဏနှင့် သွေးပေါင်ချိန်သိနိုင်မည့် ဖုန်း App စင်္ကာပူ တီထွင်၊ အမေရိကန် FDA ၏ ထောက်ခံချက်ရရန် တင်ပြထား

ဖုန်းကင်မရာကို တစ်မိနစ်စိုက်ကြည့်ရုံဖြင့် နှလုံးခုန်နှုန်း၊ အောက်ဆီဂျင်ပမာဏနှင့် သွေးပေါင်ချိန်သိနိုင်မည့် ဖုန်း App စင်္ကာပူ တီထွင်၊ အမေရိကန် FDA ၏ ထောက်ခံချက်ရရန် တင်ပြထား - Property News in Myanmar from iMyanmarHouse.com
5 Jan 2021 12:48 pm တွင် တင်ခဲ့သည်
1500 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်၏ ဖုန်းကို မျက်နှာရှေ့တွင် တစ်မိနစ်ခန့် ကိုင်ထားကာ ကင်မရာကို စိုက်ကြည့်နေရုံမျှဖြင့် သင်၏ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ၊ အသက်ရှူနှုန်းအပြင် စိတ်ဖိစီးမှုအတိုင်းအတာတို့ကို ဆေးပညာနယ်ပယ်သုံး တိကျမှုအဆင့်ဖြင့် ဖော်ထုတ်ပေးနိုင်တော့မည် ဖြစ်သည်။

အထက်ဖော်ပြပါအချက်ကား စင်္ကာပူမှ ကျန်းမာရေးဆိုင်ရာ ကုမ္ပဏီသစ်တစ်ခုဖြစ်သော Nervotec က ၎င်းတို့ ထုတ်လုပ်ထားသည့် ဖုန်း အပလီကေးရှင်းနှင့် ပတ်သက်ပြီး အာမခံထားသည့်အချက် ဖြစ်သည်။

အဆိုပါ ဖုန်း App သည် အရေပြားအောက် ဆံခြည်မျှင်သွေးကြောငယ်များအတွင်း သွေးစီးဆင်းမှုကြောင့် မျက်နှာတွင် ပြောင်းလဲပုံများကို လေ့လာကာ အသုံးပြုသူ၏ အရေးကြီးသောကျန်းမာရေးအချက်အလက်များကို ထောက်လှမ်းခြင်း ဖြစ်သည်။

ယင်း App သည် ရှေ့ဘက်ကင်မရာ ပါဝင်သော မည်သည့် စမတ်ဖုန်းတွင်မဆို အလုပ်လုပ်ပြီး ကင်မရာမှ ရရှိလာသည့် အချက်အလက်များကို မှတ်ဉာဏ်တု အင်ဂျင်တစ်ခုမှတဆင့် တွက်ချက်မှုများ ပြုလုပ်ခြင်း ဖြစ်သည်။

ထိုသို့တွက်ချက်ရရှိလာမှုတွင် ရလဒ်မကောင်းပါက နေထိုင်မကောင်းဖြစ်နေခြင်း၊ စိတ်ဖိစီးမှုများနေခြင်းများကို ပြသနေပြီး Covid-19 ရောဂါကူးစက်နေခြင်းကိုပင် ပြသခြင်းမျိုး ဖြစ်နိုင်ဖွယ်ရှိသည်။

Covid-19 ကူးစက်ခံထားရသူများတွင် hypoxia ဟုခေါ်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရခြင်းများ များပြားနေသည်။ သွေးအတွင်းတွင် အောက်ဆီဂျင်ဓာတ် တဖြည်းဖြည်းကျဆင်းနေသော်လည်း ကူးစက်ခံထားရသူက မသိသည့် အခြေအနေမျိုး ဖြစ်သည်။

Nervotec တည်ထောင်သူ ဂျိုနသန် လောက ပြောရာတွင် မိမိတို့၏ နည်းပညာတွင် ကိုယ်ပူချိန်တိုင်းတာခြင်းစနစ်လည်း ပါဝင်သေးကြောင်း ပြောကြားသည်။

ခြုံ၍ ပြောရလျှင် အဖျားရှိနေခြင်းမှာလည်း Covid-19 ၏ လက္ခဏာများတွင် တစ်ခုပါဝင်ကြောင်း ၎င်းက ပြောသည်။

FDA ၏ စံချိန်စံညွှန်းများနှင့်အညီ တိကျမှုရှိ

မစ္စတာ လော၏ ပြောကြားချက်အရ အဆိုပါ App သည် လူတစ်ဦး၏ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်နှုန်းကို ရာခိုင်နှုန်း အမှတ် ၂ ခုအထိ တိကျစွာ ပြောပြနိုင်ကြောင်း ပြောကြားသည်။

သို့သော် ကင်မရာအနီး မီးလုံးရှိနေခြင်း၊ မှိတ်တုပ်မီးများ ရှိနေခြင်းအားဖြင့် မျက်နှာဖတ်ရှုမှုကို အနှောင့်အယှက်များရှိနေပါကမူ အပလီကေးရှင်း ကောင်းစွာအလုပ်လုပ်မည် မဟုတ်ချေ။

Today သတင်းဌာနမှ သတင်းထောက်တစ်ဦးက အဆိုပါ App ကို လက်တွေ့စမ်းသပ်ကြည့်ရာ ရရှိလာသော ရလဒ်များသည် လက်ချောင်းထိပ်တွင် တပ်ကာ တိုင်းတာရသည့် pulse oximeter မှ ပြသသောအချက်အလက်များနှင့် ကွဲလွဲမှု မရှိဟု ဆိုသည်။

ယခု App ၏ တိကျမှုမှာ အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) ထံမှ ဆေးပညာအတွက် အသုံးပြုရေး ထောက်ခံချက် ရရှိရန် လိုအပ်သည့် စံချိန်စံညွှန်းကောင်းစွာရှိကြောင်း မစ္စတာလောက ပြောသည်။

Nervotec သည် ၎င်းတို့၏ App ကို အမေရိကန် FDA ထံမှ ၂၀၂၁ ခုနှစ်အတွင်း ထောက်ခံချက်ရရှိရန် ရည်မှန်းထားသည်။

အမေရိကန် FDA ထံမှ ထောက်ခံချက်ရပါက စင်္ကာပူတွင် အသုံးပြုရန် စင်္ကာပူ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ထံမှ ခွင့်ပြုချက် လျင်မြန်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း မစ္စတာလောက ပြောသည်။

National University Health Systems မှ အရေးပေါ်ခန်းဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ အီယန် မက်သူးစ်က ပြောရာတွင် ယခုလို နည်းပညာမျိုးသည် ဆေးရုံများတွင် လူစုလူဝေးများ လျှော့ချပေးနိုင်ကြောင်း ပြောကြားသည်။

“ဒီလို ရောဂါကပ်ဘေးကာလကြီးမှာ အရေးကြီးဆုံးကျန်းမာရေးလက္ခဏာတွေကို အဝေးကစောင့်ကြည့်နိုင်ခြင်းဟာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လူနာတွေကို အရည်အသွေးမီ စောင့်ရှောက်မှု ပေးနိုင်တဲ့နည်းတူ ရောဂါကူးစက်မှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မက်သူးစက်ကပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore startup develops app that reads vital signs via phone’s camera (todayonline)

 

[Zawgyi]

ဖုန္းကင္မရာကို တစ္မိနစ္စိုက္ၾကည့္ရံုျဖင့္ ႏွလံုးခုန္ႏႈန္း၊ ေအာက္ဆီဂ်င္ပမာဏႏွင့္ ေသြးေပါင္ခ်ိန္သိႏိုင္မည့္ ဖုန္း App စကၤာပူ တီထြင္၊ အေမရိကန္ FDA ၏ ေထာက္ခံခ်က္ရရန္ တင္ျပထား

သင္၏ ဖုန္းကို မ်က္ႏွာေရွ႕တြင္ တစ္မိနစ္ခန္႔ ကိုင္ထားကာ ကင္မရာကို စိုက္ၾကည့္ေနရံုမွ်ျဖင့္ သင္၏ ႏွလံုးခုန္ႏႈန္း၊ ေသြးတြင္း ေအာက္ဆီဂ်င္ပမာဏ၊ အသက္ရွဴႏႈန္းအျပင္ စိတ္ဖိစီးမႈအတိုင္းအတာတို႔ကို ေဆးပညာနယ္ပယ္သံုး တိက်မႈအဆင့္ျဖင့္ ေဖာ္ထုတ္ေပးႏိုင္ေတာ့မည္ ျဖစ္သည္။

အထက္ေဖာ္ျပပါအခ်က္ကား စကၤာပူမွ က်န္းမာေရးဆိုင္ရာ ကုမၸဏီသစ္တစ္ခုျဖစ္ေသာ Nervotec က ၎တို႔ ထုတ္လုပ္ထားသည့္ ဖုန္း အပလီေကးရွင္းႏွင့္ ပတ္သက္ျပီး အာမခံထားသည့္အခ်က္ ျဖစ္သည္။

အဆိုပါ ဖုန္း App သည္ အေရျပားေအာက္ ဆံျခည္မွ်င္ေသြးေၾကာငယ္မ်ားအတြင္း ေသြးစီးဆင္းမႈေၾကာင့္ မ်က္ႏွာတြင္ ေျပာင္းလဲပံုမ်ားကို ေလ့လာကာ အသံုးျပဳသူ၏ အေရးၾကီးေသာက်န္းမာေရးအခ်က္အလက္မ်ားကို ေထာက္လွမ္းျခင္း ျဖစ္သည္။

ယင္း App သည္ ေရွ႕ဘက္ကင္မရာ ပါဝင္ေသာ မည္သည့္ စမတ္ဖုန္းတြင္မဆို အလုပ္လုပ္ျပီး ကင္မရာမွ ရရွိလာသည့္ အခ်က္အလက္မ်ားကို မွတ္ဥာဏ္တု အင္ဂ်င္တစ္ခုမွတဆင့္ တြက္ခ်က္မႈမ်ား ျပဳလုပ္ျခင္း ျဖစ္သည္။

ထိုသို႔တြက္ခ်က္ရရွိလာမႈတြင္ ရလဒ္မေကာင္းပါက ေနထိုင္မေကာင္းျဖစ္ေနျခင္း၊ စိတ္ဖိစီးမႈမ်ားေနျခင္းမ်ားကို ျပသေနျပီး Covid-19 ေရာဂါကူးစက္ေနျခင္းကိုပင္ ျပသျခင္းမ်ဳိး ျဖစ္ႏိုင္ဖြယ္ရွိသည္။

Covid-19 ကူးစက္ခံထားရသူမ်ားတြင္ hypoxia ဟုေခၚသည့္ အေျခအေနမ်ဳိးႏွင့္ ရင္ဆိုင္ရျခင္းမ်ား မ်ားျပားေနသည္။ ေသြးအတြင္းတြင္ ေအာက္ဆီဂ်င္ဓာတ္ တျဖည္းျဖည္းက်ဆင္းေနေသာ္လည္း ကူးစက္ခံထားရသူက မသိသည့္ အေျခအေနမ်ဳိး ျဖစ္သည္။

Nervotec တည္ေထာင္သူ ဂ်ဳိနသန္ ေလာက ေျပာရာတြင္ မိမိတို႔၏ နည္းပညာတြင္ ကိုယ္ပူခ်ိန္တိုင္းတာျခင္းစနစ္လည္း ပါဝင္ေသးေၾကာင္း ေျပာၾကားသည္။

ျခံဳ၍ ေျပာရလွ်င္ အဖ်ားရွိေနျခင္းမွာလည္း Covid-19 ၏ လကၡဏာမ်ားတြင္ တစ္ခုပါဝင္ေၾကာင္း ၎က ေျပာသည္။

FDA ၏ စံခ်ိန္စံညႊန္းမ်ားႏွင့္အညီ တိက်မႈရွိ

မစၥတာ ေလာ၏ ေျပာၾကားခ်က္အရ အဆိုပါ App သည္ လူတစ္ဦး၏ ႏွလံုးခုန္ႏႈန္း၊ ေသြးတြင္း ေအာက္ဆီဂ်င္ေပ်ာ္ဝင္ႏႈန္းကို ရာခိုင္ႏႈန္း အမွတ္ ၂ ခုအထိ တိက်စြာ ေျပာျပႏိုင္ေၾကာင္း ေျပာၾကားသည္။

သို႔ေသာ္ ကင္မရာအနီး မီးလံုးရွိေနျခင္း၊ မွိတ္တုပ္မီးမ်ား ရွိေနျခင္းအားျဖင့္ မ်က္ႏွာဖတ္ရႈမႈကို အေႏွာင့္အယွက္မ်ားရွိေနပါကမူ အပလီေကးရွင္း ေကာင္းစြာအလုပ္လုပ္မည္ မဟုတ္ေခ်။

Today သတင္းဌာနမွ သတင္းေထာက္တစ္ဦးက အဆိုပါ App ကို လက္ေတြ႔စမ္းသပ္ၾကည့္ရာ ရရွိလာေသာ ရလဒ္မ်ားသည္ လက္ေခ်ာင္းထိပ္တြင္ တပ္ကာ တိုင္းတာရသည့္ pulse oximeter မွ ျပသေသာအခ်က္အလက္မ်ားႏွင့္ ကြဲလြဲမႈ မရွိဟု ဆိုသည္။

ယခု App ၏ တိက်မႈမွာ အေမရိကန္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲမႈအဖြဲ႔ (FDA) ထံမွ ေဆးပညာအတြက္ အသံုးျပဳေရး ေထာက္ခံခ်က္ ရရွိရန္ လိုအပ္သည့္ စံခ်ိန္စံညႊန္းေကာင္းစြာရွိေၾကာင္း မစၥတာေလာက ေျပာသည္။

Nervotec သည္ ၎တို႔၏ App ကို အေမရိကန္ FDA ထံမွ ၂၀၂၁ ခုႏွစ္အတြင္း ေထာက္ခံခ်က္ရရွိရန္ ရည္မွန္းထားသည္။

အေမရိကန္ FDA ထံမွ ေထာက္ခံခ်က္ရပါက စကၤာပူတြင္ အသံုးျပဳရန္ စကၤာပူ က်န္းမာေရးသိပၸံအာဏာပိုင္အဖြဲ႔ထံမွ ခြင့္ျပဳခ်က္ လ်င္ျမန္စြာ ရရွိႏိုင္မည္ျဖစ္ေၾကာင္း မစၥတာေလာက ေျပာသည္။

National University Health Systems မွ အေရးေပၚခန္းဆရာဝန္တစ္ဦးျဖစ္သူ ေဒါက္တာ အီယန္ မက္သူးစ္က ေျပာရာတြင္ ယခုလို နည္းပညာမ်ဳိးသည္ ေဆးရံုမ်ားတြင္ လူစုလူေဝးမ်ား ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေျပာၾကားသည္။

“ဒီလို ေရာဂါကပ္ေဘးကာလၾကီးမွာ အေရးၾကီးဆံုးက်န္းမာေရးလကၡဏာေတြကို အေဝးကေစာင့္ၾကည့္ႏိုင္ျခင္းဟာ က်န္းမာေရး ဝန္ထမ္းေတြအတြက္ လူနာေတြကို အရည္အေသြးမီ ေစာင့္ေရွာက္မႈ ေပးႏိုင္တဲ့နည္းတူ ေရာဂါကူးစက္မႈကို အနည္းဆံုးျဖစ္ေအာင္ ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္” ဟု ေဒါက္တာ မက္သူးစက္ကေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singapore startup develops app that reads vital signs via phone’s camera (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service