နယူးယောက်ရှိ စတုရန်းပေ ၂၂၀၀၀ ရှိ စံအိမ်ကြီးတွင် အိမ်ငှားခမပေးရဘဲ နှစ်ပေါင်း ၃၀ ကြာ နေထိုင်နေသည့် အဘိုးအို

နယူးယောက်ရှိ စတုရန်းပေ ၂၂၀၀၀ ရှိ စံအိမ်ကြီးတွင် အိမ်ငှားခမပေးရဘဲ နှစ်ပေါင်း ၃၀ ကြာ နေထိုင်နေသည့် အဘိုးအို - Property News in Myanmar from iMyanmarHouse.com
5 Jan 2021 12:37 pm တွင် တင်ခဲ့သည်
2989 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

ရွိုင်း ဖောက်စ်သည် နယူးယောက်တွင် အိမ်ငှားခ မပေးဘဲ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့သူ ဖြစ်သည်။

သို့တိုင်အောင် သူသည် နေအိမ်မှ နှင်ထုတ်ခြင်း မခံခဲ့ရ။

လူဦးရေ ၈ ဒသမ ၄ သန်းရှိသည့် နယူးယောက်မြို့ကြီးတွင် ကံထူးသူ နယူးယောက်သား ၂၃ ဦးအနက် အသက် ၈၁ နှစ်အရွယ်ရှိ ရွိုင်းဖောက်စ်မှာ တစ်ဦးအပါအဝင် ဖြစ်သည်။

၎င်းတို့သည် နယူးယောက်မြို့ရှိ ခရိုင်ကြီး ၅ ခုတွင် ဖြန့်ကျက်တည်ရှိသော အများပိုင်သမိုင်းဝင်နေရာများအနက် တစ်ခုတွင် နေထိုင်ကြခြင်း ဖြစ်သည်။

ရေဒီယိုတင်ဆက်သူတစ်ဦးအဖြစ် သူ၏ ဇာတိ ချီကာဂို၊ ဒက်ထရွိုက်နှင့် ပစ္စဘာ့ဂျ်မြို့ကြီးများတွင် လုပ်ကိုင်ခဲ့ပြီးနောက် သူ့အတွက် ငြင်းနိုင်ဖွယ်ရာ မရှိသော ကမ်းလှမ်းချက်တစ်ခု လက်ခံရရှိခဲ့သည်။

ယင်းကား နယူးယောက်မြို့ ကွင်းစ်အရပ်ရှိ ၁၁ ဧက ကျယ်သော ခြံဝန်းကြီးအတွင်းရှိ သမိုင်းဝင်အထင်ကရ အဆောက်အအုံကြီး ဖြစ်သော King Manor House တွင် အိမ်ငှားခ အခမဲ့ဖြင့် နေထိုင်ရမည့် အခွင့်အရေး ဖြစ်သည်။

ရွိုင်းဖောက်စ်သည် အပေါင်းအသင်းဆန့်သော လူရှုပ်တစ်ဦး ဖြစ်၏။ အဘယ်ကြောင့် အခမဲ့နေထိုင်ခွင့်ပေးသနည်းဟူသောအချက်ကား အဆိုပါအဆောက်အအုံကြီးကို စောင့်ရှောက်ပေးသူအဖြစ် နေထိုင်ရခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံတွင် နေထိုင်မှုအတွက် မည်သည့်သဘောတူစာချုပ်မှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသလို မည်သည့်အချက် များကို လိုက်နာပါမည်ဟူ၍ ၎င်းဘက်က သဘောတူခဲ့ခြင်းမျိုးလည်း မရှိ။ ထိုသို့ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ ဖြစ်သည်။

“ဒီနေရာကို ကျွန်တော်ပဲ ဖွင့်တာ၊ ပိတ်တာ လုပ်ပါတယ်”ဟု ရွိုင်းဖောက်စ်က သူနေထိုင်ရာ ၁၈၀၆ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆောက်အအုံကြီးနှင့် စပ်လျဉ်း၍ ပြောကြားသည်။

အဆိုပါအဆောက်အအုံကြီး၏ အချို့သော နေရာများသည် ၁၇၀၀ ပြည့်နှစ်များ ကတည်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်၏။

အဆောက်အအုံအတွက် လုပ်ဆောင်ရသောအလုပ် မရှိကြောင်း ရွိုင်းဖောက်စ်က ပြောသည်။

ထိုအဆောက်အအုံကြီးကို စောင့်ရှောက်ရမှုအတွက် လစာမရသော်လည်း ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအကြီးဆုံး မြို့ကြီးများတွင် တစ်ခု အပါအဝင်ဖြစ်သော နယူးယောက်မှ အကြီးမားဆုံး နေအိမ်တစ်လုံးတွင် နေထိုင်ခွင့်အတွက် တစ်ပြားတစ်ချပ်မှ မပေးရချေ။

“နှစ်ပေါင်းများစွာ ကျွန်တော်လုပ်ပေးခဲ့တာတွေအတွက် လစာကတော့ တစ်ပြားမှမရပါဘူး” ဟု ရွိုင်းဖောက်စ်က စတုရန်းပေ ၂၂၀၀၀ ကျယ်ဝန်းကာ အခန်းပေါင်း ၂၉ ခန်းပါဝင်သည့် သမိုင်းဝင်စံအိမ်ကြီးတွင် သူ၏အခန်းကဏ္ဍနှင့် စပ်လျဉ်းပြီး အရွှန်းဖောက် ပြောကြားသည်။

၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလများက ဖောက်စ်၏ ထိုအချိန်ကဇနီးဖြစ်သူသည် Brooklyn Bridge ပန်းခြံတွင် အလုပ်လုပ်ကိုင်နေခဲ့၏။

သူမအား အလုပ်ရှင်က သတင်းတစ်ခုပေးခဲ့သည်မှာ ပန်းခြံများဆိုင်ရာမင်းကြီးက King Manor စံအိမ်ကြီးတွင် နေထိုင်စောင့်ရှောက်ပေး မည့်သူတစ်ဦး ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်ပိုင်းဖြစ်ရပ်တို့ကား ပြောရန်မလိုတော့ချေ။

ရွိုင်းဖောက်စ်သည် ၁၉၈၉ ခုနှစ်အတွင်း အဆိုပါစံအိမ်ကြီးသို့ ရောက်လာခြင်းမှာ သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က စံအိမ်ကြီးကို ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်နေချိန် ဖြစ်သောကြောင့်ပင်။

ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော စံအိမ်ကြီးကို တချိန်က ပိုင်ဆိုင်ခဲ့သူမှာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အုတ်မြစ်ချခဲ့သူ ၅ ဦးတွင် တစ်ဦးပါဝင်သည့် ရူးဖတ်စ် ကင်း (Rufus King) က ပိုင်ဆိုင်ခဲ့၏။ သူ၏ သားများဖြစ်သော ချားလ်စ်ကင်း နှင့် ဂျွန် အယ်လ်ဆော့ပ် ကင်းတို့သည် ကိုလံဘီယာကောလိပ် ဥက္ကဌနှင့် နယူးယောက် အုပ်ချုပ်ရေးမှူး များအဖြစ် အသီးသီး တာဝန် ထမ်းဆောင်နေကြသည်။

ရွိုင်းဖောက်စ်နေထိုင်သည်မှာ အဆောက်အအုံကြီး၏ အပေါ်ဆုံးထပ်ဖြစ်သော ၃ ထပ်မြောက်မှ အခန်းတစ်ခန်းဖြစ်ပြီး အိပ်ခန်း ၂ ခန်း ပါဝင်သည်။

သူ၏အခန်းတွင် မီးဖိုဆောင်နှင့် ညစာစားခန်းတွဲလျက်ဖြစ်ပြီး ရေချိုးခန်း ၁ ခန်းလည်း ပါဝင်သည်။

အိပ်ခန်း ၂ ခန်းအနက် ရွိုင်းဖောက်စ်က အခန်းကျယ်တွင် အိပ်စက်မှုနည်းပြီး အိပ်ခန်းပိုတွင်သာ နေထိုင်အိပ်စက်မှု များပြားသည်။

ကိုဗစ်မတိုင်မီကာလက ရွိုင်းဖောက်စ်သည် မိတ်ဟောင်းဆွေဟောင်းများကို လက်ခံတွေ့ဆုံခဲ့သော်လည်း လက်ရှိကာလတွင်မူ လွန်ခဲ့သော တစ်နှစ်ခွဲက မွေးစားထားခဲ့သည့် လေလွင့်ကြောင်ကလေးတစ်ကောင်နှင့်သာ အထီးကျန်နေထိုင်လျက်ရှိသည်။

သူ၏ အခန်းအတွင်း သမိုင်းဝင်အနုပညာလက်ရာများ၊ ရှေးဟောင်းပစ္စည်းများ မရှိချေ။ သမိုင်းဝင်ပစ္စည်းများမှာ အောက်ထပ်များတွင်သာ ရှိ၏။ အောက်ထပ်ဧည့်ခန်းမှ စားပွဲပေါ်တွင်ဆိုလျှင် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီးတစ်ခု ပြသထားသည့်အပြင် ရူးဖတ်စ် ကင်း၏ ရုပ်တုကြီးလည်း ရှိ၏။

ဖောက်စ်၏ အခန်းတွင် ရုပ်မြင်သံကြားစက်လည်း မရှိချေ။ ၁၉၈၂ ခုနှစ်တွင် အိမ်ယာမဲ့တစ်ဦးကို သူ၏ရုပ်မြင်သံကြားစက် ပေးလိုက်ပြီး နောက်ပိုင်းကတည်းက ဖောက်စ်တွင် ရုပ်မြင်သံကြားစက် မရှိတော့ချေ။ သို့သော် သူ့တွင် စာအုပ်များစွာ ပိုင်ဆိုင်ထား၏။

ဖောက်စ်ထံတွင် သမိုင်းစာအုပ်များမှသည် လက်ရှိ အရောင်းရဆုံးဖြစ်နေသော မေရီထရမ့် (ဒေါ်နယ်ထရမ့်၏ တူမ) ရေးသားသော “Too Much and Never Enough” စာအုပ်အထိ ပါဝင်ကာ စာအုပ်ပေါင်း ၄၀၀၀ ကျော် ပိုင်ဆိုင်ထားသည်။

သူ၏ များပြားလှသော စာအုပ်များနှင့် စပ်လျဉ်းပြီး ဖောက်စ်က ပြောသည်မှာ “မိတ်ဆွေသူငယ်ချင်းတွေအများကြီး ခြံရံထားခြင်းခံရသလို ကျွန်တော်ခံစားရပါတယ်” ဟု ပြောကြားသည်။

ဖောက်စ်သည် စာဖတ်ခြင်း၊ စာရေးခြင်းကို အငမ်းမရ ပြုလုပ်လေ့ရှိ၏။ ဘောပင်တစ်ချောင်းနှင့် စာရွက်အချို့ အမြဲဆောင်ထားတတ်ပြီး သူ၏ စာအုပ်များအတွင်း မျဉ်းသားခြင်း၊ စက်ဝိုင်းခတ်မှတ်သားခြင်း၊ မှတ်စုထုတ်ရေးသားခြင်းများ ပြုလုပ်လေ့ရှိသည်။

ကိုဗစ်ကာလအတွင်း သူ၏ပြတိုက်စံအိမ်ကြီးသို့ လာရောက်လေ့လာသူတစ်ဦးမျှမရှိရာ စိတ်လွတ်ကိုယ်လွတ် အေးအေးချမ်းချမ်းရှိနေကြောင်း ဖောက်စ်က ပြောသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် အဆိုပါပြတိုက်ကို တစ်ရက်လျှင် ၃ ကြိမ် ဝင်ရောက်ကြည့်ရှုခွင့် ပေးထားခဲ့ပြီး ကြိုတင်စာရင်းသွင်းရန် လိုအပ်သည်ဟု ဆိုသည်။

ပြတိုက်ပိတ်ချိန်များတွင်မူ ဖောက်စ်တစ်ယောက် သူ၏ ကြောင်ကလေး၊ စာအုပ်များအကြား ပျော်မွေ့လျက်ရှိနေသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet the NYC man living in a 22,000-square-foot mansion rent-free (nypost)

 

 

[Zawgyi]

နယူးေယာက္ရွိ စတုရန္းေပ ၂၂၀၀၀ ရွိ စံအိမ္ၾကီးတြင္ အိမ္ငွားခမေပးရဘဲ ႏွစ္ေပါင္း ၃၀ ၾကာ ေနထိုင္ေနသည့္ အဘိုးအို

ရြိဳင္း ေဖာက္စ္သည္ နယူးေယာက္တြင္ အိမ္ငွားခ မေပးဘဲ ႏွစ္ေပါင္း ၃၀ ေက်ာ္ ေနထိုင္ခဲ့သူ ျဖစ္သည္။

သို႔တိုင္ေအာင္ သူသည္ ေနအိမ္မွ ႏွင္ထုတ္ျခင္း မခံခဲ့ရ။

လူဦးေရ ၈ ဒသမ ၄ သန္းရွိသည့္ နယူးေယာက္ျမိဳ႕ၾကီးတြင္ ကံထူးသူ နယူးေယာက္သား ၂၃ ဦးအနက္ အသက္ ၈၁ ႏွစ္အရြယ္ရွိ ရြိိဳင္းေဖာက္စ္မွာ တစ္ဦးအပါအဝင္ ျဖစ္သည္။

၎တို႔သည္ နယူးေယာက္ျမိဳ႕ရွိ ခရိုင္ၾကီး ၅ ခုတြင္ ျဖန္႔က်က္တည္ရွိေသာ အမ်ားပိုင္သမိုင္းဝင္ေနရာမ်ားအနက္ တစ္ခုတြင္ ေနထိုင္ၾကျခင္း ျဖစ္သည္။ ေရဒီယိုတင္ဆက္သူတစ္ဦးအျဖစ္ သူ၏ ဇာတိ ခ်ီကာဂို၊ ဒက္ထရြိဳက္ႏွင့္ ပစၥဘာ့ဂ်္ျမိဳ႕ၾကီးမ်ားတြင္ လုပ္ကိုင္ခဲ့ျပီးေနာက္ သူ႔အတြက္ ျငင္းႏိုင္ဖြယ္ရာ မရွိေသာ ကမ္းလွမ္းခ်က္တစ္ခု လက္ခံရရွိခဲ့သည္။

ယင္းကား နယူးေယာက္ျမိဳ႕ ကြင္းစ္အရပ္ရွိ ၁၁ ဧက က်ယ္ေသာ ျခံဝန္းၾကီးအတြင္းရွိ သမိုင္းဝင္အထင္ကရ အေဆာက္အအံုၾကီး ျဖစ္ေသာ King Manor House တြင္ အိမ္ငွားခ အခမဲ့ျဖင့္ ေနထုိင္ရမည့္ အခြင့္အေရး ျဖစ္သည္။

ရြိဳင္းေဖာက္စ္သည္ အေပါင္းအသင္းဆန္႔ေသာ လူရႈပ္တစ္ဦး ျဖစ္၏။ အဘယ္ေၾကာင့္ အခမဲ့ေနထိုင္ခြင့္ေပးသနည္းဟူေသာအခ်က္ကား အဆိုပါအေဆာက္အအံုၾကီးကို ေစာင့္ေရွာက္ေပးသူအျဖစ္ ေနထိုင္ရျခင္း ျဖစ္သည္။ အဆိုပါ အေဆာက္အအံုတြင္ ေနထုိင္မႈအတြက္ မည္သည့္သေဘာတူစာခ်ဳပ္မွ လက္မွတ္ေရးထိုးခဲ့ျခင္းမရွိသလို မည္သည့္အခ်က္ မ်ားကို လိုက္နာပါမည္ဟူ၍ ၎ဘက္က သေဘာတူခဲ့ျခင္းမ်ဳိးလည္း မရွိ။ ထိုသို႔ ေနထုိင္ခဲ့သည္မွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ခဲ့ျပီ ျဖစ္သည္။

“ဒီေနရာကို ကၽြန္ေတာ္ပဲ ဖြင့္တာ၊ ပိတ္တာ လုပ္ပါတယ္”ဟု ရြိဳင္းေဖာက္စ္က သူေနထိုင္ရာ ၁၈၀၆ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္ အေဆာက္အအံုၾကီးႏွင့္ စပ္လ်ဥ္း၍ ေျပာၾကားသည္။

အဆိုပါအေဆာက္အအံုၾကီး၏ အခ်ဳိ႕ေသာ ေနရာမ်ားသည္ ၁၇၀၀ ျပည့္ႏွစ္မ်ား ကတည္းက ေဆာက္လုပ္ခဲ့ျခင္း ျဖစ္၏။

အေဆာက္အအံုအတြက္ လုပ္ေဆာင္ရေသာအလုပ္ မရွိေၾကာင္း ရိြဳင္းေဖာက္စ္က ေျပာသည္။

ထိုအေဆာက္အအံုၾကီးကို ေစာင့္ေရွာက္ရမႈအတြက္ လစာမရေသာ္လည္း ကမၻာေပၚတြင္ အိမ္ျခံေျမေစ်းအၾကီးဆံုး ျမိဳ႕ၾကီးမ်ားတြင္ တစ္ခု အပါအဝင္ျဖစ္ေသာ နယူးေယာက္မွ အၾကီးမားဆံုး ေနအိမ္တစ္လံုးတြင္ ေနထိုင္ခြင့္အတြက္ တစ္ျပားတစ္ခ်ပ္မွ မေပးရေခ်။

“ႏွစ္ေပါင္းမ်ားစြာ ကၽြန္ေတာ္လုပ္ေပးခဲ့တာေတြအတြက္ လစာကေတာ့ တစ္ျပားမွမရပါဘူး” ဟု ရြိဳင္းေဖာက္စ္က စတုရန္းေပ ၂၂၀၀၀ က်ယ္ဝန္းကာ အခန္းေပါင္း ၂၉ ခန္းပါဝင္သည့္ သမိုင္းဝင္စံအိမ္ၾကီးတြင္ သူ၏အခန္းက႑ႏွင့္ စပ္လ်ဥ္းျပီး အရႊန္းေဖာက္ ေျပာၾကားသည္။

၁၉၈၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ားက ေဖာက္စ္၏ ထိုအခ်ိန္ကဇနီးျဖစ္သူသည္ Brooklyn Bridge ပန္းျခံတြင္ အလုပ္လုပ္ကိုင္ေနခဲ့၏။

သူမအား အလုပ္ရွင္က သတင္းတစ္ခုေပးခဲ့သည္မွာ ပန္းျခံမ်ားဆိုင္ရာမင္းၾကီးက King Manor စံအိမ္ၾကီးတြင္ ေနထုိင္ေစာင့္ေရွာက္ေပး မည့္သူတစ္ဦး ရွာေဖြေနေၾကာင္း ေျပာၾကားခဲ့သည္။ ယင္းေနာက္ပိုင္းျဖစ္ရပ္တို႔ကား ေျပာရန္မလိုေတာ့ေခ်။

ရြိဳင္းေဖာက္စ္သည္ ၁၉၈၉ ခုႏွစ္အတြင္း အဆိုပါစံအိမ္ၾကီးသို႔ ေရာက္လာျခင္းမွာ သူ႔အတြက္ ကံေကာင္းသည္ဟု ဆိုရမည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုအခ်ိန္က စံအိမ္ၾကီးကို ျပဳျပင္မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ေနခ်ိန္ ျဖစ္ေသာေၾကာင့္ပင္။

ရာစုႏွစ္ေပါင္းမ်ားစြာ သက္တမ္းရွိျပီျဖစ္ေသာ စံအိမ္ၾကီးကို တခ်ိန္က ပိုင္ဆိုင္ခဲ့သူမွာ အေမရိကန္ျပည္ေထာင္စု ဖြဲ႔စည္းပံုအေျခခံဥပေဒ ကို အုတ္ျမစ္ခ်ခဲ့သူ ၅ ဦးတြင္ တစ္ဦးပါဝင္သည့္ ရူးဖတ္စ္ ကင္း (Rufus King) က ပိုင္ဆိုင္ခဲ့၏။ သူ၏ သားမ်ားျဖစ္ေသာ ခ်ားလ္စ္ကင္း ႏွင့္ ဂၽြန္ အယ္လ္ေဆာ့ပ္ ကင္းတို႔သည္ ကိုလံဘီယာေကာလိပ္ ဥကၠဌႏွင့္ နယူးေယာက္ အုပ္ခ်ဳပ္ေရးမွဴး မ်ားအျဖစ္ အသီးသီး တာဝန္ ထမ္းေဆာင္ေနၾကသည္။

ရြိဳင္းေဖာက္စ္ေနထိုင္သည္မွာ အေဆာက္အအံုၾကီး၏ အေပၚဆံုးထပ္ျဖစ္ေသာ ၃ ထပ္ေျမာက္မွ အခန္းတစ္ခန္းျဖစ္ျပီး အိပ္ခန္း ၂ ခန္း ပါဝင္သည္။ သူ၏အခန္းတြင္ မီးဖိုေဆာင္ႏွင့္ ညစာစားခန္းတြဲလ်က္ျဖစ္ျပီး ေရခ်ဳိးခန္း ၁ ခန္းလည္း ပါဝင္သည္။

အိပ္ခန္း ၂ ခန္းအနက္ ရြိဳင္းေဖာက္စ္က အခန္းက်ယ္တြင္ အိပ္စက္မႈနည္းျပီး အိပ္ခန္းပိုတြင္သာ ေနထိုင္အိပ္စက္မႈ မ်ားျပားသည္။

ကိုဗစ္မတိုင္မီကာလက ရြိဳင္းေဖာက္စ္သည္ မိတ္ေဟာင္းေဆြေဟာင္းမ်ားကို လက္ခံေတြ႔ဆံုခဲ့ေသာ္လည္း လက္ရွိကာလတြင္မူ လြန္ခဲ့ေသာ တစ္ႏွစ္ခြဲက ေမြးစားထားခဲ့သည့္ ေလလြင့္ေၾကာင္ကေလးတစ္ေကာင္ႏွင့္သာ အထီးက်န္ေနထိုင္လ်က္ရွိသည္။

သူ၏ အခန္းအတြင္း သမိုင္းဝင္အႏုပညာလက္ရာမ်ား၊ ေရွးေဟာင္းပစၥည္းမ်ား မရွိေခ်။ သမုိင္းဝင္ပစၥည္းမ်ားမွာ ေအာက္ထပ္မ်ားတြင္သာ ရွိ၏။ ေအာက္ထပ္ဧည့္ခန္းမွ စားပြဲေပၚတြင္ဆိုလွ်င္ အေမရိကန္ျပည္ေထာင္စု ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္ၾကီးတစ္ခု ျပသထားသည့္အျပင္ ရူးဖတ္စ္ ကင္း၏ ရုပ္တုၾကီးလည္း ရွိ၏။

ေဖာက္စ္၏ အခန္းတြင္ ရုပ္ျမင္သံၾကားစက္လည္း မရွိေခ်။ ၁၉၈၂ ခုႏွစ္တြင္ အိမ္ယာမဲ့တစ္ဦးကို သူ၏ရုပ္ျမင္သံၾကားစက္ ေပးလိုက္ျပီး ေနာက္ပိုင္းကတည္းက ေဖာက္စ္တြင္ ရုပ္ျမင္သံၾကားစက္ မရွိေတာ့ေခ်။ သို႔ေသာ္ သူ႔တြင္ စာအုပ္မ်ားစြာ ပိုင္ဆိုင္ထား၏။

ေဖာက္စ္ထံတြင္ သမိုင္းစာအုပ္မ်ားမွသည္ လက္ရွိ အေရာင္းရဆံုးျဖစ္ေနေသာ ေမရီထရမ့္ (ေဒၚနယ္ထရမ့္၏ တူမ) ေရးသားေသာ “Too Much and Never Enough” စာအုပ္အထိ ပါဝင္ကာ စာအုပ္ေပါင္း ၄၀၀၀ ေက်ာ္ ပိုင္ဆိုင္ထားသည္။

သူ၏ မ်ားျပားလွေသာ စာအုပ္မ်ားႏွင့္ စပ္လ်ဥ္းျပီး ေဖာက္စ္က ေျပာသည္မွာ “မိတ္ေဆြသူငယ္ခ်င္းေတြအမ်ားၾကီး ျခံရံထားျခင္းခံရသလို ကၽြန္ေတာ္ခံစားရပါတယ္” ဟု ေျပာၾကားသည္။

ေဖာက္စ္သည္ စာဖတ္ျခင္း၊ စာေရးျခင္းကို အငမ္းမရ ျပဳလုပ္ေလ့ရွိ၏။ ေဘာပင္တစ္ေခ်ာင္းႏွင့္ စာရြက္အခ်ဳိ႕ အျမဲေဆာင္ထားတတ္ျပီး သူ၏ စာအုပ္မ်ားအတြင္း မ်ဥ္းသားျခင္း၊ စက္ဝိုင္းခတ္မွတ္သားျခင္း၊ မွတ္စုထုတ္ေရးသားျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။

ကိုဗစ္ကာလအတြင္း သူ၏ျပတိုက္စံအိမ္ၾကီးသို႔ လာေရာက္ေလ့လာသူတစ္ဦးမွ်မရွိရာ စိတ္လြတ္ကိုယ္လြတ္ ေအးေအးခ်မ္းခ်မ္းရွိေနေၾကာင္း ေဖာက္စ္က ေျပာသည္။

၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလတြင္ အဆိုပါျပတိုက္ကို တစ္ရက္လွ်င္ ၃ ၾကိမ္ ဝင္ေရာက္ၾကည့္ရႈခြင့္ ေပးထားခဲ့ျပီး ၾကိဳတင္စာရင္းသြင္းရန္ လိုအပ္သည္ဟု ဆိုသည္။

ျပတိုက္ပိတ္ခ်ိန္မ်ားတြင္မူ ေဖာက္စ္တစ္ေယာက္ သူ၏ ေၾကာင္ကေလး၊ စာအုပ္မ်ားအၾကား ေပ်ာ္ေမြ႔လ်က္ရွိေနသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet the NYC man living in a 22,000-square-foot mansion rent-free (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service