ပေါ်တူဂီ ကျန်းမာရေးဝန်ထမ်းတစ်ဦး Pfizer ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခံပြီး ၂ ရက်အကြာတွင် သေဆုံး

ပေါ်တူဂီ ကျန်းမာရေးဝန်ထမ်းတစ်ဦး Pfizer ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခံပြီး ၂ ရက်အကြာတွင် သေဆုံး - Property News in Myanmar from iMyanmarHouse.com
5 Jan 2021 12:23 pm တွင် တင်ခဲ့သည်
5119 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပေါ်တူဂီ ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် Pfizer ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခံပြီး ၂ ရက်အကြာတွင် သေဆုံးသွားခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဆိုနီယာ အဆဗေးဒိုသည် ကာကွယ်ဆေးထိုးခံပြီး ၄၈ နာရီအကြာ နှစ်သစ်ကူးနေ့တွင် သူမ၏ နေအိမ်၌ ရုတ်တရက်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ညပိုင်း (သို့မဟုတ်) မနက်ဖြန်တွင် ရင်ခွဲစစ်ဆေးမှု ပြုလုပ်သွားဖွယ်ရှိသည်။ ဆိုနီယာသည် ကလေး ၂ ယောက်မိခင်ဖြစ်ပြီး ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့ရှိ ပေါ်တူဂီ ကင်ဆာ အင်စတီကျုတွင် ကလေးအထူးကုအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ဆိုနီယာသည် ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးချိန်တွင် ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ဟု ဆိုသည်။

မစ္စ ဆိုနီယာ၏ ဖခင် အဘီလီယို အဆဗေးဒိုက ပေါ်တူဂီနေ့စဉ်သတင်းစာ Correio da Manha သို့ ပြောရာတွင် “သမီးမှာ ဘာရောဂါအခံမှ မရှိခဲ့ပါဘူး။ Covid-19 ကာကွယ်ဆေးထိုးခံခဲ့တယ်။ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ မပြခဲ့ဘူး။ အခု ဘယ်လိုဖြစ်ရတယ်ဆိုတာ ကျွန်တော်မသိတော့ပါဘူး။ အဖြေကိုပဲ ကျွန်တော်သိချင်နေတယ်။ သမီးသေရတာ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိချင်နေပါတယ်” ဟု ပြောကြားသည်။

မစ္စ ဆိုနီယာ အလုပ်လုပ်ကိုင်ရာဌာနမှ အကြီးအကဲများက အတည်ပြုပြောကြားသည်မှာ မစ္စဆိုနီယာသည် ဒီဇင်ဘာလ ၃၀ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံမှု ခံယူခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးခံပြီးနောက် နာရီပေါင်းအတန်ကြာချိန်အထိ သူမတွင် ဘေးထွက်ဆိုးကျိုးများ ခံစားရသည်ဟု အကြောင်းကြားမှုမျိုး မရှိကြောင်း ပြောကြားသည်။

ပေါ်တူဂီ ကင်ဆာအင်စတီကျုက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာ “၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ပေါ်တိုမြို့ကျန်းမာရေးဌာနမှ လုပ်ငန်းလည်ပတ်မှု လက်ထောက်တစ်ဦး ရုတ်တရက်သေဆုံးရမှုနှင့် စပ်လျဉ်းပြီး ဒါရိုက်တာဘုတ်အဖွဲ့က အဆိုပါအဖြစ်အပျက် ဖြစ်ပေါ်ခဲ့သည်ကို အတည်ပြုပါသည်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ယခုဆုံးရှုံးရမှုကို ကျွန်ုပ်တို့လည်း ထပ်တူ ခံစားရပါကြောင်း ဖော်ပြအပ်ပါသည်။ သေဆုံးရခြင်း၏ အကြောင်းရင်းကို ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း ရှာဖွေသွားမည် ဖြစ်ပါသည်။” ဟု ဖော်ပြသည်။

ဆိုနီယာသည် ပေါ်တိုမြို့ရှိ ကင်ဆာကုသရေး၊ သုတေသနနှင့် ပညာရေးဆိုင်ရာ ပြည်တွင်းနှင့် နိုင်ငံတကာ ရည်ညွှန်းကျန်းမာရေးအဖွဲ့ ဖြစ်သော IPO Porto တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီ ဖြစ်သည်။ ဆိုနီယာသည် ပေါ်တိုမြို့၊ မိုင်ရာဒေသတွင် မိသားစုနှင့်အတူ နေထိုင်သူ ဖြစ်သည်။ သို့သော် သေဆုံးခဲ့သည်မှာမူ ထရိုဖာမြို့ရှိ ခင်ပွန်းဖြစ်သူ၏ နေအိမ်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဆိုနီယာသည် ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးနောက် ချက်ချင်းဆိုသလိုပင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ထားချိန်အတွင်း ဆဲဖီးဓာတ်ပုံရိုက်ကာ Covid-19 ကာကွယ်ဆေးထိုးမှု ခံယူအပြီး………ဟု ရေးသားကာ ဖေ့စ်ဘုတ် ပရိုဖိုင်ဓာတ်ပုံ တင်ခဲ့သည်။

ပေါ်တူဂီ သတင်းမီဒီယာများကို ဖခင်ဖြစ်သူက ပြောကြားသည်မှာ သမီးဖြစ်သူသည် သောကြာနေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် သေဆုံးသွားပြီဖြစ်သည်ဟု ဖုန်းဆက်အကြောင်းကြားလာကြောင်း၊ နှစ်သစ်အကြိုကာလတွင် အတူစားကြသောက်ကြခဲ့ပြီး နာရီပိုင်းခန့်သာ ရှိသေးချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အိမ်မှထွက်သွားသော သမီးဖြစ်သူကို အသက်ရှင်လျက် မည်သည့်အခါမျှ ပြန်တွေ့ရတော့မည်မဟုတ်ကြောင်း ပြောကြားသည်။

ဆိုနီယာ၏ သမီးဖြစ်သူ ဗားနီယာ ဖစ်ဂါရေးဒို (Vania Figueredo) က ပြောသည်မှာ မိခင်သည် ဆေးထိုးခဲ့သည့် လက်မောင်းနေရာတွင် သာမာန် နာကျင်မှုမျိုးသာ ခံစားရပြီး အခြားမည်သည့်လက္ခဏာမှ မခံစားရကြောင်းပြောခဲ့သည်ဟု ဆိုသည်။

ဆိုနီယာသည် Porto IPO မှ ကာကွယ်ဆေးထိုးခံခဲ့သူ ၅၃၈ ဦးတွင် ပါဝင်ခဲ့သူဖြစ်ပြီး Pfizer-BioNTech ကာကွယ်ဆေးထိုးနှံခံခဲ့ကြခြင်း ဖြစ်သည်။

ပေါ်တူဂီနိုင်ငံသည် လူဦးရေ ၁၀ သန်းကျော်သာရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၇၀၀၀ ကျော်ရှိကာ သေဆုံးသူ ၇၁၁၈ ဦးရှိသည်။

 

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Portuguese health worker, 41, dies two days after getting the Pfizer covid vaccine as her father says he 'wants answers' (dailymail)

 

[Zawgyi]

ေပၚတူဂီ က်န္းမာေရးဝန္ထမ္းတစ္ဦး Pfizer ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးခံျပီး ၂ ရက္အၾကာတြင္ ေသဆံုး

ေပၚတူဂီ က်န္းမာေရးဝန္ထမ္းတစ္ဦးသည္ Pfizer ၏ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးခံျပီး ၂ ရက္အၾကာတြင္ ေသဆံုးသြားခဲ့သည္။

အသက္ ၄၁ ႏွစ္အရြယ္ရွိ ဆိုနီယာ အဆေဗးဒိုသည္ ကာကြယ္ေဆးထိုးခံျပီး ၄၈ နာရီအၾကာ ႏွစ္သစ္ကူးေန႔တြင္ သူမ၏ ေနအိမ္၌ ရုတ္တရက္ေသဆံုးသြားခဲ့ျခင္း ျဖစ္သည္။

ယေန႔ညပိုင္း (သို႔မဟုတ္) မနက္ျဖန္တြင္ ရင္ခြဲစစ္ေဆးမႈ ျပဳလုပ္သြားဖြယ္ရွိသည္။ ဆိုနီယာသည္ ကေလး ၂ ေယာက္မိခင္ျဖစ္ျပီး ေပၚတူဂီႏိုင္ငံ၊ ေပၚတိုျမိဳ႕ရွိ ေပၚတူဂီ ကင္ဆာ အင္စတီက်ဳတြင္ ကေလးအထူးကုအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္သည္။ ဆိုနီယာသည္ ကာကြယ္ေဆးထိုးႏွံမႈ ခံယူျပီးခ်ိန္တြင္ ေဘးထြက္ဆိုးက်ဳိးလကၡဏာမ်ား ျဖစ္ေပၚခဲ့ျခင္း မရွိခဲ့ဟု ဆိုသည္။

မစၥ ဆိုနီယာ၏ ဖခင္ အဘီလီယို အဆေဗးဒိုက ေပၚတူဂီေန႔စဥ္သတင္းစာ Correio da Manha သို႔ ေျပာရာတြင္ “သမီးမွာ ဘာေရာဂါအခံမွ မရွိခဲ့ပါဘူး။ Covid-19 ကာကြယ္ေဆးထိုးခံခဲ့တယ္။ ေဘးထြက္ဆိုးက်ဳိးလကၡဏာေတြ မျပခဲ့ဘူး။ အခု ဘယ္လိုျဖစ္ရတယ္ဆိုတာ ကၽြန္ေတာ္မသိေတာ့ပါဘူး။ အေျဖကိုပဲ ကၽြန္ေတာ္သိခ်င္ေနတယ္။ သမီးေသရတာ ဘာေၾကာင့္လဲဆိုတာ ကၽြန္ေတာ္သိခ်င္ေနပါတယ္” ဟု ေျပာၾကားသည္။

မစၥ ဆိုနီယာ အလုပ္လုပ္ကိုင္ရာဌာနမွ အၾကီးအကဲမ်ားက အတည္ျပဳေျပာၾကားသည္မွာ မစၥဆိုနီယာသည္ ဒီဇင္ဘာလ ၃၀ ရက္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထုိးႏွံမႈ ခံယူခဲ့ေၾကာင္း၊ ကာကြယ္ေဆးထုိးခံျပီးေနာက္ နာရီေပါင္းအတန္ၾကာခ်ိန္အထိ သူမတြင္ ေဘးထြက္ဆိုးက်ဳိးမ်ား ခံစားရသည္ဟု အေၾကာင္းၾကားမႈမ်ဳိး မရွိေၾကာင္း ေျပာၾကားသည္။

ေပၚတူဂီ ကင္ဆာအင္စတီက်ဳက ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ခဲ့ရာ “၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္တြင္ ေပၚတိုျမိဳ႕က်န္းမာေရးဌာနမွ လုပ္ငန္းလည္ပတ္မႈ လက္ေထာက္တစ္ဦး ရုတ္တရက္ေသဆံုးရမႈႏွင့္ စပ္လ်ဥ္းျပီး ဒါရိုက္တာဘုတ္အဖြဲ႔က အဆိုပါအျဖစ္အပ်က္ ျဖစ္ေပၚခဲ့သည္ကို အတည္ျပဳပါသည္။ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္အတူ ယခုဆံုးရံႈးရမႈကို ကၽြႏု္ပ္တို႔လည္း ထပ္တူ ခံစားရပါေၾကာင္း ေဖာ္ျပအပ္ပါသည္။ ေသဆံုးရျခင္း၏ အေၾကာင္းရင္းကို ပံုမွန္လုပ္ထံုးလုပ္နည္းမ်ားအတိုင္း ရွာေဖြသြားမည္ ျဖစ္ပါသည္။” ဟု ေဖာ္ျပသည္။

ဆိုနီယာသည္ ေပၚတိုျမိဳ႕ရွိ ကင္ဆာကုသေရး၊ သုေတသနႏွင့္ ပညာေရးဆိုင္ရာ ျပည္တြင္းႏွင့္ ႏိုင္ငံတကာ ရည္ညႊန္းက်န္းမာေရးအဖြ႔ဲ ျဖစ္ေသာ IPO Porto တြင္ တာဝန္ထမ္းေဆာင္ေနသည္မွာ ၁၀ ႏွစ္ေက်ာ္ရွိခ့ဲျပီ ျဖစ္သည္။ ဆိုနီယာသည္ ေပၚတိုျမိဳ႕၊ မိုင္ရာေဒသတြင္ မိသားစုႏွင့္အတူ ေနထိုင္သူ ျဖစ္သည္။ သုိ႔ေသာ္ ေသဆံုးခဲ့သည္မွာမူ ထရိုဖာျမိဳ႕ရွိ ခင္ပြန္းျဖစ္သူ၏ ေနအိမ္တြင္ ေသဆံုးခဲ့ျခင္း ျဖစ္သည္။

ဆိုနီယာသည္ ကာကြယ္ေဆးထုိးႏွံမႈ ခံယူျပီးေနာက္ ခ်က္ခ်င္းဆိုသလိုပင္ ပါးစပ္ႏွာေခါင္းစည္း တပ္ဆင္ထားခ်ိန္အတြင္း ဆဲဖီးဓာတ္ပံုရိုက္ကာ Covid-19 ကာကြယ္ေဆးထုိးမႈ ခံယူအျပီး………ဟု ေရးသားကာ ေဖ့စ္ဘုတ္ ပရိုဖိုင္ဓာတ္ပံု တင္ခဲ့သည္။

ေပၚတူဂီ သတင္းမီဒီယာမ်ားကို ဖခင္ျဖစ္သူက ေျပာၾကားသည္မွာ သမီးျဖစ္သူသည္ ေသာၾကာေန႔ မနက္ ၁၁ နာရီ ဝန္းက်င္ခန္႔တြင္ ေသဆံုးသြားျပီျဖစ္သည္ဟု ဖုန္းဆက္အေၾကာင္းၾကားလာေၾကာင္း၊ ႏွစ္သစ္အၾကိဳကာလတြင္ အတူစားၾကေသာက္ၾကခဲ့ျပီး နာရီပိုင္းခန္႔သာ ရွိေသးခ်ိန္တြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း၊ အိမ္မွထြက္သြားေသာ သမီးျဖစ္သူကို အသက္ရွင္လ်က္ မည္သည့္အခါမွ် ျပန္ေတြ႔ရေတာ့မည္မဟုတ္ေၾကာင္း ေျပာၾကားသည္။

ဆိုနီယာ၏ သမီးျဖစ္သူ ဗားနီယာ ဖစ္ဂါေရးဒို (Vania Figueredo) က ေျပာသည္မွာ မိခင္သည္ ေဆးထိုးခဲ့သည့္ လက္ေမာင္းေနရာတြင္ သာမာန္ နာက်င္မႈမ်ဳိးသာ ခံစားရျပီး အျခားမည္သည့္လကၡဏာမွ မခံစားရေၾကာင္းေျပာခဲ့သည္ဟု ဆိုသည္။

ဆိုနီယာသည္ Porto IPO မွ ကာကြယ္ေဆးထိုးခံခဲ့သူ ၅၃၈ ဦးတြင္ ပါဝင္ခဲ့သူျဖစ္ျပီး Pfizer-BioNTech ကာကြယ္ေဆးထုိးႏွံခံခဲ့ၾကျခင္း ျဖစ္သည္။ ေပၚတူဂီႏိုင္ငံသည္ လူဦးေရ ၁၀ သန္းေက်ာ္သာရွိျပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၂၇၀၀၀ ေက်ာ္ရွိကာ ေသဆံုးသူ ၇၁၁၈ ဦးရွိသည္။

 

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Portuguese health worker, 41, dies two days after getting the Pfizer covid vaccine as her father says he 'wants answers' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service