ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Pfizer ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အတည်ပြုပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Pfizer ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အတည်ပြုပြီ - Property News in Myanmar from iMyanmarHouse.com
3 Jan 2021 10:54 am တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO သည် Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အခြေအနေအသုံးပြုရန် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ရာ ကမ္ဘာ့နိုင်ငံများအနေဖြင့် အဆိုပါကာကွယ်ဆေးကို ၎င်းတို့၏နိုင်ငံသားများအတွက် တင်သွင်းရန်၊ ဖြန့်ဖြူးရန် အတည်ပြုခွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၏ နောက်ဆုံးနေ့ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် WHO က Pfizer ကို အတည်ပြုချက် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကပ်ဘေးစတင်ပြီးနောက်ပိုင်း ကာကွယ်ဆေးတစ်ခုကို ပထမဆုံးအတည်ပြုခွင့်ပြုပေးခြင်း ဖြစ်သည်။

ယခုခွင့်ပြုချက်ပေးလိုက်ခြင်းအားဖြင့် Pfizer ကာကွယ်ဆေး တင်သွင်းရန်နှင့် ထိုးနှံရန် မိမိတို့ဘာသာ အတည်ပြုရသည့် လုပ်ငန်းများ လုပ်နေကြရသည့် ကမ္ဘာ့နိုင်ငံများအတွက် ပိုမိုလျင်မြန်စေရန် တံခါးဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်ဟု WHO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဗြိတိန်တွင် Pfizer ကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာ ၈ ရက်ကတည်းက ပြုလုပ်နေခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့တွင်လည်း Pfizer ကို ခွင့်ပြုထိုးနှံခြင်းများ ပြုလုပ်လာခဲ့သည်။

“တစ်ကမ္ဘာလုံး Covid-19 ကာကွယ်ဆေးတွေ ရရှိစေဖို့အတွက် ဒါက အလွန်အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်”

အမေရိကန်နှင့် ဂျာမနီတို့ ပူးပေါင်းထုတ်လုပ်သော Pfizer-BioNTech ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီပြီး ကောင်းကျိုးမှာ ဖြစ်ပေါ်လာဖွယ်ရှိသော ဆိုးကျိုးထက် အားသာကြောင်း WHO က ပြောကြားသည်။

အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံများမှ ကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် Pfizer ကို တင်သွင်း၊ ဖြန့်ဖြူးရေး အတည်ပြုရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်းဖြစ်ကြောင်း WHO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် Pfizer ကာကွယ်ဆေးကို အလွန့်အလွန်အေးစက်လှသော အအေးချိန်ဖြစ်သော အနှုတ် ၇၀ ဒီဂရီ ဆဲစီးယပ်စ်တွင် ထားရှိကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ ပြုလုပ်ရမည်ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

ဆင်းရဲသည့်နိုင်ငံများအတွက် ကာကွယ်ဆေးများ ဝယ်ယူဖြန့်ဖြူးပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကျောထောက်နောက်ခံပြု ကြိုးပမ်းမှုတစ်ရပ်ဖြစ်သော COVAX အစီအစဉ်ဖြင့် ကာကွယ်ဆေး ၂ ဘီလီယံ ဖြန့်ဖြူးပေးရန် စီစဉ်ထားမှု ရှိသည်။

COVAX သည် ကာကွယ်ဆေးများ ဝယ်ယူရန် Pfizer-BioNTech နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ Pfizer ကာကွယ်ဆေးသည် ၂ ကြိမ်ထိုးနှံပြီးလျှင် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ထုတ်ပြန်ထားသည်။

WHO က Pfizer/BioNTech ကာကွယ်ဆေး၏ ဘေးကင်းမှု၊ ထိရောက်မှုနှင့် အရည်အသွေးတို့ကို အကဲဖြတ်ရန်အတွက် ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကာ လေ့လာအကဲဖြတ်ခဲ့ခြင်းဖြစ်ပြီး ကောင်းကျိုးက ဆိုးကျိုးထက်သာသည်ဟု အကဲဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: WHO approves emergency use of the Pfizer/BionTech Covid vaccine (thethaiger)

 

[Zawgyi]

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးက Pfizer ၏ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အတည္ျပဳျပီ

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး WHO သည္ Pfizer-BioNTech ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အေရးေပၚအေျခအေနအသံုးျပဳရန္ ခြင့္ျပဳခ်က္ေပးလိုက္ျပီျဖစ္ရာ ကမၻာ့ႏုိင္ငံမ်ားအေနျဖင့္ အဆိုပါကာကြယ္ေဆးကို ၎တို႔၏ႏိုင္ငံသားမ်ားအတြက္ တင္သြင္းရန္၊ ျဖန္႔ျဖဴးရန္ အတည္ျပဳခြင့္ေပးလိုက္ျခင္းလည္း ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္၏ ေနာက္ဆံုးေန႔ရက္တြင္ ထုတ္ျပန္ခဲ့သည့္ ထုတ္ျပန္ခ်က္တြင္ WHO က Pfizer ကို အတည္ျပဳခ်က္ ေဖာ္ျပခဲ့ျခင္းျဖစ္ျပီး ကပ္ေဘးစတင္ျပီးေနာက္ပိုင္း ကာကြယ္ေဆးတစ္ခုကို ပထမဆံုးအတည္ျပဳခြင့္ျပဳေပးျခင္း ျဖစ္သည္။

ယခုခြင့္ျပဳခ်က္ေပးလိုက္ျခင္းအားျဖင့္ Pfizer ကာကြယ္ေဆး တင္သြင္းရန္ႏွင့္ ထိုးႏွံရန္ မိမိတို႔ဘာသာ အတည္ျပဳရသည့္ လုပ္ငန္းမ်ား လုပ္ေနၾကရသည့္ ကမၻာ့ႏိုင္ငံမ်ားအတြက္ ပိုမိုလ်င္ျမန္ေစရန္ တံခါးဖြင့္ေပးလိုက္ျခင္းလည္း ျဖစ္သည္ဟု WHO ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ျဗိတိန္တြင္ Pfizer ကာကြယ္ေဆးထိုးႏွံမႈကို ဒီဇင္ဘာ ၈ ရက္ကတည္းက ျပဳလုပ္ေနခဲ့ျပီး ေနာက္ပိုင္းတြင္ အေမရိကန္၊ ကေနဒါႏွင့္ ဥေရာပသမဂၢတို႔တြင္လည္း Pfizer ကို ခြင့္ျပဳထိုးႏွံျခင္းမ်ား ျပဳလုပ္လာခဲ့သည္။

“တစ္ကမၻာလံုး Covid-19 ကာကြယ္ေဆးေတြ ရရွိေစဖို႔အတြက္ ဒါက အလြန္အျပဳသေဘာေဆာင္တဲ့ ေျခလွမ္းတစ္ရပ္ ျဖစ္ပါတယ္”

အေမရိကန္ႏွင့္ ဂ်ာမနီတို႔ ပူးေပါင္းထုတ္လုပ္ေသာ Pfizer-BioNTech ကာကြယ္ေဆးသည္ ေဘးကင္းလံုျခံဳမႈဆိုင္ရာ အခ်က္အလက္မ်ားႏွင့္ ကိုက္ညီျပီး ေကာင္းက်ဳိးမွာ ျဖစ္ေပၚလာဖြယ္ရွိေသာ ဆိုးက်ဳိးထက္ အားသာေၾကာင္း WHO က ေျပာၾကားသည္။

အေရးေပၚအသံုးျပဳခြင့္ေပးလိုက္ျခင္းအားျဖင့္ ကမၻာ့ႏိုင္ငံမ်ားမွ က်န္းမာေရးအဖြဲ႔အစည္းမ်ားအေနျဖင့္ Pfizer ကို တင္သြင္း၊ ျဖန္႔ျဖဴးေရး အတည္ျပဳရန္ လမ္းဖြင့္ေပးလိုက္ျခင္းလည္းျဖစ္ေၾကာင္း WHO ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

သို႔ေသာ္ Pfizer ကာကြယ္ေဆးကို အလြန္႔အလြန္ေအးစက္လွေသာ အေအးခ်ိန္ျဖစ္ေသာ အႏႈတ္ ၇၀ ဒီဂရီ ဆဲစီးယပ္စ္တြင္ ထားရွိကာ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံပို႔ေဆာင္ျခင္း၊ သုိေလွာင္ျခင္း၊ ျဖန္႔ျဖဴးျခင္းမ်ား ျပဳလုပ္ရမည္ျဖစ္ရာ ဖြံ႔ျဖိဳးဆဲႏုိင္ငံမ်ားအတြက္ စိန္ေခၚမႈတစ္ရပ္ ျဖစ္သည္။

ဆင္းရဲသည့္ႏိုင္ငံမ်ားအတြက္ ကာကြယ္ေဆးမ်ား ဝယ္ယူျဖန္႔ျဖဴးေပးရန္ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး၏ ေက်ာေထာက္ေနာက္ခံျပဳ ၾကိဳးပမ္းမႈတစ္ရပ္ျဖစ္ေသာ COVAX အစီအစဥ္ျဖင့္ ကာကြယ္ေဆး ၂ ဘီလီယံ ျဖန္႔ျဖဴးေပးရန္ စီစဥ္ထားမႈ ရွိသည္။

COVAX သည္ ကာကြယ္ေဆးမ်ား ဝယ္ယူရန္ Pfizer-BioNTech ႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။ Pfizer ကာကြယ္ေဆးသည္ ၂ ၾကိမ္ထုိးႏွံျပီးလွ်င္ ၉၅ ရာခိုင္ႏႈန္း ထိေရာက္မႈရွိေၾကာင္း ထုတ္ျပန္ထားသည္။

WHO က Pfizer/BioNTech ကာကြယ္ေဆး၏ ေဘးကင္းမႈ၊ ထိေရာက္မႈႏွင့္ အရည္အေသြးတို႔ကို အကဲျဖတ္ရန္အတြက္ ကမၻာတစ္ဝန္းမွ ကၽြမ္းက်င္ပညာရွင္မ်ား ပါဝင္သည့္အဖြဲ႔တစ္ဖြဲ႔ကို ဖြဲ႔စည္းကာ ေလ့လာအကဲျဖတ္ခဲ့ျခင္းျဖစ္ျပီး ေကာင္းက်ဳိးက ဆိုးက်ဳိးထက္သာသည္ဟု အကဲျဖတ္ခဲ့ျခင္းလည္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: WHO approves emergency use of the Pfizer/BionTech Covid vaccine (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service