သေဒဏ်စီရင်ခံရသော ဖခင်ဖြစ်သူ၏ အကြွေးများအတွက် တရားရုံးက သမီးဖြစ်သူ ၉ နှစ်အရွယ် မိန်းကလေးကို ပြစ်ဒဏ်များ ချမှတ်

သေဒဏ်စီရင်ခံရသော ဖခင်ဖြစ်သူ၏ အကြွေးများအတွက် တရားရုံးက သမီးဖြစ်သူ ၉ နှစ်အရွယ် မိန်းကလေးကို ပြစ်ဒဏ်များ ချမှတ် - Property News in Myanmar from iMyanmarHouse.com
31 Dec 2020 10:52 am တွင် တင်ခဲ့သည်
4891 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် ကွယ်လွန်သွားသောဖခင်ကြီး၏ အကြွေးများကို ပြန်လည်မပေးဆပ်နိုင်သည့် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို တရားရုံးက အပြစ်ပေးရန် ဆုံးဖြတ်ခဲ့သည့်ဖြစ်ရပ် သတင်းပေါ်ပေါက်လာမှုအပေါ် အခြေအတင်အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ပြီး တရုတ်ပြည်၏ တရားရေးစနစ်အပေါ် ဝေဖန်ခဲ့ကြသည်။

ယခု ပြစ်ဒဏ်စီရင်မှုသည် တရုတ်ပြည်၏ လျင်မြန်စွာ ဖွံ့ဖြိုးလာနေသော social credit စနစ်နှင့် ပတ်သက်၍လည်း ရတက်မအေးဖြစ်မှုများ မြင့်တက်လာသည်။

တရုတ်ပြည်၏ လူမှုအမှတ်ပေးစနစ် (social credit system) သည် ၎င်းတို့ စုဆောင်းထားသည့် အချက်အလက်များအပေါ် အခြေခံပြီး စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ လိုက်နာရန် ပျက်ကွက်သည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများကို အပြစ်ပေးပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးရှိမည်ဟု ယူဆရသော လုပ်ရပ်များကို လုပ်ဆောင်သူများအား ဆုချီးမြှင့်ခြင်းများ ပြုလုပ်သည်။

၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည် ဟီနန်ပြည်နယ်ရှိ တရားရုံးတစ်ခုသည် ဖခင်ကြီး၏ ကြွေးမြီများကို ပြန်လည်မပေးဆပ်နိုင်သည့် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်သော ချမ်းမန်ကို ဖခင်၏ အကြွေးအတွက် တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ကြွေးမြီကိစ္စမှာ ဝမ်ဟုအမည်ရသော အမျိုးသားတစ်ဦးသည် မိန်းကလေးငယ်၏ ဖခင်ထံမှ တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၈၄၀၀၀ တန်ကြေးခန့်ဖြင့် ဝယ်ယူခဲ့မှုမှ ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ရပ်ဖြစ်သည်။ ဝမ်သည် အဆိုပါတိုက်ခန်းနှင့် စပ်လျဉ်းပြီး ဥပဒေအရ ပိုင်ဆိုင်ခွင့်များ လွှဲပြောင်းရရှိသွားခြင်းမရှိချေ။ မိန်းကလေးငယ် ချမ်းမန်၏ ဖခင်သည် မိန်းကလေး၏ မိခင်နှင့် အဘွားတို့ကို ၂၀၁၂ ခုနှစ်တွင် သတ်ဖြတ်ခဲ့သည့် လူသတ်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

ဖခင်ဖြစ်သူမှာ သေဒဏ်စီရင်ခံရကာ သေဆုံးသွားပြီဖြစ်သောကြောင့် ဝမ်က မိန်းကလေးအား တိုက်ခန်းဝယ်ထားသည့်ငွေ ပြန်ပေးရန် တရားစွဲဆိုခဲ့သည်။ တရားရုံးက ဝမ်ကို အနိုင်ပေးကာ ဆုံးဖြတ်ခဲ့ပြီး သမီးငယ် ချမ်းမန်အနေဖြင့် ဖခင်၏ အကြွေးအား ပြန်ဆပ်ရန် အမိန့်ချမှတ်ခဲ့သည်။

ချမ်းမန်သည် ဖခင်ကြီး၏ အကြွေးကို ပြန်လည်မပေးဆပ်နိုင်ခဲ့ချေ။ အဘိုးဖြစ်သူက အဆိုပါအမှုကို ရင်ဆိုင်ခဲ့ခြင်းကြောင့် ချမ်းမန်က ထိုအမှုအကြောင်း သိပင် မသိခဲ့။

ကြွေးမြီ ပြန်ဆပ်ရန်အမိန့်ကို လိုက်နာရန် ပျက်ကွက်မှုအတွက် ၂၀၂၀ ၊ နိုဝင်ဘာလအတွင်း တရားရုံးက ဝမ်မန်အား ငွေကြေးသုံးစွဲမှု ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ရာ ငွေကုန်ကြေးကျများမည့် လုပ်ဆောင်မှုများ ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ပိတ်ပင်မှုများတွင် လေယာဉ်ဖြင့် ခရီးသွားခြင်း၊ မြန်နှုန်းမြင့်ရထားဖြင့် ခရီးသွားခြင်း၊ ဟိုတယ်များတွင် တည်းခိုခြင်းများ ပါဝင်သည်။ တရုတ်ပြည်တွင် အကြွေးတင်နေသူများအနေဖြင့် ကြွေးမြီများ ပြန်လည်ပေးဆပ်စေရန် ထိုသို့သော ပိတ်ပင်မှုမျိုး မကြာခဏ အသုံးပြုလေ့ရှိသည်။

သို့သော် တရုတ်သတင်းစာတစ်ခုဖြစ်သော Southern Weekend က မိန်းကလေးငယ်၏ ဆင်းရဲဒုက္ခ အကျပ်အတည်းများကို စုံစမ်းဖော်ထုတ် ရေးသားခဲ့ရာ တရားရုံးက ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းသွားသည်။ သတင်းစာတွင် ကလေးငယ်အကြောင်း ရေးသားဖော်ပြအပြီး ၂ ရက်အကြာတွင် တရားရုံးက အွန်လိုင်းတွင် တောင်းပန်မှု ပြုလုပ်ခဲ့သည်။

တရားရုံး၏ တောင်းပန်ချက်တွင် “ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ကလေးငယ်တွေကို အသုံးအစွဲတင်းကျပ်တဲ့ အမိန့်တွေ ချမှတ်တာဟာ သက်ဆိုင်ရာဥပဒေရဲ့ အသက်ဝိဉာဉ်သဘောသွားနဲ့ ဆန့်ကျင်နေပါတယ်” ဟု ဖော်ပြထားသည်။

အဆိုပါအမှုအကြောင်း သတင်းစာတွင် ရေးသားဖော်ပြခဲ့ပြီးနောက်ပိုင်း တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လာပြီး တရုတ်ပြည်တစ်ဝန်း အခြေအတင်ငြင်းခုံမှုများလည်း ဂယက်ရိုက်ပေါ်ပေါက်ခဲ့သည်။

“သတင်းမီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့မှုကြောင့် တရားရုံးက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေခဲ့ပါတယ်” ဟု ပေကျင်းအခြေစိုက် ရှေ့နေတစ်ဦးဖြစ်သူ ဒေးဗစ်ကျိုး (David Zhou) က ပြောသည်။

ကလေးငယ်၏ ကြေကွဲဖွယ်ရာ မိသားစုဇာတ်ကြောင်းကိုပါ သတင်းစာက ဖော်ထုတ်ရေးသားခဲ့ရာ ဟီနန် တရားရုံးအပေါ် ကြီးမားသည့် ဖိအားများ သက်ရောက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

တရုတ်ပြည်တွင် လူမှုအမှတ်ပေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်ဟုန်မြှင့် အကောင်အထည်ဖော်လာလျက်ရှိရာ တရားရုံးတို့အနေဖြင့် နိုင်ငံသားများကို မယုံကြည်ထိုက်သူဟု သတ်မှတ်ကာ အပြစ်ပေးခွင့်များရှိလာရာ ချမ်းမန်၏ အမှုမှာ တရုတ်ပြည်သူတို့အပေါ် တရားရုံးများ၏ တန်ခိုးသြဇာကြီးထွားမှုကို ပြသနေသည်။

“စီရင်ချက်အမိန့် ပြောင်းလဲမှုက ဘာကိုပြသနေလဲဆိုရင် တရားသူကြီးတွေဟာ ချမ်းမန်ရဲ့ အမှုကို စေ့စေ့စပ်စပ် မသုံးသပ်ခဲ့ဘူး၊ ကလေးငယ်ကို အပြစ်မပေးမီ သူ့မှာ ကြွေးမြီပြန်ဆပ်နိုင်မှု စွမ်းရည်ကို မသုံးသပ်ခဲ့ဘူးဆိုတာ ပြသနေပါတယ်” ဟု David Zhou က ပြောသည်။

“တရုတ်တရားရုံးတစ်ခုဟာ တရားပြိုင် (ဒါမှမဟုတ်) သူ့ရှေ့နေမရှိဘဲ သူတို့ဘာသာ ဆုံးဖြတ်ချနိုင်ပါတယ်။ ဒါက တရားပြိုင်တွေကို ထိခိုက်နစ်နာစေပါတယ်”ဟု ဒေးဗစ်ကျိုးက ဖြည့်စွက်ပြောကြားသည်။

ဥပဒေအရ တရားသူကြီးများအနေဖြင့် ငွေကြေးသုံးစွဲမှု ကန့်သတ်သည့် အမိန့်မချမှတ်မီတွင် အဘက်ဘက်မှ သုံးသပ်ရန် လိုအပ်သည်။ ကြွေးမြီပြန်ဆပ်ရေးနှင့် ပတ်သက်ပြီး တရားပြိုင်၏ သဘောထား၊ ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေနှင့် ယခင်ဘဏ္ဍာရေးမှတ်တမ်းများ အစရှိသည်တို့ကို သုံးသပ်ရန် လိုသည်။

လူတစ်ဦးသည် အသုံးအစွဲကန့်သတ်မှု အမိန့်ချမှတ်ခံရပြီဆိုပါက နေ့စဉ်နေထိုင်မှုဘဝတွင် အချက် ၆ ချက် ကန့်သတ်ခံရတော့သည်။

ကန့်သတ်ခံရသည့်အချက်များတွင် လေယာဉ်လက်မှတ် (သို့မဟုတ်) မြန်နှုန်းမြင့် ရထားလက်မှတ်ဝယ်ခြင်း၊ သားသမီးများကို ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းအပ်ခြင်းနှင့် နေအိမ်ပြန်လည်မွမ်းမံခြင်းများ ပါဝင်သည်။

အနောက်နိုင်ငံများတွင် ဘဏ်ချေးငွေထုတ်ပေးရေးကိစ္စအတွက် credit rating ကို ကြည့်ရှုလေ့ရှိကြသည်။ သို့သော် တရုတ်အစိုးရ အကောင်အထည်ဖော်နေသည့် လူမှုအမှတ်ပေးစနစ် (social credit system) မှာမူ ဘောင်ပိုကျယ်သည်။

လူတစ်ဦးတစ်ယောက်၏ ငွေကြေးကိစ္စ ဆောင်ရွက်ပုံများသာမက လူမှု အပြုအမူများကိုပါ အကဲဖြတ်သည်။ ဥပမာအားဖြင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်း၊ အရက်သောက်ပြီး ကားမောင်းခြင်း ၊ ရထားခမပေးဘဲ စီးခြင်း အစရှိသည်တို့ ဖြစ်သည်။

လူမှု အမှတ်ပေးစနစ်တွင် အမှတ်ကောင်းမွန်သူများကို ပြည်သူ့အိမ်ရာများ ငှားရမ်းရာတွင် အာမခံငွေ ကင်းလွတ်ခွင့်ပေးခြင်း အစရှိသဖြင့် ဆုချီးမြှင့်မှုများ ပြုလုပ်ပြီး အမှတ်မကောင်းသူများမှာမူ ကလေးငယ် ချမ်းမန်ကဲ့သို့ အပြစ်ပေးမှုများ ခံရ၏။

အဆိုပါ လူမှုအမှတ်ပေးစနစ်ကို ဝန်ကြီးချုပ် (ဟောင်း) ဝမ်ကျားပေါင်က ၂၀၁၁ ခုနှစ်၊ အောက်တိုဘာတွင် စတင်အကောင်အထည်ဖော် ခဲ့ခြင်း ဖြစ်သည်။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nine-year-old found liable by court for dead father’s debts, and punished under China’s social credit system when she couldn’t pay up (scmp)

 

[Zawgyi]

 

ေသဒဏ္စီရင္ခံရေသာ ဖခင္ျဖစ္သူ၏ အေၾကြးမ်ားအတြက္ တရားရံုးက သမီးျဖစ္သူ ၉ ႏွစ္အရြယ္ မိန္းကေလးကို ျပစ္ဒဏ္မ်ား ခ်မွတ္

တရုတ္ျပည္တြင္ ကြယ္လြန္သြားေသာဖခင္ၾကီး၏ အေၾကြးမ်ားကို ျပန္လည္မေပးဆပ္ႏိုင္သည့္ ၉ ႏွစ္အရြယ္ မိန္းကေလးငယ္ကို တရားရံုးက အျပစ္ေပးရန္ ဆံုးျဖတ္ခဲ့သည့္ျဖစ္ရပ္ သတင္းေပၚေပါက္လာမႈအေပၚ အေျခအတင္အျငင္းပြားမႈမ်ား ေပၚေပါက္ခဲ့ျပီး တရုတ္ျပည္၏ တရားေရးစနစ္အေပၚ ေဝဖန္ခဲ့ၾကသည္။

ယခု ျပစ္ဒဏ္စီရင္မႈသည္ တရုတ္ျပည္၏ လ်င္ျမန္စြာ ဖံြ႔ျဖိဳးလာေနေသာ social credit စနစ္ႏွင့္ ပတ္သက္၍လည္း ရတက္မေအးျဖစ္မႈမ်ား ျမင့္တက္လာသည္။

တရုတ္ျပည္၏ လူမႈအမွတ္ေပးစနစ္ (social credit system) သည္ ၎တို႔ စုေဆာင္းထားသည့္ အခ်က္အလက္မ်ားအေပၚ အေျခခံျပီး စည္းမ်ဥ္းမ်ား၊ လုပ္ထံုးလုပ္နည္းမ်ား လိုက္နာရန္ ပ်က္ကြက္သည့္ လူပုဂၢိဳလ္မ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို အျပစ္ေပးျပီး လူ႔အဖြဲ႔အစည္းအတြက္ အက်ဳိးရွိမည္ဟု ယူဆရေသာ လုပ္ရပ္မ်ားကို လုပ္ေဆာင္သူမ်ားအား ဆုခ်ီးျမွင့္ျခင္းမ်ား ျပဳလုပ္သည္။

၂၀၁၉ ခုႏွစ္အတြင္း တရုတ္ျပည္ ဟီနန္ျပည္နယ္ရွိ တရားရံုးတစ္ခုသည္ ဖခင္ၾကီး၏ ေၾကြးျမီမ်ားကို ျပန္လည္မေပးဆပ္ႏိုင္သည့္ အသက္ ၉ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးျဖစ္ေသာ ခ်မ္းမန္ကို ဖခင္၏ အေၾကြးအတြက္ တာဝန္ရွိေၾကာင္း ဆံုးျဖတ္ခဲ့သည္။

အဆိုပါ ေၾကြးျမီကိစၥမွာ ဝမ္ဟုအမည္ရေသာ အမ်ဳိးသားတစ္ဦးသည္ မိန္းကေလးငယ္၏ ဖခင္ထံမွ တိုက္ခန္းတစ္ခန္းကို ကန္ေဒၚလာ ၈၄၀၀၀ တန္ေၾကးခန္႔ျဖင့္ ဝယ္ယူခဲ့မႈမွ ဘ႑ာေရးဆိုင္ရာ အျငင္းပြားမႈ ျဖစ္ရပ္ျဖစ္သည္။ ဝမ္သည္ အဆိုပါတိုက္ခန္းႏွင့္ စပ္လ်ဥ္းျပီး ဥပေဒအရ ပိုင္ဆိုင္ခြင့္မ်ား လႊဲေျပာင္းရရွိသြားျခင္းမရွိေခ်။ မိန္းကေလးငယ္ ခ်မ္းမန္၏ ဖခင္သည္ မိန္းကေလး၏ မိခင္ႏွင့္ အဘြားတို႔ကို ၂၀၁၂ ခုႏွစ္တြင္ သတ္ျဖတ္ခဲ့သည့္ လူသတ္မႈျဖင့္ ၂၀၁၃ ခုႏွစ္တြင္ ေသဒဏ္ခ်မွတ္ျခင္း ခံခဲ့ရသည္။

ဖခင္ျဖစ္သူမွာ ေသဒဏ္စီရင္ခံရကာ ေသဆံုးသြားျပီျဖစ္ေသာေၾကာင့္ ဝမ္က မိန္းကေလးအား တိုက္ခန္းဝယ္ထားသည့္ေငြ ျပန္ေပးရန္ တရားစြဲဆိုခဲ့သည္။ တရားရံုးက ဝမ္ကို အႏိုင္ေပးကာ ဆံုးျဖတ္ခဲ့ျပီး သမီးငယ္ ခ်မ္းမန္အေနျဖင့္ ဖခင္၏ အေၾကြးအား ျပန္ဆပ္ရန္ အမိန္႔ခ်မွတ္ခဲ့သည္။

ခ်မ္းမန္သည္ ဖခင္ၾကီး၏ အေၾကြးကို ျပန္လည္မေပးဆပ္ႏိုင္ခဲ့ေခ်။ အဘိုးျဖစ္သူက အဆိုပါအမႈကို ရင္ဆိုင္ခဲ့ျခင္းေၾကာင့္ ခ်မ္းမန္က ထိုအမႈအေၾကာင္း သိပင္ မသိခဲ့။

ေၾကြးျမီ ျပန္ဆပ္ရန္အမိန္႔ကို လိုက္နာရန္ ပ်က္ကြက္မႈအတြက္ ၂၀၂၀ ၊ ႏိုဝင္ဘာလအတြင္း တရားရံုးက ဝမ္မန္အား ေငြေၾကးသံုးစြဲမႈ ကန္႔သတ္ျခင္းမ်ား ျပဳလုပ္ခဲ့ရာ ေငြကုန္ေၾကးက်မ်ားမည့္ လုပ္ေဆာင္မႈမ်ား ပိတ္ပင္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါ ပိတ္ပင္မႈမ်ားတြင္ ေလယာဥ္ျဖင့္ ခရီးသြားျခင္း၊ ျမန္ႏႈန္းျမင့္ရထားျဖင့္ ခရီးသြားျခင္း၊ ဟိုတယ္မ်ားတြင္ တည္းခိုျခင္းမ်ား ပါဝင္သည္။ တရုတ္ျပည္တြင္ အေၾကြးတင္ေနသူမ်ားအေနျဖင့္ ေၾကြးျမီမ်ား ျပန္လည္ေပးဆပ္ေစရန္ ထုိသို႔ေသာ ပိတ္ပင္မႈမ်ိဳး မၾကာခဏ အသံုးျပဳေလ့ရွိသည္။

သို႔ေသာ္ တရုတ္သတင္းစာတစ္ခုျဖစ္ေသာ Southern Weekend က မိန္းကေလးငယ္၏ ဆင္းရဲဒုကၡ အက်ပ္အတည္းမ်ားကို စံုစမ္းေဖာ္ထုတ္ ေရးသားခဲ့ရာ တရားရံုးက ၎၏ဆံုးျဖတ္ခ်က္ကို ျပန္လည္ရုပ္သိမ္းသြားသည္။ သတင္းစာတြင္ ကေလးငယ္အေၾကာင္း ေရးသားေဖာ္ျပအျပီး ၂ ရက္အၾကာတြင္ တရားရံုးက အြန္လိုင္းတြင္ ေတာင္းပန္မႈ ျပဳလုပ္ခဲ့သည္။

တရားရံုး၏ ေတာင္းပန္ခ်က္တြင္ “ကၽြန္ေတာ္တို႔ စိတ္မေကာင္းပါဘူး။ ကေလးငယ္ေတြကို အသံုးအစြဲတင္းက်ပ္တဲ့ အမိန္႔ေတြ ခ်မွတ္တာဟာ သက္ဆိုင္ရာဥပေဒရဲ႕ အသက္ဝိဥာဥ္သေဘာသြားနဲ႔ ဆန္႔က်င္ေနပါတယ္” ဟု ေဖာ္ျပထားသည္။

အဆိုပါအမႈအေၾကာင္း သတင္းစာတြင္ ေရးသားေဖာ္ျပခဲ့ျပီးေနာက္ပိုင္း တရားရံုး၏ ဆံုးျဖတ္္ခ်က္အေပၚ ေဝဖန္မႈမ်ား က်ယ္ျပန္႔စြာ ေပၚေပါက္လာျပီး တရုတ္ျပည္တစ္ဝန္း အေျခအတင္ျငင္းခံုမႈမ်ားလည္း ဂယက္ရိုက္ေပၚေပါက္ခဲ့သည္။

“သတင္းမီဒီယာေတြက ေဖာ္ထုတ္တင္ျပခဲ့မႈေၾကာင့္ တရားရံုးက သူတို႔ရဲ႕ ဆံုးျဖတ္ခ်က္ကို ေျပာင္းလဲေစခဲ့ပါတယ္” ဟု ေပက်င္းအေျခစိုက္ ေရွ႕ေနတစ္ဦးျဖစ္သူ ေဒးဗစ္က်ဳိး (David Zhou) က ေျပာသည္။

ကေလးငယ္၏ ေၾကကြဲဖြယ္ရာ မိသားစုဇာတ္ေၾကာင္းကိုပါ သတင္းစာက ေဖာ္ထုတ္ေရးသားခဲ့ရာ ဟီနန္ တရားရံုးအေပၚ ၾကီးမားသည့္ ဖိအားမ်ား သက္ေရာက္ခဲ့ေၾကာင္း ၎က ျဖည့္စြက္ေျပာၾကားသည္။

တရုတ္ျပည္တြင္ လူမႈအမွတ္ေပးစနစ္ကို က်ယ္က်ယ္ျပန္႔ျပန္႔ အရွိန္ဟုန္ျမွင့္ အေကာင္အထည္ေဖာ္လာလ်က္ရွိရာ တရားရံုးတို႔အေနျဖင့္ ႏိုင္ငံသားမ်ားကို မယံုၾကည္ထိုက္သူဟု သတ္မွတ္ကာ အျပစ္ေပးခြင့္မ်ားရွိလာရာ ခ်မ္းမန္၏ အမႈမွာ တရုတ္ျပည္သူတို႔အေပၚ တရားရံုးမ်ား၏ တန္ခိုးၾသဇာၾကီးထြားမႈကို ျပသေနသည္။

“စီရင္ခ်က္အမိန္႔ ေျပာင္းလဲမႈက ဘာကိုျပသေနလဲဆိုရင္ တရားသူၾကီးေတြဟာ ခ်မ္းမန္ရဲ႕ အမႈကို ေစ့ေစ့စပ္စပ္ မသံုးသပ္ခဲ့ဘူး၊ ကေလးငယ္ကို အျပစ္မေပးမီ သူ႔မွာ ေၾကြးျမီျပန္ဆပ္ႏိုင္မႈ စြမ္းရည္ကို မသံုးသပ္ခဲ့ဘူးဆိုတာ ျပသေနပါတယ္” ဟု David Zhou က ေျပာသည္။

“တရုတ္တရားရံုးတစ္ခုဟာ တရားျပိဳင္ (ဒါမွမဟုတ္) သူ႔ေရွ႕ေနမရွိဘဲ သူတို႔ဘာသာ ဆံုးျဖတ္ခ်ႏိုင္ပါတယ္။ ဒါက တရားျပိဳင္ေတြကို ထိခိုက္နစ္နာေစပါတယ္”ဟု ေဒးဗစ္က်ဳိးက ျဖည့္စြက္ေျပာၾကားသည္။

ဥပေဒအရ တရားသူၾကီးမ်ားအေနျဖင့္ ေငြေၾကးသံုးစြဲမႈ ကန္႔သတ္သည့္ အမိန္႔မခ်မွတ္မီတြင္ အဘက္ဘက္မွ သံုးသပ္ရန္ လိုအပ္သည္။ ေၾကြးျမီျပန္ဆပ္ေရးႏွင့္ ပတ္သက္ျပီး တရားျပိဳင္၏ သေဘာထား၊ ၎တို႔၏ ဘ႑ာေရးအေျခအေနႏွင့္ ယခင္ဘ႑ာေရးမွတ္တမ္းမ်ား အစရွိသည္တို႔ကို သံုးသပ္ရန္ လိုသည္။

လူတစ္ဦးသည္ အသံုးအစြဲကန္႔သတ္မႈ အမိန္႔ခ်မွတ္ခံရျပီဆိုပါက ေန႔စဥ္ေနထိုင္မႈဘဝတြင္ အခ်က္ ၆ ခ်က္ ကန္႔သတ္ခံရေတာ့သည္။

ကန္႔သတ္ခံရသည့္အခ်က္မ်ားတြင္ ေလယာဥ္လက္မွတ္ (သို႔မဟုတ္) ျမန္ႏႈန္းျမင့္ ရထားလက္မွတ္ဝယ္ျခင္း၊ သားသမီးမ်ားကို ပုဂၢလိက ေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ျခင္းႏွင့္ ေနအိမ္ျပန္လည္မြမ္းမံျခင္းမ်ား ပါဝင္သည္။

အေနာက္ႏိုင္ငံမ်ားတြင္ ဘဏ္ေခ်းေငြထုတ္ေပးေရးကိစၥအတြက္ credit rating ကို ၾကည့္ရႈေလ့ရွိၾကသည္။ သို႔ေသာ္ တရုတ္အစိုးရ အေကာင္အထည္ေဖာ္ေနသည့္ လူမႈအမွတ္ေပးစနစ္ (social credit system) မွာမူ ေဘာင္ပိုက်ယ္သည္။

လူတစ္ဦးတစ္ေယာက္၏ ေငြေၾကးကိစၥ ေဆာင္ရြက္ပံုမ်ားသာမက လူမႈ အျပဳအမူမ်ားကိုပါ အကဲျဖတ္သည္။ ဥပမာအားျဖင့္ စည္းကမ္းမဲ့ လမ္းျဖတ္ကူးျခင္း၊ အရက္ေသာက္ျပီး ကားေမာင္းျခင္း ၊ ရထားခမေပးဘဲ စီးျခင္း အစရွိသည္တို႔ ျဖစ္သည္။

လူမႈ အမွတ္ေပးစနစ္တြင္ အမွတ္ေကာင္းမြန္သူမ်ားကို ျပည္သူ႔အိမ္ရာမ်ား ငွားရမ္းရာတြင္ အာမခံေငြ ကင္းလြတ္ခြင့္ေပးျခင္း အစရွိသျဖင့္ ဆုခ်ီးျမွင့္မႈမ်ား ျပဳလုပ္ျပီး အမွတ္မေကာင္းသူမ်ားမွာမူ ကေလးငယ္ ခ်မ္းမန္ကဲ့သို႔ အျပစ္ေပးမႈမ်ား ခံရ၏။

အဆိုပါ လူမႈအမွတ္ေပးစနစ္ကို ဝန္ၾကီးခ်ဳပ္ (ေဟာင္း) ဝမ္က်ားေပါင္က ၂၀၁၁ ခုႏွစ္၊ ေအာက္တိုဘာတြင္ စတင္အေကာင္အထည္ေဖာ္ ခဲ့ျခင္း ျဖစ္သည္။

 (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nine-year-old found liable by court for dead father’s debts, and punished under China’s social credit system when she couldn’t pay up (scmp)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service