လူနာများ၏ ဝတ်လစ်စလစ် ဗွီဒီယိုများ ရိုက်ကူးထားသော သူနာပြု ထောင်ဒဏ် ၅ နှစ်နီးပါးနှင့် ကြိမ်ဒဏ် ၁၀ ချက် ချမှတ်ခံရ

လူနာများ၏ ဝတ်လစ်စလစ် ဗွီဒီယိုများ ရိုက်ကူးထားသော သူနာပြု ထောင်ဒဏ် ၅ နှစ်နီးပါးနှင့် ကြိမ်ဒဏ် ၁၀ ချက် ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
30 Dec 2020 12:04 pm တွင် တင်ခဲ့သည်
8734 ကြိမ် ကြည့်ရှု့ပြီး

[Unicode] စင်္ကာပူ စိတ်ကျန်းမာရေး အင်စတီကျု (IMH) မှ သူနာပြုအမျိုးသားတစ်ဦးသည် လူနာများကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်းခံရပြီး အဆိုပါ လူနာများတွင် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားသူများနှင့် အပြင်းအထန် စိတ်မကျန်းမာဖြစ်နေသူများပါဝင်သည်။

သူနာပြုသည် သူ၏ တာဝန်ကို အလွဲသုံးစားလုပ်ကာ လူနာများအပေါ် လိင်မဖွယ်မရာမှုများ ကျုးလွန်ခဲ့သည်။

တရားရုံးအမိန့်များအရ နာမည်ထုတ်ဖော် ရေးသားခွင့်မရှိသော အသက် ၃၆ နှစ်အရွယ်ရှိ သူနာပြုအမျိုးသားကို ဒီဇင်ဘာ ၂၈ ရက်က ထောင်ဒဏ် ၄ နှစ်၊ ၉ လနှင့် ၇ ရက်ကျခံစေရန်နှင့် ကြိမ်ဒဏ် ၁၀ ချက် ရိုက်စေရန် အမိန့်ချမှတ်ခဲ့သည်။

သူသည် လူနာများကို ကိုယ်ထိလက်ရောက် မဖွယ်မရာပြုလုပ်ခြင်း၊ လူနာများ ဝတ်လစ်စလစ်ဖြစ်နေချိန်တွင် ဗွီဒီယိုရိုက်ကူးထားခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်များဖြစ်ပွားချိန်က အချို့သော ပြစ်မှုကျူးလွန်ခံ လူနာများသည် အထူးဂရုစိုက်မှု ပေးရသော စိတ်ဝေဒနာရှင် ကုသဆောင်များတွင် တက်ရောက်နေကြသူများဖြစ်ကြသည်။

အချို့သော ပြစ်မှုကျူးလွန်ခံရသူများမှာ သူ၏ လုပ်ဖော်ကိုင်ဖက်များအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။

ယခုနှစ် မတ်လအတွင်း သူနာပြုအမျိုးသားသည် ရထားဘူတာတစ်ခုရှိ စက်လှေကားပေါ်တွင် မိန်းကလေးတစ်ဦးအား ဗွီဒီယိုခိုးရိုက်သည်ကို အဆိုပါမိန်းကလေးက သိရှိဖမ်းမိသွားခဲ့သည်။

ရဲတပ်ဖွဲ့က သူနာပြုအမျိုးသားအား IMH တွင် မတ်လ ၄ ရက်၌ ဖမ်းဆီးခဲ့ပြီး သူ၏ ဖုန်းများကို သိမ်းဆည်းခဲ့သည်။

သူ၏ ဖုန်းအတွင်း ဗွီဒီယို အမျိုးအစား ၄ မျိုး တွေ့ရှိခဲ့ရာ IMH မှ ဝန်ထမ်းများနှင့် အခြားပြည်သူတို့အား ခိုးဝှက်ရိုက်ကူးထားသည့် အောက်ပိုင်းဗွီဒီယိုများ၊ IMH မှ သူနာပြုများ အဝတ်အစားလဲခြင်း၊ လူနာများ ရေချိုးခြင်းနှင့် လူနာများအား မဖွယ်မရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပုံများကို ရိုက်ကူးထားသည့် ဗွီဒီယိုများဖြစ်သည်။

IMH က ပြောကြားခဲ့သည်မှာ အဆိုပါ သူနာပြုအမျိုးသားကို မတ်လ ၁၁ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ဆေးရုံဘက်မှ အကူအညီများ ပေးအပ်နေကြောင်း ပြောကြားသည်။

သူသည် အထူးစောင့်ကြည့်ပေးရသည့် လူနာဆောင်တွင် တာဝန်ကျသူဖြစ်ရာ လူနာများအနေဖြင့် ရေချိုးချိန်တွင် မိမိကိုယ်ကို အန္တရာယ်မပြုစေရန် စောင့်ကြည့်ပေးရသည့် တာဝန်လည်း ထမ်းဆောင်ရသူ ဖြစ်သည်။

ပုံမှန်အားဖြင့် သူနာပြုများသည် လူနာများကို ကျား၊ မအလိုက် ခွဲခြားကာသာ တာဝန်ထမ်းဆောင်ရလေ့ရှိသော်လည်း အဆိုပါ သူနာပြုအမျိုးသားက အမျိုးသမီးဆောင်တွင် တာဝန်ချပေးရန် မကြာခဏတောင်းဆိုလေ့ရှိသည်ဟု ဆိုသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သူသည် အထူးစောင့်ကြည့်ဆောင်ရှိ အမျိုးသမီးလူနာ ၉ ဦးကို ဗွီဒီယိုရိုက်ကူးခဲ့ကြောင်း ပေါ်ပေါက်သည်။

သူသည် အဆိုပါ အဆောင်မှ ဆေးရုံကုတင်တွင် ချုပ်နှောင်ထားခြင်းခံရသော လူနာတစ်ဦးကို မဖွယ်မရာ ကိုယ်ထိလက်ရောက် ပြုလုပ်ကာ မိမိကိုယ်မိမိ ဗွီဒီယိုလည်း ရိုက်ကူးထားခဲ့သည်။

တစ်ခါတွင်မူ အဆိုပါသူနာပြုအမျိုးသားက ကိုယ်ဝန်ဆောင်အဖြစ် ဓာတ်ပုံမော်ဒယ်ရိုက်ခံမည့်သူ အလိုရှိကြောင်း အွန်လိုင်းတွင် ကြော်ငြာခဲ့သည်။ သူ၏ ကြော်ငြာအတွက် ဆက်သွယ်လာသည့် အမျိုးသမီးကို ကိုယ်ဝန်လွယ်ထားသည့်ဗိုက် ပေါ်လွင်စေမည့် ဝတ်စုံတစ်ခု ဝတ်ဆင်စေခဲ့ပြီး စင်္ကာပူနိုင်ငံ၊ Jurong East အရပ်တွင် တည်ရှိသော Chinese Gardens ပန်းခြံတွင် တွေ့ဆုံခဲ့ကြသည်။

ယင်းနောက် ၎င်းအားမကြည့်ဘဲ တဘက်သို့ မျက်နှာလွှဲကြည့်နေရန် ညွှန်ကြားခဲ့ပြီးနောက် အောက်ပိုင်းကို ဗွီဒီယိုဖိုင် ၅ ခုခန့် ခိုး၍ ရိုက်ကူးခဲ့ကာ စကားဝှက်ဖြင့် ဝင်ရသော ဖုန်းအပလီကေးရှင်းတစ်ခုထဲသို့ ထည့်ထားခဲ့သည်။

ကလေး ၄ ယောက်၏ ဖခင်ဖြစ်သော အဆိုပါ သူနာပြုအမျိုးသားသည် မဖွယ်မရာ ကိုယ်ထိလက်ရောက်ပြုလုပ်မှု ၈ မှု၊ အမျိုးသမီးတစ်ဦး ၏ ကာယိန္ဒြေပျက်ပြားအောင် လုပ်ဆောင်မှု၊ တပါးသူ၏ လိင်မှုကိစ္စများကို ခိုးဝှက်ကြည့်ရှုသည့် လုပ်ရပ်ပေါင်းများစွာ လုပ်ဆောင်မှုတို့ဖြင့် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ သူနာပြုအမျိုးသားတွင် အခြားသူတို့၏ လိင်မှုကိစ္စများကို ခိုးဝှက်ကြည့်ရှုကာ စိတ်ကျေနပ်မှု ရယူသည့် စိတ်ရောဂါ ရှိနေကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jail, caning for former IMH nurse who molested patients, filmed ex-colleagues (todayonline)

 

[Zawgyi]

လူနာမ်ား၏ ဝတ္လစ္စလစ္ ဗြီဒီယိုမ်ား ရိုက္ကူးထားေသာ သူနာျပဳ ေထာင္ဒဏ္ ၅ ႏွစ္နီးပါးႏွင့္ ၾကိမ္ဒဏ္ ၁၀ ခ်က္ ခ်မွတ္ခံရ

စကၤာပူ စိတ္က်န္းမာေရး အင္စတီက်ဳ (IMH) မွ သူနာျပဳအမ်ဳိးသားတစ္ဦးသည္ လူနာမ်ားကို ၾကည့္ရႈေစာင့္ေရွာက္ရန္ တာဝန္ေပးအပ္ျခင္းခံရျပီး အဆိုပါ လူနာမ်ားတြင္ မိမိကိုယ္ကို ေသေၾကာင္းၾကံစည္ရန္ ၾကိဳးစားသူမ်ားႏွင့္ အျပင္းအထန္ စိတ္မက်န္းမာျဖစ္ေနသူမ်ားပါဝင္သည္။

သူနာျပဳသည္ သူ၏ တာဝန္ကို အလြဲသံုးစားလုပ္ကာ လူနာမ်ားအေပၚ လိင္မဖြယ္မရာမႈမ်ား က်ဳးလြန္ခဲ့သည္။

တရားရံုးအမိန္႔မ်ားအရ နာမည္ထုတ္ေဖာ္ ေရးသားခြင့္မရွိေသာ အသက္ ၃၆ ႏွစ္အရြယ္ရွိ သူနာျပဳအမ်ဳိးသားကို ဒီဇင္ဘာ ၂၈ ရက္က ေထာင္ဒဏ္ ၄ ႏွစ္၊ ၉ လႏွင့္ ၇ ရက္က်ခံေစရန္ႏွင့္ ၾကိမ္ဒဏ္ ၁၀ ခ်က္ ရိုက္ေစရန္ အမိန္႔ခ်မွတ္ခဲ့သည္။

သူသည္ လူနာမ်ားကို ကိုယ္ထိလက္ေရာက္ မဖြယ္မရာျပဳလုပ္ျခင္း၊ လူနာမ်ား ဝတ္လစ္စလစ္ျဖစ္ေနခ်ိန္တြင္ ဗြီဒီယိုရိုက္ကူးထားျခင္းမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါ ျဖစ္ရပ္မ်ားျဖစ္ပြားခ်ိန္က အခ်ိဳ႕ေသာ ျပစ္မႈက်ဴးလြန္ခံ လူနာမ်ားသည္ အထူးဂရုစိုက္မႈ ေပးရေသာ စိတ္ေဝဒနာရွင္ ကုသေဆာင္မ်ားတြင္ တက္ေရာက္ေနၾကသူမ်ားျဖစ္ၾကသည္။

အခ်ဳိ႕ေသာ ျပစ္မႈက်ဴးလြန္ခံရသူမ်ားမွာ သူ၏ လုပ္ေဖာ္ကိုင္ဖက္မ်ားအျပင္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးတစ္ဦးလည္း ပါဝင္သည္။

ယခုႏွစ္ မတ္လအတြင္း သူနာျပဳအမ်ဳိးသားသည္ ရထားဘူတာတစ္ခုရွိ စက္ေလွကားေပၚတြင္ မိန္းကေလးတစ္ဦးအား ဗြီဒီယိုခိုးရိုက္သည္ကို အဆိုပါမိန္းကေလးက သိရွိဖမ္းမိသြားခဲ့သည္။

ရဲတပ္ဖြဲ႔က သူနာျပဳအမ်ဳိးသားအား IMH တြင္ မတ္လ ၄ ရက္၌ ဖမ္းဆီးခဲ့ျပီး သူ၏ ဖုန္းမ်ားကို သိမ္းဆည္းခဲ့သည္။

သူ၏ ဖုန္းအတြင္း ဗြီဒီယို အမ်ဳိးအစား ၄ မ်ဳိး ေတြ႔ရွိခဲ့ရာ IMH မွ ဝန္ထမ္းမ်ားႏွင့္ အျခားျပည္သူတို႔အား ခိုးဝွက္ရိုက္ကူးထားသည့္ ေအာက္ပိုင္းဗြီဒီယိုမ်ား၊ IMH မွ သူနာျပဳမ်ား အဝတ္အစားလဲျခင္း၊ လူနာမ်ား ေရခ်ဳိးျခင္းႏွင့္ လူနာမ်ားအား မဖြယ္မရာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့ပံုမ်ားကို ရိုက္ကူးထားသည့္ ဗြီဒီယိုမ်ားျဖစ္သည္။

IMH က ေျပာၾကားခဲ့သည္မွာ အဆိုပါ သူနာျပဳအမ်ဳိးသားကို မတ္လ ၁၁ ရက္တြင္ ရာထူးမွ ထုတ္ပယ္ခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႔၏ စံုစမ္းစစ္ေဆးမႈမ်ားကို ေဆးရံုဘက္မွ အကူအညီမ်ား ေပးအပ္ေနေၾကာင္း ေျပာၾကားသည္။

သူသည္ အထူးေစာင့္ၾကည့္ေပးရသည့္ လူနာေဆာင္တြင္ တာဝန္က်သူျဖစ္ရာ လူနာမ်ားအေနျဖင့္ ေရခ်ဳိးခ်ိန္တြင္ မိမိကိုယ္ကို အႏၱရာယ္မျပဳေစရန္ ေစာင့္ၾကည့္ေပးရသည့္ တာဝန္လည္း ထမ္းေဆာင္ရသူ ျဖစ္သည္။

ပံုမွန္အားျဖင့္ သူနာျပဳမ်ားသည္ လူနာမ်ားကို က်ား၊ မအလိုက္ ခြဲျခားကာသာ တာဝန္ထမ္းေဆာင္ရေလ့ရွိေသာ္လည္း အဆိုပါ သူနာျပဳအမ်ဳိးသားက အမ်ဳိးသမီးေဆာင္တြင္ တာဝန္ခ်ေပးရန္ မၾကာခဏေတာင္းဆိုေလ့ရွိသည္ဟု ဆိုသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ သူသည္ အထူးေစာင့္ၾကည့္ေဆာင္ရွိ အမ်ုိးသမီးလူနာ ၉ ဦးကို ဗီြဒီယိုရိုက္ကူးခဲ့ေၾကာင္း ေပၚေပါက္သည္။

သူသည္ အဆိုပါ အေဆာင္မွ ေဆးရံုကုတင္တြင္ ခ်ဳပ္ေႏွာင္ထားျခင္းခံရေသာ လူနာတစ္ဦးကို မဖြယ္မရာ ကိုယ္ထိလက္ေရာက္ ျပဳလုပ္ကာ မိမိကိုယ္မိမိ ဗြီဒီယိုလည္း ရိုက္ကူးထားခဲ့သည္။

တစ္ခါတြင္မူ အဆိုပါသူနာျပဳအမ်ဳိးသားက ကိုယ္ဝန္ေဆာင္အျဖစ္ ဓာတ္ပံုေမာ္ဒယ္ရိုက္ခံမည့္သူ အလိုရွိေၾကာင္း အြန္လိုင္းတြင္ ေၾကာ္ျငာခဲ့သည္။ သူ၏ ေၾကာ္ျငာအတြက္ ဆက္သြယ္လာသည့္ အမ်ဳိးသမီးကို ကိုယ္ဝန္လြယ္ထားသည့္ဗိုက္ ေပၚလြင္ေစမည့္ ဝတ္စံုတစ္ခု ဝတ္ဆင္ေစခဲ့ျပီး စကၤာပူႏုိင္ငံ၊ Jurong East အရပ္တြင္ တည္ရွိေသာ Chinese Gardens ပန္းျခံတြင္ ေတြ႔ဆံုခဲ့ၾကသည္။

ယင္းေနာက္ ၎အားမၾကည့္ဘဲ တဘက္သို႔ မ်က္ႏွာလႊဲၾကည့္ေနရန္ ညႊန္ၾကားခဲ့ျပီးေနာက္ ေအာက္ပိုင္းကို ဗြီဒီယိုဖိုင္ ၅ ခုခန္႔ ခိုး၍ ရိုက္ကူးခဲ့ကာ စကားဝွက္ျဖင့္ ဝင္ရေသာ ဖုန္းအပလီေကးရွင္းတစ္ခုထဲသုိ႔ ထည့္ထားခဲ့သည္။

ကေလး ၄ ေယာက္၏ ဖခင္ျဖစ္ေသာ အဆိုပါ သူနာျပဳအမ်ဳိးသားသည္ မဖြယ္မရာ ကိုယ္ထိလက္ေရာက္ျပဳလုပ္မႈ ၈ မႈ၊ အမ်ဳိးသမီးတစ္ဦး ၏ ကာယိေျႏၵပ်က္ျပားေအာင္ လုပ္ေဆာင္မႈ၊ တပါးသူ၏ လိင္မႈကိစၥမ်ားကို ခိုးဝွက္ၾကည့္ရႈသည့္ လုပ္ရပ္ေပါင္းမ်ားစြာ လုပ္ေဆာင္မႈတို႔ျဖင့္ ျပစ္မႈထင္ရွားေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

အဆိုပါ သူနာျပဳအမ်ဳိးသားတြင္ အျခားသူတို႔၏ လိင္မႈကိစၥမ်ားကို ခိုးဝွက္ၾကည့္ရႈကာ စိတ္ေက်နပ္မႈ ရယူသည့္ စိတ္ေရာဂါ ရွိေနေၾကာင္းလည္း စစ္ေဆးေတြ႔ရွိခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jail, caning for former IMH nurse who molested patients, filmed ex-colleagues (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service