ဆွစ်ဇာလန်ရှိ ရေခဲလျှောစီးအပန်းဖြေစခန်းတွင် ရာနှင့်ချီသော ဗြိတိန်ကမ္ဘာလှည့်ခရီးသည်များ ကွာရန်တင်းမဝင်ဘဲ ထွက်ပြေး

ဆွစ်ဇာလန်ရှိ ရေခဲလျှောစီးအပန်းဖြေစခန်းတွင် ရာနှင့်ချီသော ဗြိတိန်ကမ္ဘာလှည့်ခရီးသည်များ ကွာရန်တင်းမဝင်ဘဲ ထွက်ပြေး - Property News in Myanmar from iMyanmarHouse.com
30 Dec 2020 11:50 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရာနှင့်ချီသော ဗြိတိန်ကမ္ဘာလှည့်ခရီးသည်များသည် ဆွစ်ဇာလန်နိုင်ငံ၊ ဗတ်ဘီးရာ (Verbier) ရေခဲပြင်လျှောစီးအပန်းဖြေစခန်းမှ လျှို့ဝှက်စွာ ထွက်ပြေးပျောက်ကွယ်သွားကြသည်။

ဗြိတိန်တွင် ပထမဆုံးတွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ပျံ့ပွားမှုကို ထိန်းချုပ်ရန် ချမှတ်ထားသော ကွာရန်တင်းစည်းမျဉ်းကို မလိုက်နာဘဲ ယခုကဲ့သို့ ထွက်ပြေးသွားကြခြင်းလည်း ဖြစ်သည်။

ဗြိတိန်တွင် Covid-19 သန္ဓေပြောင်းမျိုးသစ် စတင်တွေ့ရှိချိန်မှစကာ ဆွစ်ဇာလန်အာဏာပိုင်တို့က ဒီဇင်ဘာ ၁၄ ရက်မှစတင်ပြီး ဗြိတိန်မှ ရောက်ရှိလာသူအားလုံး ရောက်ရှိသည့်နေ့မှစကာ ၁၀ ရက်တာ မိမိဘာသာ သီးခြားနေထိုင်ရန် လိုအပ်ကြောင်း ကြေညာထားသည်။

အဆိုပါ ကွာရန်တင်းစည်းမျဉ်းသစ်သည် ရာပေါင်းများစွာသော ဗြိတိန်ကမ္ဘာလှည့်ခရီးသည်များအတွက် လိုက်နာရမည့် စည်းမျဉ်းဖြစ်သည်။

၎င်းတို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ကွန်တူး ဂျူ ဗဲ့လေ့ (Canton du Valais) ဒေသ၊ ဘဲညက်စ်(Bagnes) အရပ်တွင် တည်ရှိသော ဗတ်ဘီးရာ (Verbier) ကျေးရွာတွင် ခရစ္စမတ်ကာလ ဖြတ်သန်းရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

ဗတ်ဘီးရာ ကျေးရွာကို ဒေသခံတို့က “လန်ဒန်မြို့ကလေး”ဟု ကင်ပွန်းတပ်ထားသည်။ ဆောင်းကာလ အဆိုပါကျေးရွာသို့ လာရောက်လည်ပတ်သူများ၏ ၂၀ ရာခိုင်နှုန်းမှာ ဗြိတိန်မှ ဖြစ်သောကြောင့် ယင်းသို့ အမည်ပေးထားခြင်း ဖြစ်သည်။

ဆွစ်အာဏာပိုင်တို့က ကွာရန်တင်းဝင်ရန် လမ်းညွှန်ခဲ့သော ဗြိတိန်ခရီးသည် ၄၂၀ ဦးကို ခြေရာခံရန် စီစဉ်ခဲ့သည်။

သို့သော် ဗြိတိန်ကမ္ဘာလှည့်ခရီးသည်များ၏ ထက်ဝက်ခန့်မှာ လျှို့ဝှက်စွာ ထွက်ပြေးသွားခဲ့ကြပြီး အချို့မှာ ပြင်သစ်သို့ ရောက်ရှိသွားချိန်မှသာ ဆွစ်ဇာလန်ရှိ ၎င်းတို့ တည်းခိုခဲ့ရာဟိုတယ်များသို့ ပြန်လည်ဆက်သွယ်ခဲ့ကြကြောင်း ဆွစ်ဇာလန် သတင်းစာ ဆန်းတက် စတစ်နီယမ် (SonntagsZeitung) တွင် ဖော်ပြသည်။

“သူတို့ထဲက အများဟုဟာ ကွာရန်တင်း ၁ ရက်နေထိုင်ခဲ့ကြပြီးမှ အမှောင်ကို အကာအကွယ်ယူပြီး ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဘဲညက်အရပ် ဆက်သွယ်ရေးအရာရှိ ရွှန်း မာ့ခ် ဆွန်တို့ဇ် (Jean-Marc Sandoz) က ပြောသည်။

ဗြိတိန်ခရီးသည်များ ထွက်သွားကြမှုကို ဟိုတယ်မှ သတိပြုမိသွားသည်မှာ ၎င်းတို့၏အခန်းများသို့ ဖုန်းဆက်သွယ်ရာတွင် ဖြေကြားမှု မရှိခြင်း (သို့မဟုတ်) အခန်းအပြင်ဘက်တွင်ထားခဲ့သော စားသောက်ဖွယ်များ မတို့မထိရှိနေခြင်းတို့ကို တွေ့ရမှသာ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ဆွစ်ဇာလန်နှင့် ဗြိတိန်တို့အကြား လေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၂၀ ရက်ကတည်းက ဖျက်သိမ်းထားခဲ့ရာ ဗြိတိန်ကမ္ဘာလှည့်ခရီးသည်များသည် မည်သည့်နေရာသို့ ပျောက်ကွယ်သွားသည်ကို ကနဦးတွင် မသိရှိခဲ့ကြောင်း ရွှန်းမာ့ခ် ဆွန်တို့ဇ်က ပြောသည်။

အချို့ခရီးသည်များမှာ ၎င်းတို့တည်းခိုခဲ့သည့် ညများအတွက် ဟိုတယ်ခ ပေးဆောင်ရန် လိုအပ်သေးသလောဟူသည်ကို သိနိုင်ရန် တည်းခိုခဲ့သည့်ဟိုတယ်များသို့ နောက်ပိုင်းတွင် ဆက်သွယ်လာခဲ့ကြသည်။

ဗြိတိန်တွင် တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး နောက် ရေခဲပြင်လျှောစီးအပန်းဖြေစခန်းတွင် ဗြိတိန်ကမ္ဘာလှည့်ခရီးသည်များနှင့် ပတ်သက်ပြီး ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ အင်္ဂလိပ်စကားပြောသူတိုင်းမှာ သံသယရှိရသူများဖြစ်ကြောင်း SonntagsZeitung သတင်းစာတွင် ဖော်ပြသည်။

“အင်္ဂလိပ်စကားပြောသူတွေ သွားလာနေရင်ကို ကွာရန်တင်းစည်းမျဉ်းချိုးဖောက်တယ်လို့ မတရားစွာ စွပ်စွဲခံကြရတယ်” ဟု Sandoz က ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hundreds of UK tourists flee Covid quarantine in Swiss ski resort (the guardian)

 

 

[Zawgyi]

ဆြစ္ဇာလန္ရွိ ေရခဲေလွ်ာစီးအပန္းေျဖစခန္းတြင္ ရာႏွင့္ခ်ီေသာ ျဗိတိန္ကမၻာလွည့္ခရီးသည္မ်ား ကြာရန္တင္းမဝင္ဘဲ ထြက္ေျပး

ရာႏွင့္ခ်ီေသာ ျဗိတိန္ကမၻာလွည့္ခရီးသည္မ်ားသည္ ဆြစ္ဇာလန္ႏိုင္ငံ၊ ဗတ္ဘီးရာ (Verbier) ေရခဲျပင္ေလွ်ာစီးအပန္းေျဖစခန္းမွ လွ်ိဳ႕ဝွက္စြာ ထြက္ေျပးေပ်ာက္ကြယ္သြားၾကသည္။

ျဗိတိန္တြင္ ပထမဆံုးေတြ႔ရွိခဲ့ေသာ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးကြဲ ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ရန္ ခ်မွတ္ထားေသာ ကြာရန္တင္းစည္းမ်ဥ္းကို မလိုက္နာဘဲ ယခုကဲ့သို႔ ထြက္ေျပးသြားၾကျခင္းလည္း ျဖစ္သည္။

ျဗိတိန္တြင္ Covid-19 သေႏၶေျပာင္းမ်ဳိးသစ္ စတင္ေတြ႔ရွိခ်ိန္မွစကာ ဆြစ္ဇာလန္အာဏာပိုင္တို႔က ဒီဇင္ဘာ ၁၄ ရက္မွစတင္ျပီး ျဗိတိန္မွ ေရာက္ရွိလာသူအားလံုး ေရာက္ရွိသည့္ေန႔မွစကာ ၁၀ ရက္တာ မိမိဘာသာ သီးျခားေနထိုင္ရန္ လိုအပ္ေၾကာင္း ေၾကညာထားသည္။

အဆိုပါ ကြာရန္တင္းစည္းမ်ဥ္းသစ္သည္ ရာေပါင္းမ်ားစြာေသာ ျဗိတိန္ကမၻာလွည့္ခရီးသည္မ်ားအတြက္ လိုက္နာရမည့္ စည္းမ်ဥ္းျဖစ္သည္။

၎တို႔သည္ ဆြစ္ဇာလန္ႏိုင္ငံ၊ ကြန္တူး ဂ်ဴ ဗဲ့ေလ့ (Canton du Valais) ေဒသ၊ ဘဲညက္စ္(Bagnes) အရပ္တြင္ တည္ရွိေသာ ဗတ္ဘီးရာ (Verbier) ေက်းရြာတြင္ ခရစၥမတ္ကာလ ျဖတ္သန္းရန္ စီစဥ္ခဲ့ၾကျခင္း ျဖစ္သည္။

ဗတ္ဘီးရာ ေက်းရြာကို ေဒသခံတို႔က “လန္ဒန္ျမိဳ႕ကေလး”ဟု ကင္ပြန္းတပ္ထားသည္။ ေဆာင္းကာလ အဆိုပါေက်းရြာသို႔ လာေရာက္လည္ပတ္သူမ်ား၏ ၂၀ ရာခိုင္ႏႈန္းမွာ ျဗိတိန္မွ ျဖစ္ေသာေၾကာင့္ ယင္းသို႔ အမည္ေပးထားျခင္း ျဖစ္သည္။

ဆြစ္အာဏာပိုင္တို႔က ကြာရန္တင္းဝင္ရန္ လမ္းညႊန္ခဲ့ေသာ ျဗိတိန္ခရီးသည္ ၄၂၀ ဦးကို ေျခရာခံရန္ စီစဥ္ခဲ့သည္။

သို႔ေသာ္ ျဗိတိန္ကမၻာလွည့္ခရီးသည္မ်ား၏ ထက္ဝက္ခန္႔မွာ လွ်ိဳ႕ဝွက္စြာ ထြက္ေျပးသြားခဲ့ၾကျပီး အခ်ဳိ႕မွာ ျပင္သစ္သို႔ ေရာက္ရွိသြားခ်ိန္မွသာ ဆြစ္ဇာလန္ရွိ ၎တို႔ တည္းခိုခဲ့ရာဟိုတယ္မ်ားသို႔ ျပန္လည္ဆက္သြယ္ခဲ့ၾကေၾကာင္း ဆြစ္ဇာလန္ သတင္းစာ ဆန္းတက္ စတစ္နီယမ္ (SonntagsZeitung) တြင္ ေဖာ္ျပသည္။

“သူတို႔ထဲက အမ်ားဟုဟာ ကြာရန္တင္း ၁ ရက္ေနထုိင္ခဲ့ၾကျပီးမွ အေမွာင္ကို အကာအကြယ္ယူျပီး ထြက္ေျပးသြားခဲ့ၾကတာ ျဖစ္ပါတယ္” ဟု ဘဲညက္အရပ္ ဆက္သြယ္ေရးအရာရွိ ရႊန္း မာ့ခ္ ဆြန္တို႔ဇ္ (Jean-Marc Sandoz) က ေျပာသည္။

ျဗိတိန္ခရီးသည္မ်ား ထြက္သြားၾကမႈကို ဟိုတယ္မွ သတိျပဳမိသြားသည္မွာ ၎တို႔၏အခန္းမ်ားသို႔ ဖုန္းဆက္သြယ္ရာတြင္ ေျဖၾကားမႈ မရွိျခင္း (သို႔မဟုတ္) အခန္းအျပင္ဘက္တြင္ထားခဲ့ေသာ စားေသာက္ဖြယ္မ်ား မတို႔မထိရွိေနျခင္းတို႔ကို ေတြ႔ရမွသာ သတိျပဳမိခဲ့ျခင္း ျဖစ္သည္။

ဆြစ္ဇာလန္ႏွင့္ ျဗိတိန္တို႔အၾကား ေလေၾကာင္းခရီးစဥ္မ်ားကို ဒီဇင္ဘာလ ၂၀ ရက္ကတည္းက ဖ်က္သိမ္းထားခဲ့ရာ ျဗိတိန္ကမၻာလွည့္ခရီးသည္မ်ားသည္ မည္သည့္ေနရာသို႔ ေပ်ာက္ကြယ္သြားသည္ကို ကနဦးတြင္ မသိရွိခဲ့ေၾကာင္း ရႊန္းမာ့ခ္ ဆြန္တို႔ဇ္က ေျပာသည္။

အခ်ဳိ႕ခရီးသည္မ်ားမွာ ၎တို႔တည္းခိုခဲ့သည့္ ညမ်ားအတြက္ ဟိုတယ္ခ ေပးေဆာင္ရန္ လိုအပ္ေသးသေလာဟူသည္ကို သိႏိုင္ရန္ တည္းခိုခဲ့သည့္ဟိုတယ္မ်ားသို႔ ေနာက္ပိုင္းတြင္ ဆက္သြယ္လာခဲ့ၾကသည္။

ျဗိတိန္တြင္ ေတြ႔ရွိခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးကြဲသစ္သည္ ၇၀ ရာခိုင္ႏႈန္း ပိုမိုကူးစက္ႏိုင္သည္ဟူေသာ သတင္းမ်ား ထြက္ေပၚလာျပီး ေနာက္ ေရခဲျပင္ေလွ်ာစီးအပန္းေျဖစခန္းတြင္ ျဗိတိန္ကမၻာလွည့္ခရီးသည္မ်ားႏွင့္ ပတ္သက္ျပီး ေၾကာက္ရြံ႕စိတ္မ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ အဂၤလိပ္စကားေျပာသူတိုင္းမွာ သံသယရွိရသူမ်ားျဖစ္ေၾကာင္း SonntagsZeitung သတင္းစာတြင္ ေဖာ္ျပသည္။

“အဂၤလိပ္စကားေျပာသူေတြ သြားလာေနရင္ကို ကြာရန္တင္းစည္းမ်ဥ္းခ်ဳိးေဖာက္တယ္လို႔ မတရားစြာ စြပ္စဲြခံၾကရတယ္” ဟု Sandoz က ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hundreds of UK tourists flee Covid quarantine in Swiss ski resort (the guardian)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service