ကွာရန်တင်းစင်တာတွင် သူနာပြုနှင့် Covid-19 လူနာတို့ လိင်ဆက်ဆံခဲ့မှုကိုအင်ဒိုနီးရှားအာဏာပိုင်များစုံစမ်း

ကွာရန်တင်းစင်တာတွင် သူနာပြုနှင့် Covid-19 လူနာတို့ လိင်ဆက်ဆံခဲ့မှုကိုအင်ဒိုနီးရှားအာဏာပိုင်များစုံစမ်း - Property News in Myanmar from iMyanmarHouse.com
29 Dec 2020 11:14 am တွင် တင်ခဲ့သည်
17598 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိဝိစမာအာ့တလက်အားကစားကျေးရွာကွာရန်တင်းစင်တာတွင် Covid-19 လူနာတစ်ဦးနှင့် သူနာပြုတစ်ဦးတို့ လိင်ဆက်ဆံခဲ့ကြသည်ဟူသောစွပ်စွဲချက်များကိုဂျကာတာမြို့ အာဏာပိုင်တို့ကစုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

လူနာကိုယ်တိုင်ကအဆိုပါဖြစ်ရပ်ကိုလူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဝိစမာအာ့တလက် (သို့မဟုတ်) ကမာယိုရန် (Kemayoran) အားကစားကျေးရွားသည် ဂျကာတာမြို့လယ်တွင် တည်ရှိပြီး ၂၀၁၈ ခုနှစ်၊ အာဆီယံအားကစားပွဲတော်အတွက် တည်ဆောက်ထားခဲ့ခြင်းဖြစ်ကာယခုအခါ ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲထားခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သောသောကြာနေ့ကကမာယိုရန် ကွာရန်တင်းစင်တာမှ Covid-19 လူနာတစ်ဦးသည် သူနာပြုနှင့် WhatsAppမှတဆင့် စကားပြောခဲ့ကြပုံများကို Screenshot ရယူကာတွစ်တာလူမှုကွန်ရက်တွင် တင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ပြောကြားထားသောစကားများအရရေချိုးခန်းထဲတွင် လိင်ဆက်ဆံခဲ့ကြသည်ကိုဖော်ပြနေသည်။

အဆိုပါလူနာကသူနာပြု၏ PPE ဝတ်စုံကိုဓာတ်ပုံရိုက်ကာတင်ခဲ့သည်။ သူနာပြုသည် လူနာနှင့် လိင်ဆက်ဆံချိန်တွင် PPE ဝတ်စုံကို ချွတ်ထားခဲ့သည်ဟုယူဆရသည်။

တွစ်တာတွင် အဆိုပါပို့စ်သည် လျင်မြန်စွာပျံ့နှံ့သွားပြီး ပြည်သူတို့အကြားအမျက်ထွက်မှုများပေါ်ပေါက်ကာအဆိုပါ စုံတွဲကိုအရေးယူပေးရန် အာဏာပိုင်တို့အားတောင်းဆိုမှုများ ပြုလုပ်လာကြသည်။

ရဲတပ်ဖွဲ့က ၎င်းတို့ကိုစစ်မေးပြီးနောက်ပိုင်းသူနာပြုကိုကမာယိုရန် ကွာရန်တင်းစင်တာမှ အလုပ်ဖယ်ရှားခဲ့သည်။

ကွာရန်တင်းစင်တာအတွင်းတွင် လိင်ဆက်ဆံခဲ့ကြကြောင်းသူနာပြုနှင့် လူနာတို့နှစ်ဦးလုံးကဝန်ခံခဲ့ကြသည်ဟုဆိုသည်။

၎င်းတို့ နှစ်ဦးကို Covid-19 စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“သူနာပြုကနက်ဂတစ်ရလဒ်ထွက်ပြီးလူနာကတော့ ပေါ့စတစ်အဖြေပဲထွက်နေပါတယ်” ဟုဂျကာတာစစ်ဌာနချုပ် (Jakarta Military Command) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဟာဝင် ဘီအက်စ်ကပြောသည်။

လူနာ၏ ရောဂါလက္ခဏာအခြေအနေနှင့် စပ်လျဉ်း၍မူမသိရချေ။

ရဲတပ်ဖွဲ့ကပြောကြားရာတွင် လူနာနှင့် သူနာပြု ၂ ဦးလုံးကိုသတင်းအချက်အလက်နှင့် အီလက်ထရောနစ် ဆက်သွယ်ရေးအက်ဥပဒေမှ ကာမရာဂစိတ်ဖြစ်စေရန် ရေးသားတင်ပြမှု တိုက်ဖျက်ရေးဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်းခံရဖွယ်ရှိကြောင်း၊ ၎င်းတို့၏ လိင်ဆက်ဆံခဲ့ကြမှု အသေးစိတ်ကိုအွန်လိုင်းတွင် တင်ခဲ့ခြင်းဖြစ်သောကြောင့်ဖြစ်ကြောင်းပြောကြားသည်။

ပြစ်မှုကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိပါက ၎င်းတို့ ၂ ဦးလုံးမှာထောင်ဒဏ် ၁၀ နှစ်အထက် ကျခံရဖွယ်ရာရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Authorities launch inquiry into alleged sexual relations between nurse and COVID-19 patient in Jakarta quarantine facility (Coconuts)

 

[Zawgyi]

ကြာရန္တင္းစင္တာတြင္ သူနာျပဳႏွင့္ Covid-19 လူနာတို႔ လိင္ဆက္ဆံခဲ့မႈကိုအင္ဒိုနီးရွားအာဏာပိုင္မ်ားစံုစမ္း

အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာျမိဳ႕ရွိဝိစမာအာ့တလက္အားကစားေက်းရြာကြာရန္တင္းစင္တာတြင္ Covid-19 လူနာတစ္ဦးႏွင့္ သူနာျပဳတစ္ဦးတို႔ လိင္ဆက္ဆံခဲ့ၾကသည္ဟူေသာစြပ္စြဲခ်က္မ်ားကိုဂ်ကာတာျမိဳ႕ အာဏာပိုင္တို႔ကစံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

လူနာကိုယ္တိုင္ကအဆိုပါျဖစ္ရပ္ကိုလူမႈကြန္ရက္တြင္ ပို႔စ္တင္ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

ဝိစမာအာ့တလက္ (သို႔မဟုတ္) ကမာယိုရန္ (Kemayoran) အားကစားေက်းရြားသည္ ဂ်ကာတာျမိဳ႕လယ္တြင္ တည္ရွိျပီး ၂၀၁၈ ခုႏွစ္၊ အာဆီယံအားကစားပြဲေတာ္အတြက္ တည္ေဆာက္ထားခဲ့ျခင္းျဖစ္ကာယခုအခါ ကြာရန္တင္းစင္တာအျဖစ္ ေျပာင္းလဲထားျခင္းလည္း ျဖစ္သည္။

ျပီးခဲ့ေသာေသာၾကာေန႔ကကမာယိုရန္ ကြာရန္တင္းစင္တာမွ Covid-19 လူနာတစ္ဦးသည္ သူနာျပဳႏွင့္ WhatsAppမွတဆင့္ စကားေျပာခဲ့ၾကပံုမ်ားကို Screenshot ရယူကာတြစ္တာလူမႈကြန္ရက္တြင္ တင္ခဲ့ျခင္းျဖစ္သည္။

၎တို႔ေျပာၾကားထားေသာစကားမ်ားအရေရခ်ဳိးခန္းထဲတြင္ လိင္ဆက္ဆံခဲ့ၾကသည္ကိုေဖာ္ျပေနသည္။

အဆိုပါလူနာကသူနာျပဳ၏ PPE ဝတ္စံုကိုဓာတ္ပံုရိုက္ကာတင္ခဲ့သည္။ သူနာျပဳသည္ လူနာႏွင့္ လိင္ဆက္ဆံခ်ိန္တြင္ PPE ဝတ္စံုကို ခၽြတ္ထားခဲ့သည္ဟုယူဆရသည္။

တြစ္တာတြင္ အဆိုပါပို႔စ္သည္ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားျပီး ျပည္သူတို႔အၾကားအမ်က္ထြက္မႈမ်ားေပၚေပါက္ကာအဆိုပါ စံုတြဲကိုအေရးယူေပးရန္ အာဏာပိုင္တို႔အားေတာင္းဆိုမႈမ်ား ျပဳလုပ္လာၾကသည္။

ရဲတပ္ဖြဲ႔က ၎တို႔ကိုစစ္ေမးျပီးေနာက္ပိုင္းသူနာျပဳကိုကမာယိုရန္ ကြာရန္တင္းစင္တာမွ အလုပ္ဖယ္ရွားခဲ့သည္။

ကြာရန္တင္းစင္တာအတြင္းတြင္ လိင္ဆက္ဆံခဲ့ၾကေၾကာင္းသူနာျပဳႏွင့္ လူနာတို႔ႏွစ္ဦးလံုးကဝန္ခံခဲ့ၾကသည္ဟုဆိုသည္။

၎တို႔ ႏွစ္ဦးကို Covid-19 စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။

“သူနာျပဳကနက္ဂတစ္ရလဒ္ထြက္ျပီးလူနာကေတာ့ ေပါ့စတစ္အေျဖပဲထြက္ေနပါတယ္” ဟုဂ်ကာတာစစ္ဌာနခ်ဳပ္ (Jakarta Military Command) ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဟာဝင္ ဘီအက္စ္ကေျပာသည္။

လူနာ၏ ေရာဂါလကၡဏာအေျခအေနႏွင့္ စပ္လ်ဥ္း၍မူမသိရေခ်။

ရဲတပ္ဖြဲ႔ကေျပာၾကားရာတြင္ လူနာႏွင့္ သူနာျပဳ ၂ ဦးလံုးကိုသတင္းအခ်က္အလက္ႏွင့္ အီလက္ထေရာနစ္ ဆက္သြယ္ေရးအက္ဥပေဒမွ ကာမရာဂစိတ္ျဖစ္ေစရန္ ေရးသားတင္ျပမႈ တိုက္ဖ်က္ေရးဥပေဒ ခ်ဳိးေဖာက္မႈျဖင့္ တရားစြဲဆိုျခင္းခံရဖြယ္ရွိေၾကာင္း၊ ၎တို႔၏ လိင္ဆက္ဆံခဲ့ၾကမႈ အေသးစိတ္ကိုအြန္လိုင္းတြင္ တင္ခဲ့ျခင္းျဖစ္ေသာေၾကာင့္ျဖစ္ေၾကာင္းေျပာၾကားသည္။

ျပစ္မႈက်ဴးလြန္ေၾကာင္းစစ္ေဆးေတြ႔ရွိပါက ၎တို႔ ၂ ဦးလံုးမွာေထာင္ဒဏ္ ၁၀ ႏွစ္အထက္ က်ခံရဖြယ္ရာရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Authorities launch inquiry into alleged sexual relations between nurse and COVID-19 patient in Jakarta quarantine facility (Coconuts)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service