ကာကွယ်ဆေးထိုးရန် နောက်ကျသွားပြီဖြစ်သော Covid-19 ရောဂါရှိသူများနှင့် ထိတွေ့ခဲ့သူများ ရောဂါကူးစက်ခြင်းမခံရစေမည့် ဆေးသစ်တစ်မျိုး ဗြိတိန်သိပ္ပံပညာရှင်များ စမ်းသပ်လျက်ရှိ

ကာကွယ်ဆေးထိုးရန် နောက်ကျသွားပြီဖြစ်သော Covid-19 ရောဂါရှိသူများနှင့် ထိတွေ့ခဲ့သူများ ရောဂါကူးစက်ခြင်းမခံရစေမည့် ဆေးသစ်တစ်မျိုး ဗြိတိန်သိပ္ပံပညာရှင်များ စမ်းသပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Dec 2020 11:06 am တွင် တင်ခဲ့သည်
1074 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်မှ သိပ္ပံပညာရှင်တို့သည် Covid-19 ရောဂါရှိသူများနှင့် ထိတွေ့ခဲ့သူများကို ရောဂါပြီးမှု ချက်ချင်းပေးစွမ်းကာ ရောဂါခံစားရမှု ကာကွယ်ပေးနိုင်မည့် အလားအလာရှိသော ပဋိပစ္စည်းဆေးတစ်မျိုးကို စမ်းသပ်လျက်ရှိသည်။

ယခုဆေးသည် ကာကွယ်ဆေးထိုးရန် နောက်ကျသွားပြီဖြစ်သူများအတွက် ချက်ချင်းအကာအကွယ်ပေးနိုင်ကာ ရေရှည်တွင်လည်း ရောဂါကို ကာကွယ်မှု ပေးစွမ်းမည်ဖြစ်ရာ လူထောင်ပေါင်းများစွာ၏ အသက်များကို ကယ်တင်နိုင်မည် ဖြစ်သည်။

ယခုဆေးဝါးသည် ဆေးရုံမှ အတွင်းလူနာများ၊ စောင့်ရှောက်ရေးဂေဟာတွင် နေထိုင်သူများနှင့် တက္ကသိုလ်ကျောင်းသားများအတွက် အရေးပေါ်ကုသမှုအဖြစ်ပေးကာ ဗိုင်းရပ်စ်ပျံ့ပွားမှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတို့နှင့် အတူနေထိုင်ရသူများ (သို့မဟုတ်) ရောဂါရှိသူများနှင့် ထိတွေ့ခဲ့ရသူများသည် ကာကွယ်ဆေးထိုးရန် နောက်ကျသွားပြီဖြစ်ရာ ၎င်းတို့ကို ရောဂါကူးစက်ခြင်းမခံရစေရန် ယခုဆေးကို ထိုးနှံနိုင်မည် ဖြစ်သည်။

University College London Hospitals NHS (UCLH) မှ ဗြိတိသျှ သိပ္ပံပညာရှင်တို့သည် ယခုဆေးကို လူ ၁၀ ဦးတွင် ထိုးနှံပေးထားပြီးဖြစ်သည်။

Storm Chaser ဟု အမည်ပေးထားသော ယခုဆေး စမ်းသပ်ရေးစီမံကိန်းကို ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၁၁၂၅ ဦးတွင် ပြုလုပ်သွားရန် ရည်မှန်းထားသည်။

ပါဝင်စမ်းသပ်ခံမည့်သူများသည် အဆိုပါဆေးကို ၂ ကြိမ်ဆက်တိုက် ထိုးနှံခံရမည် ဖြစ်သည်။

ယခုဆေးသည် Covid-19 ရောဂါကို ၆ လမှ တစ်နှစ်အကြား ကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

UCLH မှ သိပ္ပံပညာရှင်တို့သည် Provent ဟု အမည်ပေးထားသော ဆေးဝါးစမ်းသပ်မှု စီမံကိန်းတစ်ရပ်ကိုလည်း စတင်လုပ်ဆောင်နေသည်။

အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကာကွယ်ဆေးထိုးမှ အကျိုးကို မခံစားရနိုင်သူများ၊ သာဓကအားဖြင့် ကိုယ်ခံအားစနစ် အားနည်း သည့် လူနာများ (patients with a compromised immune system) (သို့မဟုတ်) အသက်အရွယ်နှင့် ရောဂါအခံရှိခြင်း (age and existing conditions ) ကြောင့် Covid-19 ကူးစက်ခံရပါက အန္တရာယ်ပိုမိုများပြားသူများအတွက် ပဋိပစ္စည်းအသုံးပြုနိုင်မှု အလားအလာကို စမ်းစစ်သွားရန် ဖြစ်သည်။

UCLH သည် Storm Chaser ဆေးဝါးစမ်းသပ်မှု စီမံကိန်းအရ ကျန်းမာရေးဝန်ထမ်းနှင့် တက္ကသိုလ်ကျောင်းသား ၁၀ ဦးကို ဆေးဝါးသစ်စမ်းသပ်ရေးဌာနတွင် ဆေးထိုးပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းမှာ အဆင့် ၃ စမ်းသပ်မှုအဆင့်သို့ ဒီဇင်ဘာ ၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဖြစ်သည်။

ယခုစမ်းသပ်မှုတွင် ပါဝင်သည့် အဓိကအုပ်စုများမှာ ကျန်းမာရေးဝန်ထမ်းများ၊ အဆောင်တွင် အတူနေထိုင်ကြရသည့် ကျောင်းသားများ၊ Covid-19 ရောဂါရှိသူတို့နှင့် မကြာသေးမီက ထိတွေ့ခဲ့သူများ၊ ဘိုးဘွားဂေဟာတွင်နေထိုင်သူများ၊ စစ်ဘက်နှင့် စက်ရုံလုပ်သားများကဲ့သို့ စက်မှုလုပ်ငန်းဝန်ထမ်းများ ပါဝင်သည်။

AZD7442 ဟု အမည်ပေးထားသော ပဋိပစ္စည်းဆေးကို အောက်စ်ဖို့တက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ခဲ့သည့် အက်စ်ထရာ ဇနက်ကာ (AstraZeneca) ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များ ကွပ်ကဲရေးအဖွဲ့ (MHRA) ၏ အတည်ပြုချက် ရရှိရန် စောင့်ဆိုင်းလျက်ရှိသည်။ Provent စမ်းသပ်မှုတွင်မူ ဘိုးဘွားဂေဟာများရှိ သက်ကြီးရွယ်အိုများ၊ ကင်ဆာနှင့် အိတ်ချ်အိုင်ဗွီ ရောဂါရှိသူများတွင် စမ်းသပ်သွားမည် ဖြစ်သည်။

အင်္ဂလန် အမျိုးသားကျန်းမာရေးဌာန (NHS) မှ အမျိုးသားဆေးဝါးညွန်ကြားရေးမှူး ပါမောက္ခ စတီဖန် ပိုဝစ်က ပြောသည်မှာ “ဒီစမ်းသပ်မှု ၂ ခုဟာ ကုထုံးသစ်ချဉ်းကပ်မှုကို စမ်းသပ်တာနဲ့ ကိုယ်ခံအားနည်းတဲ့လူနာတွေလိုမျိုး ကာကွယ်ဆေးရဲ့ အကျိုးခံစားခွင့် မရှိတဲ့ လူနာအုပ်စုတွေအတွက် အကာအကွယ်ပေးနိုင်ဖို့ အရေးကြီးတဲ့ စမ်းသပ်ချက် ဖြစ်ပါတယ်”ဟု ဆိုသည်။

Storm Chaser စမ်းသပ်မှုကို ဦးဆောင်နေသူ UCLH မှ ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာ ကက်သရင်း ဟိုလီဟန်က ပြောသည်မှာ “ဒီ ပဋိပစ္စည်း ပေါင်းစပ်ကုထုံးဟာ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်တယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါကြောင့် Covid-19 ရောဂါရှိသူတွေနဲ့ ထိတွေ့ခဲ့ပြီး ကာကွယ်ဆေးထိုးဖို့ နောက်ကျသွားပြီဖြစ်သူတွေအတွက် ဒီဆေးထိုးခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကနေ ချက်ချင်းအကာအကွယ်ပေးနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The drug that gives 'instant immunity' to coronavirus? NHS trials new antibody therapy that may stop people who have been exposed to Covid becoming ill and could save thousands of lives (dailymail)

 

 

[Zawgyi]

ကာကြယ္ေဆးထိုးရန္ ေနာက္က်သြားျပီျဖစ္ေသာ Covid-19 ေရာဂါရွိသူမ်ားႏွင့္ ထိေတြ႔ခဲ့သူမ်ား ေရာဂါကူးစက္ျခင္းမခံရေစမည့္ ေဆးသစ္တစ္မ်ဳိး ျဗိတိန္သိပၸံပညာရွင္မ်ား စမ္းသပ္လ်က္ရွိ

ျဗိတိန္မွ သိပၸံပညာရွင္တို႔သည္ Covid-19 ေရာဂါရွိသူမ်ားႏွင့္ ထိေတြ႔ခဲ့သူမ်ားကို ေရာဂါျပီးမႈ ခ်က္ခ်င္းေပးစြမ္းကာ ေရာဂါခံစားရမႈ ကာကြယ္ေပးႏိုင္မည့္ အလားအလာရွိေသာ ပဋိပစၥည္းေဆးတစ္မ်ဳိးကို စမ္းသပ္လ်က္ရွိသည္။

ယခုေဆးသည္ ကာကြယ္ေဆးထိုးရန္ ေနာက္က်သြားျပီျဖစ္သူမ်ားအတြက္ ခ်က္ခ်င္းအကာအကြယ္ေပးႏိုင္ကာ ေရရွည္တြင္လည္း ေရာဂါကို ကာကြယ္မႈ ေပးစြမ္းမည္ျဖစ္ရာ လူေထာင္ေပါင္းမ်ားစြာ၏ အသက္မ်ားကို ကယ္တင္ႏိုင္မည္ ျဖစ္သည္။

ယခုေဆးဝါးသည္ ေဆးရံုမွ အတြင္းလူနာမ်ား၊ ေစာင့္ေရွာက္ေရးေဂဟာတြင္ ေနထိုင္သူမ်ားႏွင့္ တကၠသိုလ္ေက်ာင္းသားမ်ားအတြက္ အေရးေပၚကုသမႈအျဖစ္ေပးကာ ဗိုင္းရပ္စ္ပ်ံ႕ပြားမႈကို ေလွ်ာ့ခ်ရာတြင္ အေထာက္အကူျဖစ္ေစမည္ ျဖစ္သည္။ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူတို႔ႏွင့္ အတူေနထိုင္ရသူမ်ား (သို႔မဟုတ္) ေရာဂါရွိသူမ်ားႏွင့္ ထိေတြ႔ခဲ့ရသူမ်ားသည္ ကာကြယ္ေဆးထုိးရန္ ေနာက္က်သြားျပီျဖစ္ရာ ၎တို႔ကို ေရာဂါကူးစက္ျခင္းမခံရေစရန္ ယခုေဆးကို ထိုးႏွံႏိုင္မည္ ျဖစ္သည္။

University College London Hospitals NHS (UCLH) မွ ျဗိတိသွ် သိပၸံပညာရွင္တို႔သည္ ယခုေဆးကို လူ ၁၀ ဦးတြင္ ထုိးႏွံေပးထားျပီးျဖစ္သည္။

Storm Chaser ဟု အမည္ေပးထားေသာ ယခုေဆး စမ္းသပ္ေရးစီမံကိန္းကို ကမၻာတစ္ဝန္းတြင္ လူေပါင္း ၁၁၂၅ ဦးတြင္ ျပဳလုပ္သြားရန္ ရည္မွန္းထားသည္။

ပါဝင္စမ္းသပ္ခံမည့္သူမ်ားသည္ အဆိုပါေဆးကို ၂ ၾကိမ္ဆက္တိုက္ ထုိးႏွံခံရမည္ ျဖစ္သည္။

ယခုေဆးသည္ Covid-19 ေရာဂါကို ၆ လမွ တစ္ႏွစ္အၾကား ကာကြယ္ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ထားသည္။

UCLH မွ သိပၸံပညာရွင္တို႔သည္ Provent ဟု အမည္ေပးထားေသာ ေဆးဝါးစမ္းသပ္မႈ စီမံကိန္းတစ္ရပ္ကိုလည္း စတင္လုပ္ေဆာင္ေနသည္။

အဆိုပါ စီမံကိန္း၏ ရည္ရြယ္ခ်က္မွာ ကာကြယ္ေဆးထုိးမွ အက်ဳိးကို မခံစားရႏိုင္သူမ်ား၊ သာဓကအားျဖင့္ ကိုယ္ခံအားစနစ္ အားနည္း သည့္ လူနာမ်ား (patients with a compromised immune system) (သုိ႔မဟုတ္) အသက္အရြယ္ႏွင့္ ေရာဂါအခံရွိျခင္း (age and existing conditions ) ေၾကာင့္ Covid-19 ကူးစက္ခံရပါက အႏၱရာယ္ပိုမိုမ်ားျပားသူမ်ားအတြက္ ပဋိပစၥည္းအသံုးျပဳႏိုင္မႈ အလားအလာကို စမ္းစစ္သြားရန္ ျဖစ္သည္။

UCLH သည္ Storm Chaser ေဆးဝါးစမ္းသပ္မႈ စီမံကိန္းအရ က်န္းမာေရးဝန္ထမ္းႏွင့္ တကၠသိုလ္ေက်ာင္းသား ၁၀ ဦးကို ေဆးဝါးသစ္စမ္းသပ္ေရးဌာနတြင္ ေဆးထုိးေပးခဲ့ျပီး ျဖစ္သည္။ အဆိုပါ စီမံကိန္းမွာ အဆင့္ ၃ စမ္းသပ္မႈအဆင့္သို႔ ဒီဇင္ဘာ ၂ ရက္ေန႔တြင္ ေရာက္ရွိခဲ့ျပီး ျဖစ္သည္။

ယခုစမ္းသပ္မႈတြင္ ပါဝင္သည့္ အဓိကအုပ္စုမ်ားမွာ က်န္းမာေရးဝန္ထမ္းမ်ား၊ အေဆာင္တြင္ အတူေနထိုင္ၾကရသည့္ ေက်ာင္းသားမ်ား၊ Covid-19 ေရာဂါရွိသူတို႔ႏွင့္ မၾကာေသးမီက ထိေတြ႔ခဲ့သူမ်ား၊ ဘိုးဘြားေဂဟာတြင္ေနထုိင္သူမ်ား၊ စစ္ဘက္ႏွင့္ စက္ရံုလုပ္သားမ်ားကဲ့သို႔ စက္မႈလုပ္ငန္းဝန္ထမ္းမ်ား ပါဝင္သည္။

AZD7442 ဟု အမည္ေပးထားေသာ ပဋိပစၥည္းေဆးကို ေအာက္စ္ဖို႔တကၠသိုလ္၏ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထုတ္လုပ္ခဲ့သည့္ အက္စ္ထရာ ဇနက္ကာ (AstraZeneca) ေဆးဝါးကုမၸဏီက ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

ေအာက္စ္ဖို႔ဒ္တကၠသိုလ္၏ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသည္ ေဆးဝါးႏွင့္ က်န္းမာေရးထုတ္ကုန္မ်ား ကြပ္ကဲေရးအဖြဲ႔ (MHRA) ၏ အတည္ျပဳခ်က္ ရရွိရန္ ေစာင့္ဆိုင္းလ်က္ရွိသည္။ Provent စမ္းသပ္မႈတြင္မူ ဘိုးဘြားေဂဟာမ်ားရွိ သက္ၾကီးရြယ္အိုမ်ား၊ ကင္ဆာႏွင့္ အိတ္ခ်္အိုင္ဗီြ ေရာဂါရွိသူမ်ားတြင္ စမ္းသပ္သြားမည္ ျဖစ္သည္။

အဂၤလန္ အမ်ဳိးသားက်န္းမာေရးဌာန (NHS) မွ အမ်ဳိးသားေဆးဝါးညြန္ၾကားေရးမွဴး ပါေမာကၡ စတီဖန္ ပိုဝစ္က ေျပာသည္မွာ “ဒီစမ္းသပ္မႈ ၂ ခုဟာ ကုထံုးသစ္ခ်ဥ္းကပ္မႈကို စမ္းသပ္တာနဲ႔ ကိုယ္ခံအားနည္းတဲ့လူနာေတြလိုမ်ဳိး ကာကြယ္ေဆးရဲ႕ အက်ဳိးခံစားခြင့္ မရွိတဲ့ လူနာအုပ္စုေတြအတြက္ အကာအကြယ္ေပးႏိုင္ဖို႔ အေရးၾကီးတဲ့ စမ္းသပ္ခ်က္ ျဖစ္ပါတယ္”ဟု ဆိုသည္။

Storm Chaser စမ္းသပ္မႈကို ဦးေဆာင္ေနသူ UCLH မွ ဗိုင္းရပ္စ္ပညာရွင္ ေဒါက္တာ ကက္သရင္း ဟိုလီဟန္က ေျပာသည္မွာ “ဒီ ပဋိပစၥည္း ေပါင္းစပ္ကုထံုးဟာ ဗိုင္းရပ္စ္ကို ေခ်မႈန္းႏိုင္တယ္ဆိုတာ ကၽြန္မတို႔ သိပါတယ္။ ဒါေၾကာင့္ Covid-19 ေရာဂါရွိသူေတြနဲ႔ ထိေတြ႔ခဲ့ျပီး ကာကြယ္ေဆးထိုးဖို႔ ေနာက္က်သြားျပီျဖစ္သူေတြအတြက္ ဒီေဆးထုိးျခင္းအားျဖင့္ ေရာဂါျဖစ္ပြားမႈကေန ခ်က္ခ်င္းအကာအကြယ္ေပးႏိုင္မယ္လို႔ ကၽြန္မတို႔ ေမွ်ာ္လင့္ထားပါတယ္” ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The drug that gives 'instant immunity' to coronavirus? NHS trials new antibody therapy that may stop people who have been exposed to Covid becoming ill and could save thousands of lives (dailymail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service