Fitch Solutions ၏ လေ့လာချက်အရကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာမှသာရရှိနိုင်မည်ဟုဆို

Fitch Solutions ၏ လေ့လာချက်အရကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာမှသာရရှိနိုင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Dec 2020 10:39 am တွင် တင်ခဲ့သည်
1587 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Fitch Solutionsသည် မြန်မာနိုင်ငံကို Covid-19 ကာကွယ်ဆေးရရှိနိုင်မှု ဒုတိယတန်းစားအချိန်လျင်မြန်မှုသာရှိသည့် နိုင်ငံများစာရင်းတွင် တွက်ချက်ဖော်ပြခဲ့သည်။

Fitch Ratings Inc ၏ ကုမ္ပဏီခွဲဖြစ်သော Fitch Solutions Groupသည် အာရှ-ပစိဖိတ်ဒေသနိုင်ငံများ၏ Covid-19 ကာကွယ်ဆေးရရှိမှု အချိန်လျင်မြန်မှု အခြေအနေကိုတွက်ချက်ဖော်ပြရာတွင် အုပ်စု ၃ စုခွဲကာဖော်ပြခဲ့သည်။

အုပ်စု ၁ သည် Covid-19 ကာကွယ်ဆေးရရှိနိုင်မှု အစောဆုံးဖြစ်ပြီးအဆိုပါအုပ်စုတွင် ပါဝင်သည့်နိုင်ငံများသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကာကွယ်ဆေးရရှိနိုင်မည်ဖြစ်ကြောင်းဖော်ပြသည်။

အုပ်စု ၂ မှာမူကာကွယ်ဆေးရရှိနိုင်မှု နှေးကွေးသောအုပ်စုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလသို့ ရောက်မှသာကာကွယ်ဆေးရရှိနိုင်မည်ဖြစ်ကာအုပ်စု ၃ သည်ကားကာကွယ်ဆေးရရှိနိုင်မှု အနှေးကွေးဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလသို့ ရောက်မှသာကာကွယ်ဆေးရရှိနိုင်မည် ဖြစ်သည်။

အုပ်စု ၁ တွင် ပါဝင်သည့်နိုင်ငံများမှာမလေးရှား၊ စင်္ကာပူ၊ သြစတေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ဂျပန်တို့ဖြစ်ပြီးအဆိုပါနိုင်ငံများသည် ကာကွယ်ဆေးများကိုအနီးကပ်ဆုံးထိုးနှံပေးနိုင်မည့် အခြေအနေရှိကာကာကွယ်ဆေးများ၏ ထိရောက်မှုကိုစမ်းသပ်ခြင်း (သို့မဟုတ်) အတည်ပြုပြီးဖြစ်သော နိုင်ငံများ ဖြစ်ကြသည်။

ဗြိတိန်နှင့် အမေရိကန်တို့တွင် Pfizer-BioNTechကာကွယ်ဆေးကိုအတည်ပြုပေးထားပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအစားအစာနှင့် ဆေးဝါးကွပ်ကဲရေး (FDA) သည် Moderna ၏ ကာကွယ်ဆေးကိုလည်းအတည်ပြုပေးထားပြီး ဖြစ်သည်။

Pfizer နှင့် Modernaတို့၏ ကာကွယ်ဆေးများသည် Covid-19 ရောဂါကူးစက်မှုများကို ၉၅ ရာခိုင်နှုန်းနှင့် ၉၄ ရာခိုင်နှုန်းအသီးသီးကာကွယ်နိုင်စွမ်းရှိကြောင်းတွေ့ရှိထားပြီး ဖြစ်သည်။ အောက်စ်ဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးမှာမူတစ်လခန့်ခြားကာ ၂ ကြိမ်အပြည့်ထိုးနှံထားသူများတွင် ၆၂ ရာခိုင်နှုန်းထိရောက်မှုရှိကြောင်းတွေ့ရပြီးဆေးထက်ဝက်ဖြစ်သောပထမတစ်ကြိမ်ဆေးထိုးခံထားသူအနည်းစုတွင်မူ ၉၀ ရာခိုင်နှုန်းထိရောက်မှုရှိကြောင်းတွေ့ရသည်ဟုဒီဇင်ဘာလ ၈ ရက်က Lancet ဂျာနယ်တွင် ဖော်ပြသောအဆင့် ၃ စမ်းသပ်မှု ကြားဖြတ်စမ်းစစ်ချက်များအရသိရသည်။

အုပ်စု ၂ တွင် ပါဝင်သည့် နိုင်ငံများမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ပြီးအဆိုပါနိုင်ငံများတွင် ၂၀၂၁ ခုနှစ်၊ ဒုတိယ ၃ လပတ်အထိကာကွယ်ဆေးအတည်ပြုချက် ရရှိနိုင်ဖွယ်မရှိသေးရာကာကွယ်ဆေးရရှိရေး မြန်ဆန်မှုတွင် ဒုတိယတန်းစားအခြေအနေရှိသည်။

Fitch Solutions ၏ သုတေသနဌာနဖော်ပြချက်အရတရုတ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့အားတရုတ်ကကာကွယ်ဆေးထောက်ပံ့မည်ဟူသောကတိရရှိထားကြောင်းဖော်ပြသည်။

သို့သော် အဆိုပါနိုင်ငံများမှ အချို့သည် တရုတ်ထံမှ ကတိပြုမှုရရှိထားသောကာကွယ်ဆေးများကိုမရယူလိုဘဲအခြားသောကာကွယ်ဆေးထုတ်လုပ်သူများထံမှ တရားဝင် ကာကွယ်ဆေးဝယ်ယူမှုများ ပြုလုပ်ရန်လည်းသဘောတူညီမှုများရရှိထားကြောင်းFitch Solutions က ဖော်ပြသည်။

ကာကွယ်ဆေးရရှိနိုင်မှု အနှေးကွေးဆုံးဖြစ်သောအုပ်စု ၃ တွင် ပါဝင်သည့် နိုင်ငံများမှာအာဖဂန်နစ္စတန်၊ ဘူတန်၊ ဘရူနိုင်း၊ မွန်ဂိုလီးယား၊ နီပေါ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် အရှေ့တီမောတိုပဖြစ်ကြသည်။

အဆိုပါနိုင်ငံများသည် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် တိုက်ရိုက်ဆွေးနွေးကြရဦးမည်ဖြစ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပူးတွဲဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးရရှိရေးအစီအစဉ်ဖြစ်သော COVAX အပေါ်တွင်သာမှီခိုကြရလိမ့်မည် ဖြစ်သည်။

“COVAX အစီအစဉ်သည် ကာကွယ်ဆေးထုတ်လုပ်သူများထံမှ ကာကွယ်ဆေးများဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် အဆိုပါ ကြိုးပမ်းမှုမှာ နှေးကွေးနေသည်။ နိုင်ငံများစွာမှာကာကွယ်ဆေးထုတ်လုပ်သူများနှင့် တိုက်ရိုက်ဆက်သွယ်ဝယ်ယူမှုများ ပြုလုပ်လျက်ရှိရာအကျိုးဆက်အားဖြင့် COVAX အစီအစဉ်သည် H221ကာလအထိ (၂၀၁၂ ခုနှစ် ဒုတိယနှစ်ဝက်) ထင်ရှားသည့် တိုးတက်မှုများမမျှော်လင့်နိုင်ချေ” ဟုFitch Solutions က သုံးသပ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Malaysia Among Fastest In Asia Pacific To Access Covid-19 Vaccines: Fitch (codeblue)

 

[Zawgyi]

 

Fitch Solutions ၏ ေလ့လာခ်က္အရကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ျမန္မာႏိုင္ငံက ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာမွသာရရွိႏိုင္မည္ဟုဆို

Fitch Solutionsသည္ ျမန္မာႏိုင္ငံကို Covid-19 ကာကြယ္ေဆးရရွိႏိုင္မႈ ဒုတိယတန္းစားအခ်ိန္လ်င္ျမန္မႈသာရွိသည့္ ႏိုင္ငံမ်ားစာရင္းတြင္ တြက္ခ်က္ေဖာ္ျပခဲ့သည္။

Fitch Ratings Inc ၏ ကုမၸဏီခြဲျဖစ္ေသာ Fitch Solutions Groupသည္ အာရွ-ပစိဖိတ္ေဒသႏိုင္ငံမ်ား၏ Covid-19 ကာကြယ္ေဆးရရွိမႈ အခ်ိန္လ်င္ျမန္မႈ အေျခအေနကိုတြက္ခ်က္ေဖာ္ျပရာတြင္ အုပ္စု ၃ စုခြဲကာေဖာ္ျပခဲ့သည္။

အုပ္စု ၁ သည္ Covid-19 ကာကြယ္ေဆးရရွိႏိုင္မႈ အေစာဆံုးျဖစ္ျပီးအဆိုပါအုပ္စုတြင္ ပါဝင္သည့္ႏိုင္ငံမ်ားသည္ ၂၀၂၁ ခုႏွစ္၊ ဇြန္လတြင္ ကာကြယ္ေဆးရရွိႏိုင္မည္ျဖစ္ေၾကာင္းေဖာ္ျပသည္။

အုပ္စု ၂ မွာမူကာကြယ္ေဆးရရွိႏိုင္မႈ ေႏွးေကြးေသာအုပ္စုျဖစ္ျပီး ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလသို႔ ေရာက္မွသာကာကြယ္ေဆးရရွိႏိုင္မည္ျဖစ္ကာအုပ္စု ၃ သည္ကားကာကြယ္ေဆးရရွိႏိုင္မႈ အေႏွးေကြးဆံုးျဖစ္ျပီး ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလသို႔ ေရာက္မွသာကာကြယ္ေဆးရရွိႏိုင္မည္ ျဖစ္သည္။

အုပ္စု ၁ တြင္ ပါဝင္သည့္ႏိုင္ငံမ်ားမွာမေလးရွား၊ စကၤာပူ၊ ၾသစေတးလ်၊ တရုတ္၊ ေဟာင္ေကာင္၊ အိႏိၵယႏွင့္ ဂ်ပန္တို႔ျဖစ္ျပီးအဆိုပါႏိုင္ငံမ်ားသည္ ကာကြယ္ေဆးမ်ားကိုအနီးကပ္ဆံုးထိုးႏွံေပးႏိုင္မည့္ အေျခအေနရွိကာကာကြယ္ေဆးမ်ား၏ ထိေရာက္မႈကိုစမ္းသပ္ျခင္း (သို႔မဟုတ္) အတည္ျပဳျပီးျဖစ္ေသာ ႏိုင္ငံမ်ား ျဖစ္ၾကသည္။

ျဗိတိန္ႏွင့္ အေမရိကန္တို႔တြင္ Pfizer-BioNTechကာကြယ္ေဆးကိုအတည္ျပဳေပးထားျပီး ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုအစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရး (FDA) သည္ Moderna ၏ ကာကြယ္ေဆးကိုလည္းအတည္ျပဳေပးထားျပီး ျဖစ္သည္။

Pfizer ႏွင့္ Modernaတို႔၏ ကာကြယ္ေဆးမ်ားသည္ Covid-19 ေရာဂါကူးစက္မႈမ်ားကို ၉၅ ရာခိုင္ႏႈန္းႏွင့္ ၉၄ ရာခိုင္ႏႈန္းအသီးသီးကာကြယ္ႏိုင္စြမ္းရွိေၾကာင္းေတြ႔ရွိထားျပီး ျဖစ္သည္။ ေအာက္စ္ဖို႔ဒ္တကၠသိုလ္၏ ကာကြယ္ေဆးမွာမူတစ္လခန္႔ျခားကာ ၂ ၾကိမ္အျပည့္ထိုးႏွံထားသူမ်ားတြင္ ၆၂ ရာခိုင္ႏႈန္းထိေရာက္မႈရွိေၾကာင္းေတြ႔ရျပီးေဆးထက္ဝက္ျဖစ္ေသာပထမတစ္ၾကိမ္ေဆးထိုးခံထားသူအနည္းစုတြင္မူ ၉၀ ရာခိုင္ႏႈန္းထိေရာက္မႈရွိေၾကာင္းေတြ႔ရသည္ဟုဒီဇင္ဘာလ ၈ ရက္က Lancet ဂ်ာနယ္တြင္ ေဖာ္ျပေသာအဆင့္ ၃ စမ္းသပ္မႈ ၾကားျဖတ္စမ္းစစ္ခ်က္မ်ားအရသိရသည္။

အုပ္စု ၂ တြင္ ပါဝင္သည့္ ႏိုင္ငံမ်ားမွာ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ ကေမၻာဒီးယား၊ အင္ဒိုနီးရွား၊ လာအို၊ ပါကစၥတန္၊ ဖိလစ္ပိုင္၊ ေတာင္ကိုရီးယား၊ ထိုင္းႏွင့္ ဗီယက္နမ္တို႔ျဖစ္ျပီးအဆိုပါႏိုင္ငံမ်ားတြင္ ၂၀၂၁ ခုႏွစ္၊ ဒုတိယ ၃ လပတ္အထိကာကြယ္ေဆးအတည္ျပဳခ်က္ ရရွိႏိုင္ဖြယ္မရွိေသးရာကာကြယ္ေဆးရရွိေရး ျမန္ဆန္မႈတြင္ ဒုတိယတန္းစားအေျခအေနရွိသည္။

Fitch Solutions ၏ သုေတသနဌာနေဖာ္ျပခ်က္အရတရုတ္ႏွင့္ နီးကပ္သည့္ ဆက္ဆံေရးရွိေသာ ႏိုင္ငံမ်ားျဖစ္သည့္ ကေမၻာဒီးယား၊ လာအို၊ ျမန္မာ၊ ထိုင္းႏွင့္ ဗီယက္နမ္တို႔အားတရုတ္ကကာကြယ္ေဆးေထာက္ပံ့မည္ဟူေသာကတိရရွိထားေၾကာင္းေဖာ္ျပသည္။

သို႔ေသာ္ အဆိုပါႏိုင္ငံမ်ားမွ အခ်ဳိ႕သည္ တရုတ္ထံမွ ကတိျပဳမႈရရွိထားေသာကာကြယ္ေဆးမ်ားကိုမရယူလိုဘဲအျခားေသာကာကြယ္ေဆးထုတ္လုပ္သူမ်ားထံမွ တရားဝင္ ကာကြယ္ေဆးဝယ္ယူမႈမ်ား ျပဳလုပ္ရန္လည္းသေဘာတူညီမႈမ်ားရရွိထားေၾကာင္းFitch Solutions က ေဖာ္ျပသည္။

ကာကြယ္ေဆးရရွိႏိုင္မႈ အေႏွးေကြးဆံုးျဖစ္ေသာအုပ္စု ၃ တြင္ ပါဝင္သည့္ ႏိုင္ငံမ်ားမွာအာဖဂန္နစၥတန္၊ ဘူတန္၊ ဘရူႏိုင္း၊ မြန္ဂိုလီးယား၊ နီေပါ၊ ေျမာက္ကိုရီးယား၊ ပါကစၥတန္၊ သီရိလကၤာႏွင့္ အေရွ႕တီေမာတိုပျဖစ္ၾကသည္။

အဆိုပါႏိုင္ငံမ်ားသည္ ကာကြယ္ေဆးထုတ္လုပ္သူမ်ားႏွင့္ တိုက္ရိုက္ေဆြးေႏြးၾကရဦးမည္ျဖစ္ျပီးကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးကပူးတြဲဦးေဆာင္သည့္ ကမၻာလံုးဆိုင္ရာကာကြယ္ေဆးရရွိေရးအစီအစဥ္ျဖစ္ေသာ COVAX အေပၚတြင္သာမွီခိုၾကရလိမ့္မည္ ျဖစ္သည္။

“COVAX အစီအစဥ္သည္ ကာကြယ္ေဆးထုတ္လုပ္သူမ်ားထံမွ ကာကြယ္ေဆးမ်ားဝယ္ယူရန္ ၾကိဳးပမ္းလ်က္ရွိသည္။ သို႔ေသာ္ အဆိုပါ ၾကိဳးပမ္းမႈမွာ ေႏွးေကြးေနသည္။ ႏိုင္ငံမ်ားစြာမွာကာကြယ္ေဆးထုတ္လုပ္သူမ်ားႏွင့္ တိုက္ရိုက္ဆက္သြယ္ဝယ္ယူမႈမ်ား ျပဳလုပ္လ်က္ရွိရာအက်ဳိးဆက္အားျဖင့္ COVAX အစီအစဥ္သည္ H221ကာလအထိ (၂၀၁၂ ခုႏွစ္ ဒုတိယႏွစ္ဝက္) ထင္ရွားသည့္ တိုးတက္မႈမ်ားမေမွ်ာ္လင့္ႏိုင္ေခ်” ဟုFitch Solutions က သံုးသပ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Malaysia Among Fastest In Asia Pacific To Access Covid-19 Vaccines: Fitch (codeblue)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service