မြန်မာဆရာဝန်တစ်ဦး အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်တွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခံရ

မြန်မာဆရာဝန်တစ်ဦး အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်တွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခံရ - Property News in Myanmar from iMyanmarHouse.com
27 Dec 2020 11:18 am တွင် တင်ခဲ့သည်
1359 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်တွင် လူပေါင်း ၃၀၀၀ ခန့် Covid-19 ကာကွယ်ဆေးများ ထိုးနှံမှုခံယူပြီးဖြစ်ရာ အများအားဖြင့် ဆေးရုံဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများ၊ သန့်ရှင်းရေးဝန်ထမ်းများနှင့် စကားပြန်များဖြစ်ကြပြီး ၎င်းတို့မှာ လူနာများထံမှ ဗိုင်းရပ်စ်ကူးစက်ခံရမှု အလားအလာမြင့်မားသူများဖြစ်ကြသည်။

မင်နီဆိုးတားပြည်နယ်နေ ပြည်သူများအတွက် ကာကွယ်ဆေးထိုးနှံခံနေသူတို့၏ ဓာတ်ပုံများနှင့် အဖြစ်အပျက်များသည် ခက်ခဲသောတစ်နှစ်တာကာလ၏ အဆုံးသတ်ပိုင်းတွင် မျှော်လင့်ချက်ရောင်ခြည်များ ပေးစွမ်းသည့်အရာများလည်း ဖြစ်သည်။

သို့သော် အမေရိက၏ လူမျိုးရေးခွဲခြားသည့် ဆေးဝါးသမိုင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်သည့် သတင်းမှားများ၊ ယင်းသို့သော ဆေးဝါးသစ်မျိုးကို ကြောက်ရွံ့မှုတို့ ပေါင်းစပ်ကာ သံသယများပေါ်ပေါက်လာစေသည်။

ဆာဟန် ဂျာနယ် (Sahan Journal) သည် ရွှေ့ပြောင်းအခြေချသူများ အသိုက်အဝန်းမှ ဆရာဝန်များနှင့် တွေ့ဆုံကာ ၎င်းတို့၏ ကာကွယ်ဆေးထိုးခံခဲ့ရသည့် အတွေ့အကြုံတို့ကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည်လည်း ကာကွယ်ဆေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိကြ၏။

သို့သော် ၎င်းတို့သည် ဒုတိယကာကွယ်ဆေးအလုံးကို ဆက်လက်ထိုးနှံခံရန်သာ ရည်မှန်းထားပြီး အခြားသော မင်နီဆိုးတားပြည်သူများ သည်လည်း ကာကွယ်ဆေးထိုးနှံခံလာကြရန် မျှော်လင့်ထားကြသည်။

Sahan Journal က တွေ့ဆုံမေးမြန်းခဲ့သည့် ဆရာဝန်များအနက် မြန်မာဆရာဝန်တစ်ဦး၏ အတွေ့အကြုံများကို ထုတ်နှုတ် ဖော်ပြအပ်ပါသည်။

ဒါမျိုး ဘယ်နည်းနဲ့မှ ထပ်မကြုံချင်တော့ပါဘူး (ဒေါက်တာ ဉာဏ်ပြည့်)

ဒေါက်တာ ဉာဏ်ပြည့်သည် ယခုနှစ် နွေရာသီတွင် Covid-19 ကူးစက်ခံခဲ့ရပြီး ဆေးရုံတွင် ရက်ပေါင်း ၁၀၀ ကျော် တက်ရောက်ကုသမှု ခံယူခဲ့ရသည်။

အသက်ရှူစက်ဖြင့် အသက်ရှူခဲ့ရပြီး လေပြွန်ဖောက်ကာ ကုသမှုလည်း ခံယူခဲ့ရသည့်အပြင် အစာအိမ်လည်း ခွဲစိတ်ကုသမှု ခံယူခဲ့ရ၏။ သူက အဆိုပါ ဖြစ်ရပ်မျိုး ထပ်မံမကြုံတွေ့လိုတော့။

သို့အတွက် ကျန်းမာရေးဝန်ထမ်းများအတွက် Pfizer ၏ Covid-19 ကာကွယ်ဆေးရရှိလာချိန်တွင် ဆေးထိုးခံရန် အသက် ၄၅ နှစ်အရွယ်ရှိ ဒေါက်တာဉာဏ်ပြည့် စာရင်းပေးသွင်းခဲ့သည်။

“ကျွန်တော့်ဘဝရဲ့ အချိန် ၆ လလောက် ကုန်ဆုံးသွားတယ်။ ဒါမျိုး ဘယ်နည်းနဲ့မှ ထပ်မကြုံချင်တော့ပါဘူး”ဟု ဒေါက်တာ ဉာဏ်ပြည့်က ပြောသည်။ သူသည် Hennepin Healthcare တွင် ကျောက်ကပ်ရောဂါပညာရပ် သင်ကြားပေးနေသူတစ်ဦးဖြစ်သည်။

ဒေါက်တာ ဉာဏ်ပြည့်သည် ကူးစက်ရောဂါအထူးပြု ဆရာဝန်တစ်ဦးမဟုတ်ဘဲ ကျောက်ကပ်ရောဂါဆိုင်ရာ ဆရာဝန်တစ်ဦး ဖြစ်၏။

သူကြီးပြင်းခဲ့ရာ မြန်မာနိုင်ငံတွင် ပြည်သူများသည် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးနှံခံလေ့မရှိရာ ဖျားနာပြီးမှသာ ရောဂါကို ကျော်လွန်ဖြတ်သန်းလေ့ရှိကြောင်း ဒေါက်တာဉာဏ်ပြည့်က ပြောသည်။

ဒေါက်တာဉာဏ်ပြည့် ကနဦးတွင် ယူဆခဲ့သည်မှာ Covid-19 သည်လည်း တုပ်ကွေးရောဂါတစ်မျိုးသာဖြစ်သည်ဟု မှတ်ထင်ခဲ့သည်။

သို့သော် လူနာတစ်ဦးထံမှ ရောဂါကူးစက်ခံလိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သူ၏ ထင်မြင်ချက်မှာ မှားယွင်းကြောင်း သေလုမျောပါးသိလိုက်ရသည်။

ရောဂါခံစားနေရချိန်ကာလအတွင်း သူ၏ ယာဘက်ခြေထောက်မှာ ဖောယောင်နေခဲ့၏။

ဆေးရုံမှ ပြန်ဆင်းပြီး ၃ လခန့်ကြာသည်အထိ တုတ်ကောက်ဖြင့် လမ်းလျှောက်နေရဆဲဖြစ်ကာ မတ်တပ်ရပ်နိုင်ရေးအတွက် ကာလတာရှည် အခက်အခဲ ရင်ဆိုင်နေခဲ့ရသည်။

မကြာသေးမီက ဒေါက်တာဉာဏ်ပြည့်သည် ကျောက်ကပ်အသားစ စစ်ဆေးရမည့် အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့ရသည်။ ကျောက်ကပ်အသားစ စစ်ဆေးမှုလုပ်ငန်းစဉ်သည် ကြာရှည်မတ်တပ်ရပ်နေရမည် ဖြစ်သောကြောင့် ဖြစ်၏။

ကာကွယ်ဆေးထိုးနှံခံရန် စောင့်ဆိုင်းနေစဉ်ကာလအတွင်း ကာကွယ်ဆေး မကြာမီကာလအတွင်း မရနိုင်မည်ကို စိုးရိမ်ခဲ့သည်။ ပြန်လည်ရောဂါမကူးခံရမီ ကာကွယ်ဆေးရလိုခဲ့ကြောင်း ဒေါက်တာဉာဏ်ပြည့်က ပြောသည်။

ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာဖွယ်ရှိသော ဘေးထွက်ဆိုးကျိုးများကိုလည်း ရတက်မအေးဖြစ်ခဲ့၏။

ကာကွယ်ဆေး ပထမအကြိမ်တစ်လုံးထိုးနှံမှုကို ခံယူခဲ့သည့် လုပ်ဖော်ကိုင်ဖက်များမှာ ကာကွယ်ဆေးမထိုးမီက ဗိုင်းရပ်စ်ကူးစက်ခံရ ဖူးခြင်း မရှိခဲ့ချေ။ ပြီးခဲ့သော ဒီဇင်ဘာလ ၁၈ ရက်တွင် ဒေါက်တာဉာဏ်ပြည့်သည် ကာကွယ်ဆေးပထမအလုံး ထိုးနှံခြင်းခံယူခဲ့ပြီး ထိုနေ့က ကျန်းမာရေး အခြေအနေကောင်းမွန်ခဲ့သည်။

သို့သော် နောက်တစ်ရက်တွင်မူ အဖျား ၁၀၂ ဒီဂရီအထိ အဖျားတက်ကာ ချမ်းစိမ့်မှုများ ဖြစ်ပေါ်ခဲ့သည်။

(ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးမှာ တုပ်ကွေးရောဂါခံစားရသကဲ့သို့ဖြစ်ပေါ်နိုင်ပြီး ရက်အနည်းငယ်အကြာတွင် ပျောက်ကင်းနိုင်ကြောင်း CDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်)

ထိုသို့ အဖျားတက်လာခြင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကူးစက်ခံရခြင်းဖြစ်မည်လောဟု ဒေါက်တာဉာဏ်ပြည့်က စိုးရိမ်ခဲ့သည်။ သို့သော် ကာကွယ်ဆေးထိုးလိုက်ခြင်းကြောင့် ပုံမှန်ဖြစ်လေ့ရှိသည့် ခန္ဓာကိုယ်တုံ့ပြန်မှုသာဖြစ်ကြောင်း မကြာမီတွင် တွေ့လာရသည်။

အခြားသူများအနေဖြင့်လည်း ရောဂါကူးစက်မခံရမီ ကာကွယ်ဆေးထိုးခံကြကာ လက်ကိုလည်း ပုံမှန်ဆေးကြောပြီး ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြရန် ဒေါက်တာဉာဏ်ပြည့်က လိုလားသည်။

“ရောဂါကူးစက်မခံရတာ အကောင်းဆုံးပါပဲ” ဟု ဒေါက်တာဉာဏ်ပြည့်က ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: These doctors from immigrant families are some of the first Minnesotans to get a COVID-19 vaccine. Here’s what they want the rest of us to know (sahanjournal)

 

[Zawgyi]

ျမန္မာဆရာဝန္တစ္ဦး အေမရိကန္ႏိုင္ငံ၊ မင္နီဆိုးတားျပည္နယ္တြင္ ပထမဆံုး ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထုိးခံရ

အေမရိကန္ျပည္ေထာင္စု၊ မင္နီဆိုးတားျပည္နယ္တြင္ လူေပါင္း ၃၀၀၀ ခန္႔ Covid-19 ကာကြယ္ေဆးမ်ား ထိုးႏွံမႈခံယူျပီးျဖစ္ရာ အမ်ားအားျဖင့္ ေဆးရံုဝန္ထမ္းမ်ား၊ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ သန္႔ရွင္းေရးဝန္ထမ္းမ်ားႏွင့္ စကားျပန္မ်ားျဖစ္ၾကျပီး ၎တို႔မွာ လူနာမ်ားထံမွ ဗိုင္းရပ္စ္ကူးစက္ခံရမႈ အလားအလာျမင့္မားသူမ်ားျဖစ္ၾကသည္။

မင္နီဆိုးတားျပည္နယ္ေန ျပည္သူမ်ားအတြက္ ကာကြယ္ေဆးထိုးႏွံခံေနသူတို႔၏ ဓာတ္ပံုမ်ားႏွင့္ အျဖစ္အပ်က္မ်ားသည္ ခက္ခဲေသာတစ္ႏွစ္တာကာလ၏ အဆံုးသတ္ပိုင္းတြင္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္မ်ား ေပးစြမ္းသည့္အရာမ်ားလည္း ျဖစ္သည္။

သို႔ေသာ္ အေမရိက၏ လူမ်ဳိးေရးခြဲျခားသည့္ ေဆးဝါးသမိုင္း၊ ကာကြယ္ေဆးႏွင့္ ပတ္သက္သည့္ သတင္းမွားမ်ား၊ ယင္းသို႔ေသာ ေဆးဝါးသစ္မ်ဳိးကို ေၾကာက္ရြံ႕မႈတို႔ ေပါင္းစပ္ကာ သံသယမ်ားေပၚေပါက္လာေစသည္။

ဆာဟန္ ဂ်ာနယ္ (Sahan Journal) သည္ ေရႊ႕ေျပာင္းအေျခခ်သူမ်ား အသိုက္အဝန္းမွ ဆရာဝန္မ်ားႏွင့္ ေတြ႔ဆံုကာ ၎တို႔၏ ကာကြယ္ေဆးထိုးခံခဲ့ရသည့္ အေတြ႔အၾကံဳတို႔ကို ေတြ႔ဆံုေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည္။ ၎တို႔ထဲမွ အခ်ဳိ႕သည္လည္း ကာကြယ္ေဆးႏွင့္ ပတ္သက္ျပီး စိုးရိမ္မႈမ်ား ရွိၾက၏။

သို႔ေသာ္ ၎တို႔သည္ ဒုတိယကာကြယ္ေဆးအလံုးကို ဆက္လက္ထုိးႏွံခံရန္သာ ရည္မွန္းထားျပီး အျခားေသာ မင္နီဆိုးတားျပည္သူမ်ား သည္လည္း ကာကြယ္ေဆးထုိးႏွံခံလာၾကရန္ ေမွ်ာ္လင့္ထားၾကသည္။

Sahan Journal က ေတြ႔ဆံုေမးျမန္းခဲ့သည့္ ဆရာဝန္မ်ားအနက္ ျမန္မာဆရာဝန္တစ္ဦး၏ အေတြ႔အၾကံဳမ်ားကို ထုတ္ႏႈတ္ ေဖာ္ျပအပ္ပါသည္။

ဒါမ်ဳိး ဘယ္နည္းနဲ႔မွ ထပ္မၾကံဳခ်င္ေတာ့ပါဘူး (ေဒါက္တာ ဥာဏ္ျပည့္)

ေဒါက္တာ ဥာဏ္ျပည့္သည္ ယခုႏွစ္ ေႏြရာသီတြင္ Covid-19 ကူးစက္ခံခဲ့ရျပီး ေဆးရံုတြင္ ရက္ေပါင္း ၁၀၀ ေက်ာ္ တက္ေရာက္ကုသမႈ ခံယူခဲ့ရသည္။

အသက္ရွဴစက္ျဖင့္ အသက္ရွဴခဲ့ရျပီး ေလျပြန္ေဖာက္ကာ ကုသမႈလည္း ခံယူခဲ့ရသည့္အျပင္ အစာအိမ္လည္း ခြဲစိတ္ကုသမႈ ခံယူခဲ့ရ၏။ သူက အဆိုပါ ျဖစ္ရပ္မ်ဳိး ထပ္မံမၾကံဳေတြ႔လိုေတာ့။

သို႔အတြက္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ Pfizer ၏ Covid-19 ကာကြယ္ေဆးရရွိလာခ်ိန္တြင္ ေဆးထုိးခံရန္ အသက္ ၄၅ ႏွစ္အရြယ္ရွိ ေဒါက္တာဥာဏ္ျပည့္ စာရင္းေပးသြင္းခဲ့သည္။

“ကၽြန္ေတာ့္ဘဝရဲ႕ အခ်ိန္ ၆ လေလာက္ ကုန္ဆံုးသြားတယ္။ ဒါမ်ဳိး ဘယ္နည္းနဲ႔မွ ထပ္မၾကံဳခ်င္ေတာ့ပါဘူး”ဟု ေဒါက္တာ ဥာဏ္ျပည့္က ေျပာသည္။ သူသည္ Hennepin Healthcare တြင္ ေက်ာက္ကပ္ေရာဂါပညာရပ္ သင္ၾကားေပးေနသူတစ္ဦးျဖစ္သည္။

ေဒါက္တာ ဥာဏ္ျပည့္သည္ ကူးစက္ေရာဂါအထူးျပဳ ဆရာဝန္တစ္ဦးမဟုတ္ဘဲ ေက်ာက္ကပ္ေရာဂါဆိုင္ရာ ဆရာဝန္တစ္ဦး ျဖစ္၏။

သူၾကီးျပင္းခဲ့ရာ ျမန္မာႏိုင္ငံတြင္ ျပည္သူမ်ားသည္ တုပ္ေကြးေရာဂါ ကာကြယ္ေဆးမ်ား ထိုးႏွံခံေလ့မရွိရာ ဖ်ားနာျပီးမွသာ ေရာဂါကို ေက်ာ္လြန္ျဖတ္သန္းေလ့ရွိေၾကာင္း ေဒါက္တာဥာဏ္ျပည့္က ေျပာသည္။

ေဒါက္တာဥာဏ္ျပည့္ ကနဦးတြင္ ယူဆခဲ့သည္မွာ Covid-19 သည္လည္း တုပ္ေကြးေရာဂါတစ္မ်ိဳးသာျဖစ္သည္ဟု မွတ္ထင္ခဲ့သည္။

သို႔ေသာ္ လူနာတစ္ဦးထံမွ ေရာဂါကူးစက္ခံလိုက္ျပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္ျပီး သူ၏ ထင္ျမင္ခ်က္မွာ မွားယြင္းေၾကာင္း ေသလုေမ်ာပါးသိလိုက္ရသည္။

ေရာဂါခံစားေနရခ်ိန္ကာလအတြင္း သူ၏ ယာဘက္ေျခေထာက္မွာ ေဖာေယာင္ေနခဲ့၏။

ေဆးရံုမွ ျပန္ဆင္းျပီး ၃ လခန္႔ၾကာသည္အထိ တုတ္ေကာက္ျဖင့္ လမ္းေလွ်ာက္ေနရဆဲျဖစ္ကာ မတ္တပ္ရပ္ႏိုင္ေရးအတြက္ ကာလတာရွည္ အခက္အခဲ ရင္ဆိုင္ေနခဲ့ရသည္။

မၾကာေသးမီက ေဒါက္တာဥာဏ္ျပည့္သည္ ေက်ာက္ကပ္အသားစ စစ္ေဆးရမည့္ အခြင့္အေရးကိုလည္း လက္လႊတ္ခဲ့ရသည္။ ေက်ာက္ကပ္အသားစ စစ္ေဆးမႈလုပ္ငန္းစဥ္သည္ ၾကာရွည္မတ္တပ္ရပ္ေနရမည္ ျဖစ္ေသာေၾကာင့္ ျဖစ္၏။

ကာကြယ္ေဆးထိုးႏွံခံရန္ ေစာင့္ဆိုင္းေနစဥ္ကာလအတြင္း ကာကြယ္ေဆး မၾကာမီကာလအတြင္း မရႏိုင္မည္ကို စိုးရိမ္ခဲ့သည္။ ျပန္လည္ေရာဂါမကူးခံရမီ ကာကြယ္ေဆးရလိုခဲ့ေၾကာင္း ေဒါက္တာဥာဏ္ျပည့္က ေျပာသည္။

ကာကြယ္ေဆးထုိးျပီးေနာက္ ျဖစ္ေပၚလာဖြယ္ရွိေသာ ေဘးထြက္ဆိုးက်ဳိးမ်ားကိုလည္း ရတက္မေအးျဖစ္ခဲ့၏။

ကာကြယ္ေဆး ပထမအၾကိမ္တစ္လံုးထိုးႏွံမႈကို ခံယူခဲ့သည့္ လုပ္ေဖာ္ကိုင္ဖက္မ်ားမွာ ကာကြယ္ေဆးမထုိးမီက ဗိုင္းရပ္စ္ကူးစက္ခံရ ဖူးျခင္း မရွိခဲ့ေခ်။

ျပီးခဲ့ေသာ ဒီဇင္ဘာလ ၁၈ ရက္တြင္ ေဒါက္တာဥာဏ္ျပည့္သည္ ကာကြယ္ေဆးပထမအလံုး ထိုးႏွံျခင္းခံယူခဲ့ျပီး ထိုေန႔က က်န္းမာေရး အေျခအေနေကာင္းမြန္ခဲ့သည္။

သို႔ေသာ္ ေနာက္တစ္ရက္တြင္မူ အဖ်ား ၁၀၂ ဒီဂရီအထိ အဖ်ားတက္ကာ ခ်မ္းစိမ့္မႈမ်ား ျဖစ္ေပၚခဲ့သည္။

(ကာကြယ္ေဆး၏ ေဘးထြက္ဆိုးက်ဳိးမွာ တုပ္ေကြးေရာဂါခံစားရသကဲ့သို႔ျဖစ္ေပၚႏိုင္ျပီး ရက္အနည္းငယ္အၾကာတြင္ ေပ်ာက္ကင္းႏိုင္ေၾကာင္း CDC ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္)

ထိုသို႔ အဖ်ားတက္လာျခင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ျပန္လည္ကူးစက္ခံရျခင္းျဖစ္မည္ေလာဟု ေဒါက္တာဥာဏ္ျပည့္က စိုးရိမ္ခဲ့သည္။ သို႔ေသာ္ ကာကြယ္ေဆးထုိးလိုက္ျခင္းေၾကာင့္ ပံုမွန္ျဖစ္ေလ့ရွိသည့္ ခႏၶာကိုယ္တံု႔ျပန္မႈသာျဖစ္ေၾကာင္း မၾကာမီတြင္ ေတြ႔လာရသည္။

အျခားသူမ်ားအေနျဖင့္လည္း ေရာဂါကူးစက္မခံရမီ ကာကြယ္ေဆးထုိးခံၾကကာ လက္ကိုလည္း ပံုမွန္ေဆးေၾကာျပီး ပါးစပ္ႏွာေခါင္းစည္းမ်ား တပ္ဆင္ၾကရန္ ေဒါက္တာဥာဏ္ျပည့္က လိုလားသည္။

“ေရာဂါကူးစက္မခံရတာ အေကာင္းဆံုးပါပဲ” ဟု ေဒါက္တာဥာဏ္ျပည့္က ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: These doctors from immigrant families are some of the first Minnesotans to get a COVID-19 vaccine. Here’s what they want the rest of us to know (sahanjournal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service