သြစတေးလျနိုင်ငံသားထက်ဝက်ကျော်က 5G ကွန်ရက်တာဝါတိုင်အနီးဝန်းကျင်တွင် တည်ရှိသောနေအိမ်များကိုဝယ်ယူမည်မဟုတ်ကြောင်းစစ်တမ်းတစ်ရပ်အရပေါ်ပေါက်

သြစတေးလျနိုင်ငံသားထက်ဝက်ကျော်က 5G ကွန်ရက်တာဝါတိုင်အနီးဝန်းကျင်တွင် တည်ရှိသောနေအိမ်များကိုဝယ်ယူမည်မဟုတ်ကြောင်းစစ်တမ်းတစ်ရပ်အရပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
23 Dec 2020 12:02 pm တွင် တင်ခဲ့သည်
1662 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့်နှစ်များတွင် ဖြန့်ကျက်တည်ထောင်သွားမည်ဖြစ်သော 5G ကွန်ရက်ဆိုင်ရာအခြေခံအဆောက်အအုံများနှင့် စပ်လျဉ်းပြီးအထောက်အထားမရှိသည့် ရတက်မအေးဖြစ်မှုများရှိနေသည်။

ပြီးခဲ့သောအင်္ဂါနေ့ကထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ရပ်အရ သြစတေးလျပြည်သူ ၅၀ ရာခိုင်နှုန်းကျော်သည် 5G တာဝါတိုင်အနီးဝန်းကျင်တွင် တည်ရှိသောနေအိမ်ကိုဝယ်ယူမည်မဟုတ်ကြောင်းပေါ်ပေါက်လာသည်။

သြစတေးလျနိုင်ငံတဝန်း ဖြန့်ကျက်ဆောက်လုပ်နေသော 5G တာဝါတိုင်များနှင့် စပ်လျဉ်းပြီးပြည်သူ့သဘောထားကိုစစ်တမ်းကောက်ယူမှုတစ်ရပ် WhistleOutဝက်ဘ်ဆိုက်ကလူပေါင်း ၁၀၀၀ တွင် ပြုလုပ်ခဲ့သည်။

အဆိုပါစစ်တမ်းအရလူ ၄ ဦးလျှင် ၁ ဦးက 5G နည်းပညာသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်းယုံကြည်ထားပြီး ၂၇ ရာခိုင်နှုန်းကမူသူလျှိုလုပ်ခြင်းများအတွက် 5G နည်းပညာကိုသုံးလာနိုင်ကြောင်းစိုးရိမ်ကြကာ ၅၆ ရာခိုင်နှုန်းကမူ 5G တာဝါတိုင်တစ်ခု၏ အနီးဝန်းကျင်တွင် တည်ရှိသောနေအိမ်များကိုဝယ်ယူမည်မဟုတ်ကြောင်းဖြေကြားကြသည်။

ဖြေကြားသူ ၁၀ ရာခိုင်နှုန်းကပြောကြားရာတွင် 5G နည်းပညာသည် Covid-19 ရောဂါ ကူးစက်လွယ်စေသည်ဟုယူဆကြောင်းပြောကြားကြသည်။

အဆိုပါ စစ်တမ်းကတွေ့ရှိသည်မှာ 5G ကွန်ရက်သည် ပိုမိုလျင်မြန်သောကွန်ရက်မြန်နှုန်းရရှိစေကြောင်းစစ်တမ်းတွင် ပါဝင်ဖြေကြားသူ ၉၁ ရာခိုင်နှုန်းကနားလည်သဘောပေါက်သော်လည်းတုံ့ပြန်မှု ကြာချိန်နည်းပါးခြင်း (lower latency) ကဲ့သို့ အခြားသောကောင်းကျိုးများကိုဖြေကြားသူ ၃ ပုံ ၁ ပုံ (၃၁ ရာခိုင်နှုန်း) ကသာသိရှိကြပြီး device များအကြားတပြိုင်နက်တည်းဆက်သွယ်မှု ပိုမိုပြုလုပ်နိုင်သည်ဟူသောအချက်ကိုလည်းသိရှိသူ ၃၂ ရာခိုင်နှုန်းသာရှိသည်။

WhistleOut ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Kenny McGilvary က ပြောရာတွင် 5G နည်းပညာ၏ အစောပိုင်းကာလများတွင် ကျန်းမာရေးစိုးရိမ်မှုများရှိခဲ့သော်လည်းအဆိုပါသံသယများမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းပြောကြားသည်။

“5G နည်းပညာရဲ့ ကျန်းမာရေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖြေရှင်းရတာနည်းလာတယ်။ iPhone 12ထွက်လာတာကလည်း 5G နဲ့ ပတ်သက်ပြီး …ငါတို့အတွက် ဘာတွေအန္တရာယ်ရှိမလဲ…ဆိုတာထက် ငါတို့အတွက် ဘာတွေအကျိုးရှိမလဲ…ဆိုတဲ့ဆီဆွေးနွေးမှုဦးတည်ချက်တွေ ပြောင်းသွားကြဟန်ရပါတယ်”

ယခုစစ်တမ်း၏ ရလဒ်မှာမူအံ့အားသင့်ဖွယ်ဖြစ်ကြောင်းလည်းKenny McGilvary ကပြောကြားသည်။

“5G ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးသတိထားနေတဲ့သူများစွာရှိနေတယ်ဆိုတာရှင်းပါတယ်။ ဖြေကြားသူထက်ဝက်ကျော်က 5G တာဝါတိုင်ရှိတဲ့နေရာမှာအိမ်ဝယ်လိမ့်မှာမဟုတ်ဘူးလို့ ဖြေကြပြီး 5G ကွန်ရက်နဲ့ အပြည့်အဝချိတ်ဆက်ထားတဲ့ ကမ္ဘာကြီးမှာနေထိုင်လိုသူကထက်ဝက်အောက် နည်းပါးပါတယ်”

5G နည်းပညာနှင့် ပတ်သက်ပြီးမှန်းထင်ယူဆချက် များစွာထွက်ပေါ်ခဲ့ရာကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ဖြစ်စေသည်ဟူသောယူဆချက်မျိုးလည်းပါဝင်သည်။

အဆိုပါ ယူဆချက်ကြောင့် နိုင်ငံအချို့တွင် 5G တာဝါတိုင်များဖျက်ဆီးခံရမှုများပေါ်ပေါက်ခဲ့ဖူးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: More Than Half of Australians Surveyed Would Not Buy House Near 5G Tower, Study Shows (sputnik)

 

[Zawgyi]

ၾသစေတးလ်ႏိုင္ငံသားထက္ဝက္ေက်ာ္က 5G ကြန္ရက္တာဝါတိုင္အနီးဝန္းက်င္တြင္ တည္ရွိေသာေနအိမ္မ်ားကိုဝယ္ယူမည္မဟုတ္ေၾကာင္းစစ္တမ္းတစ္ရပ္အရေပၚေပါက္

လာမည့္ႏွစ္မ်ားတြင္ ျဖန္႔က်က္တည္ေထာင္သြားမည္ျဖစ္ေသာ 5G ကြန္ရက္ဆိုင္ရာအေျခခံအေဆာက္အအံုမ်ားႏွင့္ စပ္လ်ဥ္းျပီးအေထာက္အထားမရွိသည့္ ရတက္မေအးျဖစ္မႈမ်ားရွိေနသည္။

ျပီးခဲ့ေသာအဂၤါေန႔ကထုတ္ျပန္ခဲ့သည့္ စစ္တမ္းတစ္ရပ္အရ ၾသစေတးလ်ျပည္သူ ၅၀ ရာခိုင္ႏႈန္းေက်ာ္သည္ 5G တာဝါတုိင္အနီးဝန္းက်င္တြင္ တည္ရွိေသာေနအိမ္ကိုဝယ္ယူမည္မဟုတ္ေၾကာင္းေပၚေပါက္လာသည္။

ၾသစေတးလ်ႏိုင္ငံတဝန္း ျဖန္႔က်က္ေဆာက္လုပ္ေနေသာ 5G တာဝါတိုင္မ်ားႏွင့္ စပ္လ်ဥ္းျပီးျပည္သူ႔သေဘာထားကိုစစ္တမ္းေကာက္ယူမႈတစ္ရပ္ WhistleOutဝက္ဘ္ဆိုက္ကလူေပါင္း ၁၀၀၀ တြင္ ျပဳလုပ္ခဲ့သည္။

အဆိုပါစစ္တမ္းအရလူ ၄ ဦးလွ်င္ ၁ ဦးက 5G နည္းပညာသည္ က်န္းမာေရးအတြက္ အႏၱရာယ္ရွိေၾကာင္းယံုၾကည္ထားျပီး ၂၇ ရာခိုင္ႏႈန္းကမူသူလွ်ိဳလုပ္ျခင္းမ်ားအတြက္ 5G နည္းပညာကိုသံုးလာႏိုင္ေၾကာင္းစိုးရိမ္ၾကကာ ၅၆ ရာခိုင္ႏႈန္းကမူ 5G တာဝါတိုင္တစ္ခု၏ အနီးဝန္းက်င္တြင္ တည္ရွိေသာေနအိမ္မ်ားကိုဝယ္ယူမည္မဟုတ္ေၾကာင္းေျဖၾကားၾကသည္။

ေျဖၾကားသူ ၁၀ ရာခိုင္ႏႈန္းကေျပာၾကားရာတြင္ 5G နည္းပညာသည္ Covid-19 ေရာဂါ ကူးစက္လြယ္ေစသည္ဟုယူဆေၾကာင္းေျပာၾကားၾကသည္။

အဆိုပါ စစ္တမ္းကေတြ႔ရွိသည္မွာ 5G ကြန္ရက္သည္ ပိုမိုလ်င္ျမန္ေသာကြန္ရက္ျမန္ႏႈန္းရရွိေစေၾကာင္းစစ္တမ္းတြင္ ပါဝင္ေျဖၾကားသူ ၉၁ ရာခိုင္ႏႈန္းကနားလည္သေဘာေပါက္ေသာ္လည္းတံု႔ျပန္မႈ ၾကာခ်ိန္နည္းပါးျခင္း (lower latency) ကဲ့သို႔ အျခားေသာေကာင္းက်ဳိးမ်ားကိုေျဖၾကားသူ ၃ ပံု ၁ ပံု (၃၁ ရာခိုင္ႏႈန္း) ကသာသိရွိၾကျပီး device မ်ားအၾကားတျပိဳင္နက္တည္းဆက္သြယ္မႈ ပိုမိုျပဳလုပ္ႏိုင္သည္ဟူေသာအခ်က္ကိုလည္းသိရွိသူ ၃၂ ရာခိုင္ႏႈန္းသာရွိသည္။

WhistleOut ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Kenny McGilvary က ေျပာရာတြင္ 5G နည္းပညာ၏ အေစာပိုင္းကာလမ်ားတြင္ က်န္းမာေရးစိုးရိမ္မႈမ်ားရွိခဲ့ေသာ္လည္းအဆိုပါသံသယမ်ားမွာ ျပီးဆံုးသြားခဲ့ျပီျဖစ္ေၾကာင္းေျပာၾကားသည္။

“5G နည္းပညာရဲ႕ က်န္းမာေရးအႏၱရာယ္နဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္တို႔ ေျဖရွင္းရတာနည္းလာတယ္။ iPhone 12ထြက္လာတာကလည္း 5G နဲ႔ ပတ္သက္ျပီး …ငါတို႔အတြက္ ဘာေတြအႏၱရာယ္ရွိမလဲ…ဆိုတာထက္ ငါတို႔အတြက္ ဘာေတြအက်ဳိးရွိမလဲ…ဆိုတဲ့ဆီေဆြးေႏြးမႈဦးတည္ခ်က္ေတြ ေျပာင္းသြားၾကဟန္ရပါတယ္”

ယခုစစ္တမ္း၏ ရလဒ္မွာမူအံ့အားသင့္ဖြယ္ျဖစ္ေၾကာင္းလည္းKenny McGilvary ကေျပာၾကားသည္။

“5G ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီးသတိထားေနတဲ့သူမ်ားစြာရွိေနတယ္ဆိုတာရွင္းပါတယ္။ ေျဖၾကားသူထက္ဝက္ေက်ာ္က 5G တာဝါတိုင္ရွိတဲ့ေနရာမွာအိမ္ဝယ္လိမ့္မွာမဟုတ္ဘူးလို႔ ေျဖၾကျပီး 5G ကြန္ရက္နဲ႔ အျပည့္အဝခ်ိတ္ဆက္ထားတဲ့ ကမၻာၾကီးမွာေနထိုင္လိုသူကထက္ဝက္ေအာက္ နည္းပါးပါတယ္”

5G နည္းပညာႏွင့္ ပတ္သက္ျပီးမွန္းထင္ယူဆခ်က္ မ်ားစြာထြက္ေပၚခဲ့ရာကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ ျဖစ္ေစသည္ဟူေသာယူဆခ်က္မ်ဳိးလည္းပါဝင္သည္။

အဆိုပါ ယူဆခ်က္ေၾကာင့္ ႏိုင္ငံအခ်ဳိ႕တြင္ 5G တာဝါတိုင္မ်ားဖ်က္ဆီးခံရမႈမ်ားေပၚေပါက္ခဲ့ဖူးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: More Than Half of Australians Surveyed Would Not Buy House Near 5G Tower, Study Shows (sputnik)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service