ဗြိတိန်တွင်ပျံ့နှံ့နေသော ကိုဗစ်မျိုးသစ်ဗိုင်းရပ်စ်အတွက် လိုအပ်ပါက BioNTech က ရက်သတ္တ ၆ ပတ်အတွင်း ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်ဟုဆို

ဗြိတိန်တွင်ပျံ့နှံ့နေသော ကိုဗစ်မျိုးသစ်ဗိုင်းရပ်စ်အတွက် လိုအပ်ပါက BioNTech က ရက်သတ္တ ၆ ပတ်အတွင်း ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
23 Dec 2020 11:52 am တွင် တင်ခဲ့သည်
963 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျာမာန် ဆေးဝါးကုမ္ပဏီကြီး BioNTech က ၎င်းတို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် ဗြိတိန်တွင် တွေ့ရှိရသော သန္ဓေပြောင်းမျိုးသစ်ကို အကာအကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

BioNTech နှင့် အမေရိကန်မှ Pfizer တို့ ပူးပေါင်းကာ ထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရည်ညွှန်းခြင်း ဖြစ်သည်။

“သိပ္ပံနည်းအရဆိုရင် ဒီကာကွယ်ရေးကနေ ထုတ်လုပ်ပေးတဲ့ ကိုယ်ခံအားတုံ့ပြန်မှုဟာ ဗိုင်းရပ်မျိုးကွဲသစ်ကိုလည်း ကာကွယ်နိုင်ဖို့ များပါတယ်။ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးဟာ ဒီမျိုးကွဲသစ်ကို အကာအကွယ်ပေးနိုင်မလားဆိုတာ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ အတိအကျ မသိသေးပါဘူး” ဟု BioNTech ၏ ပူးတွဲတည်ထောင်သူ Ugur Sahin က ပြောသည်။

Ugur Sahin က ဆက်လက်ပြောသည်မှာ ဗြိတိန်တွင် တွေ့ရသော မျိုးကွဲဗိုင်းရပ်စ်၏ ဆူးချွန်ပရိုတိန်းသည် ကမ္ဘာအနှံ့ ပျံ့နှံ့နေသော ဗိုင်းရပ်စ်ပရိုတိန်းနှင့် ၉၉ ရာခိုင်နှုန်း တူညီကြောင်း၊ ထို့ကြောင့် မိမိတို့၏ ကာကွယ်ဆေးမှာ ထိရောက်လိမ့်မည်ဟု သိပ္ပံနည်းကျ ယုံကြည်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဒါကိုတော့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ပြီးမှ ကျွန်တော်တို့ သိရလိမ့်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို သိရဖို့ အခုကနေ ရက်သတ္တ ၂ ပတ်လောက် အချိန်လိုပါလိမ့်မယ်။ ကျွန်တော်တို့ ကာကွယ်ဆေး အလုပ်ဖြစ်ဖို့က ဖြစ်နိုင်ချေ များပါတယ်” ဟု Ugur Sahin က ပြောသည်။

ထို့အပြင် Ugur Sahin က ပြောသည်မှာ အကယ်၍ လိုအပ်ပါက ၎င်းတို့ ကုမ္ပဏီအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို တိုက်ဖျက်ရန် ကာကွယ်ဆေးသစ်အား ရက်သတ္တ ၆ ပတ်အတွင်း ထုတ်လုပ်ပေးနိုင်ကြောင်းလည်း ပြောကြားသည်။ SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲသစ်ကို ဗြိတိန်တွင် ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ မျိုးဗီဇလေ့လာမှု စွမ်းပကားကြောင့် အင်္ဂလန်တောင်ပိုင်းမှာ လျင်မြန်တဲ့နှုန်းနဲ့ ပျံ့ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်”ဟု ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကော့ခ်က အောက်လွှတ်တော်တွင် ဒီဇင်ဘာလ ၁၄ ရက်က ပြောကြားခဲ့သည်။

အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန (PHE) က ကြေညာရာတွင် ဒီဇင်ဘာလ ၁၃ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံရသူ ၁၁၀၈ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဗြိတိန်၏ ပြင်ပတွင်ဆိုလျှင် အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူများကို ဒိန်းမတ်တွင် ၉ ဦး၊ နယ်သာလန်တွင် ၁ ဦးနှင့် သြစတေးလျတွင် ၁ ဦးတို့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်သည်။

BioNTech နှင့် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer တို့ ပူးပေါင်းထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် အရေးပေါ်အခြေအနေ အသုံးပြုခွင့် ရရှိထားသည်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Moderna ကလည်း ၎င်း၏ ကာကွယ်ဆေးသည် မျိုးကွဲဗိုင်းရပ်စ်သစ်ကို ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: COVID-19 new strain in UK: Pfizer partner BioNTech 'can make a vaccine in 6 weeks if needed' (livemint)

 

[Zawgyi]

 

ျဗိတိန္တြင္ပ်ံ႕ႏွံ႔ေနေသာ ကိုဗစ္မ်ဳိးသစ္ဗိုင္းရပ္စ္အတြက္ လိုအပ္ပါက BioNTech က ရက္သတၱ ၆ ပတ္အတြင္း ကာကြယ္ေဆး ထုတ္လုပ္ေပးႏိုင္ဟုဆို

ဂ်ာမာန္ ေဆးဝါးကုမၸဏီၾကီး BioNTech က ၎တို႔၏ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသည္ ျဗိတိန္တြင္ ေတြ႔ရွိရေသာ သေႏၶေျပာင္းမ်ဳိးသစ္ကို အကာအကြယ္ေပးႏိုင္လိမ့္မည္ဟု ယံုၾကည္ေနသည္။

BioNTech ႏွင့္ အေမရိကန္မွ Pfizer တို႔ ပူးေပါင္းကာ ထုတ္လုပ္ထားသည့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ရည္ညႊန္းျခင္း ျဖစ္သည္။

“သိပၸံနည္းအရဆိုရင္ ဒီကာကြယ္ေရးကေန ထုတ္လုပ္ေပးတဲ့ ကိုယ္ခံအားတုံ႔ျပန္မႈဟာ ဗိုင္းရပ္မ်ဳိးကြဲသစ္ကိုလည္း ကာကြယ္ႏိုင္ဖို႔ မ်ားပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ကာကြယ္ေဆးဟာ ဒီမ်ဳိးကြဲသစ္ကို အကာအကြယ္ေပးႏိုင္မလားဆိုတာ လက္ရွိအခ်ိန္မွာေတာ့ ကၽြန္ေတာ္တို႔ အတိအက် မသိေသးပါဘူး” ဟု BioNTech ၏ ပူးတြဲတည္ေထာင္သူ Ugur Sahin က ေျပာသည္။

Ugur Sahin က ဆက္လက္ေျပာသည္မွာ ျဗိတိန္တြင္ ေတြ႔ရေသာ မ်ဳိးကြဲဗိုင္းရပ္စ္၏ ဆူးခၽြန္ပရိုတိန္းသည္ ကမၻာအႏွံ႔ ပ်ံ႕ႏွံ႔ေနေသာ ဗိုင္းရပ္စ္ပရိုတိန္းႏွင့္ ၉၉ ရာခိုင္ႏႈန္း တူညီေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔၏ ကာကြယ္ေဆးမွာ ထိေရာက္လိမ့္မည္ဟု သိပၸံနည္းက် ယံုၾကည္ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ဒါကိုေတာ့ လက္ေတြ႔စမ္းသပ္မႈေတြ လုပ္ျပီးမွ ကၽြန္ေတာ္တို႔ သိရလိမ့္မွာ ျဖစ္ပါတယ္။ ဒီအခ်က္ကို သိရဖို႔ အခုကေန ရက္သတၱ ၂ ပတ္ေလာက္ အခ်ိန္လိုပါလိမ့္မယ္။ ကၽြန္ေတာ္တို႔ ကာကြယ္ေဆး အလုပ္ျဖစ္ဖို႔က ျဖစ္ႏိုင္ေခ် မ်ားပါတယ္” ဟု Ugur Sahin က ေျပာသည္။

ထို႔အျပင္ Ugur Sahin က ေျပာသည္မွာ အကယ္၍ လိုအပ္ပါက ၎တို႔ ကုမၸဏီအေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ မ်ဳိးကြဲသစ္ကို တိုက္ဖ်က္ရန္ ကာကြယ္ေဆးသစ္အား ရက္သတၱ ၆ ပတ္အတြင္း ထုတ္လုပ္ေပးႏိုင္ေၾကာင္းလည္း ေျပာၾကားသည္။ SARS-CoV-2 ဗိုင္းရပ္စ္ မ်ဳိးကြဲသစ္ကို ျဗိတိန္တြင္ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

“ျပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္း ကၽြန္ေတာ္တို႔ရဲ႕ ကမၻာ့အဆင့္မီ မ်ဳိးဗီဇေလ့လာမႈ စြမ္းပကားေၾကာင့္ အဂၤလန္ေတာင္ပိုင္းမွာ လ်င္ျမန္တဲ့ႏႈန္းနဲ႔ ပ်ံ႕ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ မ်ဳိးကြဲသစ္ကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္”ဟု ျဗိတိန္ က်န္းမာေရးဝန္ၾကီး မက္ထ္ ဟန္းေကာ့ခ္က ေအာက္လႊတ္ေတာ္တြင္ ဒီဇင္ဘာလ ၁၄ ရက္က ေျပာၾကားခဲ့သည္။

အဂၤလန္ျပည္သူ႔က်န္းမာေရးဌာန (PHE) က ေၾကညာရာတြင္ ဒီဇင္ဘာလ ၁၃ ရက္တြင္ ကိုရိုနာဗိုင္းရပ္စ္ မ်ဳိးကြဲသစ္ ကူးစက္ခံရသူ ၁၁၀၈ ဦးကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ေၾကညာခဲ့သည္။

ျဗိတိန္၏ ျပင္ပတြင္ဆိုလွ်င္ အဆိုပါ ဗိုင္းရပ္စ္မ်ဳိးကြဲသစ္ ကူးစက္ခံရသူမ်ားကို ဒိန္းမတ္တြင္ ၉ ဦး၊ နယ္သာလန္တြင္ ၁ ဦးႏွင့္ ၾသစေတးလ်တြင္ ၁ ဦးတို႔ရွိေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးက ထုတ္ျပန္သည္။

BioNTech ႏွင့္ အေမရိကန္ေဆးဝါးကုမၸဏီ Pfizer တို႔ ပူးေပါင္းထုတ္လုပ္ေသာ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသည္ ျဗိတိန္၊ အေမရိကန္ျပည္ေထာင္စုႏွင့္ ဥေရာပသမဂၢတို႔ အပါအဝင္ ကမၻာ့ႏိုင္ငံေပါင္း ၄၅ ႏိုင္ငံတြင္ အေရးေပၚအေျခအေန အသံုးျပဳခြင့္ ရရွိထားသည္။

အေမရိကန္ေဆးဝါးကုမၸဏီ Moderna ကလည္း ၎၏ ကာကြယ္ေဆးသည္ မ်ဳိးကြဲဗိုင္းရပ္စ္သစ္ကို ကာကြယ္ႏိုင္စြမ္း ရွိ၊ မရွိ စမ္းသပ္မႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: COVID-19 new strain in UK: Pfizer partner BioNTech 'can make a vaccine in 6 weeks if needed' (livemint)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service