အမေရိကန်စစ်ဘက် သိပ္ပံပညာရှင်တို့က ဗြိတိန်တွင် ပေါ်ပေါက်နေသောသန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်မျိုးသည် ကာကွယ်ဆေးကိုခုခံနိုင်စွမ်းရှိ၊ မရှိစမ်းသပ်မှုများ ပြုလုပ်

အမေရိကန်စစ်ဘက် သိပ္ပံပညာရှင်တို့က ဗြိတိန်တွင် ပေါ်ပေါက်နေသောသန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်မျိုးသည် ကာကွယ်ဆေးကိုခုခံနိုင်စွမ်းရှိ၊ မရှိစမ်းသပ်မှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
22 Dec 2020 12:35 pm တွင် တင်ခဲ့သည်
947 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင်တည်ရှိသောဝေါတာရိဒ် စစ်ဘက် သုတေသနအင်စတီကျု (Walter Reed Army Institute of Research-WRAIR) မှ သိပ္ပံပညာရှင်များကဗြိတိန်တွင် ပျံ့နှံ့နေသောသန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးကိုကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်ခြင်းမရှိနိုင်ဟူသောရတက်မအေးဖြစ်နေမှုများ၏ အဖြေကိုလာမည့် ရက်အနည်းငယ်အတွင်းသိနိုင်ရန် မျှော်လင့်ထားကြကြောင်း WRAIR မှ ထိပ်တန်းကာကွယ်ဆေးသုတေသနပညာရှင်တစ်ဦးကပြောသည်။

ဗိုင်းရပ်စ်တို့သည် သန္ဓေပြောင်းလဲမှု ကြီးမားစွာရှိပါကကာကွယ်ဆေးတစ်ခုခုကအကာအကွယ်မပေးနိုင်တော့မည်ကိုစိုးရိမ်မှုများအမြဲရှိသည်။ သို့သော် ဝေါတာရိဒ်မှ သိပ္ပံပညာရှင်တို့ကမူယခုသန္ဓေပြောင်းမျိုးသစ်ကိုကာကွယ်ဆေးတို့ကထိရောက်စွာကာကွယ်နိုင်မည်ဟုမျှော်လင့်ထားဆဲဖြစ်ကြောင်းWRAIR ရှိကူးစက်ရောဂါသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာနယ်လ်ဆင် မိုက်ကယ်ကပြောသည်။

ဝေါတာရိဒ်မှ သိပ္ပံပညာရှင်အဖွဲ့သည် ဗြိတိန်တွင်တွေ့ရသောသန္ဓေပြောင်းဗိုင်းရပ်စ်ကို ပြီးခဲ့သော ကြာသပတေးနေ့တွင် genetic sequencesစတင်လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။ ပထမဆင့်အနေဖြင့် ကွန်ပြူတာစမ်းစစ်ချက်တစ်ခု ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ ဘယ်လောက်သတိထားစရာရှိတယ်ဆိုတာကွန်ပြူတာစမ်းစစ်ချက်နဲ့ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းကတခြားအဖွဲ့တွေကလည်းဒီလိုစမ်းစစ်ချက်တွေ ပြုလုပ်နေကြပါတယ်”ဟုမိုက်ကယ်ကပြောသည်။

ကွန်ပြူတာစမ်းစစ်ချက်တွင် သတိထားဖွယ်ရာတစ်ခုခုတွေ့ရှိပါကယခုသန္ဓေပြောင်းဗိုင်းရပ်စ်ကိုကာကွယ်ဆေးကအကာအကွယ်ပေး နိုင်မည်လောဟူသည်ကိုပိုမိုတိကျစွာသိရှိနိုင်ရန်အတွက် ဓာတ်ခွဲခန်းနှင့် တိရစ္ဆာန်များတွင် လေ့လာမှုများဆက်လက်ပြုလုပ်ရမည် ဖြစ်သည်။

ပြီးခဲ့သောစနေနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကသန္ဓေပြောင်းမျိုးသစ် ပျံ့နှံ့မှုများ ဖြစ်ပွားနေသည့် ဒေသများတွင် လော့ဒေါင်းချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

“ကာကွယ်ဆေးဟာဗိုင်းရပ်စ်မျိုးသစ်အပေါ်မှာထိရောက်မှုနည်းပါးတယ်ဆိုတဲ့ သက်သေအထောက်အထားမရှိပါဘူး။ တတ်နိုင်သမျှ မြန်မြန်သိနိုင်ဖို့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေကဆက်လက်ကြိုးပမ်းသွားလိမ့်မှာ ဖြစ်ပါတယ်” ဟုဘောရစ်ဂျွန်ဆင်ကပြောသည်။

“ကျွန်တော်တို့ သိပ္ပံပညာရှင်အားလုံးအခုချိန်မှာယူဆချက်ကတော့ ကာကွယ်ဆေးရဲ့ တုံ့ပြန်မှုဟာဒီဗိုင်းရပ်စ်အတွက် လုံလောက်တယ်လို့ ယူဆပါတယ်” ဟု ဗြိတိန် သိပ္ပံအကြံပေးအဖွဲ့အကြီးအကဲဒေါက်တာပက်ထရစ် ဗဲလန့်စ်ကသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး (FDA) သည် ကာကွယ်ဆေး ၂ မျိုးခွင့်ပြုချက်ပေးထားရာ Pfizer မှ ထုတ်သောကာကွယ်ဆေးတစ်ခုနှင့် Moderna မှ ထုတ်သောတစ်ခုတို့ ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေး ၂ မျိုးလုံးသည် ကိုရိုနာဗိုင်းရပ်စ်၏ မျက်နှာပြင်တွင်ရှိသောဆူးချွန်ပရိုတိန်းမျိုးဖန်တီးပေးထားခြင်း ဖြစ်သည်။

ကိုယ်ခံအားစနစ်ကဆူးချွန်ပရိုတိန်းများကိုတွေ့လိုက်ချိန်တွင် မည်သို့တိုက်ခိုက်ချေမှုန်းရမည်ကိုလေ့လာမှုများ ပြုလုပ်၏။ ပြီးခဲ့သော သြဂုတ်လအတွင်းဝေါတာရိဒ်မှ သိပ္ပံပညာရှင်အဖွဲ့ကကာကွယ်ဆေးများသည် ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းအမျိုးမျိုးကိုကာကွယ်နိုင်စွမ်းရှိကြောင်းလေ့လာထားသည့် လေ့လာချက်တစ်ရပ်ကို ချပြခဲ့ကြသည်။

ဗိုင်းရပ်စ်များမှာအမြဲသန္ဓေပြောင်းနေကြောင်း၊ သို့သော် ကာကွယ်ဆေးအသုံးမဝင်နိုင်တော့သည့် နည်းလမ်းများဖြင့် ပြောင်းလဲခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးများမှာအသုံးဝင်နေဆဲဖြစ်ကြောင်းအမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန (CDC) မှ ဗိုင်းရပ်စ်ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါက်တာဝီလျံရှက်ဖ်နာ (William Schaffner) က ပြောသည်။

“သန္ဓေပြောင်းပေမယ့် ဗိုင်းရပ်စ်ကအတူတူပါပဲ။ ဒါကလူတစ်ယောက်လိုမျိုးပါပဲ။ ကျွန်တော့်အနေနဲ့ အညိုရောင် ကုတ်အင်္ကျီကိုမီးခိုးရောင်ကုတ်အင်္ကျီပြောင်းဝတ်လို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကရှက်ဖ်နာဆိုတဲ့လူပါပဲ။ ကျွန်တော် တစ်ခုခုကိုပြောင်းလိုက်တယ်။ ဒါပေမယ့် ဒီလူတစ်ယောက်တည်းပါပဲ” ဟုဒေါက်တာဝီလျံရှက်ဖ်နာကပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: US army scientists examine new UK coronavirus variant to see if it might be resistant to vaccine (CNN)

 

[Zawgyi]

အေမရိကန္စစ္ဘက္ သိပၸံပညာရွင္တို႔က ျဗိတိန္တြင္ ေပၚေပါက္ေနေသာသေႏၶေျပာင္းကိုရိုနာဗိုင္းရပ္စ္မ်ဳိးသည္ ကာကြယ္ေဆးကိုခုခံႏိုင္စြမ္းရွိ၊ မရွိစမ္းသပ္မႈမ်ား ျပဳလုပ္

အေမရိကန္ျပည္ေထာင္စု၊ ေမရီလန္းျပည္နယ္တြင္တည္ရွိေသာေဝါတာရိဒ္ စစ္ဘက္ သုေတသနအင္စတီက်ဳ (Walter Reed Army Institute of Research-WRAIR) မွ သိပၸံပညာရွင္မ်ားကျဗိတိန္တြင္ ပ်ံ႕ႏွံ႔ေနေသာသေႏၶေျပာင္းကိုရိုနာဗိုင္းရပ္စ္ပိုးကိုကာကြယ္ေဆးမ်ားျဖင့္ ကာကြယ္ႏိုင္ျခင္းမရွိႏိုင္ဟူေသာရတက္မေအးျဖစ္ေနမႈမ်ား၏ အေျဖကိုလာမည့္ ရက္အနည္းငယ္အတြင္းသိႏိုင္ရန္ ေမွ်ာ္လင့္ထားၾကေၾကာင္း WRAIR မွ ထိပ္တန္းကာကြယ္ေဆးသုေတသနပညာရွင္တစ္ဦးကေျပာသည္။

ဗိုင္းရပ္စ္တို႔သည္ သေႏၶေျပာင္းလဲမႈ ၾကီးမားစြာရွိပါကကာကြယ္ေဆးတစ္ခုခုကအကာအကြယ္မေပးႏိုင္ေတာ့မည္ကိုစိုးရိမ္မႈမ်ားအျမဲရွိသည္။ သို႔ေသာ္ ေဝါတာရိဒ္မွ သိပၸံပညာရွင္တို႔ကမူယခုသေႏၶေျပာင္းမ်ဳိးသစ္ကိုကာကြယ္ေဆးတို႔ကထိေရာက္စြာကာကြယ္ႏိုင္မည္ဟုေမွ်ာ္လင့္ထားဆဲျဖစ္ေၾကာင္းWRAIR ရွိကူးစက္ေရာဂါသုေတသနဌာနမွ ညႊန္ၾကားေရးမွဴး ေဒါက္တာနယ္လ္ဆင္ မိုက္ကယ္ကေျပာသည္။

ေဝါတာရိဒ္မွ သိပၸံပညာရွင္အဖြဲ႔သည္ ျဗိတိန္တြင္ေတြ႔ရေသာသေႏၶေျပာင္းဗိုင္းရပ္စ္ကို ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ genetic sequencesစတင္ေလ့လာမႈမ်ား ျပဳလုပ္လ်က္ရွိသည္။ ပထမဆင့္အေနျဖင့္ ကြန္ျပဴတာစမ္းစစ္ခ်က္တစ္ခု ျပဳလုပ္ခဲ့ၾကသည္။

“ကၽြန္ေတာ္တို႔ ဘယ္ေလာက္သတိထားစရာရွိတယ္ဆိုတာကြန္ျပဴတာစမ္းစစ္ခ်က္နဲ႔ ခန္႔မွန္းႏိုင္မွာ ျဖစ္ပါတယ္။ ကမၻာတစ္ဝန္းကတျခားအဖြ႔ဲေတြကလည္းဒီလိုစမ္းစစ္ခ်က္ေတြ ျပဳလုပ္ေနၾကပါတယ္”ဟုမိုက္ကယ္ကေျပာသည္။

ကြန္ျပဴတာစမ္းစစ္ခ်က္တြင္ သတိထားဖြယ္ရာတစ္ခုခုေတြ႔ရွိပါကယခုသေႏၶေျပာင္းဗိုင္းရပ္စ္ကိုကာကြယ္ေဆးကအကာအကြယ္ေပး ႏိုင္မည္ေလာဟူသည္ကိုပိုမိုတိက်စြာသိရွိႏိုင္ရန္အတြက္ ဓာတ္ခြဲခန္းႏွင့္ တိရစၦာန္မ်ားတြင္ ေလ့လာမႈမ်ားဆက္လက္ျပဳလုပ္ရမည္ ျဖစ္သည္။

ျပီးခဲ့ေသာစေနေန႔တြင္ ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္ကသေႏၶေျပာင္းမ်ဳိးသစ္ ပ်ံ႕ႏွံ႔မႈမ်ား ျဖစ္ပြားေနသည့္ ေဒသမ်ားတြင္ ေလာ့ေဒါင္းခ်မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းေၾကညာခဲ့သည္။

“ကာကြယ္ေဆးဟာဗိုင္းရပ္စ္မ်ဳိးသစ္အေပၚမွာထိေရာက္မႈနည္းပါးတယ္ဆိုတဲ့ သက္ေသအေထာက္အထားမရွိပါဘူး။ တတ္ႏိုင္သမွ် ျမန္ျမန္သိႏိုင္ဖို႔ ကၽြန္ေတာ္တို႔ရဲ႕ ကၽြမ္းက်င္ပညာရွင္ေတြကဆက္လက္ၾကိဳးပမ္းသြားလိမ့္မွာ ျဖစ္ပါတယ္” ဟုေဘာရစ္ဂၽြန္ဆင္ကေျပာသည္။

“ကၽြန္ေတာ္တို႔ သိပၸံပညာရွင္အားလံုးအခုခ်ိန္မွာယူဆခ်က္ကေတာ့ ကာကြယ္ေဆးရဲ႕ တံု႔ျပန္မႈဟာဒီဗိုင္းရပ္စ္အတြက္ လံုေလာက္တယ္လို႔ ယူဆပါတယ္” ဟု ျဗိတိန္ သိပၸံအၾကံေပးအဖြဲ႔အၾကီးအကဲေဒါက္တာပက္ထရစ္ ဗဲလန္႔စ္ကသတင္းစာရွင္းလင္းပြဲတြင္ ေျပာခဲ့သည္။

အေမရိကန္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရး (FDA) သည္ ကာကြယ္ေဆး ၂ မ်ဳိးခြင့္ျပဳခ်က္ေပးထားရာ Pfizer မွ ထုတ္ေသာကာကြယ္ေဆးတစ္ခုႏွင့္ Moderna မွ ထုတ္ေသာတစ္ခုတို႔ ျဖစ္သည္။

အဆိုပါ ကာကြယ္ေဆး ၂ မ်ဳိးလံုးသည္ ကိုရိုနာဗိုင္းရပ္စ္၏ မ်က္ႏွာျပင္တြင္ရွိေသာဆူးခၽြန္ပရိုတိန္းမ်ဳိးဖန္တီးေပးထားျခင္း ျဖစ္သည္။

ကိုယ္ခံအားစနစ္ကဆူးခၽြန္ပရိုတိန္းမ်ားကိုေတြ႔လုိက္ခ်ိန္တြင္ မည္သို႔တိုက္ခိုက္ေခ်မႈန္းရမည္ကိုေလ့လာမႈမ်ား ျပဳလုပ္၏။ ျပီးခဲ့ေသာ ၾသဂုတ္လအတြင္းေဝါတာရိဒ္မွ သိပၸံပညာရွင္အဖြဲ႔ကကာကြယ္ေဆးမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ သေႏၶေျပာင္းအမ်ဳိးမ်ဳိးကိုကာကြယ္ႏိုင္စြမ္းရွိေၾကာင္းေလ့လာထားသည့္ ေလ့လာခ်က္တစ္ရပ္ကို ခ်ျပခဲ့ၾကသည္။

ဗိုင္းရပ္စ္မ်ားမွာအျမဲသေႏၶေျပာင္းေနေၾကာင္း၊ သို႔ေသာ္ ကာကြယ္ေဆးအသံုးမဝင္ႏိုင္ေတာ့သည့္ နည္းလမ္းမ်ားျဖင့္ ေျပာင္းလဲျခင္းမဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ ကာကြယ္ေဆးမ်ားမွာအသံုးဝင္ေနဆဲျဖစ္ေၾကာင္းအေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဌာန (CDC) မွ ဗိုင္းရပ္စ္ဆိုင္ရာအၾကံေပးပုဂၢိဳလ္ ေဒါက္တာဝီလ်ံရွက္ဖ္နာ (William Schaffner) က ေျပာသည္။

“သေႏၶေျပာင္းေပမယ့္ ဗိုင္းရပ္စ္ကအတူတူပါပဲ။ ဒါကလူတစ္ေယာက္လိုမ်ဳိးပါပဲ။ ကၽြန္ေတာ့္အေနနဲ႔ အညိဳေရာင္ ကုတ္အကၤ်ီကိုမီးခိုးေရာင္ကုတ္အကၤ်ီေျပာင္းဝတ္လို႔ ရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကရွက္ဖ္နာဆိုတဲ့လူပါပဲ။ ကၽြန္ေတာ္ တစ္ခုခုကိုေျပာင္းလိုက္တယ္။ ဒါေပမယ့္ ဒီလူတစ္ေယာက္တည္းပါပဲ” ဟုေဒါက္တာဝီလ်ံရွက္ဖ္နာကေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: US army scientists examine new UK coronavirus variant to see if it might be resistant to vaccine (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service