ဗြိတိန်တွင် ပေါ်ပေါက်နေသော VUI-202012/01 ကိုဗစ်သန္ဓေပြောင်းမျိုးသစ်ကို ကာကွယ်ဆေးတွေက အကာအကွယ်ပေးနိုင်မလား

ဗြိတိန်တွင် ပေါ်ပေါက်နေသော VUI-202012/01 ကိုဗစ်သန္ဓေပြောင်းမျိုးသစ်ကို ကာကွယ်ဆေးတွေက အကာအကွယ်ပေးနိုင်မလား - Property News in Myanmar from iMyanmarHouse.com
22 Dec 2020 12:13 pm တွင် တင်ခဲ့သည်
913 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗိုင်းရပ်စ်တို့သည် အမြဲသန္ဓေပြောင်းနေကြ၏။ မျိုးသစ်များစွာမှာ သေဆုံးသွားကြလေ့ရှိသည်။ တခါတရံတွင် ဗိုင်းရပ်စ်၏ လုပ်ဆောင်ပုံ အပြုအမူများကို ပြောင်းလဲခြင်းမရှိဘဲ ပျံ့နှံ့လေ့ရှိသည်။ ရံဖန်ရံခါတွင်မူ ကြီးမားသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လေ့ရှိ၏။

ယခုအခါ သိပ္ပံပညာရှင်များ ရင်ဆိုင်နေရသည့်မေးခွန်းတစ်ခုမှာ VUI-202012/01 ဗိုင်းရပ်စ်မျိုးကွဲသည် ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်သည့် အမျိုးအစားထဲတွင် ပါဝင်သလော၊ ရောဂါကူးစက်မှု မြန်ဆန်နေခြင်းမှာ ယခုသန္ဓေပြောင်းဗိုင်းရပ်စ်ကြောင့်လောဟူသည့် မေးခွန်းဖြစ်သည်။

သို့မဟုတ် အင်္ဂလန်တောင်ပိုင်းတွင် မကြာသေးမီကာလအတွင်း ရောဂါကူးစက်မှုများ မြန်ဆန်လာနေခြင်းမှာ ပြည်သူတို့က Covid-19 ဆိုင်ရာ စည်းမျဉ်းများ လိုက်နာမှုမရှိခြင်းကြောင့် ဖြစ်နိုင်သလော။

ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းမျိုးသစ်တစ်ခုတွေ့ရကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကော့ခ် (Matt Hancock) က ထုတ်ဖော်ပြောကြားပြီးနောက် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပေါ်ပေါက်လာသည့် အဆိုပါမေးခွန်းများကို အစိုးရ ဆေးဘက်အကြီးအကဲ ခရစ္စ ဝစ်ဒီ (Chris Whitty) က ရှင်းလင်းသည့် အဖြေတစ်ရပ် ထုတ်ပေးခဲ့သည်။

“သန္ဓေပြောင်းမျိုးသစ်ရဲ့ လျင်မြန်စွာကူးစက်နိုင်မှုကြောင့် အရှေ့တောင်ပိုင်းမှာ ကူးစက်မှုနှုန်းတွေ လျင်မြန်စွာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်” ဟု ခရစ္စ ဝစ်ဒီက ကြေညာသည်။

“အသက်ရှူလမ်းကြောင်းဆိုင်ရာ အသစ်ပေါ်ပေါက်လာသော ဗိုင်းရပ်စ်ခြိမ်းခြောက်မှုများ အတိုင်ပင်ခံအုပ်စု (NERVTAG)” ရဲ့ သုံးသပ်ချက်အရ သန္ဓေပြောင်းမျိုးသစ်ဟာ ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကိုလည်း ကျွန်တော်တို့ သတိပေးအကြောင်းကြားခဲ့ပြီး ဒါနဲ့ပတ်သက်ပြီး ပိုမိုသိနားလည်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်”

အဆိုပါ စိစစ်ကြိုးပမ်းမှုများတွင် သိပ္ပံပညာရှင်များက သန္ဓေပြောင်းမျိုးသစ်ကို ဓာတ်ခွဲခန်းများတွင် မွေးမြူကာ ၎င်း၏ ပဋိပစ္စည်းတုံ့ပြန်မှုကို လေ့လာခြင်း၊ Covid-19 ကာကွယ်ဆေးများအပေါ် တုံ့ပြန်မှုကို စမ်းသပ်ခြင်းများ ပါဝင်မည် ဖြစ်သည်။

ထို့အပြင် ကျန်းမာရေးအရာရှိတို့သည် ယခုအခါ နိုင်ငံတဝန်းရှိ ပေါ့စတစ်တွေ့ရှိသော ဖြစ်ရပ်များမှ ဗိုင်းရပ်စ်နမူနာများကို ကျပန်းစမ်းသပ်စစ်ဆေးခြင်းပြုလုပ်ပြီး နိုင်ငံအတွင်း ပျံ့နှံ့မှုအတိုင်းအတာကို လေ့လာလျက်ရှိသည်။ အဆိုပါ လုပ်ဆောင်မှုမှာ အနည်းဆုံး ရက်သတ္တ ၂ ပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။

သန္ဓေပြောင်းဗိုင်းရပ်စ်မျိုးစိတ်သစ်ပေါ်ပေါက်လာမှုမှာ သတိထားဖွယ်ဖြစ်သော်လည်း ယခင်ကလည်း Covid-19 ဗိုင်းရပ်စ် သန္ဓေပြောင်းမှုများ မကြာခဏဖြစ်ပေါ်ခဲ့သည်ကို သတိပြုသင့်သည်။

ပြီးခဲ့သောလအတွင်း ဒိန်းမတ်နိုင်ငံတွင် ရာပေါင်းများစွာသော Covid-19 ရောဂါကူးစက်ခံရမှုဖြစ်ရပ်များမှာ မွေးမြူရေးစခန်းများတွင်ရှိသော မြွေပါတို့ထံတွင် တွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းမျိုးကွဲနှင့် ဆက်နွှယ်နေသည်ကို တွေ့ရပြီးနောက် မြွေပါသန်းပေါင်းများစွာကို သုတ်သင်ခဲ့ရသည်။

ပြီးခဲ့သော အောက်တိုဘာလအတွင်းကလည်း စမ်းစစ်ချက်များအရ တွေ့ရှိသည်မှာ စပိန်ရှိ လယ်ယာအလုပ်သမားများထံမှ စတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ဥရောပတစ်ခွင်သို့ ပျံ့နှံ့ခဲ့ပြီး ဗြိတိန်တွင်လည်း ကူးစက်ခံရသူ အများအပြားရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ ဖြစ်ရပ် ၂ ခုလုံးတွင် မျိုးကွဲဗိုင်းရပ်စ်တို့က ရောဂါကူးစက်မှု များပြားစေမှုကို မတွေ့ရချေ။ လက်ရှိအားဖြင့် သိပ္ပံပညာရှင်များ ကိုင်တွယ်ရမည့်အချက်မှာ သန္ဓေပြောင်းမျိုးသစ်၏ အကျိုးသက်ရောက်မှုနှင့် သက်ဆိုင်သည်။

အထူးသဖြင့် ယခုဗိုင်းရပ်စ်သည် ရောဂါပြင်းထန်စွာခံစားခြင်းများ မြင့်တက်မှုရှိ၊ မရှိ (သို့မဟုတ်) ရောဂါပြင်းထန်စေမှု နည်းပါးသလော ဟူသည့်အချက်များ ဖြစ်သည်။

အခြားပိုမိုအရေးကြီးသော အကြောင်းရပ်မှာ သန္ဓေပြောင်းမျိုးသစ်သည် ယခုအခါ ဗြိတိန်နိုင်ငံတဝန်း ထိုးနှံပေးနေသော Covid-19 ကာကွယ်ဆေးများ၏ အကာအကွယ်ကို ကျော်ဖြတ်နိုင်ခြင်းရှိ၊ မရှိ ဖြစ်သည်။

“သန္ဓေပြောင်းမျိုးသစ်ဟာ ရောဂါပြင်းထန်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိတယ်ဆိုရင် ဒါကို ကျွန်တော်တို့ တွေ့ခဲ့ပြီး ဖြစ်ရမှာ ဖြစ်ပါတယ်” ဟု European Molecular Biology Laboratory မှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် အီဝန် ဘာ့နီ (Ewan Birney) က ပြောကြားသည်။

“ကူးစက်ခံရသူတွေထဲက အရေအတွက်တစိတ်တပိုင်းအနေနဲ့ ဆေးရုံတက်ရသူတွေ အလွန်အမင်းမြင့်တက်တာမျိုး၊ ဒါမှမဟုတ် သိသိသာသာ ကျဆင်းသွားတာမျိုး ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ ခုလုံး မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ကောက်ချက်ချ နိုင်တာကတော့ ရောဂါပြင်းထန်စေမှု အလယ်အလတ်လောက်သာရှိတာ ဖြစ်နိုင်ပါတယ်”ပျံ့ပွားနေသော ဗိုင်းရပ်စ်မျိုးကွဲပေါင်းများစွာနှင့် ကာကွယ်ဆေးများကို စမ်းသပ်ခဲ့ပြီးဖြစ်ကြောင်းလည်း အီဝန် ဘာ့နီက ပြောကြားသည်။

“ဒါကြောင့် ကာကွယ်ဆေးတွေဟာ ဒီသန္ဓေပြောင်းမျိုးသစ်ကို ကာကွယ်နိုင်တယ်လို့ သုံးသပ်ဖို့ အကြောင်းရှိပါတယ်။ ဒါပေမယ့် အသေအချာစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါသေးတယ်”

သန္ဓေပြောင်းမျိုးသစ် မည်သည့်နေရာတွင် ပထမဆုံးစတင်ပေါ်ပေါက်ခဲ့သည်ကိုမူ အတိအကျ မသိရချေ။

ဗိုင်းရပ်စ်များကို အထူးကြပ်မတ်စွာ စောင့်ကြည့်သည့် ဗြိတိန်၏စနစ်က အခြားနိုင်ငံများ ခြေရာမခံနိုင်မီ တွေ့ရှိခြင်းမျိုးလည်း ဖြစ်နိုင်သည်။

“ဒါပေမယ့် ဒီသန္ဓေပြောင်းမျိုးသစ်က ဗြိတိန်မှာပဲ ပေါ်ပေါက်တာဖြစ်တာကြောင့် ကျွန်တော်တို့က အရင်ဆုံးတွေ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု အီဝန်ဘာ့နီက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: What is the new Covid strain – and will vaccines work against it? (The Guardian)

 

 

[Zawgyi]

ျဗိတိန္တြင္ ေပၚေပါက္ေနေသာ VUI-202012/01 ကိုဗစ္သေႏၶေျပာင္းမ်ဳိးသစ္ကို ကာကြယ္ေဆးေတြက အကာအကြယ္ေပးႏိုင္မလား

ဗိုင္းရပ္စ္တို႔သည္ အျမဲသေႏၶေျပာင္းေနၾက၏။ မ်ဳိးသစ္မ်ားစြာမွာ ေသဆံုးသြားၾကေလ့ရွိသည္။ တခါတရံတြင္ ဗိုင္းရပ္စ္၏ လုပ္ေဆာင္ပံု အျပဳအမူမ်ားကို ေျပာင္းလဲျခင္းမရွိဘဲ ပ်ံ႕ႏွံ႔ေလ့ရွိသည္။ ရံဖန္ရံခါတြင္မူ ၾကီးမားသည့္ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေလ့ရွိ၏။

ယခုအခါ သိပၸံပညာရွင္မ်ား ရင္ဆိုင္ေနရသည့္ေမးခြန္းတစ္ခုမွာ VUI-202012/01 ဗိုင္းရပ္စ္မ်ဳိးကြဲသည္ ၾကီးမားသည့္ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚသည့္ အမ်ဳိးအစားထဲတြင္ ပါဝင္သေလာ၊ ေရာဂါကူးစက္မႈ ျမန္ဆန္ေနျခင္းမွာ ယခုသေႏၶေျပာင္းဗိုင္းရပ္စ္ေၾကာင့္ေလာဟူသည့္ ေမးခြန္းျဖစ္သည္။

သို႔မဟုတ္ အဂၤလန္ေတာင္ပိုင္းတြင္ မၾကာေသးမီကာလအတြင္း ေရာဂါကူးစက္မႈမ်ား ျမန္ဆန္လာေနျခင္းမွာ ျပည္သူတို႔က Covid-19 ဆိုင္ရာ စည္းမ်ဥ္းမ်ား လိုက္နာမႈမရွိျခင္းေၾကာင့္ ျဖစ္ႏိုင္သေလာ။

ကိုရိုနာဗိုင္းရပ္စ္ သေႏၶေျပာင္းမ်ဳိးသစ္တစ္ခုေတြ႔ရေၾကာင္း ျဗိတိန္က်န္းမာေရးဝန္ၾကီး မက္ထ္ ဟန္းေကာ့ခ္ (Matt Hancock) က ထုတ္ေဖာ္ေျပာၾကားျပီးေနာက္ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ေပၚေပါက္လာသည့္ အဆိုပါေမးခြန္းမ်ားကို အစိုးရ ေဆးဘက္အၾကီးအကဲ ခရစၥ ဝစ္ဒီ (Chris Whitty) က ရွင္းလင္းသည့္ အေျဖတစ္ရပ္ ထုတ္ေပးခဲ့သည္။

“သေႏၶေျပာင္းမ်ဳိးသစ္ရဲ႕ လ်င္ျမန္စြာကူးစက္ႏိုင္မႈေၾကာင့္ အေရွ႕ေတာင္ပိုင္းမွာ ကူးစက္မႈႏႈန္းေတြ လ်င္ျမန္စြာ ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္” ဟု ခရစၥ ဝစ္ဒီက ေၾကညာသည္။

“အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ အသစ္ေပၚေပါက္လာေသာ ဗိုင္းရပ္စ္ျခိမ္းေျခာက္မႈမ်ား အတိုင္ပင္ခံအုပ္စု (NERVTAG)” ရဲ႕ သံုးသပ္ခ်က္အရ သေႏၶေျပာင္းမ်ဳိးသစ္ဟာ ပိုမိုလ်င္ျမန္စြာ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္တယ္လို႔ သံုးသပ္ခဲ့ပါတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) ကိုလည္း ကၽြန္ေတာ္တို႔ သတိေပးအေၾကာင္းၾကားခဲ့ျပီး ဒါနဲ႔ပတ္သက္ျပီး ပိုမိုသိနားလည္ႏိုင္ဖို႔ ဆက္လက္ၾကိဳးပမ္းေနပါတယ္”

အဆိုပါ စိစစ္ၾကိဳးပမ္းမႈမ်ားတြင္ သိပၸံပညာရွင္မ်ားက သေႏၶေျပာင္းမ်ဳိးသစ္ကို ဓာတ္ခြဲခန္းမ်ားတြင္ ေမြးျမဴကာ ၎၏ ပဋိပစၥည္းတံု႔ျပန္မႈကို ေလ့လာျခင္း၊ Covid-19 ကာကြယ္ေဆးမ်ားအေပၚ တံု႔ျပန္မႈကို စမ္းသပ္ျခင္းမ်ား ပါဝင္မည္ ျဖစ္သည္။

ထို႔အျပင္ က်န္းမာေရးအရာရွိတို႔သည္ ယခုအခါ ႏိုင္ငံတဝန္းရွိ ေပါ့စတစ္ေတြ႔ရွိေသာ ျဖစ္ရပ္မ်ားမွ ဗိုင္းရပ္စ္နမူနာမ်ားကို က်ပန္းစမ္းသပ္စစ္ေဆးျခင္းျပဳလုပ္ျပီး ႏိုင္ငံအတြင္း ပ်ံ႕ႏွံ႔မႈအတိုင္းအတာကို ေလ့လာလ်က္ရွိသည္။ အဆိုပါ လုပ္ေဆာင္မႈမွာ အနည္းဆံုး ရက္သတၱ ၂ ပတ္ခန္႔ ၾကာျမင့္မည္ ျဖစ္သည္။

သေႏၶေျပာင္းဗိုင္းရပ္စ္မ်ဳိးစိတ္သစ္ေပၚေပါက္လာမႈမွာ သတိထားဖြယ္ျဖစ္ေသာ္လည္း ယခင္ကလည္း Covid-19 ဗိုင္းရပ္စ္ သေႏၶေျပာင္းမႈမ်ား မၾကာခဏျဖစ္ေပၚခဲ့သည္ကို သတိျပဳသင့္သည္။

ျပီးခဲ့ေသာလအတြင္း ဒိန္းမတ္ႏိုင္ငံတြင္ ရာေပါင္းမ်ားစြာေသာ Covid-19 ေရာဂါကူးစက္ခံရမႈျဖစ္ရပ္မ်ားမွာ ေမြးျမဴေရးစခန္းမ်ားတြင္ရွိေသာ ေျမြပါတို႔ထံတြင္ ေတြ႔ရသည့္ ကိုရိုနာဗိုင္းရပ္စ္ သေႏၶေျပာင္းမ်ဳိးကြဲႏွင့္ ဆက္ႏႊယ္ေနသည္ကို ေတြ႔ရျပီးေနာက္ ေျမြပါသန္းေပါင္းမ်ားစြာကို သုတ္သင္ခဲ့ရသည္။

ျပီးခဲ့ေသာ ေအာက္တိုဘာလအတြင္းကလည္း စမ္းစစ္ခ်က္မ်ားအရ ေတြ႔ရွိသည္မွာ စပိန္ရွိ လယ္ယာအလုပ္သမားမ်ားထံမွ စတင္ခဲ့ေသာ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးကြဲသည္ ဥေရာပတစ္ခြင္သို႔ ပ်ံ႕ႏွံ႔ခဲ့ျပီး ျဗိတိန္တြင္လည္း ကူးစက္ခံရသူ အမ်ားအျပားရွိခဲ့ေၾကာင္း ေတြ႔ရွိခဲ့သည္။

အဆိုပါ ျဖစ္ရပ္ ၂ ခုလံုးတြင္ မ်ဳိးကြဲဗိုင္းရပ္စ္တို႔က ေရာဂါကူးစက္မႈ မ်ားျပားေစမႈကို မေတြ႔ရေခ်။ လက္ရွိအားျဖင့္ သိပၸံပညာရွင္မ်ား ကိုင္တြယ္ရမည့္အခ်က္မွာ သေႏၶေျပာင္းမ်ဳိးသစ္၏ အက်ဳိးသက္ေရာက္မႈႏွင့္ သက္ဆိုင္သည္။

အထူးသျဖင့္ ယခုဗိုင္းရပ္စ္သည္ ေရာဂါျပင္းထန္စြာခံစားျခင္းမ်ား ျမင့္တက္မႈရွိ၊ မရွိ (သို႔မဟုတ္) ေရာဂါျပင္းထန္ေစမႈ နည္းပါးသေလာ ဟူသည့္အခ်က္မ်ား ျဖစ္သည္။

အျခားပိုမိုအေရးၾကီးေသာ အေၾကာင္းရပ္မွာ သေႏၶေျပာင္းမ်ဳိးသစ္သည္ ယခုအခါ ျဗိတိန္ႏိုင္ငံတဝန္း ထိုးႏွံေပးေနေသာ Covid-19 ကာကြယ္ေဆးမ်ား၏ အကာအကြယ္ကို ေက်ာ္ျဖတ္ႏိုင္ျခင္းရွိ၊ မရွိ ျဖစ္သည္။

“သေႏၶေျပာင္းမ်ဳိးသစ္ဟာ ေရာဂါျပင္းထန္မႈအေပၚ ၾကီးမားတဲ့ သက္ေရာက္မႈရွိတယ္ဆိုရင္ ဒါကို ကၽြန္ေတာ္တို႔ ေတြ႔ခဲ့ျပီး ျဖစ္ရမွာ ျဖစ္ပါတယ္” ဟု European Molecular Biology Laboratory မွ လက္ေထာက္ညႊန္ၾကားေရးမွဴးခ်ဳပ္ အီဝန္ ဘာ့နီ (Ewan Birney) က ေျပာၾကားသည္။

“ကူးစက္ခံရသူေတြထဲက အေရအတြက္တစိတ္တပိုင္းအေနနဲ႔ ေဆးရံုတက္ရသူေတြ အလြန္အမင္းျမင့္တက္တာမ်ဳိး၊ ဒါမွမဟုတ္ သိသိသာသာ က်ဆင္းသြားတာမ်ဳိး ျဖစ္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂ ခုလံုး မျဖစ္ခဲ့ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ေကာက္ခ်က္ခ် ႏိုင္တာကေတာ့ ေရာဂါျပင္းထန္ေစမႈ အလယ္အလတ္ေလာက္သာရွိတာ ျဖစ္ႏိုင္ပါတယ္”ပ်ံ႕ပြားေနေသာ ဗိုင္းရပ္စ္မ်ဳိးကြဲေပါင္းမ်ားစြာႏွင့္ ကာကြယ္ေဆးမ်ားကို စမ္းသပ္ခဲ့ျပီးျဖစ္ေၾကာင္းလည္း အီဝန္ ဘာ့နီက ေျပာၾကားသည္။

“ဒါေၾကာင့္ ကာကြယ္ေဆးေတြဟာ ဒီသေႏၶေျပာင္းမ်ဳိးသစ္ကို ကာကြယ္ႏိုင္တယ္လို႔ သံုးသပ္ဖို႔ အေၾကာင္းရွိပါတယ္။ ဒါေပမယ့္ အေသအခ်ာစမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ဖုိ႔ လိုပါေသးတယ္”

သေႏၶေျပာင္းမ်ဳိးသစ္ မည္သည့္ေနရာတြင္ ပထမဆံုးစတင္ေပၚေပါက္ခဲ့သည္ကိုမူ အတိအက် မသိရေခ်။

ဗိုင္းရပ္စ္မ်ားကို အထူးၾကပ္မတ္စြာ ေစာင့္ၾကည့္သည့္ ျဗိတိန္၏စနစ္က အျခားႏိုင္ငံမ်ား ေျခရာမခံႏိုင္မီ ေတြ႔ရွိျခင္းမ်ဳိးလည္း ျဖစ္ႏိုင္သည္။

“ဒါေပမယ့္ ဒီသေႏၶေျပာင္းမ်ဳိးသစ္က ျဗိတိန္မွာပဲ ေပၚေပါက္တာျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔က အရင္ဆံုးေတြ႔တာမ်ဳိးလည္း ျဖစ္ႏိုင္ပါတယ္” ဟု အီဝန္ဘာ့နီက ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: What is the new Covid strain – and will vaccines work against it? (The Guardian)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service