နေပြည်တော်တွင် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် ပြန်သွက်လာ

နေပြည်တော်တွင် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် ပြန်သွက်လာ - Property News in Myanmar from iMyanmarHouse.com
22 Dec 2020 11:12 am တွင် တင်ခဲ့သည်
885 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အရောင်းအဝယ်ကျဆင်းခဲ့သည့် နေပြည်တော် ရှိ အိမ်ခြံမြေဈေးကွက် ဒီဇင်ဘာလတွင်း အရောင်းအဝယ်ပြန်သွက်လက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

“ကိုဗစ်သာ ဖြစ်နေတယ်၊ နေပြည်တော်မှာလည်း အိမ်ခြံမြေ အရောင်းအဝယ်လေးတွေ သွက်နေတယ်လို့ပဲပြောရမှာပေါ့၊ ကိုဗစ်ကာလမှာ အရောင်းအဝယ်ရပ်သွားတာမျိုးမဟုတ်ဘဲနဲ့ အရောင်းအဝယ်လေးတွေက ပြန်ဖြစ်နေတာပေါ့၊ ဈေးသိပ်ကြီးတာတွေမျိုးတော့မဖြစ်ဘဲ သိန်း ၄၀၀ ၊ သိန်း ၅၀၀ တန်လေးတွေ အရောင်းအဝယ်ပြန်သွက်နေတာပေါ့ ၊ ဥတ္တသီရိ တို့ဆိုရင် သိန်းနှစ်ထောင် ကျော်ကျော်လေးတွေပေါ့၊ ဇမ္မူသီရိမှာ ဆိုရင်လည်း သိန်းနှစ်ထောင်ဝန်းကျင် တွေပေါ့၊ လမ်းမတန်းအကွက်ဆိုရင်သိန်းလေးထောင်အကွက်တွေပေါ့အရောင်းအဝယ်သွက်တယ်”” ဟု မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ဒုဥက္ကဌ ဦးအောင်ထွန်းက ပြောဆိုသည်။

ထို့ပြင် ကိုဗစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်ဘဏ်တိုးနှုန်းများ ကျဆင်းနေချိန် ဒေါ်လာဈေး၊ ရွှေဈေး၊ ကားဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံခြင်းထက် အိမ်ခြံမြေလုပ်ငန်းတွင် မြေကွက်များဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

“ရွှေကလည်း တက်သွားပြီ လိုက်ဝယ်စုဖို့မလွယ်တော့ဘူးပေါ့၊ ကားကျတော့လည်း ရှုံးဖို့ပဲရှိတယ်၊ အရင်လို မဟုတ်တော့ဘူးလေ၊ ဒေါ်လာကလည်း အစိုးရဝင်ထိန်းထားတော့ ငြိမ်နေတယ်၊ အဲကျတော့ လူတွေက ဘဏ်တိုးနဲ့ ထားကြတယ်၊ ဒါပေမယ့်ဘဏ်တိုးကလည်း နည်းသွားတဲ့အခါကျတော့ မထူးတော့ဘူးဆိုပြီး မြေကွက် လေးတွေ ဝယ်ထားကြတယ်၊ ပိုက်ဆံတွေဘဏ်မှာမထားတော့ဘဲ မြေကွက်လေးတွေဝယ်ပြီး ရင်းနှီးမြှုပ်နှံကြတာပေါ့” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

နေပြည်တော်နည်းတူ ရန်ကုန်တိုင်းဒေသကြီးတွင်း ဈေးနှုန်းအားဖြင့် သင့်တင့်ပြီး သွားရေးလာရေးလွယ်ကူသည့် မြောက် ဒဂုံ၊တောင်ဒဂုံ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ကိုဗစ်ကာလအတွင်း အိမ်ခြံမြေဝယ်လိုအား မြင့်တက်လျက်ရှိနေသည်။အရောင်းအဝယ်အဖြစ်များသည့်ဈေးတန်းများမှာ သိန်းတစ်ထောင်ဝန်းကျင်မြေကွက်များဖြစ်ကြောင်းလည်းသိရသည်။

ကိုဗစ်ကာလအတွင်း မြေကွက်စိတ်ဝင်စားသူများ အတန်ငယ်များပြားလာခဲ့ပြီး မန္တလေးတွင်လည်း မြေဈေးကွက်အရောင်းအဝယ်ဖြစ်ကြောင်း အခြေစိုက်အကျိုးဆောင်များကပြောဆိုထားသည်။မန္တလေးတွင်မူ အိမ်ခြံမြေဈေးကွက်တွင်း ဈေးနှုန်းအားဖြင့် သက်သာသည့် မြို့ပြင်များတွင် မြေကွက်သေးများ အရောင်းအဝယ်သွက်နေကြောင်း မန္တလေးအိမ်ခြံ မြေအကျိုးဆောင် များ ထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေနျပည္ေတာ္တြင္ အိမ္ျခံေျမ အေရာင္းအဝယ္ေဈးကြက္ ျပန္သြက္လာ

ကိုဗစ္-၁၉ ကူးစက္ေရာဂါျဖစ္ပြားမႈေၾကာင့္ အေရာင္းအဝယ္က်ဆင္းခဲ့သည့္ ေနျပည္ေတာ္ ႐ွိ အိမ္ျခံေျမေဈးကြက္ ဒီဇင္ဘာလတြင္း အေရာင္းအဝယ္ျပန္သြက္လက္လာေၾကာင္း အိမ္ျခံေျမ အက်ိဳးေဆာင္မ်ားထံမွ သိရသည္။

“ကိုဗစ္သာ ျဖစ္ေနတယ္၊ ေနျပည္ေတာ္မွာလည္း အိမ္ျခံေျမ အေရာင္းအဝယ္ေလးေတြ သြက္ေနတယ္လို႔ပဲေျပာရမွာေပါ့၊ ကိုဗစ္ကာလမွာ အေရာင္းအဝယ္ရပ္သြားတာမ်ိဳးမဟုတ္ဘဲနဲ႔ အေရာင္းအဝယ္ေလးေတြက ျပန္ျဖစ္ေနတာေပါ့၊ ေဈးသိပ္ႀကီးတာေတြမ်ိဳးေတာ့မျဖစ္ဘဲ သိန္း ၄၀၀ ၊ သိန္း ၅၀၀ တန္ေလးေတြ အေရာင္းအဝယ္ျပန္သြက္ေနတာေပါ့ ၊ ဥတၱသီရိ တို႔ဆိုရင္ သိန္းႏွစ္ေထာင္ ေက်ာ္ေက်ာ္ေလးေတြေပါ့၊ ဇမၼဴသီရိမွာဆိုရင္လည္း သိန္းႏွစ္ေထာင္ဝန္းက်င္ ေတြေပါ့၊ လမ္းမတန္းအကြက္ဆိုရင္သိန္းေလးေထာင္အကြက္ေတြေပါ့အေရာင္းအဝယ္သြက္တယ္”” ဟု ျမန္မာႏိုင္ငံအိမ္ျခံေျမ လုပ္ငန္းဖြံၿဖိဳးတိုးတက္ေရးအသင္း ဒုဥကၠဌ ဦးေအာင္ထြန္းက ေျပာဆိုသည္။

ထို႔ျပင္ ကိုဗစ္ကာလအတြင္း ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအေနျဖင့္ဘဏ္တိုးႏႈန္းမ်ား က်ဆင္းေနခ်ိန္ ေဒၚလာေဈး၊ ေ႐ႊေဈး၊ ကားေဈးကြက္မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္းထက္ အိမ္ျခံေျမလုပ္ငန္းတြင္ ေျမကြက္မ်ားဝယ္ယူကာ ရင္းႏွီးျမႇဳပ္ႏွံမႈျမင့္တက္လ်က္႐ွိေၾကာင္း သိရသည္။

“ေ႐ႊကလည္း တက္သြားၿပီ လိုက္ဝယ္စုဖို႔မလြယ္ေတာ့ဘူးေပါ့၊ ကားက်ေတာ့လည္း ႐ႈံးဖို႔ပဲ႐ွိတယ္၊ အရင္လို မဟုတ္ေတာ့ဘူးေလ၊ ေဒၚလာကလည္း အစိုးရဝင္ထိန္းထားေတာ့ ၿငိမ္ေနတယ္၊ အဲက်ေတာ့ လူေတြက ဘဏ္တိုးနဲ႔ ထားၾကတယ္၊ ဒါေပမယ့္ဘဏ္တိုးကလည္း နည္းသြားတဲ့အခါက်ေတာ့ မထူးေတာ့ဘူးဆိုၿပီး ေျမကြက္ ေလးေတြ ဝယ္ထားၾကတယ္၊ ပိုက္ဆံေတြဘဏ္မွာမထားေတာ့ဘဲ ေျမကြက္ေလးေတြဝယ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံၾကတာေပါ့” ဟု ၎က ထပ္ေလာင္းေျပာဆိုသည္။

ေနျပည္ေတာ္နည္းတူ ရန္ကုန္တိုင္းေဒသႀကီးတြင္း ေဈးႏႈန္းအားျဖင့္ သင့္တင့္ၿပီး သြားေရးလာေရးလြယ္ကူသည့္ ေျမာက္ ဒဂုံ၊ေတာင္ဒဂုံ၊ ဒဂုံၿမိဳ႕သစ္(အေ႐ွ႕ပိုင္း)၊ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မ်ားတြင္ ကိုဗစ္ကာလအတြင္း အိမ္ျခံေျမဝယ္လိုအား ျမင့္တက္လ်က္႐ွိေနသည္။အေရာင္းအဝယ္အျဖစ္မ်ားသည့္ေဈးတန္းမ်ားမွာ သိန္းတစ္ေထာင္ဝန္းက်င္ေျမကြက္မ်ားျဖစ္ေၾကာင္းလည္းသိရသည္။

ကိုဗစ္ကာလအတြင္း ေျမကြက္စိတ္ဝင္စားသူမ်ား အတန္ငယ္မ်ားျပားလာခဲ့ၿပီး မႏၲေလးတြင္လည္း ေျမေဈးကြက္အေရာင္းအဝယ္ျဖစ္ေၾကာင္း အေျခစိုက္အက်ိဳးေဆာင္မ်ားကေျပာဆိုထားသည္။မႏၲေလးတြင္မူ အိမ္ျခံေျမေဈးကြက္တြင္း ေဈးႏႈန္းအားျဖင့္ သက္သာသည့္ ၿမိဳ႕ျပင္မ်ားတြင္ ေျမကြက္ေသးမ်ား အေရာင္းအဝယ္သြက္ေနေၾကာင္း မႏၲေလးအိမ္ျခံ ေျမအက်ိဳးေဆာင္ မ်ား ထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service