ဘယ်လ်ဂျီယံဝန်ကြီးတစ်ဦးကကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ၏ ဈေးနှုန်းများကိုဖွင့်ချပြလိုက်ရာဆေးဝါးကုမ္ပဏီများအကြားဂယက်ရိုက်သွား

ဘယ်လ်ဂျီယံဝန်ကြီးတစ်ဦးကကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ၏ ဈေးနှုန်းများကိုဖွင့်ချပြလိုက်ရာဆေးဝါးကုမ္ပဏီများအကြားဂယက်ရိုက်သွား - Property News in Myanmar from iMyanmarHouse.com
21 Dec 2020 11:33 am တွင် တင်ခဲ့သည်
3020 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘယ်လ်ဂျီယံနိုင်ငံမှ ဝန်ကြီးတစ်ဦးသည် ကမ္ဘာ့ထိပ်တန်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများအတွက် ဥရောပသမဂ္ဂကပေးချေရန် သဘောတူညီခဲ့သည့် ကူးသန်းရောင်းဝယ်ရေးလျှို့ဝှက်ချက်ဖြစ်သောကာကွယ်ဆေးဈေးနှုန်းကိုဖွင့်ချပြလိုက်သည်။

ဘယ်လ်ဂျီယံ၏ ငွေစာရင်းဝန်ကြီးEva De Bleeker က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဈေးနှုန်းများကိုတွစ်တာလူမှုကွန်ယက်တွင် ဖွင့်ချပြလိုက်ခြင်းဖြစ်ပြီးဥရောပသမဂ္ဂထံမှ ဘယ်လ်ဂျီယံကဝယ်ယူရန် ရည်ရွယ်ထားသည့် ကာကွယ်ဆေးတစ်မျိုးချင်း၏ ပမာဏကိုလည်းထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါ ရေးသားမှုကိုလျင်မြန်စွာပင် ပြန်ဖျက်လိုက်သော်လည်း screenshots မှတ်တမ်းရယူထားသူများရှိနေခဲ့ရာအဆိုပါ အချက်အလက်များကိုယခုအခါ တစ်ကမ္ဘာလုံးသိရှိသွားကြပြီ ဖြစ်သည်။

ကာကွယ်ဆေးရရှိရေးလှုပ်ရှားနေသူများကယခုကဲ့သို့ ပွင့်လင်းမြင်သာမှုအပေါ် ဝမ်းမြောက်ကြသော်လည်းဆေးဝါးကုမ္ပဏီများကမူဝမ်းသာနိုင်ခြင်းမရှိချေ။

ယခုလုပ်ရပ်မှာယုံကြည်မှုကို ချိုးဖောက်ခြင်းဖြစ်ကြောင်း Pfizer က ထုတ်ပြန်သည်။

“ဒီဈေးနှုန်းတွေဟာဥရောပသမဂ္ဂနဲ့ စာချုပ်ချုပ်ထားတဲ့ လျှို့ဝှက်ထားရမယ့်အချက်တွေထဲမှာပါပါတယ်” ဟု Pfizer ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးElisabeth Schraepen က Belgian daily Le Soirသတင်းဌာနသို့ ပြောသည်။

ယခုပေါ်ပေါက်လာသောဈေးနှုန်းစာရင်းအရအောက်စ်ဖို့တက္ကသိုလ်၏ Oxford/AstraZenecaကာကွယ်ဆေးမှာဈေးအသက်သာဆုံးဖြစ်ကြောင်းနှင့် Moderna ၏ ကာကွယ်ဆေးမှာဈေးအကြီးဆုံးဖြစ်ကြောင်းသိရသည်။

အောက်ဖော်ပြပါတိို့မှာဥရောပသမဂ္ဂကကာကွယ်ဆေးဝယ်ယူရာတွင် ပေးချေရသည့် ဈေးနှုန်းများ ဖြစ်သည်။

Oxford/AstraZeneca (ဗြိတိန်) ကာကွယ်ဆေး= တစ်လုံးလျှင် ၁ ဒသမ ၇၈ ယူရို(မြန်မာငွေ ၂၉၄၀ ကျပ်)

Johnson & Johnson (အမေရိကန်) ကာကွယ်ဆေး= ကန်ဒေါ်လာ ၈ ဒသမ ၅၀( မြန်မာငွေ ၁၁၄၀၀ ကျပ်)

Sanofi/GSK (ပြင်သစ်/ဗြိတိန်) ကာကွယ်ဆေး = ၇ ဒသမ ၅၆ ယူရို (မြန်မာငွေ ၁၂၄၀၀ ကျပ်)

Pfizer/BioNTech (အမေရိကန်/ဂျာမနီ) ကာကွယ်ဆေး= ၁၂ ယူရို( မြန်မာငွေ ၁၉၈၀၀ ကျပ်)

CureVac (ဂျာမနီ) ကာကွယ်ဆေး = ၁၀ ယူရို (မြန်မာငွေ ၁၆၅၀၀ ကျပ်)

Moderna (အမေရိကန်) ကာကွယ်ဆေး= ၁၈ ဒေါ်လာ (မြန်မာငွေ ၂၄၂၀၀ ကျပ်)

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် Covid-19 ရောဂါအတွက် ကာကွယ်ဆေးအလုံးအရင်းထိုးနှံရန် စိတ်ဝင်စားမှုများရှိပြီးထိခိုက်လွယ်သူများအတွက် လုံလောက်သည့် ကာကွယ်ဆေး နိုင်ငံအားလုံးရရှိရန် ကြိုးပမ်းနေကြသည့် အစီအစဉ်တစ်ခုလည်းရှိနေသည်။

သို့သော် ဆေးဝါးနှင့် ကာကွယ်ဆေးဈေးနှုန်းများမှာအထူးတင်းကြပ်ထားသောကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်နေသည်။

ဘယ်လ်ဂျီယံသည် ကာကွယ်ဆေးအလုံးရေ ၃၃ သန်းကိုယူရို ၂၇၉ သန်းဖြင့် ဝယ်ယူရန် စီစဉ်နေသည့်နိုင်ငံဖြစ်သည်။ ဗြီတိန်ကမူကာကွယ်ရေး ၇ မျိုးဝယ်ယူထားပြီးစုစုပေါင်းအလုံးရေ ၃၅၇ သန်းဖြစ်ပြီးPfizer/BioNTech ၏ ကာကွယ်ဆေးသန်း ၄၀ လည်းပါဝင်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကာကွယ်ဆေးဈေးနှုန်းများကိုဥရောပကပေးရသည်ထက် ပိုမိုမြင့်မားစွာဈေးပေးခဲ့ရသည်။ Bernstein Research က တွက်ချက်ပြရာတွင် ဥရောပသမဂ္ဂသည် Pfizer ကာကွယ်ဆေးကိုအမေရိကန်အောက် ၂၄ ရာခိုင်နှုန်းသက်သာသောဈေးနှုန်းဖြင့် ရရှိခဲ့ကြောင်းထုတ်ပြန်သည်။

ထိုသို့ဈေးသက်သာရခြင်း၏ အကြောင်းရင်းတစ်ခုမှာဥရောပသည် BioNTech ၏ သုတေသနအတွက် ရန်ပုံငွေ ကူညီခဲ့ခြင်းကြောင့် ဖြစ်တန်ရာချေ ရှိသည်။

အမေရိကန်ပြည်ထောင်စုသည် အောက်စ်ဖို့ဒ်တက္ကသိုလ်၏ Oxford/AstraZenecaကာကွယ်ဆေးအတွက် တစ်လုံးလျှင် ၄ ဒေါ်လာပေးမည်ဖြစ်ရာဥရောပကပေးသည့် ယူရို ၁ ဒသမ ၇၈ မှာအမေရိကန်ပြည်ထောင်စုအောက် ၄၅ ရာခိုင်နှုန်းသက်သာသည့် ဈေးနှုန်းဖြစ်ကြောင်းBernstein Research က ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Belgian minister tweets EU's Covid vaccine price list to anger of manufacturers (The Guardian)

 

[Zawgyi]

ဘယ္လ္ဂ်ီယံဝန္ၾကီးတစ္ဦးကကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ား၏ ေစ်းႏႈန္းမ်ားကိုဖြင့္ခ်ျပလိုက္ရာေဆးဝါးကုမၸဏီမ်ားအၾကားဂယက္ရိုက္သြား

ဘယ္လ္ဂ်ီယံႏိုင္ငံမွ ဝန္ၾကီးတစ္ဦးသည္ ကမၻာ့ထိပ္တန္းကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားအတြက္ ဥေရာပသမဂၢကေပးေခ်ရန္ သေဘာတူညီခဲ့သည့္ ကူးသန္းေရာင္းဝယ္ေရးလွ်ိဳ႕ဝွက္ခ်က္ျဖစ္ေသာကာကြယ္ေဆးေစ်းႏႈန္းကိုဖြင့္ခ်ျပလိုက္သည္။

ဘယ္လ္ဂ်ီယံ၏ ေငြစာရင္းဝန္ၾကီးEva De Bleeker က ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေစ်းႏႈန္းမ်ားကိုတြစ္တာလူမႈကြန္ယက္တြင္ ဖြင့္ခ်ျပလိုက္ျခင္းျဖစ္ျပီးဥေရာပသမဂၢထံမွ ဘယ္လ္ဂ်ီယံကဝယ္ယူရန္ ရည္ရြယ္ထားသည့္ ကာကြယ္ေဆးတစ္မ်ဳိးခ်င္း၏ ပမာဏကိုလည္းထည့္သြင္းေဖာ္ျပခဲ့သည္။

အဆုိပါ ေရးသားမႈကိုလ်င္ျမန္စြာပင္ ျပန္ဖ်က္လိုက္ေသာ္လည္း screenshots မွတ္တမ္းရယူထားသူမ်ားရွိေနခဲ့ရာအဆိုပါ အခ်က္အလက္မ်ားကိုယခုအခါ တစ္ကမၻာလံုးသိရွိသြားၾကျပီ ျဖစ္သည္။

ကာကြယ္ေဆးရရွိေရးလႈပ္ရွားေနသူမ်ားကယခုကဲ့သို႔ ပြင့္လင္းျမင္သာမႈအေပၚ ဝမ္းေျမာက္ၾကေသာ္လည္းေဆးဝါးကုမၸဏီမ်ားကမူဝမ္းသာႏိုင္ျခင္းမရွိေခ်။

ယခုလုပ္ရပ္မွာယံုၾကည္မႈကို ခ်ဳိးေဖာက္ျခင္းျဖစ္ေၾကာင္း Pfizer က ထုတ္ျပန္သည္။

“ဒီေစ်းႏႈန္းေတြဟာဥေရာပသမဂၢနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ လွ်ိဳ႕ဝွက္ထားရမယ့္အခ်က္ေတြထဲမွာပါပါတယ္” ဟု Pfizer ၏ ေျပာေရးဆိုခြင့္ရ အမ်ဳိးသမီးElisabeth Schraepen က Belgian daily Le Soirသတင္းဌာနသို႔ ေျပာသည္။

ယခုေပၚေပါက္လာေသာေစ်းႏႈန္းစာရင္းအရေအာက္စ္ဖို႔တကၠသိုလ္၏ Oxford/AstraZenecaကာကြယ္ေဆးမွာေစ်းအသက္သာဆံုးျဖစ္ေၾကာင္းႏွင့္ Moderna ၏ ကာကြယ္ေဆးမွာေစ်းအၾကီးဆံုးျဖစ္ေၾကာင္းသိရသည္။

ေအာက္ေဖာ္ျပပါတိုိ႔မွာဥေရာပသမဂၢကကာကြယ္ေဆးဝယ္ယူရာတြင္ ေပးေခ်ရသည့္ ေစ်းႏႈန္းမ်ား ျဖစ္သည္။

Oxford/AstraZeneca (ျဗိတိန္) ကာကြယ္ေဆး= တစ္လံုးလွ်င္ ၁ ဒသမ ၇၈ ယူရို(ျမန္မာေငြ ၂၉၄၀ က်ပ္)

Johnson & Johnson (အေမရိကန္) ကာကြယ္ေဆး= ကန္ေဒၚလာ ၈ ဒသမ ၅၀( ျမန္မာေငြ ၁၁၄၀၀ က်ပ္)

Sanofi/GSK (ျပင္သစ္/ျဗိတိန္) ကာကြယ္ေဆး = ၇ ဒသမ ၅၆ ယူရို (ျမန္မာေငြ ၁၂၄၀၀ က်ပ္)

Pfizer/BioNTech (အေမရိကန္/ဂ်ာမနီ) ကာကြယ္ေဆး= ၁၂ ယူရို( ျမန္မာေငြ ၁၉၈၀၀ က်ပ္)

CureVac (ဂ်ာမနီ) ကာကြယ္ေဆး = ၁၀ ယူရို (ျမန္မာေငြ ၁၆၅၀၀ က်ပ္)

Moderna (အေမရိကန္) ကာကြယ္ေဆး= ၁၈ ေဒၚလာ (ျမန္မာေငြ ၂၄၂၀၀ က်ပ္)

ကမၻာေပၚရွိ ႏိုင္ငံတိုင္းသည္ Covid-19 ေရာဂါအတြက္ ကာကြယ္ေဆးအလံုးအရင္းထိုးႏွံရန္ စိတ္ဝင္စားမႈမ်ားရွိျပီးထိခိုက္လြယ္သူမ်ားအတြက္ လံုေလာက္သည့္ ကာကြယ္ေဆး ႏိုင္ငံအားလံုးရရွိရန္ ၾကိဳးပမ္းေနၾကသည့္ အစီအစဥ္တစ္ခုလည္းရွိေနသည္။

သို႔ေသာ္ ေဆးဝါးႏွင့္ ကာကြယ္ေဆးေစ်းႏႈန္းမ်ားမွာအထူးတင္းၾကပ္ထားေသာကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္မ်ား ျဖစ္ေနသည္။

ဘယ္လ္ဂ်ီယံသည္ ကာကြယ္ေဆးအလံုးေရ ၃၃ သန္းကိုယူရို ၂၇၉ သန္းျဖင့္ ဝယ္ယူရန္ စီစဥ္ေနသည့္ႏိုင္ငံျဖစ္သည္။ ျဗီတိန္ကမူကာကြယ္ေရး ၇ မ်ဳိးဝယ္ယူထားျပီးစုစုေပါင္းအလံုးေရ ၃၅၇ သန္းျဖစ္ျပီးPfizer/BioNTech ၏ ကာကြယ္ေဆးသန္း ၄၀ လည္းပါဝင္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကာကြယ္ေဆးေစ်းႏႈန္းမ်ားကိုဥေရာပကေပးရသည္ထက္ ပိုမိုျမင့္မားစြာေစ်းေပးခဲ့ရသည္။ Bernstein Research က တြက္ခ်က္ျပရာတြင္ ဥေရာပသမဂၢသည္ Pfizer ကာကြယ္ေဆးကိုအေမရိကန္ေအာက္ ၂၄ ရာခိုင္ႏႈန္းသက္သာေသာေစ်းႏႈန္းျဖင့္ ရရွိခဲ့ေၾကာင္းထုတ္ျပန္သည္။

ထိုသို႔ေစ်းသက္သာရျခင္း၏ အေၾကာင္းရင္းတစ္ခုမွာဥေရာပသည္ BioNTech ၏ သုေတသနအတြက္ ရန္ပံုေငြ ကူညီခဲ့ျခင္းေၾကာင့္ ျဖစ္တန္ရာေခ် ရွိသည္။

အေမရိကန္ျပည္ေထာင္စုသည္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္၏ Oxford/AstraZenecaကာကြယ္ေဆးအတြက္ တစ္လံုးလွ်င္ ၄ ေဒၚလာေပးမည္ျဖစ္ရာဥေရာပကေပးသည့္ ယူရို ၁ ဒသမ ၇၈ မွာအေမရိကန္ျပည္ေထာင္စုေအာက္ ၄၅ ရာခိုင္ႏႈန္းသက္သာသည့္ ေစ်းႏႈန္းျဖစ္ေၾကာင္းBernstein Research က ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Belgian minister tweets EU's Covid vaccine price list to anger of manufacturers (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service