ဗြိတိန်တွင် ပျံ့နှံ့နေသောကိုဗစ်သန္ဓေပြောင်းပိုးမှာထိန်းချုပ်မရတော့သောကြောင့် ကမ္ဘာ့နိုင်ငံများစွာက ဗြိတိန်မှ လေကြောင်းခရီးစဉ်များပိတ်ပင်

ဗြိတိန်တွင် ပျံ့နှံ့နေသောကိုဗစ်သန္ဓေပြောင်းပိုးမှာထိန်းချုပ်မရတော့သောကြောင့် ကမ္ဘာ့နိုင်ငံများစွာက ဗြိတိန်မှ လေကြောင်းခရီးစဉ်များပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
21 Dec 2020 11:23 am တွင် တင်ခဲ့သည်
8221 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် အခြားမျိုးစိတ်များထက် ကူးစက်မှု ပိုမိုလျင်မြန်သောသန္ဓေပြောင်းဗိုင်းရပ်စ်ပိုး ဗြိတိန်တွင် တွေ့ရှိပြီးနောက် ဗြိတိန်မှ လေကြောင်းခရီးစဉ်များကိုရပ်တန့်ခဲ့သည့် ကမ္ဘာ့နိုင်ငံများစွာတွင် ကနေဒါမှာယခုနောက်ဆုံးပိတ်ပင်လိုက်သော နိုင်ငံဖြစ်လာသည်။

ဗိုင်းရပ်စ်မျိုးသစ် ကူးစက်ပျံ့ပွားနေမှုမှာထိန်းချုပ်၍ မရတော့ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးMatt Hancock က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပြီးထိုသို့ပြောကြားသောနေ့တွင်ပင် ဗြိတိန်၏ နေ့စဉ်ဗိုင်းရပ်စ် ကူးစက်ခံရမှုပမာဏမှာစံချိန်တင်ကူးစက်ခံခဲ့ရကာ ၃၅၉၂၈ ဦးအထိရှိခဲ့သည်။

ယင်းနောက်ပိုင်းဥရောပနိုင်ငံများစွာနှင့် ကမ္ဘာ့နိုင်ငံများက ဗြီတိန်မှ ခရီးသွားများဝင်ရောက်မှု ပိတ်ပင်ခြင်းများ ပြုလုပ်လာသည်။

ယင်းသို့သောအခြေအနေများကြောင့် တနင်္လာနေ့ (ယနေ့) တွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးကျင်းပရန် စီစဉ်လာရကြောင်းဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က CNN သတင်းဌာနသို့ ပြောသည်။

အဆိုပါ အစည်းအဝေးမှာ ဗြိတိန်အပေါ် နိုင်ငံတကာမှ ခရီးသွားပိတ်ပင်လာမှုများအပေါ်အဓိကဦးတည်မည်ဖြစ်သည်။

(ကနေဒါ)

ကနေဒါနိုင်ငံကတနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်မှ စတင်ပြီး ဗြိတိန်မှ ခရီးသွားများဝင်ရောက်မှုကိုအနည်းဆုံး ၇၂ နာရီပိတ်ပင်ထားမည် ဖြစ်ကြောင်းကြေညာသည်။ ကနေဒါဝန်ကြီးချုပ် Justin Trudeau က ထိုသို့ ပိတ်ပင်သည့်သတင်းကိုတွစ်တာလူမှုကွန်ရက်တွင် အတည်ပြုခဲ့ပြီး နိုင်ငံတဝန်းရှိကနေဒါပြည်သူများကိုကာကွယ်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

(အာဂျင်တီးနား၊ ချီလီ၊ ကိုလံဘီယာ)

တောင်အမေရိကတိုက်မှ အာဂျင်တီးနား၊ ချီလီနှင့် ကိုလံဘီယာနိုင်ငံများကလည်း ဗြိတိန်သို့ သွားမည့်၊ ဗြိတိန်မှလာမည့် တိုက်ရိုက် လေကြောင်းခရီးစဉ်အားလုံးကိုရပ်ဆိုင်းခဲ့သည်။

အီကွေဒေါကလည်းဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် အားကောင်းသည့် အစီအမံများဆောင်ရွက်ရန် သုံးသပ်နေသည်။

အာဂျင်တီးနားကျန်းမာရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခုမှ ပူးတွဲထုတ်ပြန်ချက်အရအာဂျင်တီးနားသည် တနင်္လာနေ့မနက်ပိုင်းတွင် ဗြူနိုအေးရီးစ်ရှိ နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်မည့် ဗြိတိန်မှ လေကြောင်းခရီးစဉ်တစ်ခုကိုသာနောက်ဆုံးခွင့်ပြုတော့မည် ဖြစ်ကြောင်းထုတ်ပြန်သည်။ ယင်းနောက်ပိုင်းခရီးစဉ်အားလုံးကိုဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ချီလီအစိုးရကလည်း ဗြိတိန်မှလာမည့်၊ ဗြိတိန်သို့သွားမည့် လေကြောင်းခရီးစဉ်အားလုံးကိုအင်္ဂါနေ့မှစတင်ပြီးခေတ္တရပ်ဆိုင်းလိုက် ကြောင်း၊ ပြီးခဲ့သော ၁၄ ရက်အတွင်း ဗြိတိန်သို့ သွားရောက်ခဲ့သူများမှာမိမိဘာသာကွာရန်တင်းဝင်ကြရမည် ဖြစ်ကြောင်းထုတ်ပြန် သည်။

ကိုလံဘီယာသမ္မတIvan Duqueကလည်းကိုလံဘီယာနှင့် ဗြိတိန်အကြားလေကြောင်းခရီးစဉ်အားလုံးကိုတနင်္လာနေ့မှ စတင်ပြီးဆိုင်းငံ့မည်ဖြစ်ကြောင်းကြေညာသည်။ ပြီးခဲ့သော ၁၄ ရက်အတွင်း ဗြိတိန်သို့ သွားရောက်ခဲ့သူများသည် ကိုလံဘီယာသို့ ရောက်ရှိလာပါကကွာရန်တင်းဝင်ကြရမည် ဖြစ်သည်။

(ပြင်သစ်)

ပြင်သစ်နိုင်ငံကလည်း ဗြိတိန်သို့ သွားမည့်၊ ဗြိတိန်မှ လာမည့် ခရီးသွားလာမှုများကိုတနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်မှ စတင်ပြီး ၄၈ နာရီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castex က ကြေညာသည်။

(အိုင်ယာလန်)

အိုင်ယာလန်ကလည်းတနင်္လာနှင့် အင်္ဂါနေ့များတွင် ဗြိတိန်မှ လာမည့် လေကြောင်းခရီးစဉ်များကိုပိတ်ပင်လိုက်သည်။ “ပြည်သူ့ကျန်းမာရေးအကျိုးအတွက် ဗြိတိန်ပြည်သူများသည်အိုင်ယာလန်ကိုလေကြောင်း (သို့မဟုတ်) ရေကြောင်းကနေခရီးသွားလာမှု မပြုလုပ်သင့်ပေ” ဟုအိုင်ယာလန်အစိုးရကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

(အီတလီ)

အီတလီနိုင်ငံကလည်း ဗြိတိန်သို့ သွားမည့်၊ ဗြိတိန်မှလာမည့် လေကြောင်းခရီးစဉ်များကိုဆိုင်းငံထားမည်ဖြစ်ပြီး ပြီးခဲ့သောရက်သတ္တ ၂ ပတ်အတွင်း ဗြိတိန်သို့ သွားရောက်ခဲ့သူများကိုလည်းဝင်ခွင့်ပိတ်ပင်ကြောင်းအီတလီကျန်းမာရေးဝန်ကြီးRoberto Speranza က ပြောကြားသည်။

(ပေါ်တူဂီ)

ပေါ်တူဂီနိုင်ငံသည် ဗြိတိန်မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်ရောက်လာမည့် နိုင်ငံသားများကိုသာလက်ခံမည်ဖြစ်ပြီး ၎င်းတို့တွင် Covid-19 ရောဂါမရှိကြောင်းစစ်ဆေးထားမှု ပါရမည်ဟုပေါ်တူဂီပြည်ထဲရေးဝန်ကြီးကပြောသည်။

(ဘယ်လ်ဂျီယံ)

ဘယ်လ်ဂျီယံဝန်ကြီးချုပ် Alexander De Crooကလည်းဘယ်လ်ဂျီယံနိုင်ငံသည် ဗြိတိန်မှ ခရီးသွားများကို ၂၄ နာရီပိတ်ပင်မည်ဖြစ်ပြီးလိုအပ်ပါကပိတ်ပင်မှုကိုတိုးချဲ့သွားမည်ဖြစ်ကြောင်းပြောကြားသည်။

(နယ်သာလန်၊ လတ်ဗီးယား)

နယ်သာလန်နှင့် လတ်ဗီးယားနိုင်ငံတို့ကလည်း ဗြိတိန်မှ လာရောက်မည့်လေကြောင်းခရီးစဉ်များကိုကာလတာရှည်ပိတ်ပင်သွားမည် ဖြစ်ပြီး နှစ်သစ်ကာလအထိပိတ်ပင်ကြောင်းကြေညာသည်။

နယ်သာလန်အစိုးရက ဗြိတိန်မှ ရေကြောင်းခရီးဖြင့်လာမည့် ခရီးသည်များကိုလည်းပိတ်ပင်ခဲ့သည်။ နယ်သာလန်တွင်လည်း ဗြိတိန်တွင် တွေ့ရှိရသောဗိုင်းရပ်စ်မျိုးတွေ့ရှိထားသည်။

(အက်စ်တိုးနီးယား)

အက်စ်တိုးနီးယားနိုင်ငံကလည်း ဗြိတိန်နှင့် လေကြောင်းခရီးစဉ်များကို နှစ်ကုန်အထိဆိုင်းငံ့ကြောင်းကြေညာသည်။

(ချက်သမ္မတ နိုင်ငံ)

ချက်သမ္မတနိုင်ငံကတနင်္ဂနွေနေ့မှစတင်ပြီးဗြိတိန်မှ ရောက်လာသည့်မည်သူမဆိုကွာရန်တင်း ၁၀ ရက် မဖြစ်မနေဝင်ရမည်ဖြစ်ကြောင်းအမိန့်ထုတ်လိုက်သည်။

(ဆော်ဒီအာရေးဘီးယား)

ဆော်ဒီအာရေးဘီးယားနိုင်ငံကမူ ဗြိတိန်သာမက နိုင်ငံတကာလေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်ခရီးသွားအားလုံးကိုရက်သတ္တ ၁ ပတ် ပိတ်ပင်လိုက်သည်။

(တူရကီ)

တူရကီနိုင်ငံသည် ဗြိတိန်၊ တောင်အာဖရိက၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံတို့မှ လေကြောင်းခရီးစဉ်များကိုပိတ်ပင်ကြောင်း နိုင်ငံပိုင် Anadolu Agencyသတင်းဌာနကထုတ်ပြန်သည်။

(အစ္စရေး)

အစ္စရေးနိုင်ငံကလည်း ဗြိတိန်၊ ဒိန်းမတ်နှင့် တောင်အာဖရိကနိုင်ငံတို့မှ ဝင်ရောက်လာမည့် လေကြောင်းခရီးစဉ်များကိုပိတ်ပင်ကြောင်း၊ အဆိုပါနိုင်ငံများမှတဆင့် အစ္စရေးသို့ လာရောက်မည့် အခြားနိုင်ငံသားများကိုလည်းပိတ်ပင်ကြောင်းကြေညာထားသည်။

 

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Canada the latest country to halt travel from UK over new Covid-19 variant concerns (CNN)

 

[Zawgyi]

ျဗိတိန္တြင္ ပ်ံ႕ႏွံ႔ေနေသာကိုဗစ္သေႏၶေျပာင္းပိုးမွာထိန္းခ်ဳပ္မရေတာ့ေသာေၾကာင့္ ကမၻာ့ႏိုင္ငံမ်ားစြာက ျဗိတိန္မွ ေလေၾကာင္းခရီးစဥ္မ်ားပိတ္ပင္

ကိုရိုနာဗိုင္းရပ္စ္ အျခားမ်ဳိးစိတ္မ်ားထက္ ကူးစက္မႈ ပိုမိုလ်င္ျမန္ေသာသေႏၶေျပာင္းဗိုင္းရပ္စ္ပိုး ျဗိတိန္တြင္ ေတြ႔ရွိျပီးေနာက္ ျဗိတိန္မွ ေလေၾကာင္းခရီးစဥ္မ်ားကိုရပ္တန္႔ခဲ့သည့္ ကမၻာ့ႏိုင္ငံမ်ားစြာတြင္ ကေနဒါမွာယခုေနာက္ဆံုးပိတ္ပင္လိုက္ေသာ ႏိုင္ငံျဖစ္လာသည္။

ဗိုင္းရပ္စ္မ်ဳိးသစ္ ကူးစက္ပ်ံ႕ပြားေနမႈမွာထိန္းခ်ဳပ္၍ မရေတာ့ေၾကာင္း ျဗိတိန္က်န္းမာေရးဝန္ၾကီးMatt Hancock က တနဂၤေႏြေန႔တြင္ ေျပာၾကားလိုက္ျပီးထိုသို႔ေျပာၾကားေသာေန႔တြင္ပင္ ျဗိတိန္၏ ေန႔စဥ္ဗိုင္းရပ္စ္ ကူးစက္ခံရမႈပမာဏမွာစံခ်ိန္တင္ကူးစက္ခံခဲ့ရကာ ၃၅၉၂၈ ဦးအထိရွိခဲ့သည္။

ယင္းေနာက္ပိုင္းဥေရာပႏိုင္ငံမ်ားစြာႏွင့္ ကမၻာ့ႏိုင္ငံမ်ားက ျဗီတိန္မွ ခရီးသြားမ်ားဝင္ေရာက္မႈ ပိတ္ပင္ျခင္းမ်ား ျပဳလုပ္လာသည္။

ယင္းသို႔ေသာအေျခအေနမ်ားေၾကာင့္ တနလၤာေန႔ (ယေန႔) တြင္ ဝန္ၾကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္၏ အစိုးရအဖြဲ႔ အေရးေပၚ အစည္းအေဝးက်င္းပရန္ စီစဥ္လာရေၾကာင္းဝန္ၾကီးခ်ဳပ္ရံုးေျပာေရးဆိုခြင့္ရပုဂၢိဳလ္က CNN သတင္းဌာနသို႔ ေျပာသည္။

အဆိုပါ အစည္းအေဝးမွာ ျဗိတိန္အေပၚ ႏိုင္ငံတကာမွ ခရီးသြားပိတ္ပင္လာမႈမ်ားအေပၚအဓိကဦးတည္မည္ျဖစ္သည္။

(ကေနဒါ)

ကေနဒါႏိုင္ငံကတနဂၤေႏြေန႔ သန္းေခါင္ယံအခ်ိန္မွ စတင္ျပီး ျဗိတိန္မွ ခရီးသြားမ်ားဝင္ေရာက္မႈကိုအနည္းဆံုး ၇၂ နာရီပိတ္ပင္ထားမည္ ျဖစ္ေၾကာင္းေၾကညာသည္။ ကေနဒါဝန္ၾကီးခ်ဳပ္ Justin Trudeau က ထိုသုိ႔ ပိတ္ပင္သည့္သတင္းကိုတြစ္တာလူမႈကြန္ရက္တြင္ အတည္ျပဳခဲ့ျပီး ႏိုင္ငံတဝန္းရွိကေနဒါျပည္သူမ်ားကိုကာကြယ္ရန္ လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္းေျပာၾကားသည္။

(အာဂ်င္တီးနား၊ ခ်ီလီ၊ ကိုလံဘီယာ)

ေတာင္အေမရိကတိုက္မွ အာဂ်င္တီးနား၊ ခ်ီလီႏွင့္ ကိုလံဘီယာႏိုင္ငံမ်ားကလည္း ျဗိတိန္သုိ႔ သြားမည့္၊ ျဗိတိန္မွလာမည့္ တိုက္ရိုက္ ေလေၾကာင္းခရီးစဥ္အားလံုးကိုရပ္ဆိုင္းခဲ့သည္။

အီေကြေဒါကလည္းဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကိုထိန္းခ်ဳပ္ရန္အတြက္ အားေကာင္းသည့္ အစီအမံမ်ားေဆာင္ရြက္ရန္ သံုးသပ္ေနသည္။

အာဂ်င္တီးနားက်န္းမာေရးႏွင့္ ျပည္ထဲေရးဝန္ၾကီးဌာန ၂ ခုမွ ပူးတြဲထုတ္ျပန္ခ်က္အရအာဂ်င္တီးနားသည္ တနလၤာေန႔မနက္ပိုင္းတြင္ ျဗဴႏိုေအးရီးစ္ရွိ ႏိုင္ငံတကာေလဆိပ္တြင္ ဆင္းသက္မည့္ ျဗိတိန္မွ ေလေၾကာင္းခရီးစဥ္တစ္ခုကိုသာေနာက္ဆံုးခြင့္ျပဳေတာ့မည္ ျဖစ္ေၾကာင္းထုတ္ျပန္သည္။ ယင္းေနာက္ပိုင္းခရီးစဥ္အားလံုးကိုဖ်က္သိမ္းလိုက္ျပီ ျဖစ္သည္။

ခ်ီလီအစိုးရကလည္း ျဗိတိန္မွလာမည့္၊ ျဗိတိန္သို႔သြားမည့္ ေလေၾကာင္းခရီးစဥ္အားလံုးကိုအဂၤါေန႔မွစတင္ျပီးေခတၱရပ္ဆိုင္းလိုက္ ေၾကာင္း၊ ျပီးခဲ့ေသာ ၁၄ ရက္အတြင္း ျဗိတိန္သုိ႔ သြားေရာက္ခဲ့သူမ်ားမွာမိမိဘာသာကြာရန္တင္းဝင္ၾကရမည္ ျဖစ္ေၾကာင္းထုတ္ျပန္ သည္။

ကိုလံဘီယာသမၼတIvan Duqueကလည္းကိုလံဘီယာႏွင့္ ျဗိတိန္အၾကားေလေၾကာင္းခရီးစဥ္အားလံုးကိုတနလၤာေန႔မွ စတင္ျပီးဆိုင္းငံ့မည္ျဖစ္ေၾကာင္းေၾကညာသည္။ ျပီးခဲ့ေသာ ၁၄ ရက္အတြင္း ျဗိတိန္သို႔ သြားေရာက္ခဲ့သူမ်ားသည္ ကိုလံဘီယာသို႔ ေရာက္ရွိလာပါကကြာရန္တင္းဝင္ၾကရမည္ ျဖစ္သည္။

(ျပင္သစ္)

ျပင္သစ္ႏိုင္ငံကလည္း ျဗိတိန္သို႔ သြားမည့္၊ ျဗိတိန္မွ လာမည့္ ခရီးသြားလာမႈမ်ားကိုတနဂၤေႏြေန႔ သန္းေခါင္ယံအခ်ိန္မွ စတင္ျပီး ၄၈ နာရီဆိုင္းငံ့ထားမည္ျဖစ္ေၾကာင္း ျပင္သစ္ဝန္ၾကီးခ်ဳပ္ Jean Castex က ေၾကညာသည္။

(အိုင္ယာလန္)

အိုင္ယာလန္ကလည္းတနလၤာႏွင့္ အဂၤါေန႔မ်ားတြင္ ျဗိတိန္မွ လာမည့္ ေလေၾကာင္းခရီးစဥ္မ်ားကိုပိတ္ပင္လိုက္သည္။ “ျပည္သူ႔က်န္းမာေရးအက်ဳိးအတြက္ ျဗိတိန္ျပည္သူမ်ားသည္အိုင္ယာလန္ကိုေလေၾကာင္း (သို႔မဟုတ္) ေရေၾကာင္းကေနခရီးသြားလာမႈ မျပဳလုပ္သင့္ေပ” ဟုအိုင္ယာလန္အစိုးရကထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ ေဖာ္ျပသည္။

(အီတလီ)

အီတလီႏိုင္ငံကလည္း ျဗိတိန္သုိ႔ သြားမည့္၊ ျဗိတိန္မွလာမည့္ ေလေၾကာင္းခရီးစဥ္မ်ားကိုဆိုင္းငံထားမည္ျဖစ္ျပီး ျပီးခဲ့ေသာရက္သတၱ ၂ ပတ္အတြင္း ျဗိတိန္သို႔ သြားေရာက္္ခဲ့သူမ်ားကိုလည္းဝင္ခြင့္ပိတ္ပင္ေၾကာင္းအီတလီက်န္းမာေရးဝန္ၾကီးRoberto Speranza က ေျပာၾကားသည္။

(ေပၚတူဂီ)

ေပၚတူဂီႏိုင္ငံသည္ ျဗိတိန္မွ ေလေၾကာင္းခရီးစဥ္ျဖင့္ ျပန္ေရာက္လာမည့္ ႏိုင္ငံသားမ်ားကိုသာလက္ခံမည္ျဖစ္ျပီး ၎တို႔တြင္ Covid-19 ေရာဂါမရွိေၾကာင္းစစ္ေဆးထားမႈ ပါရမည္ဟုေပၚတူဂီျပည္ထဲေရးဝန္ၾကီးကေျပာသည္။

(ဘယ္လ္ဂ်ီယံ)

ဘယ္လ္ဂ်ီယံဝန္ၾကီးခ်ဳပ္ Alexander De Crooကလည္းဘယ္လ္ဂ်ီယံႏိုင္ငံသည္ ျဗိတိန္မွ ခရီးသြားမ်ားကို ၂၄ နာရီပိတ္ပင္မည္ျဖစ္ျပီးလိုအပ္ပါကပိတ္ပင္မႈကိုတိုးခ်ဲ႕သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

(နယ္သာလန္၊ လတ္ဗီးယား)

နယ္သာလန္ႏွင့္ လတ္ဗီးယားႏိုင္ငံတို႔ကလည္း ျဗိတိန္မွ လာေရာက္မည့္ေလေၾကာင္းခရီးစဥ္မ်ားကိုကာလတာရွည္ပိတ္ပင္သြားမည္ ျဖစ္ျပီး ႏွစ္သစ္ကာလအထိပိတ္ပင္ေၾကာင္းေၾကညာသည္။

နယ္သာလန္အစိုးရက ျဗိတိန္မွ ေရေၾကာင္းခရီးျဖင့္လာမည့္ ခရီးသည္မ်ားကိုလည္းပိတ္ပင္ခဲ့သည္။ နယ္သာလန္တြင္လည္း ျဗိတိန္တြင္ ေတြ႔ရွိရေသာဗိုင္းရပ္စ္မ်ဳိးေတြ႔ရွိထားသည္။

(အက္စ္တိုးနီးယား)

အက္စ္တိုးနီးယားႏိုင္ငံကလည္း ျဗိတိန္ႏွင့္ ေလေၾကာင္းခရီးစဥ္မ်ားကို ႏွစ္ကုန္အထိဆိုင္းငံ့ေၾကာင္းေၾကညာသည္။

(ခ်က္သမၼတ ႏိုင္ငံ)

ခ်က္သမၼတႏိုင္ငံကတနဂၤေႏြေန႔မွစတင္ျပီးျဗိတိန္မွ ေရာက္လာသည့္မည္သူမဆိုကြာရန္တင္း ၁၀ ရက္ မျဖစ္မေနဝင္ရမည္ျဖစ္ေၾကာင္းအမိန္႔ထုတ္လိုက္သည္။

(ေဆာ္ဒီအာေရးဘီးယား)

ေဆာ္ဒီအာေရးဘီးယားႏိုင္ငံကမူ ျဗိတိန္သာမက ႏိုင္ငံတကာေလေၾကာင္း၊ ကုန္းေၾကာင္း၊ ေရေၾကာင္ခရီးသြားအားလံုးကိုရက္သတၱ ၁ ပတ္ ပိတ္ပင္လိုက္သည္။

(တူရကီ)

တူရကီႏိုင္ငံသည္ ျဗိတိန္၊ ေတာင္အာဖရိက၊ နယ္သာလန္ႏွင့္ ဒိန္းမတ္ႏိုင္ငံတို႔မွ ေလေၾကာင္းခရီးစဥ္မ်ားကိုပိတ္ပင္ေၾကာင္း ႏိုင္ငံပိုင္ Anadolu Agencyသတင္းဌာနကထုတ္ျပန္သည္။

(အစၥေရး)

အစၥေရးႏိုင္ငံကလည္း ျဗိတိန္၊ ဒိန္းမတ္ႏွင့္ ေတာင္အာဖရိကႏိုင္ငံတို႔မွ ဝင္ေရာက္လာမည့္ ေလေၾကာင္းခရီးစဥ္မ်ားကိုပိတ္ပင္ေၾကာင္း၊ အဆိုပါႏိုင္ငံမ်ားမွတဆင့္ အစၥေရးသို႔ လာေရာက္မည့္ အျခားႏိုင္ငံသားမ်ားကိုလည္းပိတ္ပင္ေၾကာင္းေၾကညာထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Canada the latest country to halt travel from UK over new Covid-19 variant concerns (CNN)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service