RFA သတင်းများကို ရေဒီယိုမှတဆင့် ပင်လယ်အတွင်း နားထောင်ခဲ့သော မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောကပ္ပတိန် လူအများရှေ့တွင် သေနတ်ပစ်တပ်ဖွဲ့ဖြင့် ကွပ်မျက်ခံရ

RFA သတင်းများကို ရေဒီယိုမှတဆင့် ပင်လယ်အတွင်း နားထောင်ခဲ့သော မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောကပ္ပတိန် လူအများရှေ့တွင် သေနတ်ပစ်တပ်ဖွဲ့ဖြင့် ကွပ်မျက်ခံရ - Property News in Myanmar from iMyanmarHouse.com
19 Dec 2020 10:56 am တွင် တင်ခဲ့သည်
1703 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောကပ္ပတိန်တစ်ဦးသည် တားမြစ်ပိတ်ပင်ထားသော နိုင်ငံခြား ရေဒီယိုသတင်းဌာန၏ ထုတ်လွှင့်မှုကို နားထောင်ခဲ့သောကြောင့် လူအများရှေ့တွင် သေနတ်ပစ်တပ်ဖွဲ့ဖြင့် ကွပ်မျက်ခံလိုက်ရသည်။

အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံပြု လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနက ထုတ်ပြန်ရာတွင် အဆိုပါသင်္ဘောကပ္ပတိန်သည် မိမိတို့သတင်းဌာန၏ ထုတ်လွှင့်မှုများကို ၁၅ နှစ်ကျော် နားထောင်ခဲ့ကြောင်း ဝန်ခံခဲ့ခြင်းကြောင့် သေဒဏ်ချမှတ်ခံခဲ့ရကြောင်း ထုတ်ပြန်သည်။

အသက် ၄၀ ကျော်အရွယ်ရှိသော သင်္ဘောကပ္ပတိန်သည် ပင်လယ်သို့ ထွက်ချိန်များတွင် နိုင်ငံခြားရေဒီယိုလိုင်းများ ဖမ်းယူကာ သတင်းများနှင့် ရေဒီယိုအစီအစဉ်များကို နားထောင်လေ့ရှိသည်ဟု ဆိုသည်။

သတင်းရင်းမြစ်တစ်ခုမှ RFA သို့ ပြောကြားရာတွင် ချွိုင်ဟု အမည်ရသော သင်္ဘောကပ္ပတိန်ကို အခြားသော ငါးဖမ်းလုပ်သား ၁၀၀ ဦး ရှေ့တွင် သေနတ်ပစ်တပ်ဖွဲ့ဖြင့် ပစ်ခတ်ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ သင်္ဘောကပ္ပတိန်သည် သင်္ဘော အစင်းရေ ၅၀ အထက်ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ၏ သင်္ဘောမှ သင်္ဘောသားတစ်ဦးက Chongjin ဆိပ်ကမ်းမြို့တွင် အာဏာပိုင်များကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

North Hamgyong ပြည်နယ်မှ အရာရှိတစ်ဦးက ပြောရာတွင် ချွိုင်သည် စစ်ဘက်တွင် ရေဒီယို အော်ပရေတာအဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက နိုင်ငံခြားမှ ထုတ်လွှင့်မှုများကို စတင်နားထောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

စစ်တပ်မှ ထွက်ပြီးနောက်ပိုင်းတွင်လည်း ချွိုင်သည် နိုင်ငံခြားရေဒီယိုသတင်းများကို ဆက်လက်နားထောင်နေခဲ့သည်။

ယင်းနောက် ငါးဖမ်းသင်္ဘောများ အခြေစိုက်ရာနေရာကို ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ပါတီအရာရှိများနှင့် လုံခြုံရေးအရာရှိများကို ရာထူးမှ ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည်။

“အောက်တိုဘာ လလယ်လောက်မှာ Chongjin က ငါးဖမ်းလှေတစ်စီးရဲ့ ကပ္ပတိန်ဟာ သေနတ်ပစ်တပ်ဖွဲ့နဲ့ ကွပ်မျက်ခြင်း ခံခဲ့ရပါတယ်။ RFA သတင်းဌာနက ထုတ်လွှင့်တဲ့သတင်းတွေကို ကာလကြာရှည်နားထောင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်” ဟု သတင်းရင်းမြစ် တစ်ခုက ပြောသည်။

ပြည်နယ်လုံခြုံရေးဌာနက သူ၏လုပ်ဆောင်ချက်မှာ သစ္စာဖောက်ရန်ကြိုးပမ်းခြင်းအဖြစ် သတ်မှတ်ခဲ့သည်။

ချွိုင်အား ငါးဖမ်းသင်္ဘောစခန်းရှိ အခြားသော ကပ္ပတိန်များနှင့် ငါးစက်ရုံများမှ မန်နေဂျာများ ၁၀၀ ကျော်၏ ရှေ့တွင် သေနတ်ပစ်တပ်ဖွဲ့ဖြင့် ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချွိုင်အား ပင်လယ်ပြင်တွင် လုပ်ကိုင်ခွင့်ပေးခဲ့သည့် ပါတီအရာရှိများ၊ အခြေစိုက်စခန်း အုပ်ချုပ်ရေးနှင့် လုံခြုံရေးအရာရှိများကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

ကပ္ပတိန် ချွိုင်က သူသည် မြောက်ကိုရီးယားအကြီးအကဲများအတွက် နိုင်ငံခြားငွေရှာပေးနေသော Bureau 39 လက်အောက်ခံ ငါးဖမ်းဌာနမှ ဖြစ်သောကြောင့် ရာဇဝတ်မှုများ ကင်းလွတ်ခွင့်ရမည်ဟု မှတ်ထင်ခဲ့ဟန်ရှိကြောင်းလည်း သတင်းရင်းမြစ်တစ်ခုက သုံးသပ်ပြောကြားသည်။

သူ၏ သင်္ဘောသားများနှင့် သင့်မြတ်ခြင်းမရှိခဲ့ရာမှတဆင့် ယခုကဲ့သို့ ကွပ်မျက်ခံခဲ့ရသည်အထိ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

ဒုတိယ သတင်းရင်းမြစ်တစ်ခုက ပြောကြားရာတွင် “ချွိုင်ရဲ့ အထက်စီးဆန် မောက်မာမှု၊ လေးစားဖွယ်မရှိတဲ့ အပြုအမူတွေကို သူ့ရဲ့ သင်္ဘောသားတစ်ဦးက လက်စားချေတဲ့အနေနဲ့ လုံခြုံရေးဌာနကို တိုင်ကြားခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

မြောက်ကိုရီးယားတွင် နိုင်ငံခြားရေဒီယိုသတင်းဌာနများစွာကို ဖမ်းယူနားဆင်နိုင်သည်ဟု ယူဆရသည်။ သို့သော် ကင်ဂျုံအန် အစိုးရကမူ ပြည်သူများ သိရှိနိုင်မှုအတိုင်းအတာကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

ဒုတိယ သတင်းရင်းမြစ်၏ ပြောကြားချက်အရ မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောသားများ ပင်လယ်ထွက်လျှင် RFA ကဲ့သို့ နိုင်ငံခြား သတင်းဌာနများ၏ ထုတ်လွှင့်မှုများကို နားထောင်လေ့ရှိသည်မှာ ဖြစ်နေကြအကြောင်းရပ်တစ်ခုသာဖြစ်ကြောင်း ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: North Korean fishing captain 'is publicly executed for listening to foreign radio while at sea' (dailymail)

 

[Zawgyi]

RFA သတင္းမ်ားကို ေရဒီယိုမွတဆင့္ ပင္လယ္အတြင္း နားေထာင္ခဲ့ေသာ ေျမာက္ကုိရီးယား ငါးဖမ္းသေဘၤာကပၸတိန္ လူအမ်ားေရွ႕တြင္ ေသနတ္ပစ္တပ္ဖြဲ႔ျဖင့္ ကြပ္မ်က္ခံရ

ေျမာက္ကိုရီးယား ငါးဖမ္းသေဘၤာကပၸတိန္တစ္ဦးသည္ တားျမစ္ပိတ္ပင္ထားေသာ ႏိုင္ငံျခား ေရဒီယိုသတင္းဌာန၏ ထုတ္လႊင့္မႈကို နားေထာင္ခဲ့ေသာေၾကာင့္ လူအမ်ားေရွ႕တြင္ ေသနတ္ပစ္တပ္ဖြဲ႔ျဖင့္ ကြပ္မ်က္ခံလိုက္ရသည္။

အေမရိကန္အစိုးရ၏ ေက်ာေထာက္ေနာက္ခံျပဳ လြတ္လပ္ေသာ အာရွအသံ (RFA) သတင္းဌာနက ထုတ္ျပန္ရာတြင္ အဆိုပါသေဘၤာကပၸတိန္သည္ မိမိတို႔သတင္းဌာန၏ ထုတ္လႊင့္မႈမ်ားကို ၁၅ ႏွစ္ေက်ာ္ နားေထာင္ခဲ့ေၾကာင္း ဝန္ခံခဲ့ျခင္းေၾကာင့္ ေသဒဏ္ခ်မွတ္ခံခဲ့ရေၾကာင္း ထုတ္ျပန္သည္။

အသက္ ၄၀ ေက်ာ္အရြယ္ရွိေသာ သေဘၤာကပၸတိန္သည္ ပင္လယ္သို႔ ထြက္ခ်ိန္မ်ားတြင္ ႏိုင္ငံျခားေရဒီယိုလိုင္းမ်ား ဖမ္းယူကာ သတင္းမ်ားႏွင့္ ေရဒီယိုအစီအစဥ္မ်ားကို နားေထာင္ေလ့ရွိသည္ဟု ဆိုသည္။

သတင္းရင္းျမစ္တစ္ခုမွ RFA သို႔ ေျပာၾကားရာတြင္ ခၽြိဳင္ဟု အမည္ရေသာ သေဘၤာကပၸတိန္ကို အျခားေသာ ငါးဖမ္းလုပ္သား ၁၀၀ ဦး ေရွ႕တြင္ ေသနတ္ပစ္တပ္ဖြဲ႔ျဖင့္ ပစ္ခတ္ကြပ္မ်က္ခဲ့သည္ဟု ဆိုသည္။

အဆိုပါ သေဘၤာကပၸတိန္သည္ သေဘၤာ အစင္းေရ ၅၀ အထက္ပိုင္ဆိုင္ထားသူျဖစ္ျပီး သူ၏ သေဘၤာမွ သေဘၤာသားတစ္ဦးက Chongjin ဆိပ္ကမ္းျမိဳ႕တြင္ အာဏာပိုင္မ်ားကို တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

North Hamgyong ျပည္နယ္မွ အရာရွိတစ္ဦးက ေျပာရာတြင္ ခၽြိဳင္သည္ စစ္ဘက္တြင္ ေရဒီယို ေအာ္ပေရတာအျဖစ္ တာဝန္ထမ္းေဆာင္စဥ္ကတည္းက ႏိုင္ငံျခားမွ ထုတ္လႊင့္မႈမ်ားကို စတင္နားေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

စစ္တပ္မွ ထြက္ျပီးေနာက္ပိုင္းတြင္လည္း ခၽြိဳင္သည္ ႏိုင္ငံျခားေရဒီယိုသတင္းမ်ားကို ဆက္လက္နားေထာင္ေနခဲ့သည္။

ယင္းေနာက္ ငါးဖမ္းသေဘၤာမ်ား အေျခစိုက္ရာေနရာကို ဝင္ေရာက္စီးနင္းရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ျပီး ပါတီအရာရွိမ်ားႏွင့္ လံုျခံဳေရးအရာရွိမ်ားကို ရာထူးမွ ထုတ္ပယ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

“ေအာက္တိုဘာ လလယ္ေလာက္မွာ Chongjin က ငါးဖမ္းေလွတစ္စီးရဲ႕ ကပၸတိန္ဟာ ေသနတ္ပစ္တပ္ဖြဲ႔နဲ႔ ကြပ္မ်က္ျခင္း ခံခဲ့ရပါတယ္။ RFA သတင္းဌာနက ထုတ္လႊင့္တဲ့သတင္းေတြကို ကာလၾကာရွည္နားေထာင္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျဖစ္ပါတယ္” ဟု သတင္းရင္းျမစ္ တစ္ခုက ေျပာသည္။

ျပည္နယ္လံုျခံဳေရးဌာနက သူ၏လုပ္ေဆာင္ခ်က္မွာ သစၥာေဖာက္ရန္ၾကိဳးပမ္းျခင္းအျဖစ္ သတ္မွတ္ခဲ့သည္။

ခၽြိဳင္အား ငါးဖမ္းသေဘၤာစခန္းရွိ အျခားေသာ ကပၸတိန္မ်ားႏွင့္ ငါးစက္ရံုမ်ားမွ မန္ေနဂ်ာမ်ား ၁၀၀ ေက်ာ္၏ ေရွ႕တြင္ ေသနတ္ပစ္တပ္ဖြဲ႔ျဖင့္ ကြပ္မ်က္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ခၽြိဳင္အား ပင္လယ္ျပင္တြင္ လုပ္ကိုင္ခြင့္ေပးခဲ့သည့္ ပါတီအရာရွိမ်ား၊ အေျခစိုက္စခန္း အုပ္ခ်ဳပ္ေရးႏွင့္ လံုျခံဳေရးအရာရွိမ်ားကိုလည္း ရာထူးမွ ထုတ္ပယ္ခဲ့ေၾကာင္း အဆိုပါသတင္းရင္းျမစ္က ေျပာၾကားသည္။

ကပၸတိန္ ခၽြိဳင္က သူသည္ ေျမာက္ကိုရီးယားအၾကီးအကဲမ်ားအတြက္ ႏိုင္ငံျခားေငြရွာေပးေနေသာ Bureau 39 လက္ေအာက္ခံ ငါးဖမ္းဌာနမွ ျဖစ္ေသာေၾကာင့္ ရာဇဝတ္မႈမ်ား ကင္းလြတ္ခြင့္ရမည္ဟု မွတ္ထင္ခဲ့ဟန္ရွိေၾကာင္းလည္း သတင္းရင္းျမစ္တစ္ခုက သံုးသပ္ေျပာၾကားသည္။

သူ၏ သေဘၤာသားမ်ားႏွင့္ သင့္ျမတ္ျခင္းမရွိခဲ့ရာမွတဆင့္ ယခုကဲ့သို႔ ကြပ္မ်က္ခံခဲ့ရသည္အထိ ျဖစ္ခဲ့ရျခင္းျဖစ္သည္။

ဒုတိယ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားရာတြင္ “ခၽြိဳင္ရဲ႕ အထက္စီးဆန္ ေမာက္မာမႈ၊ ေလးစားဖြယ္မရွိတဲ့ အျပဳအမူေတြကို သူ႔ရဲ႕ သေဘၤာသားတစ္ဦးက လက္စားေခ်တဲ့အေနနဲ႔ လံုျခံဳေရးဌာနကို တိုင္ၾကားခဲ့တာျဖစ္ပါတယ္” ဟု ေျပာသည္။

ေျမာက္ကိုရီးယားတြင္ ႏိုင္ငံျခားေရဒီယိုသတင္းဌာနမ်ားစြာကို ဖမ္းယူနားဆင္ႏိုင္သည္ဟု ယူဆရသည္။ သို႔ေသာ္ ကင္ဂ်ံဳအန္ အစိုးရကမူ ျပည္သူမ်ား သိရွိႏိုင္မႈအတိုင္းအတာကို တင္းၾကပ္စြာ ထိန္းခ်ဳပ္ထားသည္။

ဒုတိယ သတင္းရင္းျမစ္၏ ေျပာၾကားခ်က္အရ ေျမာက္ကိုရီးယား ငါးဖမ္းသေဘၤာသားမ်ား ပင္လယ္ထြက္လွ်င္ RFA ကဲ့သုိ႔ ႏိုင္ငံျခား သတင္းဌာနမ်ား၏ ထုတ္လႊင့္မႈမ်ားကို နားေထာင္ေလ့ရွိသည္မွာ ျဖစ္ေနၾကအေၾကာင္းရပ္တစ္ခုသာျဖစ္ေၾကာင္း ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: North Korean fishing captain 'is publicly executed for listening to foreign radio while at sea' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service