စင်္ကာပူက Pfizer ကာကွယ်ဆေးအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကာဒီဇင်ဘာလကုန်တွင် ကာကွယ်ဆေးများစတင်ရရှိမည်

စင်္ကာပူက Pfizer ကာကွယ်ဆေးအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကာဒီဇင်ဘာလကုန်တွင် ကာကွယ်ဆေးများစတင်ရရှိမည် - Property News in Myanmar from iMyanmarHouse.com
15 Dec 2020 10:37 am တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HAS) သည် အမေရိကန်ပြည်ထောင်စုမှ ဆေးဝါးကုမ္ပဏီကြီးဖြစ်သော Pfizer နှင့် ဂျာမာန်ကုမ္ပဏီBioNTechတို့ ပူးပေါင်းထုတ်လုပ်ထားသည့် Covid-19 ကာကွယ်ဆေးကိုအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပြီးဒီဇင်ဘာလကုန်တွင် စင်္ကာပူသို့ ပထမအသုတ်ကာကွယ်ဆေးတင်ပို့မှု စတင်လက်ခံရရှိမည်ဖြစ်ကြောင်းစင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကဒီဇင်ဘာလ ၁၄ ရက်တွင် ကြေညာသည်။

ထို့ကြောင့် စင်္ကာပူသည် ကမ္ဘာပေါ်တွင် Pfizer ကာကွယ်ဆေးကိုပထမဆုံးရရှိသည့်နိုင်ငံများတွင် အပါအဝင်ဖြစ်လာမည်ဖြစ်ကြောင်းလီရှန်လွန်းကပြောသည်။

HSA သည် Pfizer-BioNTechကာကွယ်ဆေး၏ သိပ္ပံအထောက်အထားနှင့် စမ်းသပ်မှုအချက်အလက်များကိုလေ့လာခဲ့ကြောင်းစင်္ကာပူ၏ Covid-19 ရောဂါအခြေအနေများနှင့် စပ်လျဉ်းပြီးရုပ်မြင်သံကြားမိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်လီရှန်လွန်းကထည့်သွင်းပြောကြားသည်။

လာမည့်လများအတွင်းတွင်လည်းစင်္ကာပူသို့ အခြားသောကာကွယ်ဆေးများဆက်လက်ရောက်ရှိလာမည်ဟုမျှော်မှန်းထားပြီးစီစဉ်ထားသည့်အတိုင်းသာဖြစ်မည်ဆိုပါကလာမည့်နှစ် တတိယ ၃ လပတ်တွင် စင်္ကာပူနိုင်ငံသားတိုင်းအတွက် လုံလောက်သည့် ကာကွယ်ဆေးရရှိမည်ဖြစ်ကြောင်းလီရှန်လွန်းကပြောသည်။

“ပြည်သူများကိုဝမ်းသာစရာပြောချင်တာကသိပ္ပံအထောက်အထားနဲ့ လက်တွေ့စမ်းသပ်မှု အချက်အလက်တွေကိုလေ့လာပြီးတဲ့နောက်မှာကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ဟာကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွက် Pfizer-BioNTechကာကွယ်ဆေးကိုအသုံးပြုဖို့ အတည်ပြုခွင့်ပြုပေးလိုက်ပြီဆိုတာ ဖြစ်ပါတယ်” ဟုဝန်ကြီးချုပ်ကပြောကြားသည်။

စင်္ကာပူသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိရန် စင်္ကာပူဒေါ်လာ ၁ ဘီလီယံ (ကန်ဒေါ်လာသန်း ၇၅၀) သုံးစွဲထားကြောင်းဝန်ကြီးချုပ်ကသူ၏မိန့်ခွန်းတွင် ပြောကြားသည်။

ကာကွယ်ဆေးဝယ်ယူရန် သဘောတူစာချုပ်များစွာ ကြိုတင်ချုပ်ဆိုခဲ့ပြီးစိတ်ချရဖွယ်အရှိဆုံးကာကွယ်ဆေးများအတွက် ကြိုတင်ငွေ ပေးချေမှုများ ပြုလုပ်ထားရာအမေရိကန်မှ Moderna Inc. နှင့် တရုတ်ပြည်မှ Sinovac Biotech Ltdတို့မှ ကာကွယ်ဆေးများလည်းပါဝင်ကြောင်းဝန်ကြီးချုပ်ကပြောသည်။

ဝန်ကြီးချုပ်ကဆက်လက်ပြောကြားရာတွင် အန္တရာယ်များပြားသူများဖြစ်သောကျန်းမာရေးဝန်ထမ်းများ၊ ကပ်ဘေးကာလရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရသူများ၊ သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သူများကိုပထမဆုံးဦးစားပေးကာကာကွယ်ဆေးထိုးပေးမည်ဟုဆိုသည်။

စင်္ကာပူရှိအရွယ်ရောက်ပြီးသူအားလုံးကိုကာကွယ်ဆေးထိုးပေးရန် ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ ကော်မတီတစ်ခုကအကြံပြုမှုကိုစင်္ကာပူအစိုးရကလက်ခံခဲ့သည်။

သို့သော် အဆိုပါကာကွယ်ဆေးထိုးနှံမှုကိုမိမိဆန္ဒအလျောက်သာထိုးနှံစေမည်ဖြစ်ပြီးစင်္ကာပူနိုင်ငံသားအားလုံးနှင့် ရေရှည်အခြေချ နေထိုင်သူများအားလုံးအတွက် အခမဲ့ထိုးနှံပေးမည် ဖြစ်သည်။

စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေကြသောရွှေ့ပြောင်းလုပ်သား ၃၀၀,၀၀၀ ခန့်မှ ၃ ပုံ ၁ ပုံခန့်ကိုလည်းကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး ၎င်းတို့ကိုမူနောက်ပိုင်းမှသာဆေးထိုးပေးမည် ဖြစ်ကာရွှေ့ပြောင်းလုပ်သားများအားကာကွယ်ဆေးထိုးမည့် အစီအစဉ်နှင့် ပတ်သက်ပြီးအသေးစိတ်ပြောကြားခဲ့ခြင်းမရှိချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pfizer-BioNTech COVID-19 vaccine approved by Singapore, first shipment expected by end-December (CNA, straitstimes, Bloomberg)

 

[Zawgyi]

စကၤာပူက Pfizer ကာကြယ္ေဆးအသံုးျပဳခြင့္ေပးလိုက္ျပီျဖစ္ကာဒီဇင္ဘာလကုန္တြင္ ကာကြယ္ေဆးမ်ားစတင္ရရွိမည္

စကၤာပူက်န္းမာေရးသိပၸံအာဏာပိုင္အဖြဲ႔ (HAS) သည္ အေမရိကန္ျပည္ေထာင္စုမွ ေဆးဝါးကုမၸဏီၾကီးျဖစ္ေသာ Pfizer ႏွင့္ ဂ်ာမာန္ကုမၸဏီBioNTechတုိ႔ ပူးေပါင္းထုတ္လုပ္ထားသည့္ Covid-19 ကာကြယ္ေဆးကိုအသံုးျပဳခြင့္ေပးလိုက္ျပီျဖစ္ျပီးဒီဇင္ဘာလကုန္တြင္ စကၤာပူသို႔ ပထမအသုတ္ကာကြယ္ေဆးတင္ပို႔မႈ စတင္လက္ခံရရွိမည္ျဖစ္ေၾကာင္းစကၤာပူဝန္ၾကီးခ်ဳပ္ လီရွန္လြန္းကဒီဇင္ဘာလ ၁၄ ရက္တြင္ ေၾကညာသည္။

ထို႔ေၾကာင့္ စကၤာပူသည္ ကမၻာေပၚတြင္ Pfizer ကာကြယ္ေဆးကိုပထမဆံုးရရွိသည့္ႏိုင္ငံမ်ားတြင္ အပါအဝင္ျဖစ္လာမည္ျဖစ္ေၾကာင္းလီရွန္လြန္းကေျပာသည္။

HSA သည္ Pfizer-BioNTechကာကြယ္ေဆး၏ သိပၸံအေထာက္အထားႏွင့္ စမ္းသပ္မႈအခ်က္အလက္မ်ားကိုေလ့လာခဲ့ေၾကာင္းစကၤာပူ၏ Covid-19 ေရာဂါအေျခအေနမ်ားႏွင့္ စပ္လ်ဥ္းျပီးရုပ္ျမင္သံၾကားမိန္႔ခြန္းေျပာၾကားရာတြင္ ဝန္ၾကီးခ်ဳပ္လီရွန္လြန္းကထည့္သြင္းေျပာၾကားသည္။

လာမည့္လမ်ားအတြင္းတြင္လည္းစကၤာပူသို႔ အျခားေသာကာကြယ္ေဆးမ်ားဆက္လက္ေရာက္ရွိလာမည္ဟုေမွ်ာ္မွန္းထားျပီးစီစဥ္ထားသည့္အတိုင္းသာျဖစ္မည္ဆိုပါကလာမည့္ႏွစ္ တတိယ ၃ လပတ္တြင္ စကၤာပူႏိုင္ငံသားတိုင္းအတြက္ လံုေလာက္သည့္ ကာကြယ္ေဆးရရွိမည္ျဖစ္ေၾကာင္းလီရွန္လြန္းကေျပာသည္။

“ျပည္သူမ်ားကိုဝမ္းသာစရာေျပာခ်င္တာကသိပၸံအေထာက္အထားနဲ႔ လက္ေတြ႔စမ္းသပ္မႈ အခ်က္အလက္ေတြကိုေလ့လာျပီးတဲ့ေနာက္မွာက်န္းမာေရးသိပၸံအာဏာပိုင္အဖြဲ႔ဟာကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးအတြက္ Pfizer-BioNTechကာကြယ္ေဆးကိုအသံုးျပဳဖို႔ အတည္ျပဳခြင့္ျပဳေပးလိုက္ျပီဆိုတာ ျဖစ္ပါတယ္” ဟုဝန္ၾကီးခ်ဳပ္ကေျပာၾကားသည္။

စကၤာပူသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးရရွိရန္ စကၤာပူေဒၚလာ ၁ ဘီလီယံ (ကန္ေဒၚလာသန္း ၇၅၀) သံုးစြဲထားေၾကာင္းဝန္ၾကီးခ်ဳပ္ကသူ၏မိန္႔ခြန္းတြင္ ေျပာၾကားသည္။

ကာကြယ္ေဆးဝယ္ယူရန္ သေဘာတူစာခ်ဳပ္မ်ားစြာ ၾကိဳတင္ခ်ဳပ္ဆိုခဲ့ျပီးစိတ္ခ်ရဖြယ္အရွိဆံုးကာကြယ္ေဆးမ်ားအတြက္ ၾကိဳတင္ေငြ ေပးေခ်မႈမ်ား ျပဳလုပ္ထားရာအေမရိကန္မွ Moderna Inc. ႏွင့္ တရုတ္ျပည္မွ Sinovac Biotech Ltdတို႔မွ ကာကြယ္ေဆးမ်ားလည္းပါဝင္ေၾကာင္းဝန္ၾကီးခ်ဳပ္ကေျပာသည္။

ဝန္ၾကီးခ်ဳပ္ကဆက္လက္ေျပာၾကားရာတြင္ အႏၱရာယ္မ်ားျပားသူမ်ားျဖစ္ေသာက်န္းမာေရးဝန္ထမ္းမ်ား၊ ကပ္ေဘးကာလေရွ႕တန္းတြင္ တာဝန္ထမ္းေဆာင္ရသူမ်ား၊ သက္ၾကီးရြယ္အိုမ်ားႏွင့္ ထိခိုက္လြယ္သူမ်ားကိုပထမဆံုးဦးစားေပးကာကာကြယ္ေဆးထုိးေပးမည္ဟုဆိုသည္။

စကၤာပူရွိအရြယ္ေရာက္ျပီးသူအားလံုးကိုကာကြယ္ေဆးထုိးေပးရန္ ဆရာဝန္မ်ားႏွင့္ ကၽြမ္းက်င္ပညာရွင္မ်ား၏ ေကာ္မတီတစ္ခုကအၾကံျပဳမႈကိုစကၤာပူအစိုးရကလက္ခံခဲ့သည္။

သို႔ေသာ္ အဆိုပါကာကြယ္ေဆးထိုးႏွံမႈကိုမိမိဆႏၵအေလ်ာက္သာထိုးႏွံေစမည္ျဖစ္ျပီးစကၤာပူႏိုင္ငံသားအားလံုးႏွင့္ ေရရွည္အေျခခ် ေနထိုင္သူမ်ားအားလံုးအတြက္ အခမဲ့ထိုးႏွံေပးမည္ ျဖစ္သည္။

စကၤာပူတြင္ အလုပ္လုပ္ကိုင္ေနၾကေသာေရႊ႕ေျပာင္းလုပ္သား ၃၀၀,၀၀၀ ခန္႔မွ ၃ ပံု ၁ ပံုခန္႔ကိုလည္းကာကြယ္ေဆးထိုးေပးမည္ျဖစ္ျပီး ၎တုိ႔ကိုမူေနာက္ပိုင္းမွသာေဆးထုိးေပးမည္ ျဖစ္ကာေရႊ႕ေျပာင္းလုပ္သားမ်ားအားကာကြယ္ေဆးထိုးမည့္ အစီအစဥ္ႏွင့္ ပတ္သက္ျပီးအေသးစိတ္ေျပာၾကားခဲ့ျခင္းမရွိေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Pfizer-BioNTech COVID-19 vaccine approved by Singapore, first shipment expected by end-December (CNA, straitstimes, Bloomberg)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service