စင်္ကာပူ၏ Covid-19 ကုသဆေးနောက်ဆုံးဆင့် စမ်းသပ်မှုများကိုစတင်ပြုလုပ်ပြီ

စင်္ကာပူ၏ Covid-19 ကုသဆေးနောက်ဆုံးဆင့် စမ်းသပ်မှုများကိုစတင်ပြုလုပ်ပြီ - Property News in Myanmar from iMyanmarHouse.com
14 Dec 2020 11:00 am တွင် တင်ခဲ့သည်
2424 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီဖြစ်သောTychanသည် ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HAS) ထံမှ ခွင့်ပြုချက်ရရှိပြီးနောက် Covid-19 လူနာများအတွက် ပဋိပစ္စည်းဆေးနောက်ဆုံးဆင့် စမ်းသပ်မှုများစတင်ပြုလုပ်နေပြီ ဖြစ်သည်။

အဆင့် ၃ စမ်းသပ်မှုများကိုဒီဇင်ဘာ ၁၁ ရက်ကစတင်ခဲ့ခြင်းဖြစ်ပြီးမိမိဆန္ဒအလျောက် စမ်းသပ်ခံမည့်သူ ၁၃၀၅ ဦးပါဝင်ကြမည် ဖြစ်သည်။

လက်ရှိအားဖြင့် စမ်းသပ်ခံမည့်သူများစုဆောင်းနေသည့် ကာလဖြစ်သည်။ TY027ဟုအမည်ပေးထားသည့်ဆေးကိုစင်္ကာပူအထွေထွေရောဂါကုဆေးရုံကြီး (SGH) နှင့် အမျိုးသားတက္ကသိုလ်ဆေးရုံ (NUH) တို့တွင် စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

စမ်းသပ်ခံမည့် လူနာများသည် စမ်းသပ်မှုတွင် ပါဝင်ရန် သင့်လျော်မှု ရှိ၊ မရှိကိုချန်ဂီအထွေထွေဆေးရုံကြီး (Changi General Hospital ) နှင့် ရှန်းကန်အထွေထွေဆေးရုံကြီး (Sengkang General Hospital ) တို့တွင် စစ်ဆေးသွားမည် ဖြစ်သည်။

စမ်းသပ်ခံရန် သင့်လျော်ပါက SGH (သို့မဟုတ်) NUHဆေးရုံကြီးများတွင် လွှဲပြောင်းကာစမ်းသပ်ခံရမည် ဖြစ်သည်။

စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရသူနည်းပါးခြင်းကြောင့် အစ္စရေးနိုင်ငံရှိSheba Medical Centreကဲ့သို့ ပြည်ပနိုင်ငံများရှိဆေးရုံများလည်းပါဝင်မည် ဖြစ်သည်။

TY027သည် Covid-19 လူနာများကိုကုသရန် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီးရောဂါဖြစ်ပေါ်မှု နှေးကွေးစေရန်နှင့် ပြန်လည်ကျန်းမာမှု မြန်ဆန်စေရန် ဖြစ်သည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် (Sars-CoV-2) ကူးစက်မှုမှ ယာယီအကာအကွယ်ပေးနိုင်မည်လည်း ဖြစ်သည်။

ကူးစက်ရောဂါ ပါရဂူOoiEngEong (ဇီဝနည်းပညာကုမ္ပဏီTychanကိုပူးတွဲတည်ထောင်သူ) က သတင်းထောက်များကိုပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် အစ္စရေးနိုင်ငံအားမိတ်ဖက်အဖြစ် ရွေးချယ်ရခြင်းမှာစင်္ကာပူနှင့် တူညီသည့် အခြေအနေများရှိနေခြင်းမှာလေ့လာမှုများ ပြုလုပ်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်သောကြောင့် ဖြစ်ကြောင်းပြောကြားသည်။

ပါမောက္ခ OoiEngEongသည် Duke-NUS Medical School ၏ ပေါ်ပေါက်လာနေသောကူးစက်ရောဂါများစီမံကိန်းမှ လက်ထောက်ညွန်ကြားရေးမှူးလည်း ဖြစ်သည်။

Tychanကုမ္ပဏီနှင့် ဆွေးနွေးနေသည့် အခြားနိုင်ငံများကိုမူထုတ်ဖော်ပြောကြားမှု မပြုနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ဖွင့်ပြော၍ မရသောသဘောတူညီချက်တစ်ရပ်ကြောင့်ဖြစ်ကြောင်းပါမောက္ခ Ooi က ပြောသည်။

ကုသဆေးစမ်းသပ်ရန် အဘယ်ကြောင့် အခြားနိုင်ငံများနှင့် ဆက်သွယ်နေရသနည်းဟူခြင်းအပေါ် ပါမောက္ခ Ooi က ရှင်းပြရာတွင် စင်္ကာပူသည် Covid-19 ကိုအောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီဖြစ်သောကြောင့် စမ်းသပ်ခံမည့်လူနာလုံလောက်စွာမရှိသည့်အတွက် ဖြစ်ကြောင်းရှင်းပြသည်။

ကုသဆေးစမ်းသပ်ခံမည့်သူများသည် ရောဂါလက္ခဏာပြပြီးပထမ ၆ ရက်အတွင်းတွင်ရှိသော Covid-19 လူနာများ ဖြစ်ရမည် ဖြစ်သည်။

စင်္ကာပူတွင် ကုသဆေးစမ်းသပ်ခံမည့် လူနာမရှိသောကြောင့်လည်းTychanကုမ္ပဏီ၏ အဆင့် ၃ စမ်းသပ်မှုများ နှောင့်နှေးနေရခြင်းလည်း ဖြစ်သည်။

TY027ကုသဆေးကိုယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်ကတည်းကစတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: S’pore biotech firm Tychan starts final phase of Covid-19 antibody drug trials (todayonline)

 

[Zawgyi]

စကၤာပူ၏ Covid-19 ကုသေဆးေနာက္ဆံုးဆင့္ စမ္းသပ္မႈမ်ားကိုစတင္ျပဳလုပ္ျပီ

စကၤာပူအေျခစိုက္ ဇီဝနည္းပညာကုမၸဏီျဖစ္ေသာTychanသည္ က်န္းမာေရးသိပၸံအာဏာပိုင္အဖြဲ႔ (HAS) ထံမွ ခြင့္ျပဳခ်က္ရရွိျပီးေနာက္ Covid-19 လူနာမ်ားအတြက္ ပဋိပစၥည္းေဆးေနာက္ဆံုးဆင့္ စမ္းသပ္မႈမ်ားစတင္ျပဳလုပ္ေနျပီ ျဖစ္သည္။

အဆင့္ ၃ စမ္းသပ္မႈမ်ားကိုဒီဇင္ဘာ ၁၁ ရက္ကစတင္ခဲ့ျခင္းျဖစ္ျပီးမိမိဆႏၵအေလ်ာက္ စမ္းသပ္ခံမည့္သူ ၁၃၀၅ ဦးပါဝင္ၾကမည္ ျဖစ္သည္။

လက္ရွိအားျဖင့္ စမ္းသပ္ခံမည့္သူမ်ားစုေဆာင္းေနသည့္ ကာလျဖစ္သည္။ TY027ဟုအမည္ေပးထားသည့္ေဆးကိုစကၤာပူအေထြေထြေရာဂါကုေဆးရံုၾကီး (SGH) ႏွင့္ အမ်ဳိးသားတကၠသိုလ္ေဆးရံု (NUH) တို႔တြင္ စမ္းသပ္မႈမ်ား ျပဳလုပ္သြားမည္ ျဖစ္သည္။

စမ္းသပ္ခံမည့္ လူနာမ်ားသည္ စမ္းသပ္မႈတြင္ ပါဝင္ရန္ သင့္ေလ်ာ္မႈ ရွိ၊ မရွိကိုခ်န္ဂီအေထြေထြေဆးရံုၾကီး (Changi General Hospital ) ႏွင့္ ရွန္းကန္အေထြေထြေဆးရံုၾကီး (Sengkang General Hospital ) တို႔တြင္ စစ္ေဆးသြားမည္ ျဖစ္သည္။

စမ္းသပ္ခံရန္ သင့္ေလ်ာ္ပါက SGH (သို႔မဟုတ္) NUHေဆးရံုၾကီးမ်ားတြင္ လႊဲေျပာင္းကာစမ္းသပ္ခံရမည္ ျဖစ္သည္။

စကၤာပူတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဆးရံုတက္ရသူနည္းပါးျခင္းေၾကာင့္ အစၥေရးႏိုင္ငံရွိSheba Medical Centreကဲ့သို႔ ျပည္ပႏိုင္ငံမ်ားရွိေဆးရံုမ်ားလည္းပါဝင္မည္ ျဖစ္သည္။

TY027သည္ Covid-19 လူနာမ်ားကိုကုသရန္ ရည္ရြယ္ထုတ္လုပ္ျခင္းျဖစ္ျပီးေရာဂါျဖစ္ေပၚမႈ ေႏွးေကြးေစရန္ႏွင့္ ျပန္လည္က်န္းမာမႈ ျမန္ဆန္ေစရန္ ျဖစ္သည္။

ထို႔အျပင္ ကိုရိုနာဗိုင္းရပ္စ္ (Sars-CoV-2) ကူးစက္မႈမွ ယာယီအကာအကြယ္ေပးႏိုင္မည္လည္း ျဖစ္သည္။

ကူးစက္ေရာဂါ ပါရဂူOoiEngEong (ဇီဝနည္းပညာကုမၸဏီTychanကိုပူးတြဲတည္ေထာင္သူ) က သတင္းေထာက္မ်ားကိုေျပာၾကားရာတြင္ ကုမၸဏီအေနျဖင့္ အစၥေရးႏိုင္ငံအားမိတ္ဖက္အျဖစ္ ေရြးခ်ယ္ရျခင္းမွာစကၤာပူႏွင့္ တူညီသည့္ အေျခအေနမ်ားရွိေနျခင္းမွာေလ့လာမႈမ်ား ျပဳလုပ္ရန္ အခြင့္အလမ္းတစ္ရပ္ျဖစ္ေသာေၾကာင့္ ျဖစ္ေၾကာင္းေျပာၾကားသည္။

ပါေမာကၡ OoiEngEongသည္ Duke-NUS Medical School ၏ ေပၚေပါက္လာေနေသာကူးစက္ေရာဂါမ်ားစီမံကိန္းမွ လက္ေထာက္ညြန္ၾကားေရးမွဴးလည္း ျဖစ္သည္။

Tychanကုမၸဏီႏွင့္ ေဆြးေႏြးေနသည့္ အျခားႏိုင္ငံမ်ားကိုမူထုတ္ေဖာ္ေျပာၾကားမႈ မျပဳႏိုင္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ဖြင့္ေျပာ၍ မရေသာသေဘာတူညီခ်က္တစ္ရပ္ေၾကာင့္ျဖစ္ေၾကာင္းပါေမာကၡ Ooi က ေျပာသည္။

ကုသေဆးစမ္းသပ္ရန္ အဘယ္ေၾကာင့္ အျခားႏိုင္ငံမ်ားႏွင့္ ဆက္သြယ္ေနရသနည္းဟူျခင္းအေပၚ ပါေမာကၡ Ooi က ရွင္းျပရာတြင္ စကၤာပူသည္ Covid-19 ကိုေအာင္ျမင္စြာထိန္းခ်ဳပ္ထားႏိုင္ျပီျဖစ္ေသာေၾကာင့္ စမ္းသပ္ခံမည့္လူနာလံုေလာက္စြာမရွိသည့္အတြက္ ျဖစ္ေၾကာင္းရွင္းျပသည္။

ကုသေဆးစမ္းသပ္ခံမည့္သူမ်ားသည္ ေရာဂါလကၡဏာျပျပီးပထမ ၆ ရက္အတြင္းတြင္ရွိေသာ Covid-19 လူနာမ်ား ျဖစ္ရမည္ ျဖစ္သည္။

စကၤာပူတြင္ ကုသေဆးစမ္းသပ္ခံမည့္ လူနာမရွိေသာေၾကာင့္လည္းTychanကုမၸဏီ၏ အဆင့္ ၃ စမ္းသပ္မႈမ်ား ေႏွာင့္ေႏွးေနရျခင္းလည္း ျဖစ္သည္။

TY027ကုသေဆးကိုယခုႏွစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္ကတည္းကစတင္ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: S’pore biotech firm Tychan starts final phase of Covid-19 antibody drug trials (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service