လူရိုးခေါင်းတွေနဲ့ ပြုလုပ်ထားတဲ့ မက္ကဆီကိုကကြောက်မက်ဖွယ် မျှော်စင်ကြီး

လူရိုးခေါင်းတွေနဲ့ ပြုလုပ်ထားတဲ့ မက္ကဆီကိုကကြောက်မက်ဖွယ် မျှော်စင်ကြီး - Property News in Myanmar from iMyanmarHouse.com
14 Dec 2020 10:40 am တွင် တင်ခဲ့သည်
1755 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရှေးဟောင်းသုတေသနပညာရှင်များသည် မက္ကဆီကိုနိုင်ငံတွင် လူရိုးခေါင်းများဖြင့် တည်ဆောက်ထားသောAztecအင်ပါယာခေတ် (မက္ကဆီကိုနိုင်ငံရှိတောင်ကြားတစ်ခုတွင် အခြေတည်ခဲ့သောမက္ကဆီကန် အင်ဒီးယန်းတို့၏ ၁၆ ရာစုအစောပိုင်းအင်ပါယာကြီး) မျှော်စင်ကြီးကိုတူးဖော်တွေ့ရှိခဲ့ပြီးအဆိုပါမျှော်စင်ကြီးသည် ၁၄၀၀ ပြည့်လွန်ကာလများကဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မျှော်စင်ကြီး၏ အစိတ်အပိုင်းရာပေါင်းများစွာကိုယခင်ကတည်းကတူးဖော်တွေ့ရှိထားပြီးဖြစ်ပြီးယခုအခါ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဦးခေါင်းခွံခေါင်း ၁၁၉ ခုဖြင့် မြှုပ်နှံတည်ဆောက်ထားသည့် မျှော်စင် မျက်နှာစာအရှေ့ဘက်ခြမ်းကိုတူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းအမျိုးသားမနုဿဗေဒနှင့် သမိုင်းအင်စတီကျု (Inah) က ကြေညာသည်။

အချင်း ၅ မီတာ (၁၆ ဒသမ ၄ ပေ) ခန့်ရှိသောမျှော်စင်ကြီးကို ၂၀၁၇ ခုနှစ်တွင် ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ရှိခဲ့သည့် လူရိုးခေါင်းခွံနံရံသည် ၁၆ ရာစုအတွင်းမက္ကဆီကိုနှင့် ပီရူးတို့ကို ကျူးကျော်သိမ်းပိုက်ခဲ့ကြသည့် စပိန်နယ်မြေသစ် ရှာဖွေသူဟာနန် ကော်တက်စ် (HernánCortés)၏ လက်အောက်သို့ ၁၅၂၁ ခုနှစ်တွင် ကျရောက်ခဲ့ပြီးနောက် လူရိုးခေါင်းများစွာကို မြှုပ်နှံပြသထားခဲ့သည့် ကြီးမားသောလူရိုးခေါင်း ပြခန်း (Huey Tzompantli) ၏ အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟုယုံကြည်ရသည်။

(သုံ့ပန်းများနှင့် ယဇ်ပူဇော်ခံရသူတို့၏ ဦးခေါင်းများကို ကြီးမားသည့် စင်များ၊ နံရံတံတိုင်းများတွင် စီတန်းမြှုပ်နှံပြသမှုများကိုmesoamericaဟုခေါ်သောမြောက်အမေရိကတိုက်တစ်ဝန်းတွင် တွေ့ရှိနိုင်သည်။)

မက္ကဆီကိုနိုင်ငံ၏ မြို့တော်၊ မက္ကဆီကိုစီးတီးရှိရှေးဟောင်းသုတေသနနယ်မြေတစ်ခုဖြစ်သောTemplo Mayor တွင်ဆောက်လုပ်ခဲ့သော ကြီးမားလှသည့် Metropolitan Cathedralဘုရားကျောင်းအနီးတွင် ယခုတွေ့ရှိရသောဆလင်ဒါပုံမျှော်စင်ကြီးတည်ရှိခြင်း ဖြစ်သည်။

ရှေးခေတ် Aztecအင်ပါယာ၏ မြို့တော်ဖြစ်သောTenochtitlan( မျက်မှောက်ခေတ် မက္ကဆီကိုစီးတီး) တွင် တည်ရှိခဲ့သောအထင်ကရဘုရားကျောင်းတော်များတွင် Templo Mayor လည်းတစ်ခုအပါအဝင်ဖြစ်သည်။

“Templo Mayor ဟာ ကျွန်တော်တို့ကိုအံ့အားသင့်စရာတွေ ဆက်ပေးနေပါတယ်။ လူရိုးခေါင်း မြှုပ်နှံစီချယ်ပြသမှု Huey Tzompantliကိုတွေ့ရှိတာဟာကျွန်တော်တို့နိုင်ငံရဲ့ မကြာသေးမီနှစ်များအတွင်းအပြောင်မြောက်ဆုံးရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိချက်တွေ ထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာသံသယဖြစ်ဖွယ် မရှိပါဘူး”ဟုမက္ကဆီကိုယဉ်ကျေးမှုဝန်ကြီးAlejandra Frausto က ပြောကြားသည်။

ရှေးဟောင်းသုတေသနပညာရှင်တို့သည် အဆိုပါမျှော်စင်ကြီး၏ ဆောက်လုပ်ထားမှုတွင် ပါဝင်သောအပိုင်း ၃ ပိုင်းကိုဖော်ထုတ်နိုင်ခဲ့သည်။ မျှော်စင်ကြီးကိုဆောက်လုပ်ခဲ့သည်မှာ ၁၄၈၆ ခုနှစ်မှ ၁၅၀၂ ခုနှစ်ကြား ဖြစ်သည်။

မနုဿဗေဒပညာရှင်တို့ကမျှော်လင့်ခဲ့သည်မှာလူငယ် စစ်သည်တော် အမျိုးသားတို့၏ ဦးခေါင်းခွံများသာတွေ့ရဖွယ်ရှိသည်ဟုခန့်မှန်းခဲ့သော်လည်းအမျိုးသမီးများနှင့် ကလေးငယ်များ၏ ဦးခေါင်းခွံများကိုပါ ရှာဖွေတွေ့ရှိလာရသောကြောင့် Aztecအင်ပါယာခေတ်ကလူသားတို့ ယဇ်ပူဇော်မှုနှင့် ပတ်သက်ပြီးမေးခွန်းများပေါ်ပေါက်လာသည်။

“ဒီဦးခေါင်းခွံတွေထဲမှာစစ်သည်တော်တွေ ဘယ်လောက်ပါမယ်ဆိုတာ ကျွန်တော်တို့ မပြောနိုင်ပေမယ့် တချို့တွေကတော့ ယဇ်ပူဇော်ခံလိုက်ရတဲ့ သုံ့ပန်းတွေဖြစ်နိုင်ပါတယ်”ဟုရှေးဟောင်းသုတေသနပညာရှင် Raúl Barrera က ပြောသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tower of human skulls reveals grisly scale to archaeologists in Mexico City (the guardian)

 

[Zawgyi]

လူရိုးေခါင္းေတြနဲ႔ ျပဳလုပ္ထားတဲ့ မကၠဆီကိုကေၾကာက္မက္ဖြယ္ ေမွ်ာ္စင္ၾကီး

ေရွးေဟာင္းသုေတသနပညာရွင္မ်ားသည္ မကၠဆီကိုႏိုင္ငံတြင္ လူရိုးေခါင္းမ်ားျဖင့္ တည္ေဆာက္ထားေသာAztecအင္ပါယာေခတ္ (မကၠဆီကိုႏိုင္ငံရွိေတာင္ၾကားတစ္ခုတြင္ အေျခတည္ခဲ့ေသာမကၠဆီကန္ အင္ဒီးယန္းတို႔၏ ၁၆ ရာစုအေစာပိုင္းအင္ပါယာၾကီး) ေမွ်ာ္စင္ၾကီးကိုတူးေဖာ္ေတြ႔ရွိခဲ့ျပီးအဆိုပါေမွ်ာ္စင္ၾကီးသည္ ၁၄၀၀ ျပည့္လြန္ကာလမ်ားကေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

ေမွ်ာ္စင္ၾကီး၏ အစိတ္အပိုင္းရာေပါင္းမ်ားစြာကိုယခင္ကတည္းကတူးေဖာ္ေတြ႔ရွိထားျပီးျဖစ္ျပီးယခုအခါ အမ်ဳိးသား၊ အမ်ဳိးသမီးႏွင့္ ကေလးဦးေခါင္းခြံေခါင္း ၁၁၉ ခုျဖင့္ ျမွဳပ္ႏွံတည္ေဆာက္ထားသည့္ ေမွ်ာ္စင္ မ်က္ႏွာစာအေရွ႕ဘက္ျခမ္းကိုတူးေဖာ္ေတြ႔ရွိခဲ့ျခင္း ျဖစ္ေၾကာင္းအမ်ဳိးသားမႏုႆေဗဒႏွင့္ သမိုင္းအင္စတီက်ဳ (Inah) က ေၾကညာသည္။

အခ်င္း ၅ မီတာ (၁၆ ဒသမ ၄ ေပ) ခန္႔ရွိေသာေမွ်ာ္စင္ၾကီးကို ၂၀၁၇ ခုႏွစ္တြင္ ပထမဆံုးစတင္ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ယခုေတြ႔ရွိခဲ့သည့္ လူရိုးေခါင္းခြံနံရံသည္ ၁၆ ရာစုအတြင္းမကၠဆီကိုႏွင့္ ပီရူးတို႔ကို က်ဴးေက်ာ္သိမ္းပိုက္ခဲ့ၾကသည့္ စပိန္နယ္ေျမသစ္ ရွာေဖြသူဟာနန္ ေကာ္တက္စ္ (HernánCortés)၏ လက္ေအာက္သို႔ ၁၅၂၁ ခုႏွစ္တြင္ က်ေရာက္ခဲ့ျပီးေနာက္ လူရိုးေခါင္းမ်ားစြာကို ျမွဳပ္ႏွံျပသထားခဲ့သည့္ ၾကီးမားေသာလူရိုးေခါင္း ျပခန္း (Huey Tzompantli) ၏ အစိတ္အပိုင္းတစ္ခုျဖစ္မည္ဟုယုံၾကည္ရသည္။

(သံု႔ပန္းမ်ားႏွင့္ ယဇ္ပူေဇာ္ခံရသူတို႔၏ ဦးေခါင္းမ်ားကို ၾကီးမားသည့္ စင္မ်ား၊ နံရံတံတိုင္းမ်ားတြင္ စီတန္းျမွဳပ္ႏွံျပသမႈမ်ားကိုmesoamericaဟုေခၚေသာေျမာက္အေမရိကတိုက္တစ္ဝန္းတြင္ ေတြ႔ရွိႏိုင္သည္။)

မကၠဆီကိုႏိုင္ငံ၏ ျမိဳ႕ေတာ္၊ မကၠဆီကိုစီးတီးရွိေရွးေဟာင္းသုေတသနနယ္ေျမတစ္ခုျဖစ္ေသာTemplo Mayor တြင္ေဆာက္လုပ္ခဲ့ေသာ ၾကီးမားလွသည့္ Metropolitan Cathedralဘုရားေက်ာင္းအနီးတြင္ ယခုေတြ႔ရွိရေသာဆလင္ဒါပံုေမွ်ာ္စင္ၾကီးတည္ရွိျခင္း ျဖစ္သည္။

ေရွးေခတ္ Aztecအင္ပါယာ၏ ျမိဳ႕ေတာ္ျဖစ္ေသာTenochtitlan( မ်က္ေမွာက္ေခတ္ မကၠဆီကိုစီးတီး) တြင္ တည္ရွိခဲ့ေသာအထင္ကရဘုရားေက်ာင္းေတာ္မ်ားတြင္ Templo Mayor လည္းတစ္ခုအပါအဝင္ျဖစ္သည္။

“Templo Mayor ဟာ ကၽြန္ေတာ္တို႔ကိုအံ့အားသင့္စရာေတြ ဆက္ေပးေနပါတယ္။ လူရိုးေခါင္း ျမွဳပ္ႏွံစီခ်ယ္ျပသမႈ Huey Tzompantliကိုေတြ႔ရွိတာဟာကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ မၾကာေသးမီႏွစ္မ်ားအတြင္းအေျပာင္ေျမာက္ဆံုးေရွးေဟာင္းသုေတသနရွာေဖြေတြ႔ရွိခ်က္ေတြ ထဲမွာတစ္ခုအပါအဝင္ျဖစ္တယ္ဆိုတာသံသယျဖစ္ဖြယ္ မရွိပါဘူး”ဟုမကၠဆီကိုယဥ္ေက်းမႈဝန္ၾကီးAlejandra Frausto က ေျပာၾကားသည္။

ေရွးေဟာင္းသုေတသနပညာရွင္တို႔သည္ အဆိုပါေမွ်ာ္စင္ၾကီး၏ ေဆာက္လုပ္ထားမႈတြင္ ပါဝင္ေသာအပိုင္း ၃ ပိုင္းကိုေဖာ္ထုတ္ႏိုင္ခဲ့သည္။ ေမွ်ာ္စင္ၾကီးကိုေဆာက္လုပ္ခဲ့သည္မွာ ၁၄၈၆ ခုႏွစ္မွ ၁၅၀၂ ခုႏွစ္ၾကား ျဖစ္သည္။

မႏုႆေဗဒပညာရွင္တို႔ကေမွ်ာ္လင့္ခဲ့သည္မွာလူငယ္ စစ္သည္ေတာ္ အမ်ဳိးသားတို႔၏ ဦးေခါင္းခြံမ်ားသာေတြ႔ရဖြယ္ရွိသည္ဟုခန္႔မွန္းခဲ့ေသာ္လည္းအမ်ဳိးသမီးမ်ားႏွင့္ ကေလးငယ္မ်ား၏ ဦးေခါင္းခြံမ်ားကိုပါ ရွာေဖြေတြ႔ရွိလာရေသာေၾကာင့္ Aztecအင္ပါယာေခတ္ကလူသားတို႔ ယဇ္ပူေဇာ္မႈႏွင့္ ပတ္သက္ျပီးေမးခြန္းမ်ားေပၚေပါက္လာသည္။

“ဒီဦးေခါင္းခြံေတြထဲမွာစစ္သည္ေတာ္ေတြ ဘယ္ေလာက္ပါမယ္ဆိုတာ ကၽြန္ေတာ္တို႔ မေျပာႏိုင္ေပမယ့္ တခ်ဳိ႕ေတြကေတာ့ ယဇ္ပူေဇာ္ခံလုိက္ရတဲ့ သံု႔ပန္းေတြျဖစ္ႏိုင္ပါတယ္”ဟုေရွးေဟာင္းသုေတသနပညာရွင္ Raúl Barrera က ေျပာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tower of human skulls reveals grisly scale to archaeologists in Mexico City (the guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service