တရုတ်လေယာဉ်မောင်မယ်များ COVID-19 ကြောင့် သေးခံဝတ်ဆင်ကြရန် အကြံပြုခံရ
တရုတ်လေယာဉ်မောင်မယ်များ COVID-19 ကြောင့် သေးခံဝတ်ဆင်ကြရန် အကြံပြုခံရ - Property News in Myanmar from iMyanmarHouse.com
12 Dec 2020 11:49 am တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှ လေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူများသည် လေယာဉ်များပေါ်တွင် အမှုထမ်းများနှင့် ခရီးသည်များ ဘေးကင်းစေရန် နည်းလမ်းများကို ရှာဖွေလာကြသည်။
နိုဝင်ဘာ ၂၅ တွင် တရုတ်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAC) က နိုင်ငံ၏ လေကြာင်းလုပ်ငန်းအတွက် လမ်းညွှန်ချက်အသစ်များကို ထုတ်ပြန်ခဲ့သည်။
လေကြောင်းလိုင်းများအတွက် ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် နည်းပညာဆိုင်ရာလမ်းညွှန်ချက်များ (ဆဋ္ဌမအကြိမ်) ဟု အမည်ရသည့် လမ်းညွှန်ချက်တွင် လေဆိပ်များနှင့် လေယာဉ်ပေါ်တွင် ဆောင်ရွက်ရမည့် အကောင်းဆုံးသော (ရောဂါကာကွယ်ရန် တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်) သန့်ရှင်းရေးနည်းလမ်းများနှင့်ပတ်သက်သော အကြံပြုချက်များ ပါဝင်သည်။
ယင်းအကြံပြုချက်များအချက် တစ်ခုဖြစ်သော - လေယာဉ်မောင်မယ်များကဲ့သို့သော လေယာဉ်အမှုထမ်းများသည် သန့်စင်ခန်းအသုံးပြုစရာမလိုရန်အတွက် တစ်ခါသုံးသေးခံများကို ဝတ်ဆင်ကြရန် - အကြံပြုချက်က ကြားသိရသူအဖို့အား အံ့အားသင့်စရာဖြစ်စေပါသည်။
“လေယာဉ်အမှုထမ်းအဖွဲ့ဝင်များအနေဖြင့် ရောဂါကူးစက်မှုအန္တရာယ်များကို ရှောင်ရှားရန် အထူးအခြေအနေများမှတစ်ပါး သန့်စင်ခန်းအသုံးပြုမှ ရှောင်ကြဉ်ရန်နှင့် တစ်ခါသုံးသေးခံများ ဝတ်ဆင်ရန် အကြံပြုအပ်ပါသည်။” ဟု အဆိုပါလမ်းညွှန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ယင်းအကြံပြုချက်က အံ့ဩဖွယ်ဖြစ်နိုင်သော်လည်း လေယာဉ်ပေါ်တွင် သန့်စင်ခန်းများသည် ရောဂါပိုးများ ပြည့်နေသည့် နေရာဖြစ်နိုင်သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ဩဂုတ်တွင် အီတလီမှ တောင်ကိုရီးယားသို့ ခရီးသွားသည့် အမျိုးသမီးတစ်ဦးသည် ခရီးစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ ယင်းခရီးစဉ်အတွင်း သူမအနေဖြင့် N95 mask မဝတ်ဆင်ခဲ့သည့် တစ်ခုတည်းသောနေရာမှာ လေယာဉ်ပေါ်မှ သန့်စင်ခန်းဖြစ်သဖြင့် ယင်းနေရာသည် သူမရောဂါကူးစက်ခံခဲ့ရသည့်နေရာဖြစ်နိုင်ကြောင်း ယူဆခံခဲ့ရသည်။
ရောဂါကူးစက်မှုမြင့်မားနေသော နိုင်ငံများသို့နှင့်မှ လေယာဉ်ခရီးစဉ်များတွင် လိုက်ပါရသော လေယာဉ်အမှုထမ်းများအား ‘ဆေးကုသရာတွင်သုံးသည့် mask များ၊ ဆေးကုသရာတွင်သုံးသည့် အလွှာနှစ်လွှာပါသော တစ်ခါသုံးလက်အိတ်များ၊ လေကာရေကာမျက်မှန်များ (goggles) ၊ တစ်ခါသုံးဦးထုပ်များ၊ ရောဂါကာကွယ်ရေး တစ်ခါသုံးအဝတ်များနှင့် တစ်ခါသုံးဖိနပ်အကာများ’ ဝတ်ဆင်ကြရန်လည်း ၎င်းလမ်းညွှန်ချက်တွင် အကြံပြုထားကြောင်း သိရသည်။
လေယာဉ်ပေါ်မှ သန့်စင်ခန်းများ၏ ဒီဇိုင်းသည် COVID-19 မတိုင်ခင်ကတည်းက ရေပန်းစား‌သောအကြောင်းအရာတစ်ခုဖြစ်သည်။ သို့သော်လည်း COVID-19 က ၎င်းသန့်စင်ခန်းများနှင့်ပတ်သက်၍အဖြေသစ်များထွက်ပေါ်လာရန် ကြိုးပမ်းမှုများဖြစ်ပေါ်လာစေသည်။
လက်ဖြင့်ကိုင်တွယ်ရန်မလိုသည့် သန့်စင်ခန်းတံခါးသစ်ကို စမ်းသပ်တီထွင်နေကြောင်း ဂျပန်လေကြာင်းလိုင်း ANA က ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့ပြီး အသုံးပြုပြီးတိုင်း သန့်စင်ခန်းရောဂါပိုးများ၏ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ဆေးကြောပစ်ရန် ခရမ်းလွန်ရောင်ခြည်အသုံးပြုမည့် အလိုအလျောက်ဆေးကြောသည့် သန့်စင်ခန်းတစ်မျိုးအတွက် မူပိုင်ခွင့်ကို ကမ္ဘာ့အကြီးဆုံးလေယာဉ်၊ အာကာသယာဉ်၊ ဒုံးယာဉ်စသည့် တည်ဆောက်မှုနည်းပညာနှင့် ၎င်းယာဉ်များထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Boeing ကုမ္ပဏီက အောင်မြင်စွာ လျှောက်တင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China flight attendants advised to wear diapers for Covid protection (CNN)
[Zawgyi]
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
imyanmarmarket
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service