တိမ်ပင်လယ် ရှုခင်းအားကြည့်ရှုနိုင်မည့် ခရီးသွားအပန်းဖြေနေရာတစ်ခု နေပြည်တော်ပျဉ်းမနားမြို့နယ် အတွင်း တိုင်းရင်သားများနေထိုင်သည့် တောင်ပေါ်ကျေးရွာများတွင် ဖော်ဆောင်မည်

တိမ်ပင်လယ် ရှုခင်းအားကြည့်ရှုနိုင်မည့် ခရီးသွားအပန်းဖြေနေရာတစ်ခု နေပြည်တော်ပျဉ်းမနားမြို့နယ် အတွင်း တိုင်းရင်သားများနေထိုင်သည့် တောင်ပေါ်ကျေးရွာများတွင် ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
12 Dec 2020 10:26 am တွင် တင်ခဲ့သည်
2212 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကရင်၊ပအိုဝ်းနှင့်ကယန်းစသည့် တိုင်းရင်းသားအများစု နေထိုင် သော ကျေးရွာ(၁၁)ရွာဖြစ်သည့် ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ ဝေသာလီကျေးရွာ၊ ပြဒါးချောင်း ကျေးရွာနှင့် မြသီတာကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)၊ Trekking and Adventure Tourism နှင့် သဘာဝအခြေခံခရီးသွားများ ဆွဲဆောင်မှုရှိသော ခရီးစဉ်များ အဖြစ် ဆောင်ရွက်နိုင်စေရေး လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးမှသိရသည်။

အဆိုပါကျေးရွာများသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်-၂ ဦးမင်းသူ၊ ဟိုတယ်နှင့်ခရီးသွားလာ ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တို့သည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဒေါ်ယဉ်ယဉ်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသန်းစိုးအောင်နှင့် ဦးရည်မွန်၊နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဉက္ကဌ ဉီးကျော်မင်းထွန်း၊ နေပြည် တော် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွေး တို့ပါဝင်သော အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒီဇင်ဘာ ၉ ရက်ကသွားရောက်ခဲ့ကြကြောင်းသိရသည်။

ကော်မတီဝင်-၂ နှင့်အဖွဲ့သည် ၎င်းကျေးရွာများအနီးမှ မြင်တွေ့နိုင်သော ခရီးသွားဆွဲဆောင်မှု (၁) ခုဖြစ်သည့် တိမ်ပင်လယ် ရှုခင်းအားကြည့်ရှု၍ ခရီးသွားများအတွက် အပန်းဖြေနေရာတစ်ခု အဖြစ်ဆောင်ရွက်နိုင်စေရေးနှင့် အဆိုပါကျေးရွာများ အတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)၊ Trekking and Adventure Tourism နှင့် သဘာဝအခြေခံခရီးသွားများ ဆွဲဆောင်မှုရှိသော ခရီးစဉ်များအဖြစ် ဆောင်ရွက်နိုင်ရေး ဒေဒသခံများနှင့်တွေ့ဆုံခဲ့ ကြောင်းသိရသည်။

ဒေသခံများနှင့်တွေ့ဆုံရာတွင် ခရီးသွားလုပ်ငန်းဖော်ဆောင်ရာ၌ လုပ်ဆောင်ရမည့် အခြေခံသဘောတရားများ၊ ခရီးသွား လုပ်ငန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ ခရီးသွားအသိပညာများ၊ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး စသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရေးများနှင့် ခရီးသွားမှတဆင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေ ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြသီတာကျေးရွာရှိ (၇)ဆင့် ရေတံခွန်သို့လည်းကောင်း၊ ပြဒါးချောင်း ကျေးရွာအထက်ရှိ ညောင်လျှောက်ပင် သို့လည်းကောင်းသွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service