Pfizer ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ပုံအချက်အလက်များ ဟက်ကာတို့၏ ခိုးယူခြင်းခံရ

Pfizer ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ပုံအချက်အလက်များ ဟက်ကာတို့၏ ခိုးယူခြင်းခံရ - Property News in Myanmar from iMyanmarHouse.com
11 Dec 2020 11:18 am တွင် တင်ခဲ့သည်
624 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer နှင့် ၎င်း၏ ဂျာမနီမှ မိတ်ဖက်ကုမ္ပဏီ BioNTech တို့က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်မှာ ၎င်းတို့၏ Covid-19 ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် တရားမဝင် ဝင်ရောက်ရယူခြင်းခံခဲ့ရကြောင်း ထုတ်ပြန်သည်။

ဥရောပသမဂ္ဂအတွက် ဆေးဝါးနှင့် ကာကွယ်ဆေးများကို စိစစ်အကဲဖြတ်ပေးသည့်အဖွဲ့ဖြစ်သော ဥရောပ ဆေးဝါးအေဂျင်စီ (EMA) အား ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မရှိချေ။

ကာကွယ်ဆေးထိုးရာတွင် ပါဝင်စမ်းသပ်ခံခဲ့သူတို့၏ ကိုယ်ရေးအချက်အလက်များကို အသုံးချကာ အပေးအယူလုပ်ခြင်းခံရမည်ဟု မထင်ကြောင်း၊ ယခုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် ကာကွယ်ဆေးအပေါ် သုံးသပ်နေမှုများ ထိခိုက်စေမည်မဟုတ်ဟု EMA က မိမိတို့အား ပြောကြားထားကြောင်း Pfizer နှင့် BioNTech တို့က ထုတ်ပြန်သည်။

“ဒီတိုက်ခိုက်မှု ဘယ်အချိန်မှာ ဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်သူတွေလုပ်တယ်ဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး”

ကုမ္ပဏီ ၂ ခုက ထုတ်ပြန်ရာတွင် EMA က မိမိတို့အား အကြောင်းကြားလာသည်မှာ အေဂျင်စီအား ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရကြောင်း၊ Pfizer နှင့် BioNTech တို့၏ Covid-19 ကာကွယ်ဆေး အတည်ပြုခွင့်ရရှိရေးအတွက် တင်သွင်းထားသည့် စာရွက်စာတမ်းအချို့ကို ဝင်ရောက်ကြည့်ရှုခြင်း ခံခဲ့ရကြောင်း အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ကျွမ်းကျင်ပညာရှင်တို့က ပြောကြားရာတွင် အချို့သော စာရွက်စာတမ်းများသည် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အလျင်စလိုကြိုးပမ်း နေကြသည့် အခြားနိုင်ငံများနှင့် ကုမ္ပဏီများအတွက် အလွန်တန်ဖိုးရှိနိုင်ကြောင်း သုံးသပ်ကြသည်။

“ဒီလိုအဖွဲ့အစည်းမျိုးကို အချက်အလက်တွေ တင်သွင်းရတယ်ဆိုတာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ပုံ၊ ထိရောက်မှု၊ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေနဲ့ ထိန်းသိမ်းကိုင်တွယ်ပုံ လမ်းညွှန်ချက်တွေလိုမျိုးတွေ ဖြစ်ပါတယ်” ဟု COVID-19 နှင့် ဆက်နွှယ်သည့် ချိုးဖောက်မှုများ တိုက်ဖျက်ရေး အဖွဲ့တစ်ခုဖြစ်သော CTI-League ကို တည်ထောင်သူ Marc Rogers က ပြောကြားသည်။

ထို့အပြင် ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုတွင် ပူးပေါင်းပါဝင်နေသည့်အခြားအဖွဲ့အစည်းများ၏ အသေးစိတ်အချက်အလက်များ ကိုလည်း ပေးရကြောင်းနှင့် ကာကွယ်ဆေးထုတ်လုပ်ပုံနည်းလမ်းများကိုပါ ခိုးယူခြင်းခံခဲ့ရနိုင်ကြောင်း ပြောကြားသည်။

Pfizer-BioNTech ကာကွယ်ဆေးသည် ကမ္ဘာ့ကာကွယ်ဆေးကြိုးပမ်းမှုတွင် ထိပ်ဆုံးတွင်ဦးဆောင်နေပြီး ဗြိတိန်တွင် အဆိုပါကာကွယ်ဆေး ထိုးနှံမှုများ လုပ်ဆောင်နေပြီဖြစ်ကာ ဘာရိန်းနှင့် ကနေဒါတို့တွင်လည်း အရေးပေါ်အသုံးပြုခွင့်များ ရရှိထားသည်။

EMA က Pfizer ကာကွယ်ဆေးအား သုံးသပ်နေမှုကို ဒီဇင်ဘာ ၂၉ ရက်တွင် အပြီးသတ်မည်ဟု ပြောကြားထားသည်။

“စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ EMA အနေနဲ့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး”ဟု EMA က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hackers steal Pfizer/BioNTech Covid-19 vaccine data in Europe, companies say (Reuters)

 

[Zawgyi]

 

Pfizer ၏ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထုတ္လုပ္ပံုအခ်က္အလက္မ်ား ဟက္ကာတို႔၏ ခိုးယူျခင္းခံရ

အေမရိကန္ ေဆးဝါးကုမၸဏီၾကီး Pfizer ႏွင့္ ၎၏ ဂ်ာမနီမွ မိတ္ဖက္ကုမၸဏီ BioNTech တို႔က ဒီဇင္ဘာ ၉ ရက္တြင္ ထုတ္ျပန္ခဲ့သည္မွာ ၎တို႔၏ Covid-19 ကာကြယ္ေဆးထုတ္လုပ္မႈႏွင့္ ပတ္သက္သည့္ စာရြက္စာတမ္းမ်ားကို ဆိုက္ဘာတိုက္ခိုက္မႈျဖင့္ တရားမဝင္ ဝင္ေရာက္ရယူျခင္းခံခဲ့ရေၾကာင္း ထုတ္ျပန္သည္။

ဥေရာပသမဂၢအတြက္ ေဆးဝါးႏွင့္ ကာကြယ္ေဆးမ်ားကို စိစစ္အကဲျဖတ္ေပးသည့္အဖြဲ႔ျဖစ္ေသာ ဥေရာပ ေဆးဝါးေအဂ်င္စီ (EMA) အား ဆိုက္ဘာတိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ျပီး အေသးစိတ္အခ်က္အလက္မ်ားကိုမူ ထုတ္ျပန္ျခင္း မရွိေခ်။

ကာကြယ္ေဆးထိုးရာတြင္ ပါဝင္စမ္းသပ္ခံခဲ့သူတို႔၏ ကိုယ္ေရးအခ်က္အလက္မ်ားကို အသံုးခ်ကာ အေပးအယူလုပ္ျခင္းခံရမည္ဟု မထင္ေၾကာင္း၊ ယခုကဲ့သို႔ တိုက္ခိုက္ခံရမႈေၾကာင့္ ကာကြယ္ေဆးအေပၚ သံုးသပ္ေနမႈမ်ား ထိခိုက္ေစမည္မဟုတ္ဟု EMA က မိမိတို႔အား ေျပာၾကားထားေၾကာင္း Pfizer ႏွင့္ BioNTech တို႔က ထုတ္ျပန္သည္။

“ဒီတိုက္ခိုက္မႈ ဘယ္အခ်ိန္မွာ ဘယ္လိုျဖစ္ခဲ့တယ္၊ ဘယ္သူေတြလုပ္တယ္ဆိုတာကိုေတာ့ ခ်က္ခ်င္းမသိရေသးပါဘူး”

ကုမၸဏီ ၂ ခုက ထုတ္ျပန္ရာတြင္ EMA က မိမိတို႔အား အေၾကာင္းၾကားလာသည္မွာ ေအဂ်င္စီအား ဆိုက္ဘာတိုက္ခိုက္ခံခဲ့ရေၾကာင္း၊ Pfizer ႏွင့္ BioNTech တို႔၏ Covid-19 ကာကြယ္ေဆး အတည္ျပဳခြင့္ရရွိေရးအတြက္ တင္သြင္းထားသည့္ စာရြက္စာတမ္းအခ်ဳိ႕ကို ဝင္ေရာက္ၾကည့္ရႈျခင္း ခံခဲ့ရေၾကာင္း အေၾကာင္းၾကားခဲ့သည္ဟု ဆိုသည္။

ကၽြမ္းက်င္ပညာရွင္တို႔က ေျပာၾကားရာတြင္ အခ်ဳိ႕ေသာ စာရြက္စာတမ္းမ်ားသည္ ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ အလ်င္စလိုၾကိဳးပမ္း ေနၾကသည့္ အျခားႏိုင္ငံမ်ားႏွင့္ ကုမၸဏီမ်ားအတြက္ အလြန္တန္ဖိုးရွိႏိုင္ေၾကာင္း သံုးသပ္ၾကသည္။

“ဒီလိုအဖြဲ႔အစည္းမ်ဳိးကို အခ်က္အလက္ေတြ တင္သြင္းရတယ္ဆိုတာ ကာကြယ္ေဆးနဲ႔ ပတ္သက္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ျဖစ္ပါတယ္။ သူ႔ရဲ႕ လုပ္ေဆာင္ပံု၊ ထိေရာက္မႈ၊ ေဘးထြက္ဆိုးက်ဳိးအႏၱရာယ္ေတြနဲ႔ ထိန္းသိမ္းကိုင္တြယ္ပံု လမ္းညႊန္ခ်က္ေတြလိုမ်ဳိးေတြ ျဖစ္ပါတယ္” ဟု COVID-19 ႏွင့္ ဆက္ႏႊယ္သည့္ ခ်ဳိးေဖာက္မႈမ်ား တိုက္ဖ်က္ေရး အဖြဲ႔တစ္ခုျဖစ္ေသာ CTI-League ကို တည္ေထာင္သူ Marc Rogers က ေျပာၾကားသည္။

ထို႔အျပင္ ကာကြယ္ေဆး ထုတ္လုပ္ျဖန္႔ျဖဴးမႈတြင္ ပူးေပါင္းပါဝင္ေနသည့္အျခားအဖြဲ႔အစည္းမ်ား၏ အေသးစိတ္အခ်က္အလက္မ်ား ကိုလည္း ေပးရေၾကာင္းႏွင့္ ကာကြယ္ေဆးထုတ္လုပ္ပံုနည္းလမ္းမ်ားကိုပါ ခိုးယူျခင္းခံခဲ့ရႏိုင္ေၾကာင္း ေျပာၾကားသည္။

Pfizer-BioNTech ကာကြယ္ေဆးသည္ ကမၻာ့ကာကြယ္ေဆးၾကိဳးပမ္းမႈတြင္ ထိပ္ဆံုးတြင္ဦးေဆာင္ေနျပီး ျဗိတိန္တြင္ အဆိုပါကာကြယ္ေဆး ထိုးႏွံမႈမ်ား လုပ္ေဆာင္ေနျပီျဖစ္ကာ ဘာရိန္းႏွင့္ ကေနဒါတို႔တြင္လည္း အေရးေပၚအသံုးျပဳခြင့္မ်ား ရရွိထားသည္။

EMA က Pfizer ကာကြယ္ေဆးအား သံုးသပ္ေနမႈကို ဒီဇင္ဘာ ၂၉ ရက္တြင္ အျပီးသတ္မည္ဟု ေျပာၾကားထားသည္။

“စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနခ်ိန္မွာ EMA အေနနဲ႔ အေသးစိတ္အခ်က္အလက္ေတြ ထုတ္ျပန္ႏိုင္ျခင္း မရွိေသးပါဘူး”ဟု EMA က ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hackers steal Pfizer/BioNTech Covid-19 vaccine data in Europe, companies say (Reuters)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service