တရုတ်၏ နိုင်ငံပိုင် COVID-19 ကာကွယ်ဆေးက (၈၆) ရာခိုင်နှုန်း ထိရောက်မှုရှိဟု ယူအေအီးထုတ်ပြန်

တရုတ်၏ နိုင်ငံပိုင် COVID-19 ကာကွယ်ဆေးက (၈၆) ရာခိုင်နှုန်း ထိရောက်မှုရှိဟု ယူအေအီးထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
11 Dec 2020 10:38 am တွင် တင်ခဲ့သည်
1307 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံပိုင် ဆေးကုမ္ပဏီ China National Pharmaceutical Group Corporation (Sinopharm) မှ တီထွင်ထားသည့် လက်တွေ့စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးသည် COVID-19 ကူးစက်မှုမှ ကာကွယ်ရာတွင် ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ယူအေအီးနိုင်ငံ (အာရပ်စော်ဘွားများပြည်ထောင်စု) ၏ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ တွင် ထုတ်ပြန်ခဲ့သည်။

ထိုကာကွယ်ဆေးရလဒ်များသည် ယူအေအီး၌ ဇူလိုင်တွင် စတင်ခဲ့သည့် နောက်ဆုံးလက်တွေ့စမ်းသပ်မှုအဆင့်၏ ကြားဖြတ်စိတ်ဖြာလေ့လာချက်အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနမှ ထုတ်လွှင့်ပြန်ကြားပေးခဲ့သည့် အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

၎င်းထုတ်ပြန်ချက်တွင် အသေးစိတ်အချက်အလက်အနည်းငယ်သာ ပါဝင်သော်လည်း Sinopharm ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော China National Biotec Group (CNBG) မှ တီထွင်သည့် ထိုတရုတ်ကာကွယ်ဆေး၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ပထမဆုံးအကြိမ်လူသိရှင်ကြားထုတ်ပြန်သည့် သတင်းအချက်အလက်ဖြစ်သည်။

ယူအေအီးက ထိုကာကွယ်ဆေးအား ၎င်းတို့နိုင်ငံတွင် COVID-19 ရှေ့တန်းဝန်ထမ်းများအတွက် အရေးပေါ်အသုံးပြုရန်အတွက် စက်တင်ဘာကတည်းက အတည်ပြုခဲ့ပြီးဖြစ်သည်။

ထိုကာကွယ်ဆေးအား တရားဝင်မှတ်ပုံတင်ခြင်းသည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ခုခံတွန်းလှန်တိုက်ထုတ်ရန် အဓိကအဆင့်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသော်လည်း ယင်းတရားဝင်မှတ်ပုံတင်နှင့်ပတ်သက်၍ အခြားအသေးစိတ်အချက်အလက်မဖော်ပြခဲ့ပေ။

လက်တွေ့စမ်းသပ်မှုများတွင် ယူအေအီးရှိ လူမျိုး ၁၂၅ မျိုးမှ လူပေါင်း ၃၁,၀၀၀ ဦးက ၎င်းတို့ဆန္ဒအလျောက်ပါဝင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ စေတနာ့အစီအစဉ်တစ်ရပ်အရ မကြာသေးမီအထိ ယူအေအီးမှ လူ ၁ သိန်းနီးပါးသည် ကာကွယ်ဆေးထိုးနှံမှုကို ခံယူပြီးဖြစ်ကြောင်း ယူအေအီးကျန်းမာရေးတာဝန်ရှိသူတစ်ဦးဖြစ်သူ ဂျမဲလ်အယ်လ်ကာဘီက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

စမ်းသပ်မှုများအတွင်း ထိုကာကွယ်ဆေးကို ယူအေအီးဒုသမ္မတနှင့် ဝန်ကြီးချုပ် ရှိတ်ခ်မိုဟာမက်ဘင်ရာရှစ်အယ်လ်မက်ခ်တွမ်က နိုဝင်ဘာ ၃ တွင် ထိုးနှံခံခဲ့သည့် ဓာတ်ပုံကို ၎င်း၏ တရားဝင်တွစ်တာအကောင့်တွင် ထိုနေ့ကပင် တွေ့မြင်ခဲ့ရသည်။

တရုတ်၏ ပုဂ္ဂလိကပိုင် ဆေးကုမ္ပဏီ Sinovac မှ တီထွင်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည်လည်း ၉၇ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင်ဆေးကုမ္ပဏီ Bio Farma က တွေ့ရှိထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံထက်မနည်း၌ နောက်ဆုံးလက်တွေ့စမ်းသပ်မှုအဆင့်များသို့ ရောက်ရှိနေပြီဖြစ်သည့် (ဆေးကုမ္ပဏီ ၄ ခု မှ) COVID-19 ကာကွယ်ဆေး ၅ မျိုးရှိနေသော တရုတ်တွင် Sinopharm နှင့် Sinovac တို့သည် COVID-19 ကာကွယ်ဆေးများ များမကြာမီဖြန့်ဝေတော့မည့် တရုတ်ထိပ်တန်းဆေးကုမ္ပဏီနှစ်ခုဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China's Sinopharm vaccine has 86% efficacy against Covid-19, says UAE (CNN)

 

[Zawgyi]

တ႐ုတ္၏ ႏိုင္ငံပိုင္ COVID-19 ကာကြယ္ေဆးက (၈၆) ရာခိုင္ႏႈန္း ထိေရာက္မႈ႐ွိဟု ယူေအအီးထုတ္ျပန္

တ႐ုတ္ႏိုင္ငံပိုင္ ေဆးကုမၸဏီ China National Pharmaceutical Group Corporation (Sinopharm) မွ တီထြင္ထားသည့္ လက္ေတြ႕စမ္းသပ္ဆဲ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးတစ္မ်ိဳးသည္ COVID-19 ကူးစက္မႈမွ ကာကြယ္ရာတြင္ ၈၆ ရာခိုင္ႏႈန္း ထိေရာက္မႈ႐ွိေၾကာင္း ယူေအအီးႏိုင္ငံ (အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု) ၏ က်န္းမာေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၉ တြင္ ထုတ္ျပန္ခဲ့သည္။

ထိုကာကြယ္ေဆးရလဒ္မ်ားသည္ ယူေအအီး၌ ဇူလိုင္တြင္ စတင္ခဲ့သည့္ ေနာက္ဆုံးလက္ေတြ႕စမ္းသပ္မႈအဆင့္၏ ၾကားျဖတ္စိတ္ျဖာေလ့လာခ်က္အေပၚ အေျခခံထားျခင္းျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းဌာနမွ ထုတ္လႊင့္ျပန္ၾကားေပးခဲ့သည့္ အဆိုပါထုတ္ျပန္ခ်က္အရ သိရသည္။

၎ထုတ္ျပန္ခ်က္တြင္ အေသးစိတ္အခ်က္အလက္အနည္းငယ္သာ ပါဝင္ေသာ္လည္း Sinopharm ၏ လက္ေအာက္ခံကုမၸဏီတစ္ခုျဖစ္ေသာ China National Biotec Group (CNBG) မွ တီထြင္သည့္ ထိုတ႐ုတ္ကာကြယ္ေဆး၏ စြမ္းေဆာင္ရည္ႏွင့္ပတ္သက္၍ ပထမဆုံးအႀကိမ္လူသိ႐ွင္ၾကားထုတ္ျပန္သည့္ သတင္းအခ်က္အလက္ျဖစ္သည္။

ယူေအအီးက ထိုကာကြယ္ေဆးအား ၎တို႔ႏိုင္ငံတြင္ COVID-19 ေ႐ွ႕တန္းဝန္ထမ္းမ်ားအတြက္ အေရးေပၚအသုံးျပဳရန္အတြက္ စက္တင္ဘာကတည္းက အတည္ျပဳခဲ့ၿပီးျဖစ္သည္။

ထိုကာကြယ္ေဆးအား တရားဝင္မွတ္ပုံတင္ျခင္းသည္ ကမ႓ာ့ကပ္ေရာဂါ COVID-19 ကို ခုခံတြန္းလွန္တိုက္ထုတ္ရန္ အဓိကအဆင့္တစ္ခုျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါ႐ွိေသာ္လည္း ယင္းတရားဝင္မွတ္ပုံတင္ႏွင့္ပတ္သက္၍ အျခားအေသးစိတ္အခ်က္အလက္မေဖာ္ျပခဲ့ေပ။

လက္ေတြ႕စမ္းသပ္မႈမ်ားတြင္ ယူေအအီး႐ွိ လူမ်ိဳး ၁၂၅ မ်ိဳးမွ လူေပါင္း ၃၁,၀၀၀ ဦးက ၎တို႔ဆႏၵအေလ်ာက္ပါဝင္ခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့သည္။ ေစတနာ့အစီအစဥ္တစ္ရပ္အရ မၾကာေသးမီအထိ ယူေအအီးမွ လူ ၁ သိန္းနီးပါးသည္ ကာကြယ္ေဆးထိုးႏွံမႈကို ခံယူၿပီးျဖစ္ေၾကာင္း ယူေအအီးက်န္းမာေရးတာဝန္႐ွိသူတစ္ဦးျဖစ္သူ ဂ်မဲလ္အယ္လ္ကာဘီက CNN သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

စမ္းသပ္မႈမ်ားအတြင္း ထိုကာကြယ္ေဆးကို ယူေအအီးဒုသမၼတႏွင့္ ဝန္ႀကီးခ်ဳပ္ ႐ွိတ္ခ္မိုဟာမက္ဘင္ရာ႐ွစ္အယ္လ္မက္ခ္တြမ္က ႏိုဝင္ဘာ ၃ တြင္ ထိုးႏွံခံခဲ့သည့္ ဓာတ္ပုံကို ၎၏ တရားဝင္တြစ္တာအေကာင့္တြင္ ထိုေန႔ကပင္ ေတြ႕ျမင္ခဲ့ရသည္။

တ႐ုတ္၏ ပုဂၢလိကပိုင္ ေဆးကုမၸဏီ Sinovac မွ တီထြင္သည့္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသည္လည္း ၉၇ ရာခိုင္ႏႈန္းအထိ ထိေရာက္မႈ႐ွိေၾကာင္း အင္ဒိုနီး႐ွားႏိုင္ငံပိုင္ေဆးကုမၸဏီ Bio Farma က ေတြ႕႐ွိထားေၾကာင္း သိရသည္။

လက္႐ွိတြင္ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံထက္မနည္း၌ ေနာက္ဆုံးလက္ေတြ႕စမ္းသပ္မႈအဆင့္မ်ားသို႔ ေရာက္႐ွိေနၿပီျဖစ္သည့္ (ေဆးကုမၸဏီ ၄ ခု မွ) COVID-19 ကာကြယ္ေဆး ၅ မ်ိဳး႐ွိေနေသာ တ႐ုတ္တြင္ Sinopharm ႏွင့္ Sinovac တို႔သည္ COVID-19 ကာကြယ္ေဆးမ်ား မ်ားမၾကာမီျဖန္႔ေဝေတာ့မည့္ တ႐ုတ္ထိပ္တန္းေဆးကုမၸဏီႏွစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China's Sinopharm vaccine has 86% efficacy against Covid-19, says UAE (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service