ဗြိတိန်တွင် Pfizer ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်မှုများ ဖြစ်ပွားရာဓာတ်မတည့်သည့် ကျန်းမာရေးသမိုင်းရှိသူများကိုကာကွယ်ဆေးထိုးမပေးရန် လမ်းညွှန်
ဗြိတိန်တွင် Pfizer ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်မှုများ ဖြစ်ပွားရာဓာတ်မတည့်သည့် ကျန်းမာရေးသမိုင်းရှိသူများကိုကာကွယ်ဆေးထိုးမပေးရန် လမ်းညွှန် - Property News in Myanmar from iMyanmarHouse.com
10 Dec 2020 11:18 am တွင် တင်ခဲ့သည်
8841 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်၏ ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးထိုးနှံမှု စီမံကိန်းမှာ ၂၄ နာရီအတွင်းတွင်ပင် ပြဿနာများပေါ်လာသည်။
အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန (NHS) မှ ဝန်ထမ်း ၂ ဦးသည် ကာကွယ်ဆေးထိုးခံပြီးနောက် ဓာတ်မတည့်မှုများ ဖြစ်ပွားရာဆေးဝါး (သို့မဟုတ်) အစားအစာများနှင့် ပတ်သက်ပြီးဓာတ်မတည့်တတ်သူများအနေဖြင့် Pfizer ကာကွယ်ဆေးမထိုးကြရန် ပြောကြားရမှုများ ဖြစ်ပေါ်လာသည်။
ကာကွယ်ဆေးထိုးမခံရမည့်သူပမာဏကိုအတိအကျမသိရသေးသော်လည်း ဗြိတိန်တွင် ဓာတ်မတည့်သည့်ရောဂါများရှိပြီး ဖြစ်ပွားပါကဆေးဝါးကုသခံရသည်အထိအခြေအနေပြင်းထန်သူ ၇ သန်းနှင့်အထက်ရှိသည်ဟု NHS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဓာတ်မတည့်သည့်ဝေဒနာရှိသူ ဗြိတိန်ပြည်သူ ၂၅၀၀၀၀ ခန့်မှာEpiPenကိုအမြဲဆောင်ထားကြရသည်။
ဗြိတိန်၏ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များကွပ်ကဲရေးအေဂျင်စီ(MHRA) က ဗြိတိန်တဝန်းတွင် ကာကွယ်ဆေးထိုးနှံပေးမှုများလုပ်ဆောင်နေသည့် NHS အဖွဲ့ ၅၀ လုံးသို့ ကြိုတင်သတိပေးလမ်းညွှန်ချက် ထုတ်ပြန်ခဲ့ရာဓာတ်မတည့်သည့် ကျန်းမာရေးမှတ်တမ်းရှိသူမည်သူကိုမဆိုကာကွယ်ဆေးထိုးမပေးသင့်ကြောင်းလမ်းညွန်လိုက်သည်။
NHS ၏ အမျိုးသားဆေးပညာညွှန်ကြားရေးမှူး ပါမောက္ခ စတီဖန် ပိုဝစ်ကပြောရာတွင် “MHRA က ကြိုတင်သတိပေးလမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်မတည့်တဲ့ ကျန်းမာရေးမှတ်တမ်းရှိတဲ့သူတွေကိုဒီကာကွယ်ဆေးမထိုးသင့်ကြောင်းလမ်းညွှန်ခဲ့တယ်။ မနေ့ကဓာတ်မတည့်တဲ့ ကျန်းမာရေးမှတ်တမ်းရှိသူ ၂ ဦးဟာဆိုးကျိုးလက္ခဏာတွေ ပြသခဲ့တယ်။ ၂ ယောက်လုံးဟာ ပြန်လည်သက်သာနေကြပါပြီ” ဟုပြောသည်။
အမည်မသိရသည့် အဆိုပါကျန်းမာရေးဝန်ထမ်း ၂ ဦးသည် ဗြိတိန်၏ အကြီးမားဆုံးကာကွယ်ဆေးထိုးစီမံကိန်းပထမနေ့တွင် ကာကွယ်ဆေးထိုးပြီးချင်းဓာတ်မတည့်သည့်လက္ခဏာများ ပြသခဲ့ကာကုသမှုများခံယူခဲ့ရပြီး ပြန်လည်သက်သာသွားကြသည်။
ယင်းသို့ ဓာတ်မတည့်မှု ဖြစ်ရပ် ၂ ခုပေါ်ပေါက်ခဲ့သော်လည်း ဗြိတိန်အစိုးရကကာကွယ်ဆေးထိုးမှုများဆက်လက်လုပ်ဆောင်နေပြီး ဗြိတိန်နိုင်ငံတစ်ဝန်းတွင် တစ်ရက်လျှင် လူပေါင်း ၅၀၀၀ မှ ၇၀၀၀ ကြားကာကွယ်ဆေးထိုးပေးလျက်ရှိသည်။
ဗြိတိန်ရှိဆေးရုံများတွင် Pfizer ကာကွယ်ဆေးအလုံးရေ ၈၀၀၀၀၀ ကျော် ရောက်ရှိနေပြီးဖြစ်ပြီးသန်းပေါင်းများစွာဆက်လက်ရရှိဦးမည် ဖြစ်သည်။
NHS မှ ဝန်ထမ်း ၂ ဦးသည် ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်သည့်လက္ခဏာတစ်မျိုးဖြစ်သောanaphylactoid reaction ခံစားခဲ့ရသည်။ အဆိုပါလက္ခဏာမှာဓာတ်မတည့်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်စေသည်အထိဖြစ်နိုင်သောရုတ်တရက်သွေးပေါင်ထိုးကျခြင်း၊ သွေးလန့်ခြင်း (anaphylaxis) လက္ခဏာလောက်ကားမပြင်းထန်ချေ။ ဖြစ်ပေါ်နိုင်သည့် လက္ခဏာများမှာအင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာအမ်းခြင်း၊ သွေးပေါင်ကျခြင်းအစရှိသည်တို့ဖြစ်နိုင်ကြောင်း NHS က ပြောကြားသည်။
ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်နိုင်သည့် ဓာတ်မတည့် လက္ခဏာများ
အဖြစ်အများဆုံး (၁၀ ဦးလျှင် ၁ ဦးနှင့်အထက်ဖြစ်နိုင်ချေရှိ)
• ဆေးထိုးလိုက်သည့်နေရာတွင် နာကျင်နေခြင်း
• မောပန်းခြင်း
• ကြွက်သားနာကျင်ခြင်း
• ချမ်းစိမ့်ခြင်း
• အဆစ်အမြစ်ကိုက်ခြင်း
• ဖျားခြင်း
• ခေါင်းကိုက်ခြင်း
အဖြစ်များ (၁၀ ဦးလျှင် ၁ ဦးအထက်)
• ဆေးထိုးထားသည့်နေရာယောင်ရမ်းခြင်း
• ဆေးထိုးထားသည့်နေရာနီမြန်းနေခြင်း
• မအီမသာဖြစ်ခြင်း
အဖြစ်နည်းသည့်လက္ခဏာ(လူ ၁၀၀ လျှင် ၁ ဦးဖြစ်နိုင်)
• ပြန်ရည်ကြိတ်ကြီးထွားလာမှု
• နေရထိုင်ရမကောင်းသည်ဟုခံစားရခြင်း
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warning over UK vaccine rollout as two NHS staff given jab suffer 'anaphylactic reaction': Regulators urge people with history of 'significant' allergies NOT to have Pfizer injection - just 24 hours after Britain's mass inoculation kicked of (dailymail)
[Zawgyi]
• မောပန်းခြင်း
• ကြွက်သားနာကျင်ခြင်း
• ချမ်းစိမ့်ခြင်း
• အဆစ်အမြစ်ကိုက်ခြင်း
• ဖျားခြင်း
• ခေါင်းကိုက်ခြင်း
• မအီမသာဖြစ်ခြင်း
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service