တူရကီနှင့် ဘရာဇီးတို့က တရုတ်ပြည်ထုတ် Covid-19 ကာကွယ်ဆေးကို အသုံးပြုမည်ဟုဆို

တူရကီနှင့် ဘရာဇီးတို့က တရုတ်ပြည်ထုတ် Covid-19 ကာကွယ်ဆေးကို အသုံးပြုမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
9 Dec 2020 3:58 pm တွင် တင်ခဲ့သည်
802 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ခံရသည့် နိုင်ငံများတွင် ပါဝင်သော တူရကီနှင့် ဘရာဇီးတို့သည် တရုတ်ပြည်မှ Sinovac Biotech ကုမ္ပဏီထုတ် Covid-19 ကာကွယ်ဆေးကို အသုံးပြုရန် စီစဉ်နေကြသည်။

Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ဟု အမည်ပေးထားသည့် ကာကွယ်ဆေးသည် လက်ရှိအားဖြင့် အဆင့် ၃ စမ်းသပ်မှုများ ပြုလုပ်နေသည့် ကာကွယ်ဆေး ဖြစ်သည်။

တူရကီ ကျန်းမာရေးဝန်ကြီး ဖာရက်တင်း ကိုဂျာ (Fahrettin Koca) က ကာကွယ်ဆေးစီမံကိန်းကို ကြေညာခဲ့ရာ တရုတ်ပြည်ထုတ် CoronaVac ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

တူရကီသည် CoronaVac ကာကွယ်ဆေး သန်း ၅၀ ဝယ်ယူရန် Sinovac နှင့် သဘောတူညီချက် ရရှိထားသည်။

ကာကွယ်ဆေး ပထမအသုတ်သည် တူရကီသို့ ဒီဇင်ဘာ ၁၁ နောက်ပိုင်းတွင် ရောက်ရှိမည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးက ပြောရာတွင် အဆိုပါကာကွယ်ဆေးကို တူရကီရှိ ဓာတ်ခွဲခန်းများတွင် ဘေးကင်းမှုရှိကြောင်း အတည်ပြုခြင်းနှင့် အဆင့် ၃ စမ်းသပ်မှုမှ ရလဒ်များကို စမ်းစစ်ခြင်းများ ပြုလုပ်ပြီးပါက ကာကွယ်ဆေးအသုံးပြုခွင့်ကို အတည်ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်းသာ အခြေအနေတွေ တိုးတက်လာမယ်ဆိုရင် တူရကီဟာ ကာကွယ်ဆေးထိုးနှံမှု ပထမဆုံးလုပ်ဆောင်နိုင်တဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။

တူရကီအပြင် ဘရာဇီးနိုင်ငံ၊ ဆောင်းပေါလို ပြည်နယ်၊ Butantan ဇီဝဆေးဝါးအင်စတီကျုကလည်း CoronaVac ကာကွယ်ဆေး ၁ သန်း လက်ခံရရှိထားပြီ ဖြစ်သည်။

ယင်းမှာ ဒုတိယအသုတ်ပို့လိုက်ခြင်းလည်း ဖြစ်သည်။ ပထမအသုတ် ကာကွယ်ဆေးအလုံးရေ ၁၂၀,၀၀၀ ကို နိုဝင်ဘာလ ၁၉ ရက်တွင် တရုတ်နိုင်ငံမှ သင်္ဘောတင်ပို့လိုက်မှုအား လက်ခံရရှိခဲ့သည်။ သို့သော် တရုတ်ပြည်ထုတ် CoronaVac ကာကွယ်ဆေးကို အသုံးပြုနိုင်ရန်အတွက် ဘရာဇီးမှ ပြည်ထောင်စု ကျန်းမာရေးဌာနဖြစ်သော Anvisa ၏ အတည်ပြုချက် လိုအပ်သေးသည်။

Sinovac အနေဖြင့် ကာကွယ်ဆေးစမ်းသပ်မှု ရလဒ်များကို ဒီဇင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်သွားမည်ဟု Butantan က မျှော်လင့်ထားသည်။

ဆောင်းပေါလို အုပ်ချုပ်ရေးမှူး João Doria က ပြောရာတွင် ဒီဇင်ဘာလအကုန်တွင် ၎င်း၏ပြည်နယ်သည် ကာကွယ်ဆေး ၆ သန်း လက်ခံရရှိရန်နှင့် ဇန်နဝါရီလလယ်တွင် နောက်ထပ် သန်း ၄၀ ရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားသည်။

CoronaVac ကာကွယ်ဆေးသည် ၂ ကြိမ်ထိုးရန် လိုအပ်သည့် ကာကွယ်ဆေး အမျိုးအစားဖြစ်ပြီး inactivated vaccine ဟုလည်း ခေါ်သည်။

ဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းတွင် မွေးမြူပြီးနောက် သုတ်သင်လိုက်ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်များကို ဘေးကင်းလုံခြုံစွာ မွေးမြူကာ သုတ်သင်ပြီးမှ ဗိုင်းရပ်စ်အသေကို အသုံးပြုသည့်နည်းလမ်းသည် အခြားပိုမိုဆန်းသစ်သည့်နည်းလမ်းများထက် အချိန်ကြာသည်။

ပြီးခဲ့သောလအတွင်း The Lancet ဆေးပညာဂျာနယ်တွင် တရုတ်ပြည်မှ Sinovac ကာကွယ်ဆေး၏ ထိရောက်မှု အတိုင်းအတာကို ကနဦး အဆင့် ၁ နှင့် အဆင့် ၂ စမ်းသပ်ချက်များအပေါ် အခြေခံပြီး လေ့လာသုံးသပ်ထားသည့် စာတမ်းတစ်ခု ဖော်ပြခဲ့သည်။

အဆိုပါလေ့လာမှုက ဖော်ပြသည်မှာ Sinovac ကာကွယ်ဆေး၏ ထိရောက်မှုမှာ အလယ်အလတ်အဆင့်ရှိကြောင်း၊ ကာကွယ်ဆေးထိုးပြီးလျှင် ထုတ်လုပ်ပေးသည့် ပဋိပစ္စည်းစွမ်းအားမှာ Covid-19 ပျောက်ကင်းသွားသော လူနာများတွင် တွေ့ရသည့် ပဋိပစ္စည်းများအောက် အားနည်းကြောင်း ဖော်ပြထားသည်။

အဆိုပါကာကွယ်ဆေး၏ အကာအကွယ်ပေးနိုင်မှု အတိုင်းအတာကို ဆက်လက်သုံးသပ်ရန် လိုသေးကြောင်း အဆိုပါလေ့လာချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Turkey, Brazil to Use Chinese COVID-19 Vaccine (learningenglish.voanews.com)

 

[Zawgyi]

တူရကီႏွင့္ ဘရာဇီးတို႔က တရုတ္ျပည္ထုတ္ Covid-19 ကာကြယ္ေဆးကို အသံုးျပဳမည္ဟုဆို

ကိုရိုနာဗိုင္းရပ္စ္ အဆိုးရြားဆံုး ကူးစက္ခံရသည့္ ႏိုင္ငံမ်ားတြင္ ပါဝင္ေသာ တူရကီႏွင့္ ဘရာဇီးတို႔သည္ တရုတ္ျပည္မွ Sinovac Biotech ကုမၸဏီထုတ္ Covid-19 ကာကြယ္ေဆးကို အသံုးျပဳရန္ စီစဥ္ေနၾကသည္။

Sinovac Biotech ကုမၸဏီမွ ထုတ္လုပ္ေသာ CoronaVac ဟု အမည္ေပးထားသည့္ ကာကြယ္ေဆးသည္ လက္ရွိအားျဖင့္ အဆင့္ ၃ စမ္းသပ္မႈမ်ား ျပဳလုပ္ေနသည့္ ကာကြယ္ေဆး ျဖစ္သည္။

တူရကီ က်န္းမာေရးဝန္ၾကီး ဖာရက္တင္း ကိုဂ်ာ (Fahrettin Koca) က ကာကြယ္ေဆးစီမံကိန္းကို ေၾကညာခဲ့ရာ တရုတ္ျပည္ထုတ္ CoronaVac ပါဝင္လာခဲ့ျခင္း ျဖစ္သည္။

တူရကီသည္ CoronaVac ကာကြယ္ေဆး သန္း ၅၀ ဝယ္ယူရန္ Sinovac ႏွင့္ သေဘာတူညီခ်က္ ရရွိထားသည္။

ကာကြယ္ေဆး ပထမအသုတ္သည္ တူရကီသို႔ ဒီဇင္ဘာ ၁၁ ေနာက္ပိုင္းတြင္ ေရာက္ရွိမည္ ျဖစ္သည္။

က်န္းမာေရးဝန္ၾကီးက ေျပာရာတြင္ အဆိုပါကာကြယ္ေဆးကို တူရကီရွိ ဓာတ္ခြဲခန္းမ်ားတြင္ ေဘးကင္းမႈရွိေၾကာင္း အတည္ျပဳျခင္းႏွင့္ အဆင့္ ၃ စမ္းသပ္မႈမွ ရလဒ္မ်ားကို စမ္းစစ္ျခင္းမ်ား ျပဳလုပ္ျပီးပါက ကာကြယ္ေဆးအသံုးျပဳခြင့္ကို အတည္ျပဳႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ ေမွ်ာ္မွန္းထားတဲ့အတိုင္းသာ အေျခအေနေတြ တိုးတက္လာမယ္ဆိုရင္ တူရကီဟာ ကာကြယ္ေဆးထိုးႏွံမႈ ပထမဆံုးလုပ္ေဆာင္ႏိုင္တဲ့ ႏိုင္ငံေတြထဲမွာ အပါအဝင္ျဖစ္လာမွာ ျဖစ္ပါတယ္” ဟု က်န္းမာေရးဝန္ၾကီးက ေျပာသည္။

တူရကီအျပင္ ဘရာဇီးႏိုင္ငံ၊ ေဆာင္းေပါလို ျပည္နယ္၊ Butantan ဇီဝေဆးဝါးအင္စတီက်ဳကလည္း CoronaVac ကာကြယ္ေဆး ၁ သန္း လက္ခံရရွိထားျပီ ျဖစ္သည္။

ယင္းမွာ ဒုတိယအသုတ္ပို႔လိုက္ျခင္းလည္း ျဖစ္သည္။ ပထမအသုတ္ ကာကြယ္ေဆးအလံုးေရ ၁၂၀,၀၀၀ ကို ႏိုဝင္ဘာလ ၁၉ ရက္တြင္ တရုတ္ႏိုင္ငံမွ သေဘၤာတင္ပို႔လုိက္မႈအား လက္ခံရရွိခဲ့သည္။ သို႔ေသာ္ တရုတ္ျပည္ထုတ္ CoronaVac ကာကြယ္ေဆးကို အသံုးျပဳႏိုင္ရန္အတြက္ ဘရာဇီးမွ ျပည္ေထာင္စု က်န္းမာေရးဌာနျဖစ္ေသာ Anvisa ၏ အတည္ျပဳခ်က္ လိုအပ္ေသးသည္။

Sinovac အေနျဖင့္ ကာကြယ္ေဆးစမ္းသပ္မႈ ရလဒ္မ်ားကို ဒီဇင္ဘာလ ၁၅ ရက္တြင္ ထုတ္ျပန္သြားမည္ဟု Butantan က ေမွ်ာ္လင့္ထားသည္။

ေဆာင္းေပါလို အုပ္ခ်ဳပ္ေရးမွဴး João Doria က ေျပာရာတြင္ ဒီဇင္ဘာလအကုန္တြင္ ၎၏ျပည္နယ္သည္ ကာကြယ္ေဆး ၆ သန္း လက္ခံရရွိရန္ႏွင့္ ဇန္နဝါရီလလယ္တြင္ ေနာက္ထပ္ သန္း ၄၀ ရရွိရႏ္ ေမွ်ာ္မွန္းထားေၾကာင္း ေျပာၾကားသည္။

CoronaVac ကာကြယ္ေဆးသည္ ၂ ၾကိမ္ထုိးရန္ လိုအပ္သည့္ ကာကြယ္ေဆး အမ်ဳိးအစားျဖစ္ျပီး inactivated vaccine ဟုလည္း ေခၚသည္။

ဗိုင္းရပ္စ္ကို ဓာတ္ခြဲခန္းတြင္ ေမြးျမဴျပီးေနာက္ သုတ္သင္လိုက္ျခင္းျဖစ္သည္။ ဗိုင္းရပ္စ္မ်ားကို ေဘးကင္းလံုျခံဳစြာ ေမြးျမဴကာ သုတ္သင္ျပီးမွ ဗိုင္းရပ္စ္အေသကို အသံုးျပဳသည့္နည္းလမ္းသည္ အျခားပိုမိုဆန္းသစ္သည့္နည္းလမ္းမ်ားထက္ အခ်ိန္ၾကာသည္။

ျပီးခဲ့ေသာလအတြင္း The Lancet ေဆးပညာဂ်ာနယ္တြင္ တရုတ္ျပည္မွ Sinovac ကာကြယ္ေဆး၏ ထိေရာက္မႈ အတိုင္းအတာကို ကနဦး အဆင့္ ၁ ႏွင့္ အဆင့္ ၂ စမ္းသပ္ခ်က္မ်ားအေပၚ အေျခခံျပီး ေလ့လာသံုးသပ္ထားသည့္ စာတမ္းတစ္ခု ေဖာ္ျပခဲ့သည္။

အဆိုပါေလ့လာမႈက ေဖာ္ျပသည္မွာ Sinovac ကာကြယ္ေဆး၏ ထိေရာက္မႈမွာ အလယ္အလတ္အဆင့္ရွိေၾကာင္း၊ ကာကြယ္ေဆးထိုးျပီးလွ်င္ ထုတ္လုပ္ေပးသည့္ ပဋိပစၥည္းစြမ္းအားမွာ Covid-19 ေပ်ာက္ကင္းသြားေသာ လူနာမ်ားတြင္ ေတြ႔ရသည့္ ပဋိပစၥည္းမ်ားေအာက္ အားနည္းေၾကာင္း ေဖာ္ျပထားသည္။

အဆိုပါကာကြယ္ေဆး၏ အကာအကြယ္ေပးႏိုင္မႈ အတိုင္းအတာကို ဆက္လက္သံုးသပ္ရန္ လိုေသးေၾကာင္း အဆိုပါေလ့လာခ်က္တြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Turkey, Brazil to Use Chinese COVID-19 Vaccine (learningenglish.voanews.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service