အိန္ဒိယတွင် ဆန်းကြယ်သောရောဂါတစ်မျိုးကူးစက်နေပြီးလူပေါင်း ၂၉၀ ကျော် ကူးစက်ခံထားရကာ ၁ ဦးသေဆုံးသွားပြီ

အိန္ဒိယတွင် ဆန်းကြယ်သောရောဂါတစ်မျိုးကူးစက်နေပြီးလူပေါင်း ၂၉၀ ကျော် ကူးစက်ခံထားရကာ ၁ ဦးသေဆုံးသွားပြီ - Property News in Myanmar from iMyanmarHouse.com
8 Dec 2020 11:55 am တွင် တင်ခဲ့သည်
13693 ကြိမ် ကြည့်ရှု့ပြီး

[Unicode] အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းအန်ဒရာပရာဒက်ရှ်ပြည်နယ်တွင် ဆန်းကြယ်သည့် ရောဂါတစ်မျိုးကူးစက်ပျံ့နှံ့နေပြီး ပြီးခဲ့သောတနင်္ဂနွေနေ့အထိလူပေါင်း ၂၉၂ ဦးဆေးရုံတင်ခဲ့ရကာ ၁ ဦးမှာအဆိုပါရောဂါဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။

(မှတ်ချက်။ CNN သတင်းဌာန၏ ဖော်ပြချက်တွင်မူလူဦးရေ ၃၀၀ ကျော်ဟုဖော်ပြသည်)

ရောဂါလက္ခဏာများမှာဝက်ရူးပြန်ရောဂါလက္ခဏာနှင့် ဆင်တူပြီးအိန္ဒိယသတင်းမီဒီယာများတွင် “ဆန်းပြားသည့်ရောဂါ”ဟုဖော်ပြကာသတိပေးရေးသားမှုများ ပြုလုပ်နေသည်။

ဖြစ်ပွားရာနေရာမှာအန်ဒရာပရာဒက်ရှ်ပြည်နယ်၊ အေလူးရူး (Eluru city) မြို့တွင်ဖြစ်သည်။

ရောဂါကူးစက်ခံရသူတို့သည် ခိုက်ခိုက်တုန် အဖျားတက်ခြင်း၊ ပါးစပ်မှ အမြှုပ်တစီစီထွက်ခြင်းနှင့် ပျို့အန်ခြင်းလက္ခဏာများ ပြသပြီးနောက် တက်ခြင်း (သို့မဟုတ်) သတိလစ်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်ဟုဆိုသည်။

Press Trust of Indiaသတင်းဌာန၏ ဖော်ပြချက်အရသေဆုံးသွားသူမှာအသက် ၄၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီးအေလူးရူးမြို့ရှိအစိုးရအထွေထွေဆေးရုံကြီးတွင် တနင်္ဂနွေနေ့ နံနက်ကဆေးရုံတက်ခဲ့ပြီးညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဆေးရုံတက်ခဲ့ရသူအများစုမှာလိုအပ်သောစမ်းသပ်စစ်ဆေးကုသမှုများ ပြုလုပ်ပေးပြီးနောက် အခြေအနေပြန်လည်ကောင်းမွန်ချိန်တွင် ဆေးရုံမှ ဆင်းခွင့်ပေးခဲ့သည်ဟုဆိုသည်။

လူနာ ၁၈၀ ကျော်မှာဆေးရုံဆင်းသွားပြီဖြစ်ပြီးကျန်သည့်လူနာများမှာလည်းစိုးရိမ်ရသည့် အခြေအနေမရှိတော့ချေ။

ဒေသတွင်းကျန်းမာရေးဌာနအရာရှိတို့၏ ပြောကြားချက်ကိုကိုးကားပြီးအဆိုပါသတင်းဌာနကဖော်ပြရာတွင် ဆရာဝန်တို့သည် လူနာတို့၏ သွေး၊ ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောမကြီးထဲမှ အရည်တို့ကိုစမ်းသပ်ချက်များအရသမားရိုးကျမဟုတ်သည့် လက္ခဏာများမတွေ့ရသောကြောင့် ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းကိုမသိကြကြောင်းဖော်ပြသည်။

ဆေးရုံတက်ခဲ့ရသည့် လူနာအားလုံးတွင် Covid-19 ရောဂါမရှိကြောင်းလည်းစစ်ဆေးတွေ့ရှိခဲ့သည်။

ကနဦးသွေးစစ်ချက်များအရသွေးလွန်တုပ်ကွေး (သို့မဟုတ်) ဆင်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှုလည်းမတွေ့ရကြောင်းအန်ဒရာပရာဒက်ရှ်ပြည်နယ် ကျန်းမာရေးဌာနကပြောကြားသည်။

ကျနာ်းမာရေးဝန်ထမ်းများ၏ ပြောကြားချက်ကိုကိုးကားပြီးIndia TV က သတင်းထုတ်လွှင့်ရာတွင် ဆေးရုံတက်ခဲ့ကြရသည့် လူနာတို့သည် တစ်ဦးနှင့်တစ်ဦးလည်းထိတွေ့ချိတ်ဆက်မှုများမရှိခဲ့ကြကြောင်း၊ ဥပမာအားဖြင့် အခမ်းအနားတစ်ခုကိုအတူတကွ ရောက်ရှိခဲ့ခြင်းမျိုးမရှိခဲ့ရာကျန်းမာရေးဝန်ထမ်းများမှာနားလည်ရခက်လျက်ရှိသည်ဟုဆိုသည်။

၎င်းတို့၏ လေ့လာတွေ့ရှိချက်အရသတိပြုမိသည့်အချက်တစ်ခုမှာဆေးရုံတက်ခဲ့ရသူအများစုမှာသက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဖြစ်နေခြင်း ဖြစ်သည်။

ပြည်နယ်အာဏာပိုင်တို့ကရေနမူနာများစစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်းရေတွင်လည်းအဆိပ်သင့်မှုများမတွေ့ရဟုဆိုသည်။

အိမ်ထောင်စုပေါင်း ၅၇၈၆၃ ထံမှ နမူနာများရယူပြီးမှုခင်းဆေးပညာဓာတ်ခွဲခန်းသို့ ပို့ဆောင်ပေးခဲ့သည်။

“ခုချိန်ထိတော့ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကိုမသိရသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အစားအစာတွေနဲ့ နွားနို့တွေ အပါအဝင် အားလုံးကိုစမ်းသပ်နေပါတယ်” ဟုအေလူးရူးမြို့ အနောက်ပိုင်းဂိုဒါဗာရီခရိုင်မှ ရဲအရာရှိဒိုလာ ဂျိုရှီရွိုင်ကပြောသည်။

All India Institute of Medical Sciences မှ ပါရဂူများနှင့် အခြားပြည်နယ်များမှ အာရုံကြောပါရဂူများသည် အာရုံကြောအဆိပ်သင့်မှု စမ်းသပ်မှုများဆက်လက်ပြုလုပ်ရန်အတွက် အေလူးရူးမြို့သို့ ရောက်ရှိနေကြသည်။

အန်ဒရာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ဝိုင်-အက်စ်- ဂျာဂန်မိုဟန် ရက်ဒီသည်လည်းလူနာများကိုတနင်္လာနေ့ကလာရောက် ကြည့်ရှု အားပေးခြင်းများ ပြုလုပ်သွားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New Mysterious Disease in India's Southeast Kills 1, Infects Over 290, Reports Say (Sputnik, CNN )

 

 

[Zawgyi]

အိႏိၵယတြင္ ဆန္းၾကယ္ေသာေရာဂါတစ္မ်ဳိးကူးစက္ေနျပီးလူေပါင္း ၂၉၀ ေက်ာ္ ကူးစက္ခံထားရကာ ၁ ဦးေသဆံုးသြားျပီ

အိႏိၵယႏိုင္ငံအေရွ႕ေတာင္ပိုင္းအန္ဒရာပရာဒက္ရွ္ျပည္နယ္တြင္ ဆန္းၾကယ္သည့္ ေရာဂါတစ္မ်ဳိးကူးစက္ပ်ံ႕ႏွံ႔ေနျပီး ျပီးခဲ့ေသာတနဂၤေႏြေန႔အထိလူေပါင္း ၂၉၂ ဦးေဆးရံုတင္ခဲ့ရကာ ၁ ဦးမွာအဆိုပါေရာဂါျဖင့္ ေသဆံုးသြားခဲ့ျပီျဖစ္သည္။

(မွတ္ခ်က္။ CNN သတင္းဌာန၏ ေဖာ္ျပခ်က္တြင္မူလူဦးေရ ၃၀၀ ေက်ာ္ဟုေဖာ္ျပသည္)

ေရာဂါလကၡဏာမ်ားမွာဝက္ရူးျပန္ေရာဂါလကၡဏာႏွင့္ ဆင္တူျပီးအိႏိၵယသတင္းမီဒီယာမ်ားတြင္ “ဆန္းျပားသည့္ေရာဂါ”ဟုေဖာ္ျပကာသတိေပးေရးသားမႈမ်ား ျပဳလုပ္ေနသည္။

ျဖစ္ပြားရာေနရာမွာအန္ဒရာပရာဒက္ရွ္ျပည္နယ္၊ ေအလူးရူး (Eluru city) ျမိဳ႕တြင္ျဖစ္သည္။

ေရာဂါကူးစက္ခံရသူတို႔သည္ ခိုက္ခိုက္တုန္ အဖ်ားတက္ျခင္း၊ ပါးစပ္မွ အျမွဳပ္တစီစီထြက္ျခင္းႏွင့္ ပ်ဳိ႕အန္ျခင္းလကၡဏာမ်ား ျပသျပီးေနာက္ တက္ျခင္း (သို႔မဟုတ္) သတိလစ္ျခင္းမ်ား ျဖစ္ေပၚေလ့ရွိသည္ဟုဆိုသည္။

Press Trust of Indiaသတင္းဌာန၏ ေဖာ္ျပခ်က္အရေသဆံုးသြားသူမွာအသက္ ၄၅ ႏွစ္အရြယ္ အမ်ဳိးသားျဖစ္ျပီးေအလူးရူးျမိဳ႕ရွိအစိုးရအေထြေထြေဆးရံုၾကီးတြင္ တနဂၤေႏြေန႔ နံနက္ကေဆးရံုတက္ခဲ့ျပီးညေနပိုင္းတြင္ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္သည္။

ေဆးရံုတက္ခဲ့ရသူအမ်ားစုမွာလိုအပ္ေသာစမ္းသပ္စစ္ေဆးကုသမႈမ်ား ျပဳလုပ္ေပးျပီးေနာက္ အေျခအေနျပန္လည္ေကာင္းမြန္ခ်ိန္တြင္ ေဆးရံုမွ ဆင္းခြင့္ေပးခဲ့သည္ဟုဆိုသည္။

လူနာ ၁၈၀ ေက်ာ္မွာေဆးရံုဆင္းသြားျပီျဖစ္ျပီးက်န္သည့္လူနာမ်ားမွာလည္းစိုးရိမ္ရသည့္ အေျခအေနမရွိေတာ့ေခ်။

ေဒသတြင္းက်န္းမာေရးဌာနအရာရွိတို႔၏ ေျပာၾကားခ်က္ကိုကိုးကားျပီးအဆိုပါသတင္းဌာနကေဖာ္ျပရာတြင္ ဆရာဝန္တို႔သည္ လူနာတို႔၏ ေသြး၊ ဦးေႏွာက္ႏွင့္ ေက်ာရိုးနာ့ဗ္ေၾကာမၾကီးထဲမွ အရည္တို႔ကိုစမ္းသပ္ခ်က္မ်ားအရသမားရိုးက်မဟုတ္သည့္ လကၡဏာမ်ားမေတြ႔ရေသာေၾကာင့္ ေရာဂါျဖစ္ရျခင္း၏ အေၾကာင္းရင္းကိုမသိၾကေၾကာင္းေဖာ္ျပသည္။

ေဆးရံုတက္ခဲ့ရသည့္ လူနာအားလံုးတြင္ Covid-19 ေရာဂါမရွိေၾကာင္းလည္းစစ္ေဆးေတြ႔ရွိခဲ့သည္။

ကနဦးေသြးစစ္ခ်က္မ်ားအရေသြးလြန္တုပ္ေကြး (သို႔မဟုတ္) ဆင္တုပ္ေကြးကဲ့သို႔ ဗိုင္းရပ္စ္ကူးစက္မႈလည္းမေတြ႔ရေၾကာင္းအန္ဒရာပရာဒက္ရွ္ျပည္နယ္ က်န္းမာေရးဌာနကေျပာၾကားသည္။

က်န္ားမာေရးဝန္ထမ္းမ်ား၏ ေျပာၾကားခ်က္ကိုကိုးကားျပီးIndia TV က သတင္းထုတ္လႊင့္ရာတြင္ ေဆးရံုတက္ခဲ့ၾကရသည့္ လူနာတို႔သည္ တစ္ဦးႏွင့္တစ္ဦးလည္းထိေတြ႔ခ်ိတ္ဆက္မႈမ်ားမရွိခဲ့ၾကေၾကာင္း၊ ဥပမာအားျဖင့္ အခမ္းအနားတစ္ခုကိုအတူတကြ ေရာက္ရွိခဲ့ျခင္းမ်ဳိးမရွိခဲ့ရာက်န္းမာေရးဝန္ထမ္းမ်ားမွာနားလည္ရခက္လ်က္ရွိသည္ဟုဆိုသည္။

၎တို႔၏ ေလ့လာေတြ႔ရွိခ်က္အရသတိျပဳမိသည့္အခ်က္တစ္ခုမွာေဆးရံုတက္ခဲ့ရသူအမ်ားစုမွာသက္ၾကီးရြယ္အိုမ်ားႏွင့္ ကေလးငယ္မ်ား ျဖစ္ေနျခင္း ျဖစ္သည္။

ျပည္နယ္အာဏာပိုင္တို႔ကေရနမူနာမ်ားစစ္ေဆးမႈ ျပဳလုပ္ခဲ့ေသာ္လည္းေရတြင္လည္းအဆိပ္သင့္မႈမ်ားမေတြ႔ရဟုဆိုသည္။

အိမ္ေထာင္စုေပါင္း ၅၇၈၆၃ ထံမွ နမူနာမ်ားရယူျပီးမႈခင္းေဆးပညာဓာတ္ခြဲခန္းသို႔ ပို႔ေဆာင္ေပးခဲ့သည္။

“ခုခ်ိန္ထိေတာ့ ေရာဂါျဖစ္ရတဲ့ အေၾကာင္းရင္းကိုမသိရေသးပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ အစားအစာေတြနဲ႔ ႏြားႏို႔ေတြ အပါအဝင္ အားလံုးကိုစမ္းသပ္ေနပါတယ္” ဟုေအလူးရူးျမိဳ႕ အေနာက္ပိုင္းဂိုဒါဗာရီခရိုင္မွ ရဲအရာရွိဒိုလာ ဂ်ဳိရွီရြိဳင္ကေျပာသည္။

All India Institute of Medical Sciences မွ ပါရဂူမ်ားႏွင့္ အျခားျပည္နယ္မ်ားမွ အာရံုေၾကာပါရဂူမ်ားသည္ အာရံုေၾကာအဆိပ္သင့္မႈ စမ္းသပ္မႈမ်ားဆက္လက္ျပဳလုပ္ရန္အတြက္ ေအလူးရူးျမိဳ႕သို႔ ေရာက္ရွိေနၾကသည္။

အန္ဒရာပရာဒက္ရွ္ျပည္နယ္ ဝန္ၾကီးခ်ဳပ္ ဝိုင္-အက္စ္- ဂ်ာဂန္မိုဟန္ ရက္ဒီသည္လည္းလူနာမ်ားကိုတနလၤာေန႔ကလာေရာက္ ၾကည့္ရႈ အားေပးျခင္းမ်ား ျပဳလုပ္သြားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New Mysterious Disease in India's Southeast Kills 1, Infects Over 290, Reports Say (Sputnik, CNN )

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service