အင်ဒိုနီးရှားသို့ Sinovac Biotech မှ ထုတ်လုပ်သော Covid-19 ကာကွယ်ဆေး တစ်သန်းကျော် ရောက်ရှိ

အင်ဒိုနီးရှားသို့ Sinovac Biotech မှ ထုတ်လုပ်သော Covid-19 ကာကွယ်ဆေး တစ်သန်းကျော် ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
8 Dec 2020 11:43 am တွင် တင်ခဲ့သည်
991 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်အခြေစိုက် ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော Covid-19 ကာကွယ်ဆေး ၁ ဒသမ ၂ သန်း ရောက်ရှိလာကြောင်း အင်ဒိုနီးရှားအစိုးရက ထုတ်ဖော်ကြေညာလိုက်သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော မိန့်ခွန်းတွင် ပြောကြားသည်မှာ နောက်ထပ် ကာကွယ်ဆေး ၁ ဒသမ ၈ သန်းမှာ ဇန်နဝါရီလ အစောပိုင်းတွင် ရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ အလွန်ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါ ဘုရားသခင်၊ ကာကွယ်ဆေး အခုရပြီဆိုတော့ Covid-19 ရောဂါပျံ့ပွားမှုကို ကျွန်တော်တို့ ချက်ချင်းထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု သမ္မတ ဝီဒိုဒိုက ပြောသည်။

အင်ဒိုနီးရှားအစိုးရသည် ကုန်ကြမ်းပုံစံအနေဖြင့် ရောက်ရှိလာမည့် Sinovac ထုတ် ကာကွယ်ဆေး သန်းပေါင်းများစွာကိုလည်း စောင့်ဆိုင်းနေသည်။ ကုန်ကြမ်းပုံစံရောက်ရှိလာမည့် ကာကွယ်ဆေးများကိုမူ အင်ဒိုနီးရှားအစိုးရပိုင် ဆေးဝါးကုမ္ပဏီဖြစ်သော PT Bio Farma က ဆက်လက်ထုတ်လုပ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

သို့သော် သမ္မတ ဝီဒိုဒိုက ပြောသည်မှာ အလုံးအရင်း ကာကွယ်ဆေးထိုးနှံမှုများ စတင်နိုင်ရေးအတွက် အင်ဒိုနီးရှား အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအေဂျင်စီ (FDCA) ထံမှ အရေးပေါ်အသုံးပြုခွင့်ရရှိရန် လိုအပ်သေးကြောင်း ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုများကို Sinovac ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး ယခုနှစ် သြဂုတ်လတွင် အနောက်ဂျာဗားရှိ ဘန်ဒေါင်းမြို့၌ မိမိဆန္ဒအလျောက် စမ်းသပ်ခံသူ ၁၆၂၀ ဦးအား ကာကွယ်ဆေး စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

အင်ဒိုနီးရှားအစိုးရသည် အခြားသော တရုတ် ဆေးဝါးကုမ္ပဏီများဖြစ်သော Sinopharm ၊ CanSino Biologics တို့နှင့်လည်း မိတ်ဖက်အဖြစ် လက်တွဲ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။

FDCA ၏ အကြီးအကဲ ပန်နီ လူကီတိုက ခန့်မှန်းရာတွင် Sinovac ၏ ကာကွယ်ဆေးကို တတိယဆင့် စမ်းသပ်မှုများမှ ကြားဖြတ်ရလဒ် များအပေါ် FDCA က သုံးသပ်ပြီးပါက ဇန်နဝါရီလ တတိယပတ် (သို့မဟုတ်) စတုတ္ထပတ်အတွင်း အရေးပေါ်အသုံးပြုခွင့် ရရှိနိုင်ကြောင်း ခန့်မှန်းပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 1.2M doses of China-made COVID vaccine arrive in Indonesia (AP)

 

[Zawgyi]

အင္ဒိုနီးရွားသို႔ Sinovac Biotech မွ ထုတ္လုပ္ေသာ Covid-19 ကာကြယ္ေဆး တစ္သန္းေက်ာ္ ေရာက္ရွိ

တရုတ္ျပည္အေျခစိုက္ ဇီဝေဆးဝါးကုမၸဏီ Sinovac Biotech မွ ထုတ္လုပ္ေသာ Covid-19 ကာကြယ္ေဆး ၁ ဒသမ ၂ သန္း ေရာက္ရွိလာေၾကာင္း အင္ဒိုနီးရွားအစိုးရက ထုတ္ေဖာ္ေၾကညာလိုက္သည္။

အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက ရုပ္ျမင္သံၾကားမွ ထုတ္လႊင့္ေသာ မိန္႔ခြန္းတြင္ ေျပာၾကားသည္မွာ ေနာက္ထပ္ ကာကြယ္ေဆး ၁ ဒသမ ၈ သန္းမွာ ဇန္နဝါရီလ အေစာပိုင္းတြင္ ေရာက္ရွိလာမည္ဟု ေမွ်ာ္လင့္ရေၾကာင္း ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ အလြန္ေက်းဇူးတင္ပါတယ္၊ ေက်းဇူးပါ ဘုရားသခင္၊ ကာကြယ္ေဆး အခုရျပီဆိုေတာ့ Covid-19 ေရာဂါပ်ံ႕ပြားမႈကို ကၽြန္ေတာ္တို႔ ခ်က္ခ်င္းထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္” ဟု သမၼတ ဝီဒိုဒိုက ေျပာသည္။

အင္ဒိုနီးရွားအစိုးရသည္ ကုန္ၾကမ္းပံုစံအေနျဖင့္ ေရာက္ရွိလာမည့္ Sinovac ထုတ္ ကာကြယ္ေဆး သန္းေပါင္းမ်ားစြာကိုလည္း ေစာင့္ဆိုင္းေနသည္။ ကုန္ၾကမ္းပံုစံေရာက္ရွိလာမည့္ ကာကြယ္ေဆးမ်ားကိုမူ အင္ဒိုနီးရွားအစိုးရပိုင္ ေဆးဝါးကုမၸဏီျဖစ္ေသာ PT Bio Farma က ဆက္လက္ထုတ္လုပ္မႈမ်ား ျပဳလုပ္သြားမည္ ျဖစ္သည္။

သို႔ေသာ္ သမၼတ ဝီဒိုဒိုက ေျပာသည္မွာ အလံုးအရင္း ကာကြယ္ေဆးထုိးႏွံမႈမ်ား စတင္ႏိုင္ေရးအတြက္ အင္ဒိုနီးရွား အစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရးေအဂ်င္စီ (FDCA) ထံမွ အေရးေပၚအသံုးျပဳခြင့္ရရွိရန္ လိုအပ္ေသးေၾကာင္း ေျပာၾကားသည္။

အင္ဒိုနီးရွားႏိုင္ငံသည္ ကာကြယ္ေဆး အဆင့္ ၃ စမ္းသပ္မႈမ်ားကို Sinovac ကုမၸဏီႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနခဲ့ျခင္းျဖစ္ျပီး ယခုႏွစ္ ၾသဂုတ္လတြင္ အေနာက္ဂ်ာဗားရွိ ဘန္ေဒါင္းျမိဳ႕၌ မိမိဆႏၵအေလ်ာက္ စမ္းသပ္ခံသူ ၁၆၂၀ ဦးအား ကာကြယ္ေဆး စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့သည္။

အင္ဒိုနီးရွားအစိုးရသည္ အျခားေသာ တရုတ္ ေဆးဝါးကုမၸဏီမ်ားျဖစ္ေသာ Sinopharm ၊ CanSino Biologics တို႔ႏွင့္လည္း မိတ္ဖက္အျဖစ္ လက္တြဲ လုပ္ေဆာင္ႏိုင္ရန္ ရည္ရြယ္ထားသည္။

FDCA ၏ အၾကီးအကဲ ပန္နီ လူကီတိုက ခန္႔မွန္းရာတြင္ Sinovac ၏ ကာကြယ္ေဆးကို တတိယဆင့္ စမ္းသပ္မႈမ်ားမွ ၾကားျဖတ္ရလဒ္ မ်ားအေပၚ FDCA က သံုးသပ္ျပီးပါက ဇန္နဝါရီလ တတိယပတ္ (သို႔မဟုတ္) စတုတၳပတ္အတြင္း အေရးေပၚအသံုးျပဳခြင့္ ရရွိႏိုင္ေၾကာင္း ခန္႔မွန္းေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 1.2M doses of China-made COVID vaccine arrive in Indonesia (AP)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service