ထိုင်းနိုင်ငံတွင် လာမည့် မေလ၌ တစ်နိုင်ငံလုံး COVID-19 ကာကွယ်ဆေးထိုးမည်

ထိုင်းနိုင်ငံတွင် လာမည့် မေလ၌ တစ်နိုင်ငံလုံး COVID-19 ကာကွယ်ဆေးထိုးမည် - Property News in Myanmar from iMyanmarHouse.com
6 Dec 2020 11:15 am တွင် တင်ခဲ့သည်
13191 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ထိုင်းနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးမည့် စီမံကိန်းမှာ ၂၀၂၁ ခုနှစ်၊ မေလတွင် စတင်မည်ဖြစ်ကြောင်းရောဂါထိန်းချုပ်ရေးဌာန (DDC) က ထုတ်ဖော်ကြေညာသည်။

ထိုင်းနိုင်ငံသည် ပြည်သူ ၁၃ သန်းကိုကာကွယ်ဆေးထိုးရန်အတွက် အောက်စ်ဖို့ဒ်တက္ကသိုလ် (AstraZeneca)၏ကာကွယ်ဆေး ၂၆ သန်းအားဘတ်ငွေ ၆ ဘီလီယံဖြင့် ဝယ်ယူရန် ပြီးခဲ့သောရက်သတ္တပတ်ကစာချုပ်ချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

အောက်စ်ဖို့တက္ကသိုလ်၏ ကာကွယ်ဆေးကိုထိုင်းနိုင်ငံတွင် ထိုးနှံခြင်းမပြုမီထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိအစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ ဆေးဝါးသိပ္ပံဌာနတို့မှ ဘေးကင်းမှုနှင့် အရည်အသွေးစစ်ဆေးမှုများကိုခံယူရဦးမည်ဖြစ်ကြောင်း DDC ၏ ညွှန်ကြားရေးမှူးချုပ် အိုပါ့စ် ကန်ကဝင်ဖုန်ကပြောသည်။

ဒုတိယအချက်အားဖြင့် ဆေးရုံကြီးများတွင် လူစုလူဝေးမဖြစ်စေရေးနှင့် လျင်မြန်စွာကာကွယ်ဆေးထိုးနှံပေးနိုင်ရေးတို့အတွက် DDC သည် ထိုင်းနိုင်ငံတစ်ဝန်းရှိခရိုင်ခွဲဆေးရုံပေါင်း ၁၀၀၀၀ ကျော်တွင် ကာကွယ်ဆေးထိုးဌာနများ ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။

ကာကွယ်ဆေး၏ အာနိသင်ကိုထိန်းထားနိုင်ရေးအတွက် အအေးခန်းသယ်ယူပို့ဆောင်ရေးစနစ်ကိုယခုအခါ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကာအရာရှိများကိုလည်းအလုံးအရင်းကာကွယ်ဆေးထိုးခြင်းစီမံချက်အတွက် လေ့ကျင့်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

ကာကွယ်ဆေးပထမဆုံးထိုးနှံပေးမည့်သူများမှာကျန်းမာရေးဝန်ထမ်းများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အားနည်း၍ အန္တရာယ်များသောအုပ်စုများကိုထိုးနှံပေးဖွယ်ရှိသည်။ ယင်းနောက်တွင် ဒေသတွင်းကျန်းမာရေးအဖွဲ့ကကာကွယ်ဆေးထိုးရန် စာရင်းပေးထားသူများကိုဆေးရုံများ (သို့မဟုတ်) ရွေ့လျားကျန်းမာရေးဌာနများသို့ ကာကွယ်ဆေးထိုးရန် ဆင့်ခေါ်မည် ဖြစ်သည်။

ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများစောင့်ကြည့်မည့် စီမံချက်ကိုမူ ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိဆောင်ရွက်သွားမည် ဖြစ်သည်။

သဘာဝအလျောက် ကိုယ်ခံအားမြင့်မားသူများအနေဖြင့်မူကာကွယ်ဆေးအဆောတလျင်ထိုးနှံရန် မလိုအပ်သေးကြောင်းလည်း ပြည်သူ့သတင်းအချက်အလက်ပေးရေးလှုပ်ရှားမှုဖြင့် ရှင်းပြသွားမည် ဖြစ်သည်။

ကာကွယ်ဆေးကိုအစိုးရစရိတ်ဖြင့် အခမဲ့ ထိုးပေးမည်ဖြစ်ကြောင်းလည်းကန်ကဝင်ဖုန်ကအတည်ပြုပြောကြားသည်။ ပုဂ္ဂလိကဆေးရုံများအနေဖြင့်မူကာကွယ်ဆေးထိုးနှံပေးခြင်းများကိုယ်ပိုင်ရယူဆောင်ရွက်နိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thailand to launch nationwide Covid-19 vaccination in May( The Nation/Asia News Network

 

[Zawgyi]

ထိုင္းႏိုင္ငံတြင္ လာမည့္ ေမလ၌ တစ္ႏိုင္ငံလံုး COVID-19 ကာကြယ္ေဆးထိုးမည္

ထိုင္းႏိုင္ငံတြင္ COVID-19 ကာကြယ္ေဆးထိုးမည့္ စီမံကိန္းမွာ ၂၀၂၁ ခုႏွစ္၊ ေမလတြင္ စတင္မည္ျဖစ္ေၾကာင္းေရာဂါထိန္းခ်ဳပ္ေရးဌာန (DDC) က ထုတ္ေဖာ္ေၾကညာသည္။

ထိုင္းႏိုင္ငံသည္ ျပည္သူ ၁၃ သန္းကိုကာကြယ္ေဆးထိုးရန္အတြက္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ (AstraZeneca)၏ကာကြယ္ေဆး ၂၆ သန္းအားဘတ္ေငြ ၆ ဘီလီယံျဖင့္ ဝယ္ယူရန္ ျပီးခဲ့ေသာရက္သတၱပတ္ကစာခ်ဳပ္ခ်ဳပ္လက္မွတ္ေရးထိုးခဲ့ျပီး ျဖစ္သည္။

ေအာက္စ္ဖို႔တကၠသိုလ္၏ ကာကြယ္ေဆးကိုထိုင္းႏိုင္ငံတြင္ ထိုးႏွံျခင္းမျပဳမီထိုင္းျပည္သူ႔က်န္းမာေရးဝန္ၾကီးဌာနလက္ေအာက္ရွိအစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန၊ ေဆးဝါးသိပၸံဌာနတို႔မွ ေဘးကင္းမႈႏွင့္ အရည္အေသြးစစ္ေဆးမႈမ်ားကိုခံယူရဦးမည္ျဖစ္ေၾကာင္း DDC ၏ ညႊန္ၾကားေရးမွဴးခ်ဳပ္ အိုပါ့စ္ ကန္ကဝင္ဖုန္ကေျပာသည္။

ဒုတိယအခ်က္အားျဖင့္ ေဆးရံုၾကီးမ်ားတြင္ လူစုလူေဝးမျဖစ္ေစေရးႏွင့္ လ်င္ျမန္စြာကာကြယ္ေဆးထိုးႏွံေပးႏိုင္ေရးတို႔အတြက္ DDC သည္ ထိုင္းႏိုင္ငံတစ္ဝန္းရွိခရိုင္ခြဲေဆးရံုေပါင္း ၁၀၀၀၀ ေက်ာ္တြင္ ကာကြယ္ေဆးထိုးဌာနမ်ား ၾကိဳတင္ျပင္ဆင္ရမည္ျဖစ္သည္။

ကာကြယ္ေဆး၏ အာနိသင္ကိုထိန္းထားႏိုင္ေရးအတြက္ အေအးခန္းသယ္ယူပို႔ေဆာင္ေရးစနစ္ကိုယခုအခါ ၾကိဳတင္ျပင္ဆင္ထားျပီး ျဖစ္ကာအရာရွိမ်ားကိုလည္းအလံုးအရင္းကာကြယ္ေဆးထိုးျခင္းစီမံခ်က္အတြက္ ေလ့က်င့္မႈမ်ား ျပဳလုပ္ေပးလ်က္ရွိသည္။

ကာကြယ္ေဆးပထမဆံုးထိုးႏွံေပးမည့္သူမ်ားမွာက်န္းမာေရးဝန္ထမ္းမ်ား၊ ကေလးငယ္မ်ား၊ သက္ၾကီးရြယ္အိုမ်ားႏွင့္ အားနည္း၍ အႏၱရာယ္မ်ားေသာအုပ္စုမ်ားကိုထိုးႏွံေပးဖြယ္ရွိသည္။ ယင္းေနာက္တြင္ ေဒသတြင္းက်န္းမာေရးအဖြဲ႔ကကာကြယ္ေဆးထိုးရန္ စာရင္းေပးထားသူမ်ားကိုေဆးရံုမ်ား (သို႔မဟုတ္) ေရြ႕လ်ားက်န္းမာေရးဌာနမ်ားသို႔ ကာကြယ္ေဆးထိုးရန္ ဆင့္ေခၚမည္ ျဖစ္သည္။

ကာကြယ္ေဆး၏ ေဘးထြက္ဆိုးက်ဳိးမ်ားေစာင့္ၾကည့္မည့္ စီမံခ်က္ကိုမူ ၂၀၂၁ ခုႏွစ္ ၊ ဇူလိုင္လမွ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအထိေဆာင္ရြက္သြားမည္ ျဖစ္သည္။

သဘာဝအေလ်ာက္ ကိုယ္ခံအားျမင့္မားသူမ်ားအေနျဖင့္မူကာကြယ္ေဆးအေဆာတလ်င္ထိုးႏွံရန္ မလိုအပ္ေသးေၾကာင္းလည္း ျပည္သူ႔သတင္းအခ်က္အလက္ေပးေရးလႈပ္ရွားမႈျဖင့္ ရွင္းျပသြားမည္ ျဖစ္သည္။

ကာကြယ္ေဆးကိုအစိုးရစရိတ္ျဖင့္ အခမဲ့ ထိုးေပးမည္ျဖစ္ေၾကာင္းလည္းကန္ကဝင္ဖုန္ကအတည္ျပဳေျပာၾကားသည္။ ပုဂၢလိကေဆးရံုမ်ားအေနျဖင့္မူကာကြယ္ေဆးထိုးႏွံေပးျခင္းမ်ားကိုယ္ပိုင္ရယူေဆာင္ရြက္ႏိုင္သည္ဟု ၎က ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thailand to launch nationwide Covid-19 vaccination in May( The Nation/Asia News Network

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service