မိန်းကလေးများကိုအဓမ္မကျင့်ရန် ယောက်ျားများငှားရမ်းထားပြီးရလာသည့်ကလေးများကိုရောင်းစားနေသည့် နေအိမ်အားရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း
မိန်းကလေးများကိုအဓမ္မကျင့်ရန် ယောက်ျားများငှားရမ်းထားပြီးရလာသည့်ကလေးများကိုရောင်းစားနေသည့် နေအိမ်အားရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း - Property News in Myanmar from iMyanmarHouse.com
4 Dec 2020 12:09 pm တွင် တင်ခဲ့သည်
5083 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နိုင်ဂျီးရီးယားနိုင်ငံတွင် တရားမဝင် ကိုယ်ဝန်ဆောင်ကလေးမွေးဖွားမှုများ ပြုလုပ်နေသည့် နေအိမ်တစ်လုံးကိုရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့ပြီးကလေး ၄ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၄ ဦးနှင့် အခြားအမျိုးသမီး ၂ ဦးပါဝင်သောလူ ၁၀ ဦးကိုကယ်တင်ခဲ့ကြောင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကပြောကြားသည်။
နိုင်ဂျီးရီးယားနိုင်ငံ၊ အနောက်တောင်ပိုင်းအိုဂန် ပြည်နယ်၊ မိုဝီအရပ်ရှိကလေးစက်ရုံဟုလူအများကခေါ်ဆိုနေကြသောနေအိမ်တစ်လုံးကိုရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။
“သတင်းပေးချက်အပေါ် ကိုင်တွယ်ဆောင်ရွက်တဲ့အနေနဲ့ ကျွန်တော်တို့လူတွေဟာတရားမဝင် ကိုယ်ဝန်ဆောင်မွေးဖွားနေတဲ့ အိမ်ကိုဝင်ရောက်စီးနင်းခဲ့ပြီးကလေး ၄ ဦးနဲ့ အမျိုးသမီး ၆ ဦးကိုကယ်တင်ခဲ့ပါတယ်။ အမျိုးသမီး ၆ ဦးအနက် ၄ ဦးကကိုယ်ဝန်ဆောင်တွေ ဖြစ်ပါတယ်” ဟုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အဘင်ဘိုးလာအိုယယမီကအေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။
ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ကပြောသည်မှာအမျိုးသမီးများကိုကိုယ်ဝန်တည်အောင်ပြုလုပ်ရန် ယခုအိမ်ပိုင်ရှင်ကအမျိုးသားများငှားရမ်းထားသည်ဟုကယ်တင်ခံရသောအမျိုးသမီးများကရဲတပ်ဖွဲ့အားပြောကြားကြောင်း၊ ထို့နောက်တွင် မွေးဖွားလာသောကလေးများကိုရောင်းစားကြကြောင်းပြောကြားသည်။
ယင်းသို့သောကလေးထုတ်လုပ်သည့်နေရာများသည် အများအားဖြင့် ပုဂ္ဂလိကဆေးခန်းအသွင်ယူထားသောတရားမဝင် အဆောက်အအုံငယ်လေးများဖြစ်ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးများထားရှိကာကလေးများကိုရောင်းချလေ့ရှိသည်။
အချို့သောဖြစ်ရပ်များတွင် အမျိုးသမီးငယ်များ၏ ဆန္ဒမပါဘဲအဓမ္မကျင့်ကာကလေးများကိုမှောင်ခိုဈေးကွက်တွင် ရောင်းချကြခြင်း ဖြစ်သည်။
အဘင်ဘိုးလာကပြောသည်မှာသံသယရှိသူ ၂ ဦးဖြစ်သောမသန်စွမ်းအမျိုးသားတစ်ဦးနှင့် ဆေးခန်းပိုင်ရှင်၏ သမီးတို့ကိုဖမ်းဆီးခဲ့ကြောင်းပြောကြားသည်။
“ပိုင်ရှင်ကတော့ ထွက်ပြေးသွားပါတယ်။ ဒါပေမယ့် သူမကိုဖမ်းဆီးပြီးတရားစွဲနိုင်ဖို့ ကျွန်တော်တို့ အပြင်းအထန်ကြိုးစားနေပါတယ်”
ပိုင်ရှင်ဖြစ်သူသည် ယခင်ကလည်းအလားတူပြစ်မှုမျိုးဖြင့်ပင် ဖမ်းဆီးခံရဖူးကြောင်းအဘင်ဘိုးလာကပြောသည်။
“သူ့ကိုဒီနှစ်အစောပိုင်းမှာဖမ်းဆီးခဲ့ပြီးလူကုန်ကူးမှုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူကအာမခံနဲ့ အမှုရင်ဆိုင်ရင်းသူ့ရဲ့ အလုပ်တွေကို ပြန်လုပ်နေတာ ဖြစ်ပါတယ်”
ယင်းသို့သောတရားမဝင် ကိုယ်ဝန်ဆောင်နေရာများကိုရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီးမှု ပြုလုပ်ရသည်မှာ နိုင်ဂျီးရီးယားတွင် အမြဲဖြစ်ပျက်နေသည့်အကြောင်းရပ်တစ်ခုဖြစ်ပြီးအထူးသဖြင့် နိုင်ငံ၏ တောင်ပိုင်းတွင် ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 10 rescued from Nigeria 'baby factory' (AFP)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service