ဘယ်လ်ဂျီယံ၏မြို့တော် ဘရပ်ဆဲရှိတိုက်ခန်းတစ်ခန်းတွင် Covid-19 ရောဂါရှိသူများစုဝေးကာလိင်ဆက်ဆံသည့်ပါတီပွဲကျင်းပ

ဘယ်လ်ဂျီယံ၏မြို့တော် ဘရပ်ဆဲရှိတိုက်ခန်းတစ်ခန်းတွင် Covid-19 ရောဂါရှိသူများစုဝေးကာလိင်ဆက်ဆံသည့်ပါတီပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
4 Dec 2020 11:33 am တွင် တင်ခဲ့သည်
12285 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဥရောပသမဂ္ဂ ရုံးချုပ်အခြေစိုက်ရာဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဒေးဗစ် မန်းဂျဲလီအမည်ရှိအမျိုးသားကလိင်ဆက်ဆံသည့် ပါတီပွဲတစ်ရပ်ကျင်းပခဲ့ရာတက်ရောက်သူ ၂၅ ဦးရှိခဲ့ပြီးဟန်ဂေရီနိုင်ငံမှ ဥရောပပါလီမန်အမတ်ဖြစ်သူဂျိုးဇက် ရှားယာပင်လျှင် ပါဝင်ခဲ့သည်။

လိင်ဆက်ဆံသည့် ပါတီပွဲတက်ရောက်သူအားလုံးမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူများ ဖြစ်သည့်အတွက် ပြဿနာတစုံတရာမရှိဟုမန်းဂျဲလီကယူဆသည်။

အသက် ၂၉ နှစ်အရွယ်ရှိသောမန်းဂျဲလီကသူ၏တိုက်ခန်းတွင် လိင်ဆက်ဆံသည့် ပါတီပွဲများပုံမှန်လက်ခံကျင်းပလေ့ရှိကြောင်းဘယ်လ်ဂျီယံအခြေစိုက် ဒတ်ချ်ဘာသာစကားဖြင့် ထုတ်ဝေသည့်သတင်းစာဖြစ်သည့် Het LaatsteNieuwsသို့ ပြောသည်။

သို့သော် တက်ရောက်လာသူများမှတစ်ဦးသည် ဥရောပပါလီမန်အမတ်တစ်ဦးဖြစ်သည်ကိုမသိခဲ့ကြောင်းမန်းဂျဲလီကပြောကြားသည်။

“သူက ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေတစ်ဦးပါ။ ကျွန်တော့်ရဲ့ ပါတီပွဲတွေမှာအမြဲတမ်းမိတ်ဆွေသူငယ်ချင်းနည်းနည်းပဲဖိတ်ပါတယ်။ သူငယ်ချင်းတွေကလည်းသူတို့ရဲ့ မိတ်ဆွေတချို့ ခေါ်လာလေ့ရှိတယ်။ ပြီးရင် ကျွန်တော်တို့ အတူတူပျော်ကြပါတယ်” ဟုမန်းဂျဲလီကဆိုသည်။

ဘယ်လ်ဂျီယံတွင် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတင်းကြပ်ထားမှုများအရသုံးသပ်မည်ဆိုလျှင် ၎င်း၏ပါတီပွဲလူစုလူဝေးလုပ်ခြင်းမှာတရားမဝင်သည်ကိုသိရှိကြောင်း၊ သို့သော် မိမိနှင့် လာရောက်သည့်ဧည့်သည်များအားလုံးအထူးဂရုစိုက်ကြကြောင်းမန်ဂျဲလီကပြောသည်။

“တက်ရောက်မယ့် ဧည့်သည်အားလုံးဟာ Covid-19 ကူးစက်ခံထားရသူဖြစ်ရမယ်။ ပြီးတော့ ရောဂါလက္ခဏာမပြသူလည်း ဖြစ်ရမယ်” ဟုမန်ဂျဲလီကသူ၏ ပါတီပွဲစည်းမျဉ်းကိုပြောပြသည်။

“ဒီအချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်သူငယ်ချင်းတွေ မညာဘူးလို့ ကျွန်တော်ယုံပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီလိုကျင်းပတာ ပြဿနာရှိတယ်လို့ မထင်ပါဘူး။ သူနာပြု ၂ ဦးလည်းပါတီပွဲမှာအသင့်ရှိပါတယ်။ အန္တရာယ်ရှိမယ်လို့ သူတို့ကလည်းမယူဆကြပါဘူး” ဟုမန်ဂျဲလီကဆိုသည်။

“ကျွန်တော်တို့ စကားနည်းနည်းပြောကြတယ်။ အရက်နည်းနည်းသောက်ကြတယ်။ ကော်ဖီဆိုင် တစ်ဆိုင်မှာလိုပါပဲ။ တခုတည်းသော ခြားနားချက်ကတော့ ကျွန်တော်တို့ ပါတီပွဲမှာကလိင်လည်းဆက်ဆံကြတယ်။ ဒါနဲ့ ပတ်သက်ပြီးဘာများအမှားရှိနေလဲ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့အားလုံးအရွယ်ရောက်ပြီးသူတွေပါ။ အရာအားလုံးကအပြန်အလှန်သဘောတူညီမှုနဲ့ ဖြစ်ပေါ်တာ ဖြစ်ပါတယ်” ဟုမန်ဂျဲလီက ဖြည့်စွက်ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များရောက်ရှိသွားချိန်တွင် အဆိုပါတိုက်ခန်း၌ လူ ၂၀ ကျော် တွေ့ရှိခဲ့သည်။

ဘရပ်ဆဲလ်ပြည်သူ့တရားရေးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရထိုပါတီပွဲတက်ရောက်သူတိုင်း၏ မှတ်ပုံတင်ကိုစစ်ဆေးခဲ့သည်ဟုဆိုသည်။

“မှတ်ပုံတင်တွေ ချက်ချင်းပြကြ…လို့ ရဲတွေကပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာကအောက်ခံဘောင်းဘီတောင် ဝတ်မထားကြဘူး။ မှတ်ပုံတင်ကိုဘယ်လိုများ ပြရမှာလဲ” ဟုမန်ဂျဲလီကပြောသည်။

ဟန်ဂေရီမှ ဥရောပပါလီမန်အမတ် ဂျိုးဇက် ရှားယာကအဆိုပါ ပါတီပွဲတွင် ရှိနေခဲ့ကြောင်းဝန်ခံခဲ့ပြီးကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများ ချိုးဖောက်မိသည့်အတွက် တောင်းပန်ချက် ထုတ်ပြန်ခဲ့ကာတာဝန်မှ နှုတ်ထွက်သွားခဲ့သည်။

အဆိုပါ ပါတီပွဲသို့ တက်ရောက်သူများသည် တစ်ဦးလျှင် ယူရို ၂၅၀ (မြန်မာကျပ်ငွေအားဖြင့် ၄ သိန်းနီးပါး) ဒဏ်ငွေ ပေးဆောင်ခဲ့ကြရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Guests ‘already had Covid-19,’ organiser of Brussels sex party says (brusselstimes)

 

[Zawgyi]

ဘယ္လ္ဂ်ီယံ၏ျမိဳ႕ေတာ္ ဘရပ္ဆဲရွိတိုက္ခန္းတစ္ခန္းတြင္ Covid-19 ေရာဂါရွိသူမ်ားစုေဝးကာလိင္ဆက္ဆံသည့္ပါတီပြဲက်င္းပ

ဥေရာပသမဂၢ ရံုးခ်ဳပ္အေျခစိုက္ရာဘယ္လ္ဂ်ီယံႏိုင္ငံ၊ ဘရပ္ဆဲလ္ျမိဳ႕တြင္ ေဒးဗစ္ မန္းဂ်ဲလီအမည္ရွိအမ်ဳိးသားကလိင္ဆက္ဆံသည့္ ပါတီပြဲတစ္ရပ္က်င္းပခဲ့ရာတက္ေရာက္သူ ၂၅ ဦးရွိခဲ့ျပီးဟန္ေဂရီႏိုင္ငံမွ ဥေရာပပါလီမန္အမတ္ျဖစ္သူဂ်ဳိးဇက္ ရွားယာပင္လွ်င္ ပါဝင္ခဲ့သည္။

လိင္ဆက္ဆံသည့္ ပါတီပြဲတက္ေရာက္သူအားလံုးမွာကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူမ်ား ျဖစ္သည့္အတြက္ ျပႆနာတစံုတရာမရွိဟုမန္းဂ်ဲလီကယူဆသည္။

အသက္ ၂၉ ႏွစ္အရြယ္ရွိေသာမန္းဂ်ဲလီကသူ၏တိုက္ခန္းတြင္ လိင္ဆက္ဆံသည့္ ပါတီပြဲမ်ားပံုမွန္လက္ခံက်င္းပေလ့ရွိေၾကာင္းဘယ္လ္ဂ်ီယံအေျခစိုက္ ဒတ္ခ်္ဘာသာစကားျဖင့္ ထုတ္ေဝသည့္သတင္းစာျဖစ္သည့္ Het LaatsteNieuwsသုိ႔ ေျပာသည္။

သို႔ေသာ္ တက္ေရာက္လာသူမ်ားမွတစ္ဦးသည္ ဥေရာပပါလီမန္အမတ္တစ္ဦးျဖစ္သည္ကိုမသိခဲ့ေၾကာင္းမန္းဂ်ဲလီကေျပာၾကားသည္။

“သူက ကၽြန္ေတာ့္သူငယ္ခ်င္းရဲ႕ မိတ္ေဆြတစ္ဦးပါ။ ကၽြန္ေတာ့္ရဲ႕ ပါတီပြဲေတြမွာအျမဲတမ္းမိတ္ေဆြသူငယ္ခ်င္းနည္းနည္းပဲဖိတ္ပါတယ္။ သူငယ္ခ်င္းေတြကလည္းသူတို႔ရဲ႕ မိတ္ေဆြတခ်ဳိ႕ ေခၚလာေလ့ရွိတယ္။ ျပီးရင္ ကၽြန္ေတာ္တို႔ အတူတူေပ်ာ္ၾကပါတယ္” ဟုမန္းဂ်ဲလီကဆိုသည္။

ဘယ္လ္ဂ်ီယံတြင္ ကိုရိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းတင္းၾကပ္ထားမႈမ်ားအရသံုးသပ္မည္ဆိုလွ်င္ ၎၏ပါတီပြဲလူစုလူေဝးလုပ္ျခင္းမွာတရားမဝင္သည္ကိုသိရွိေၾကာင္း၊ သို႔ေသာ္ မိမိႏွင့္ လာေရာက္သည့္ဧည့္သည္မ်ားအားလံုးအထူးဂရုစိုက္ၾကေၾကာင္းမန္ဂ်ဲလီကေျပာသည္။

“တက္ေရာက္မယ့္ ဧည့္သည္အားလံုးဟာ Covid-19 ကူးစက္ခံထားရသူျဖစ္ရမယ္။ ျပီးေတာ့ ေရာဂါလကၡဏာမျပသူလည္း ျဖစ္ရမယ္” ဟုမန္ဂ်ဲလီကသူ၏ ပါတီပြဲစည္းမ်ဥ္းကိုေျပာျပသည္။

“ဒီအခ်က္ေတြနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ့္သူငယ္ခ်င္းေတြ မညာဘူးလို႔ ကၽြန္ေတာ္ယံုပါတယ္။ ရိုးရိုးသားသားေျပာရမယ္ဆိုရင္ ဒီလိုက်င္းပတာ ျပႆနာရွိတယ္လို႔ မထင္ပါဘူး။ သူနာျပဳ ၂ ဦးလည္းပါတီပြဲမွာအသင့္ရွိပါတယ္။ အႏၱရာယ္ရွိမယ္လို႔ သူတို႔ကလည္းမယူဆၾကပါဘူး” ဟုမန္ဂ်ဲလီကဆိုသည္။

“ကၽြန္ေတာ္တို႔ စကားနည္းနည္းေျပာၾကတယ္။ အရက္နည္းနည္းေသာက္ၾကတယ္။ ေကာ္ဖီဆိုင္ တစ္ဆိုင္မွာလိုပါပဲ။ တခုတည္းေသာ ျခားနားခ်က္ကေတာ့ ကၽြန္ေတာ္တို႔ ပါတီပြဲမွာကလိင္လည္းဆက္ဆံၾကတယ္။ ဒါနဲ႔ ပတ္သက္ျပီးဘာမ်ားအမွားရွိေနလဲ ကၽြန္ေတာ္ မသိပါဘူး။ ကၽြန္ေတာ္တို႔အားလံုးအရြယ္ေရာက္ျပီးသူေတြပါ။ အရာအားလံုးကအျပန္အလွန္သေဘာတူညီမႈနဲ႔ ျဖစ္ေပၚတာ ျဖစ္ပါတယ္” ဟုမန္ဂ်ဲလီက ျဖည့္စြက္ေျပာၾကားသည္။

ရဲတပ္ဖြဲ႔ဝင္မ်ားေရာက္ရွိသြားခ်ိန္တြင္ အဆိုပါတိုက္ခန္း၌ လူ ၂၀ ေက်ာ္ ေတြ႔ရွိခဲ့သည္။

ဘရပ္ဆဲလ္ျပည္သူ႔တရားေရးဌာန၏ ထုတ္ျပန္ခ်က္တစ္ရပ္အရထိုပါတီပြဲတက္ေရာက္သူတိုင္း၏ မွတ္ပံုတင္ကိုစစ္ေဆးခဲ့သည္ဟုဆိုသည္။

“မွတ္ပံုတင္ေတြ ခ်က္ခ်င္းျပၾက…လို႔ ရဲေတြကေျပာတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔မွာကေအာက္ခံေဘာင္းဘီေတာင္ ဝတ္မထားၾကဘူး။ မွတ္ပံုတင္ကိုဘယ္လိုမ်ား ျပရမွာလဲ” ဟုမန္ဂ်ဲလီကေျပာသည္။

ဟန္ေဂရီမွ ဥေရာပပါလီမန္အမတ္ ဂ်ဳိးဇက္ ရွားယာကအဆိုပါ ပါတီပြဲတြင္ ရွိေနခဲ့ေၾကာင္းဝန္ခံခဲ့ျပီးကိုရိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းမ်ား ခ်ဳိးေဖာက္မိသည့္အတြက္ ေတာင္းပန္ခ်က္ ထုတ္ျပန္ခဲ့ကာတာဝန္မွ ႏႈတ္ထြက္သြားခဲ့သည္။

အဆိုပါ ပါတီပြဲသို႔ တက္ေရာက္သူမ်ားသည္ တစ္ဦးလွ်င္ ယူရို ၂၅၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၄ သိန္းနီးပါး) ဒဏ္ေငြ ေပးေဆာင္ခဲ့ၾကရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Guests ‘already had Covid-19,’ organiser of Brussels sex party says (brusselstimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service