သားဖြစ်သူကိုနေအိမ်တိုက်ခန်းအတွင်း နှစ်ပေါင်း ၃၀ နီးပါးပိတ်လှောင်ထားခဲ့သည့် မိခင် ဖမ်းဆီးခံရ
သားဖြစ်သူကိုနေအိမ်တိုက်ခန်းအတွင်း နှစ်ပေါင်း ၃၀ နီးပါးပိတ်လှောင်ထားခဲ့သည့် မိခင် ဖမ်းဆီးခံရ - Property News in Myanmar from iMyanmarHouse.com
3 Dec 2020 11:42 am တွင် တင်ခဲ့သည်
12350 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နေရာကားဆွီဒင်နိုင်ငံ၏ မြို့တော် ၊ စတော့ဟုမ်းမြို့ တောင်ဘက် ဟန်းနင်း (Haninge- ဆွီဒင်အသံထွက်အားဖြင့် ဟွန်နိယယ်) အရပ်ရှိတိုက်ခန်းတစ်ခန်းတွင်ဖြစ်ပြီးဆွီဒင်နိုင်ငံသူမိခင်ကသားဖြစ်သူအား ၂၈ နှစ်ကြာပိတ်လှောင်ထားခဲ့ခြင်းဖြစ်ကြောင်းဆွီဒင်နိုင်ငံထုတ် ညနေခင်းသတင်းစာတစ်စောင်ဖြစ်သောExpressenတွင် ဖော်ပြသည်။
သားဖြစ်သူမှာအသက် ၄၀ ကျော်အရွယ်ရှိနေပြီဖြစ်ပြီးတိုက်ခန်းအတွင်းစိတ်နှလုံးမချမ်းမြေ့ဖွယ် အခြေအနေမျိုးဖြင့် တွေ့ရပြီးနောက်ဒေသတွင်းရှိဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ရမှု ဖြစ်ပေါ်ခဲ့သည်။
အခြားပြောဖွယ်ရာအချက်များစွာအနက် တုန်လှုပ်ဖွယ်အကောင်းဆုံးအချက်များကားယင်းအမျိုးသားသည် အလွန်တရာအားအင်ချိနဲ့နေပြီးခြေထောက်များတွင် ဒဏ်ရာဒဏ်ချက်များအတိဖြစ်နေကာသွားများမရှိသည့်အပြင် စကားလည်းမပြောတတ်ချေ။
မိခင်ဖြစ်သူမှာအသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်ပြီးသားဖြစ်သူကိုဆယ်ကျော်သက်အရွယ်ကစတင်ကာပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။
မိခင်ဖြစ်သူအားဥပဒေမဲ့ လွတ်လပ်ခွင့် ပိတ်ပင်မှု၊ ပြင်းထန်စွာကိုယ်ခန္ဓာထိခိုက်ခြင်း ဖြစ်စေမှုများဖြင့် ဖမ်းဆီးလိုက်သည်။ မိခင်ဖြစ်သူဆေးရုံတက်နေရချိန်ကာလအတွင်းဆွေမျိုးတော်စပ်သူအမျိုးသမီးတစ်ဦးကအဆိုပါတိုက်ခန်းသို့ ဝင်ရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတော့ မြင်တွေ့ခဲ့ရတာတွေကို ပြန်တောင်မပြောပြတတ်အောင်ပါပဲ။ အရမ်းကိုတုန်လှုပ်သွားခဲ့တယ်။ တိုက်ခန်းတစ်ခုလုံးကအမှိုက်ပုံတောကြီးဖြစ်နေပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီးသန့်ရှင်းရေးလုပ်မထားပါဘူး။ သရဲကားတွေထဲကဇာတ်ဝင်ခန်းကိုတွေ့လိုက်ရသလိုပါပဲ”ဟုသူမကExpressenသတင်းစာသို့ ပြောသည်။
ပိတ်လှောင်ခံထားရသောအမျိုးသားကိုတွေ့ချိန်တွင် ထိုသူမှာအလွန်ချိနဲ့နေပြီးမတ်တပ်ပင် မရပ်နိုင်ချေ။
ဆွေမျိုးတော်စပ်သူအမျိုးသမီး၏ ပြောပြချက်အရအဆိုပါတိုက်ခန်းနေမိခင်ဖြစ်သူအမျိုးသမီးသည် ပထမကလေးတစ်ဦးငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားသည်ကိုရင်ဆိုင်ခဲ့ရကြောင်း၊ ထိုအဖြစ်အပျက်နောက်ပိုင်းသူမသည် များစွာစိတ်ထိခိုက်သွားကြောင်း၊ ယင်းနောက်ပိုင်းတွင် သားတစ်ဦးထပ်မံရရှိလာရာသေဆုံးသွားသောကလေး၏ အမည်အတိုင်းနာမည်ပေးထားခဲ့ကြောင်းပြောသည်။
“သူကသူ့သားကိုအလွန်အကျွံ ကာကွယ်တာတွေ လုပ်ခဲ့တယ်။ သေသွားတဲ့သားကို ပြန်လာစေချင်နေတယ်”ဟုဆွေမျိုးတော်စပ်သူအမျိုးသမီးကရှင်းပြပြီးသူမတို့မိသားစုသည် သမားရိုးကျ ပုံမှန်လူမှုဆက်ဆံရေးမျိုးမရှိခဲ့ကြောင်းပြောသည်။ ကလေးငယ် ၆ တန်းသို့ ရောက်သည့်အချိန်တွင် မိခင်ကကျောင်းထုတ်ခဲ့သည်။
လူမှုရေးဌာနများအားသတိပေးအကြောင်းကြားမှုများရှိခဲ့သော်လည်းအရေးယူဆောင်ရွက်မှုများမဖြစ်ပေါ်ခဲ့ကြောင်းဆွေမျိုးတော်စပ်သည့် အမျိုးသမီးကပြောသည်။
လူတစ်ဦး၏ ဘဝတစ်ခုလုံးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်းယခုဖြစ်ရပ်အပေါ် တုန်လှုပ်ခြောက်ခြားသွားသည့် အိမ်နီးချင်းတစ်ဦးကSVTရုပ်သံဌာနသို့ ပြောသည်။ အဆိုပါ အမျိုးသမီးတွင် သားတစ်ဦးရှိသည်ကိုမည်သူမျှ မသိခဲ့ကြကြောင်းဝန်ခံခဲ့ကြသည်။ “ဒီအကြောင်းကို ကျွန်တော် တစ်ညလုံးထိုင်ပြီးစဉ်းစားနေမိတယ်။ တကယ့်ကိုမယုံနိုင်ဖွယ်ပါပဲ”
ပိတ်လှောင်ခံရသောအမျိုးသားနှင့် စပ်လျဉ်းသည့် အကြောင်းအရာများစွာကိုမူမသိရသေးချေ။
မေးခွန်းတစ်ရပ်ပေါ်ပေါက်သည်မှာသူသည်အဘယ်ကြောင့် ထွက်ပြေးရန် (သို့မဟုတ်) အကူအညီတောင်းရန် မကြိုးစားခဲ့သနည်းဟူသောမေးခွန်းဖြစ်သည်။
စိတ်ပညာရှင် FilipArnberg က ရှင်းပြသည်မှာမူတံခါးသော့ခလောက်ပင် မလိုအပ်ကြောင်း၊ စိတ်ကိုထိန်းချုပ်ထားခြင်းသည် ပိုမို၍ ခိုင်မာကြောင်းရှင်းပြသည်။
“လူအများစုကဒီအပေါ်မှာအံ့အားသင့်စရာဖြစ်မယ်။ ဒါပေမယ့် ခင်ဗျားတို့ဟာအကျဉ်းချဖမ်းဆီးခံရမယ်ဆိုရင် စိတ်ပိုင်းမှာထိခိုက်မှု အကြီးအကျယ်ရင်ဆိုင်ရပြီးနောက်ပိုင်းမှာအဲဒီကနေရုန်းထွက်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး”ဟုFilipArnberg က ရှင်းပြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: House of Horrors: Swedish Woman Kept Her Son Locked Up Inside Apartment for Nearly Three Decades (sputnik)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service