မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား တရုတ်က COVID-19 ကာကွယ်ဆေးပေးခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား တရုတ်က COVID-19 ကာကွယ်ဆေးပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
2 Dec 2020 11:29 am တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်အစိုးရသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အဖွဲ့အား တရုတ်က စမ်းသပ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေးအပ်ခဲ့ကြောင်း ဂျပန်ထောက်လှမ်းရေးသတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး အမေရိကန်မှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်အခြေစိုက် Center for the National Interest ဟူသော think tank အဖွဲ့မှ မြောက်ကိုရီးယား ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဟယ်ရီ ကားဇီယာနီက ပြောသည်မှာ ကင်ဂျုံအန်နှင့် မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်များစွာသည် ကာကွယ်ဆေးထိုးနှံခြင်းခံရပြီးဖြစ်ကြောင်း ပြောကြားသည်။

ကင်ဂျုံအန်တို့အား မည်သည့်ကုမ္ပဏီမှ ကာကွယ်ဆေးကို ပေးခဲ့သည်ကိုမူ မသိရသေးကြောင်းနှင့် အဆိုပါကာကွယ်ဆေးသည် ဘေးကင်းကြောင်း အတည်ပြုပြီးခြင်း ရှိ၊ မရှိ မသိရကြောင်း ဟယ်ရီက ဖြည့်စွက်ပြောကြားသည်။

“ကင်ဂျုံအန်နဲ့ တခြားထိပ်တန်းခေါင်းဆောင်များစွာဟာ ပြီးခဲ့တဲ့ ရက်သတ္တ ၂ ပတ်ကနေ ၃ ပတ်အကြားမှာ တရုတ်အစိုးရ ကူညီထောက်ပံ့တဲ့ စမ်းသပ်နေဆဲ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြပြီးဖြစ်ပါတယ်” ဟု ဟယ်ရီက အွန်လိုင်းစာမျက်နှာဖြစ်သော 19FortyFive တွင် ရေးသားခဲ့သည်။

အမေရိကန် ဆေးဝါးသိပ္ပံပညာရှင် ပီတာ ဂျေ-ဟိုးတက်ဇ်၏ ပြောကြားချက်ကို ကိုးကားပြီး ဟယ်ရီက ဆက်လက်ပြောကြားသည်မှာ တရုတ်ကုမ္ပဏီ အနည်းဆုံး ၃ ခုသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နေကြရာ Sinovac Biotech Ltd, CanSinoBio နှင့် Sinophram Group တို့ ပါဝင်ကြောင်း ပြောကြားသည်။

Sinophram က ထုတ်ပြန်ရာတွင် ၎င်းတို့၏ ကာကွယ်ဆေးကို တရုတ်ပြည်တွင် လူပေါင်း တစ်သန်းနီးပါး ထိုးနှံပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများရှိကြောင်း အတည်ပြုထားချက်များ မရှိသေးချေ။ သို့သော် တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး (NIS) က ပြောကြားသည်မှာမူ မြောက်ကိုရီးယား-တရုတ်နယ်စပ်ကို ဇန်နဝါရီလတွင် ပိတ်ပင်မှုမတိုင်မီအတွင်း ယင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ပြည်သူချင်းထိတွေ့မှုများ ရှိခဲ့ရာ ရောဂါမကူးစက်အောင် ကာကွယ်ထားရန် မဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

မိုက္ကရိုဆော့ဖ်ကုမ္ပဏီက ပြီးခဲ့သောလအတွင်း ထုတ်ပြန်ခဲ့သည်မှာ မြောက်ကိုရီးယားမှာ ဟက်ကာအုပ်စု ၂ ခုသည် နိုင်ငံပေါင်းများစွာရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများ၏ ကွန်ရက်အတွင်း ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ မြောက်ကိုရီးယား ဟက်ကာတို့ ထိုးဖောက်ရန် ကြိုးစားခဲ့သည့် ကုမ္ပဏီများတွင် ဗြိတိန် ဆေးဝါးကုမ္ပဏီကြီး AstraZeneca လည်း ပါဝင်ကြောင်း ဖော်ပြသည်။

NIS က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့ရာတွင် တောင်ကိုရီးယား၏ COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြောက်ကိုရီးယား ဟက်ကာတို့၏ လုပ်ဆောင်မှုကို ကာကွယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China gave COVID-19 vaccine candidate to North Korea's Kim, U.S. analyst says (Japantimes)

 

 

[Zawgyi]

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္အား တရုတ္က COVID-19 ကာကြယ္ေဆးေပးခဲ့

တရုတ္အစိုးရသည္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ႏွင့္ အဖြ႔ဲအား တရုတ္က စမ္းသပ္ေနသည့္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ေပးအပ္ခဲ့ေၾကာင္း ဂ်ပန္ေထာက္လွမ္းေရးသတင္းရင္းျမစ္ ၂ ခုကို ကိုးကားျပီး အေမရိကန္မွ ေျမာက္ကိုရီးယားအေရး ကၽြမ္းက်င္သူတစ္ဦးက ေျပာၾကားသည္။

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္အေျခစိုက္ Center for the National Interest ဟူေသာ think tank အဖြဲ႔မွ ေျမာက္ကိုရီးယား ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ ဟယ္ရီ ကားဇီယာနီက ေျပာသည္မွာ ကင္ဂ်ံဳအန္ႏွင့္ ေျမာက္ကိုရီးယား ထိပ္တန္း ေခါင္းေဆာင္မ်ားစြာသည္ ကာကြယ္ေဆးထိုးႏွံျခင္းခံရျပီးျဖစ္ေၾကာင္း ေျပာၾကားသည္။

ကင္ဂ်ံဳအန္တို႔အား မည္သည့္ကုမၸဏီမွ ကာကြယ္ေဆးကို ေပးခဲ့သည္ကိုမူ မသိရေသးေၾကာင္းႏွင့္ အဆိုပါကာကြယ္ေဆးသည္ ေဘးကင္းေၾကာင္း အတည္ျပဳျပီးျခင္း ရွိ၊ မရွိ မသိရေၾကာင္း ဟယ္ရီက ျဖည့္စြက္ေျပာၾကားသည္။

“ကင္ဂ်ံဳအန္နဲ႔ တျခားထိပ္တန္းေခါင္းေဆာင္မ်ားစြာဟာ ျပီးခဲ့တဲ့ ရက္သတၱ ၂ ပတ္ကေန ၃ ပတ္အၾကားမွာ တရုတ္အစိုးရ ကူညီေထာက္ပံ့တဲ့ စမ္းသပ္ေနဆဲ ကာကြယ္ေဆးကို ထိုးႏွံခဲ့ၾကျပီးျဖစ္ပါတယ္” ဟု ဟယ္ရီက အြန္လိုင္းစာမ်က္ႏွာျဖစ္ေသာ 19FortyFive တြင္ ေရးသားခဲ့သည္။

အေမရိကန္ ေဆးဝါးသိပၸံပညာရွင္ ပီတာ ေဂ်-ဟိုးတက္ဇ္၏ ေျပာၾကားခ်က္ကို ကိုးကားျပီး ဟယ္ရီက ဆက္လက္ေျပာၾကားသည္မွာ တရုတ္ကုမၸဏီ အနည္းဆံုး ၃ ခုသည္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္ေနၾကရာ Sinovac Biotech Ltd, CanSinoBio ႏွင့္ Sinophram Group တို႔ ပါဝင္ေၾကာင္း ေျပာၾကားသည္။

Sinophram က ထုတ္ျပန္ရာတြင္ ၎တို႔၏ ကာကြယ္ေဆးကို တရုတ္ျပည္တြင္ လူေပါင္း တစ္သန္းနီးပါး ထိုးႏွံေပးျပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ေျမာက္ကိုရီးယားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားရွိေၾကာင္း အတည္ျပဳထားခ်က္မ်ား မရွိေသးေခ်။ သို႔ေသာ္ ေတာင္ကိုရီးယား အမ်ဳိးသားေထာက္လွမ္းေရး (NIS) က ေျပာၾကားသည္မွာမူ ေျမာက္ကိုရီးယား-တရုတ္နယ္စပ္ကို ဇန္နဝါရီလတြင္ ပိတ္ပင္မႈမတိုင္မီအတြင္း ယင္းႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈႏွင့္ ျပည္သူခ်င္းထိေတြ႔မႈမ်ား ရွိခဲ့ရာ ေရာဂါမကူးစက္ေအာင္ ကာကြယ္ထားရန္ မျဖစ္ႏိုင္ေၾကာင္း ေျပာၾကားထားသည္။

မိုကၠရိုေဆာ့ဖ္ကုမၸဏီက ျပီးခဲ့ေသာလအတြင္း ထုတ္ျပန္ခဲ့သည္မွာ ေျမာက္ကိုရီးယားမွာ ဟက္ကာအုပ္စု ၂ ခုသည္ ႏိုင္ငံေပါင္းမ်ားစြာရွိ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထုတ္လုပ္သည့္ ကုမၸဏီမ်ား၏ ကြန္ရက္အတြင္း ထိုးေဖာက္ဝင္ေရာက္ရန္ ၾကိဳးစားခဲ့ၾကေၾကာင္း ထုတ္ျပန္ခဲ့သည္။

ရိုက္တာသတင္းဌာန၏ ေဖာ္ျပခ်က္အရ ေျမာက္ကိုရီးယား ဟက္ကာတို႔ ထိုးေဖာက္ရန္ ၾကိဳးစားခဲ့သည့္ ကုမၸဏီမ်ားတြင္ ျဗိတိန္ ေဆးဝါးကုမၸဏီၾကီး AstraZeneca လည္း ပါဝင္ေၾကာင္း ေဖာ္ျပသည္။

NIS က ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ထုတ္ျပန္ခဲ့ရာတြင္ ေတာင္ကိုရီးယား၏ COVID-19 ကာကြယ္ေဆးထုတ္လုပ္သည့္ ကုမၸဏီမ်ားကို ထိုးေဖာက္ဝင္ေရာက္ရန္ ၾကိိဳးပမ္းခဲ့သည့္ ေျမာက္ကိုရီးယား ဟက္ကာတို႔၏ လုပ္ေဆာင္မႈကို ကာကြယ္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China gave COVID-19 vaccine candidate to North Korea's Kim, U.S. analyst says (Japantimes)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service