ရုရှား၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၅ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း ကြေညာ

ရုရှား၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၅ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း ကြေညာ - Property News in Myanmar from iMyanmarHouse.com
25 Nov 2020 11:14 am တွင် တင်ခဲ့သည်
1162 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှား၏ COVID-19 ကာကွယ်ဆေးထုတ်လုပ်သူများက အင်္ဂါနေ့တွင် ကြေညာလိုက်သည်မှာ ကြားဖြတ်စမ်းစစ်ချက်များအရ Sputnik V ကာကွယ်ဆေး၏ ထိရောက်မှုမှာ ၉၅ ရာခိုင်နှုန်းကျော်ရှိကြောင်းကြေညာလိုက်သည်။

အဆိုပါ ရလဒ်မှာ အနောက်နိုင်ငံများက ထုတ်သော ကာကွယ်ဆေးကုမ္ပဏီများက ထုတ်ပြန်ခဲ့သည့် ရလဒ်များနှင့် တန်းတူဖြစ်ပြီး အနောက်နိုင်ငံများ၏ ထုတ်ပြန်ချက်များ ထွက်ပေါ်ပြီးနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကို ထိန်းချုပ်နိုင်တော့မည်ဟူသော မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

ရုရှားနိုင်ငံပိုင် Gamaleya Institute က ထုတ်ပြန်သည်မှာ ပါဝင်စမ်းသပ်ခံသူ ၁၉၀၀၀ နီးပါးအား စမ်းသပ်ထားသည့် အချက်အလက်များအရ ၂ ကြိမ်ထိုးရသည့် ကာကွယ်ဆေးတွင် ပထမတစ်ကြိမ်ဆေးထိုးအပြီး ၂၈ ရက်အကြာ ရလဒ်မှာ ၉၁ ဒသမ ၄ ရာခိုင်နှုန်း ထိရောက်ကြောင်းတွေ့ရပြီး ၄၂ ရက်ကြာပြီးနောက်ပိုင်းတွင်ကား ကနဦးရလဒ်မှာ ၉၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ထုတ်ပြန်သည်။

Gamaleya Institute ၏ ညွှန်ကြားရေးမှူး အလက်ဇန္ဒြား ဂျင်းစ်ဘာ့ဂျ်က ဒုတိယမြောက် ကာကွယ်ဆေးကို ထိုးပြီးလျှင် ခန္ဓာကိုယ်၏ အားအကောင်းဆုံးနှင့် တည်ငြိမ်မှုအရှိဆုံး တုံ့ပြန်မှုကို ရရှိချိန် ရက်သတ္တပတ် ၃ ပတ်ကြာပြီး ရလဒ်များတွင်ကား ထိရောက်မှုနှုန်းမှာ ပိုမို၍ပင် မြင့်မားမည်ဟု မျှော်လင့်ထားသည်။

ရုရှားသည် မော်စကိုမြို့တွင် ကာကွယ်ဆေး၏ ထိရောက်မှုကို စမ်းသပ်သော အဆင့် ၃ စမ်းသပ်ချက်တွင် မိမိဆန္ဒအလျောက် စမ်းသပ်ခံသူ ၄၀၀၀၀ ကျော်ကို စမ်းသပ်လျက်ရှိပြီး ဘီလာရုစ်၊ ဗင်နီဇွဲလား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံများတွင်လည်း တချိန်တည်း စမ်းသပ်မှုများ ပြုလုပ်နေသည်။

သုတေသနပညာရှင်တို့က ပြောရာတွင် စမ်းသပ်စဉ်ကာလအတွင်း ပါဝင်စမ်းသပ်ခံသူတို့တွင် ဘေးထွက်ဆိုးကျိုးပြသမှုများ မတွေ့ရကြောင်း ပြောကြားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က Sputnik V ကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြုပေးခဲ့ပြီးနောက်ပိုင်း ရုရှားသည် ကမ္ဘာပေါ်တွင် COVID-19 ကာကွယ်ဆေးကို ပထမဆုံး မှတ်ပုံတင်သည့်နိုင်ငံအဖြစ် သြဂုတ်လတွင် မှတ်ပုံတင်ခဲ့သည်။

သို့သော် အဆိုပါကာကွယ်ဆေးအား မည်သည့်သုတေသနမျှ မပြုလုပ်ရသေးချိန် (သို့မဟုတ်) အဆင့် ၃ စမ်းသပ်မှုများ မလုပ်ရသေးမီတွင် ပူတင်က ခွင့်ပြုချက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဆော်ဒီအာရေးဘီးယား၊ ဟန်ဂေရီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရာဇီး၊ မက္ကဆီကိုနှင့် အိန္ဒိယတို့အပြင် ယခင် ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့သော နိုင်ငံများက ရုရှား၏ ကာကွယ်ဆေးကို ရယူရန် စိတ်ဝင်စားမှုများရှိခဲ့ကြသော်လည်း အချို့ကျွမ်းကျင်ပညာရှင်များကမူ ရုရှား၏ အလျင်စလို အတည်ပြုမှုအပေါ် ဝေဖန်ခဲ့ကြပြီး အနောက်နိုင်ငံများက စမ်းသပ်နေမှုများနှင့် နှိုင်းယှဉ်လျှင် လက်တွေ့စမ်းသပ်မှုပမာဏ နည်းပါးမှုကိုလည်း ထောက်ပြကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russian vaccine shows efficacy rate above 95% (Financial Times)

 

[Zawgyi]

ရုရွား၏ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၉၅ ရာခိုင္ႏႈန္းေက်ာ္ ထိေရာက္မႈရွိေၾကာင္း ေၾကညာ

ရုရွား၏ COVID-19 ကာကြယ္ေဆးထုတ္လုပ္သူမ်ားက အဂၤါေန႔တြင္ ေၾကညာလိုက္သည္မွာ ၾကားျဖတ္စမ္းစစ္ခ်က္မ်ားအရ Sputnik V ကာကြယ္ေဆး၏ ထိေရာက္မႈမွာ ၉၅ ရာခိုင္ႏႈန္းေက်ာ္ရွိေၾကာင္းေၾကညာလိုက္သည္။

အဆိုပါ ရလဒ္မွာ အေနာက္ႏိုင္ငံမ်ားက ထုတ္ေသာ ကာကြယ္ေဆးကုမၸဏီမ်ားက ထုတ္ျပန္ခဲ့သည့္ ရလဒ္မ်ားႏွင့္ တန္းတူျဖစ္ျပီး အေနာက္ႏိုင္ငံမ်ား၏ ထုတ္ျပန္ခ်က္မ်ား ထြက္ေပၚျပီးေနာက္ပိုင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ေတာ့မည္ဟူေသာ ေမွ်ာ္လင့္ခ်က္မ်ား ျမင့္တက္လာခဲ့သည္။

ရုရွားႏိုင္ငံပိုင္ Gamaleya Institute က ထုတ္ျပန္သည္မွာ ပါဝင္စမ္းသပ္ခံသူ ၁၉၀၀၀ နီးပါးအား စမ္းသပ္ထားသည့္ အခ်က္အလက္မ်ားအရ ၂ ၾကိမ္ထိုးရသည့္ ကာကြယ္ေဆးတြင္ ပထမတစ္ၾကိမ္ေဆးထိုးအျပီး ၂၈ ရက္အၾကာ ရလဒ္မွာ ၉၁ ဒသမ ၄ ရာခိုင္ႏႈန္း ထိေရာက္ေၾကာင္းေတြ႔ရျပီး ၄၂ ရက္ၾကာျပီးေနာက္ပိုင္းတြင္ကား ကနဦးရလဒ္မွာ ၉၅ ရာခိုင္ႏႈန္းေက်ာ္အထိ ျမင့္တက္လာခဲ့ေၾကာင္း ထုတ္ျပန္သည္။

Gamaleya Institute ၏ ညႊန္ၾကားေရးမွဴး အလက္ဇျႏၵား ဂ်င္းစ္ဘာ့ဂ်္က ဒုတိယေျမာက္ ကာကြယ္ေဆးကို ထိုးျပီးလွ်င္ ခႏၶာကိုယ္၏ အားအေကာင္းဆံုးႏွင့္ တည္ျငိမ္မႈအရွိဆံုး တုံ႔ျပန္မႈကို ရရွိခ်ိန္ ရက္သတၱပတ္ ၃ ပတ္ၾကာျပီး ရလဒ္မ်ားတြင္ကား ထိိေရာက္မႈႏႈန္းမွာ ပိုမို၍ပင္ ျမင့္မားမည္ဟု ေမွ်ာ္လင့္ထားသည္။

ရုရွားသည္ ေမာ္စကိုျမိဳ႕တြင္ ကာကြယ္ေဆး၏ ထိေရာက္မႈကို စမ္းသပ္ေသာ အဆင့္ ၃ စမ္းသပ္ခ်က္တြင္ မိမိဆႏၵအေလ်ာက္ စမ္းသပ္ခံသူ ၄၀၀၀၀ ေက်ာ္ကို စမ္းသပ္လ်က္ရွိျပီး ဘီလာရုစ္၊ ဗင္နီဇြဲလား၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုႏွင့္ အိႏိၵယႏိုင္ငံမ်ားတြင္လည္း တခ်ိန္တည္း စမ္းသပ္မႈမ်ား ျပဳလုပ္ေနသည္။

သုေတသနပညာရွင္တို႔က ေျပာရာတြင္ စမ္းသပ္စဥ္ကာလအတြင္း ပါဝင္စမ္းသပ္ခံသူတို႔တြင္ ေဘးထြက္ဆိုးက်ဳိးျပသမႈမ်ား မေတြ႔ရေၾကာင္း ေျပာၾကားသည္။

ရုရွားသမၼတ ဗလာဒီမာပူတင္က Sputnik V ကာကြယ္ေဆးကို အသံုးျပဳရန္ အတည္ျပဳေပးခဲ့ျပီးေနာက္ပိုင္း ရုရွားသည္ ကမၻာေပၚတြင္ COVID-19 ကာကြယ္ေဆးကို ပထမဆံုး မွတ္ပံုတင္သည့္ႏိုင္ငံအျဖစ္ ၾသဂုတ္လတြင္ မွတ္ပံုတင္ခဲ့သည္။

သို႔ေသာ္ အဆိုပါကာကြယ္ေဆးအား မည္သည့္သုေတသနမွ် မျပဳလုပ္ရေသးခ်ိန္ (သို႔မဟုတ္) အဆင့္ ၃ စမ္းသပ္မႈမ်ား မလုပ္ရေသးမီတြင္ ပူတင္က ခြင့္ျပဳခ်က္ေပးခဲ့ျခင္းလည္း ျဖစ္သည္။

ေဆာ္ဒီအာေရးဘီးယား၊ ဟန္ေဂရီ၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဘရာဇီး၊ မကၠဆီကိုႏွင့္ အိႏိၵယတို႔အျပင္ ယခင္ ဆိုဗီယက္ျပည္ေထာင္စုတြင္ ပါဝင္ခဲ့ေသာ ႏိုင္ငံမ်ားက ရုရွား၏ ကာကြယ္ေဆးကို ရယူရန္ စိတ္ဝင္စားမႈမ်ားရွိခဲ့ၾကေသာ္လည္း အခ်ဳိ႕ကၽြမ္းက်င္ပညာရွင္မ်ားကမူ ရုရွား၏ အလ်င္စလို အတည္ျပဳမႈအေပၚ ေဝဖန္ခဲ့ၾကျပီး အေနာက္ႏိုင္ငံမ်ားက စမ္းသပ္ေနမႈမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ လက္ေတြ႔စမ္းသပ္မႈပမာဏ နည္းပါးမႈကိုလည္း ေထာက္ျပၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Russian vaccine shows efficacy rate above 95% (Financial Times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service