အမေရိကန်ကျန်းမာရေးဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တစ်လခန့်အတွင်း ထိုးနှံခံရနိုင်

အမေရိကန်ကျန်းမာရေးဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တစ်လခန့်အတွင်း ထိုးနှံခံရနိုင် - Property News in Myanmar from iMyanmarHouse.com
19 Nov 2020 11:06 am တွင် တင်ခဲ့သည်
1188 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများသည် တစ်လခန့်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို ပထမဆုံးထိုးနှံခံရနိုင်ကြောင်း သိရသည်။

“၎င်းတို့၏ကာကွယ်ဆေးသည် COVID-19 ကို တားဆီးရာတွင် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း” နှင့် “ကူးစက်ခံရပြီးသည့်လူနာများတွင် ရောဂါပြင်းထန်လာခြင်းကို ရှောင်နိုင်သည်ဟု ယူဆရကြောင်း” နောက်ဆုံးအကြိမ် အချက်အလက်ဆန်းစစ်လေ့လာမှုတစ်ခုအရ တွေ့ရှိပြီးနောက် အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကော်ပိုရေးရှင်း Pfizer က အရေးပေါ်အသုံးပြုမှုအတွက် အမေရိကန်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) ထံသို့ ရက်ပိုင်းအတွင်း လျှောက်လွှာတင်ရန် စီစဉ်နေကြောင်း နိုဝင်ဘာ ၁၈ တွင် ကြေညာခဲ့သည်။

ယင်းသတင်းသည် Moderna ကုမ္ပဏီက ၎င်းတို့၏ကာကွယ်ဆေးသည် ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း နိုဝင်ဘာ ၁၆ တွင် ကြေညာခဲ့ပြီးနောက် ထွက်ရှိလာခြင်းဖြစ်သည်။

FDA အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီနှစ်ခုစလုံး၏ကာကွယ်ဆေးများကို တရားဝင်ခွင့်ပြုချက်ထုတ်ပေးနိုင်ရန် တတ်နိုင်သမျှအမြန်ဆုံးဆောင်ရွက်မည်ဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ကျန်းမာရေးဝန်ကြီး အဲလက်ဇ်‌အေဇာက cnbc သတင်းဌာနသို့ ပြောကြားခဲ့သည်။

ခွင့်ပြုချက်ထုတ်ပေးသည့်လုပ်ငန်းစဉ်မှာ သီတင်းပတ်အနည်းငယ်ကြာမြင့်မည်ဟု ခန့်မှန်းရပြီး ကာကွယ်ဆေးများအားပြန်လည်ဆန်းစစ်သုံးသပ်ရန် အကြံပေးကော်မတီအစည်းအဝေးတစ်ခုကိုလည်း ဒီဇင်ဘာအစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ထိရောက်ဘေးကင်းစိတ်ချရသော ကာကွယ်ဆေးတစ်ခုကို ခွင့်ပြုချက်ပေးသည့်လုပ်ငန်းစဉ်တစ်ခုမှာ ပုံမှန်အားဖြင့် ဆယ်စုနှစ်တစ်ခုနီးပါးကြာသည်ဖြစ်ရာ ယင်းမှာ ၎င်းလုပ်ငန်းစဉ်တစ်ခုအတွက် စံချိန်ချိုးသည့် အချိန်အတိုင်းအတာတစ်ခုဖြစ်ပေသည်။

သမိုင်းတစ်လျှောက် အမြန်ဆုံးဖြစ်ခဲ့သော ကာကွယ်ဆေးပေါ်ပေါက်မှုကာလပင်လျှင် လေးနှစ်ကျော်ကြာမြင့်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ခွင့်ပြုချက်ရခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကို တစ်နှစ်မပြည့်သေးသည့်ကာလအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ၎င်းဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမှာ ၅၅ ဒသမ ၆ သန်းကျော်ပြီဖြစ်သည်။

COVID-19 ကို တားဆီးရန် ကာကွယ်ဆေးထိုးနှံမှုများ မကြာမီစတင်နိုင်ကြောင်း အမေရိကန်ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားသိပ္ပံ၏ ဝါရင့်ညွှန်ကြားရေးမှူး ဒေါက်တာ အန်သိုနီဖာအူချီကလည်း ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၇ တွင် ထုတ်လွှင့်ခဲ့သည့် NPR သတင်းဌာနှင့် အင်တာဗျူးတစ်ခုတွင် ဖာအူချီက ဒီဇင်ဘာလကုန်ပိုင်းရောက်လျှင် COVID-19 ကာကွယ်ဆေးတစ်မျိုး ထိုးနှံခံရမည့် အမေရိကန်ပြည်သူတစ်ချို့ ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည်။

အမေရိကန်တွင် ကနဦးကာကွယ်ဆေးပမာဏအကန့်အသတ်ကြောင့် ကာကွယ်ဆေးထိုးနှံမှုများကို အဆင့်များခွဲ၍ လုပ်ဆောင်နိုင်ခြေရှိနေသည်။ ကာကွယ်ဆေး ခွဲဝေပေးရန် သာတူညီမျှဖြစ်သည့်နည်းလမ်းတစ်ခုအား အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ အမိန့်အရ အမေရိကန်အမျိုးသားသိပ္ပံ၊ အင်ဂျင်နီယာပညာနှင့် ဆေးပညာတက္ကသိုလ်များဆိုင်ရာ ကော်မတီက စက်တင်ဘာတွင် အဆိုပြုခဲ့ပြီးဖြစ်သည်။

၎င်းတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါကူးစက်နိုင်ခြေမြင့်မားသည့် (အရေးပေါ်အခင်းဖြစ်ပွားရာနေရာသို့ အကူအညီ‌ပေးရန် ပထမဆုံးရောက်ရှိရသည့် အထူးလေ့ကျင့်မှုခံယူထားသော) အခြားရှေ့တန်းတိုက်စစ်မှူးများအား ထိပ်တန်းဦးစားပေးအဖြစ် အကြံပြုခဲ့ကြသည်။ မိသားစုဝင် သို့မဟုတ် လူဦးရေ အများအပြားဖြင့် နေထိုင်ကြရသည့် အသက်ကြီးသော အရွယ်ရောက်ပြီးသူများ (သက်ကြီးပိုင်းများ) အားလည်း ကာကွယ်ဆေးထိုးနှံမှုပထမအဆင့်တွင် ပါဝင်စေရမည်ဖြစ်သည်ဟုလည်း ၎င်းတို့၏အကြံပြုအစီအစဉ်တွင် ဖော်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus vaccine shots could go to U.S. health workers in about a month (cnbc)

 

 

[Zawgyi]

အေမရိကန္က်န္းမာေရးဝန္ထမ္းမ်ား ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို တစ္လခန္႔အတြင္း ထိုးႏွံခံရႏိုင္

အေမရိကန္ႏိုင္ငံ႐ွိ က်န္းမာေရးေစာင့္ေ႐ွာက္မႈလုပ္သားမ်ားသည္ တစ္လခန္႔အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးတစ္မ်ိဳးကို ပထမဆုံးထိုးႏွံခံရႏိုင္ေၾကာင္း သိရသည္။

“၎တို႔၏ကာကြယ္ေဆးသည္ COVID-19 ကို တားဆီးရာတြင္ ၉၅ ရာခိုင္ႏႈန္း ထိေရာက္မႈ႐ွိေၾကာင္း” ႏွင့္ “ကူးစက္ခံရၿပီးသည့္လူနာမ်ားတြင္ ေရာဂါျပင္းထန္လာျခင္းကို ေ႐ွာင္ႏိုင္သည္ဟု ယူဆရေၾကာင္း” ေနာက္ဆုံးအႀကိမ္ အခ်က္အလက္ဆန္းစစ္ေလ့လာမႈတစ္ခုအရ ေတြ႕႐ွိၿပီးေနာက္ အေမရိကန္ေဆးဝါးထုတ္လုပ္ေရးေကာ္ပိုေရး႐ွင္း Pfizer က အေရးေပၚအသုံးျပဳမႈအတြက္ အေမရိကန္အစားအေသာက္ႏွင့္ေဆးဝါးႀကီးၾကပ္ကြပ္ကဲေရးဌာန (FDA) ထံသို႔ ရက္ပိုင္းအတြင္း ေလွ်ာက္လႊာတင္ရန္ စီစဥ္ေနေၾကာင္း ႏိုဝင္ဘာ ၁၈ တြင္ ေၾကညာခဲ့သည္။

ယင္းသတင္းသည္ Moderna ကုမၸဏီက ၎တို႔၏ကာကြယ္ေဆးသည္ ၉၄ ဒသမ ၅ ရာခိုင္ႏႈန္း ထိေရာက္မႈ႐ွိေၾကာင္း ႏိုဝင္ဘာ ၁၆ တြင္ ေၾကညာခဲ့ၿပီးေနာက္ ထြက္႐ွိလာျခင္းျဖစ္သည္။

FDA အေနျဖင့္ အထက္ေဖာ္ျပပါကုမၸဏီႏွစ္ခုစလုံး၏ကာကြယ္ေဆးမ်ားကို တရားဝင္ခြင့္ျပဳခ်က္ထုတ္ေပးႏိုင္ရန္ တတ္ႏိုင္သမွ်အျမန္ဆုံးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ယခုသီတင္းပတ္အေစာပိုင္းတြင္ က်န္းမာေရးဝန္ႀကီး အဲလက္ဇ္‌ေအဇာက cnbc သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ခြင့္ျပဳခ်က္ထုတ္ေပးသည့္လုပ္ငန္းစဥ္မွာ သီတင္းပတ္အနည္းငယ္ၾကာျမင့္မည္ဟု ခန္႔မွန္းရၿပီး ကာကြယ္ေဆးမ်ားအားျပန္လည္ဆန္းစစ္သုံးသပ္ရန္ အၾကံေပးေကာ္မတီအစည္းအေဝးတစ္ခုကိုလည္း ဒီဇင္ဘာအေစာပိုင္းတြင္ က်င္းပရန္ စီစဥ္ထားေၾကာင္း သိရသည္။

ထိေရာက္ေဘးကင္းစိတ္ခ်ရေသာ ကာကြယ္ေဆးတစ္ခုကို ခြင့္ျပဳခ်က္ေပးသည့္လုပ္ငန္းစဥ္တစ္ခုမွာ ပုံမွန္အားျဖင့္ ဆယ္စုႏွစ္တစ္ခုနီးပါးၾကာသည္ျဖစ္ရာ ယင္းမွာ ၎လုပ္ငန္းစဥ္တစ္ခုအတြက္ စံခ်ိန္ခ်ိဳးသည့္ အခ်ိန္အတိုင္းအတာတစ္ခုျဖစ္ေပသည္။

သမိုင္းတစ္ေလွ်ာက္ အျမန္ဆုံးျဖစ္ခဲ့ေသာ ကာကြယ္ေဆးေပၚေပါက္မႈကာလပင္လွ်င္ ေလးႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီး ၁၉၆၇ ခုႏွစ္တြင္ ခြင့္ျပဳခ်က္ရခဲ့ျခင္းျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကို တစ္ႏွစ္မျပည့္ေသးသည့္ကာလအတြင္း ေတြ႕႐ွိခဲ့ျခင္းျဖစ္ၿပီး ကမ႓ာတစ္ဝန္း ၎ဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရမွာ ၅၅ ဒသမ ၆ သန္းေက်ာ္ၿပီျဖစ္သည္။

COVID-19 ကို တားဆီးရန္ ကာကြယ္ေဆးထိုးႏွံမႈမ်ား မၾကာမီစတင္ႏိုင္ေၾကာင္း အေမရိကန္ဓာတ္မတည့္မႈႏွင့္ ကူးစက္ေရာဂါမ်ားဆိုင္ရာ အမ်ိဳးသားသိပၸံ၏ ဝါရင့္ၫႊန္ၾကားေရးမႉး ေဒါက္တာ အန္သိုနီဖာအူခ်ီကလည္း ယခုသီတင္းပတ္အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။

ႏိုဝင္ဘာ ၁၇ တြင္ ထုတ္လႊင့္ခဲ့သည့္ NPR သတင္းဌာႏွင့္ အင္တာဗ်ဴးတစ္ခုတြင္ ဖာအူခ်ီက ဒီဇင္ဘာလကုန္ပိုင္းေရာက္လွ်င္ COVID-19 ကာကြယ္ေဆးတစ္မ်ိဳး ထိုးႏွံခံရမည့္ အေမရိကန္ျပည္သူတစ္ခ်ိဳ႕ ႐ွိလာမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းသည္။

အေမရိကန္တြင္ ကနဦးကာကြယ္ေဆးပမာဏအကန္႔အသတ္ေၾကာင့္ ကာကြယ္ေဆးထိုးႏွံမႈမ်ားကို အဆင့္မ်ားခြဲ၍ လုပ္ေဆာင္ႏိုင္ေျခ႐ွိေနသည္။ ကာကြယ္ေဆး ခြဲေဝေပးရန္ သာတူညီမွ်ျဖစ္သည့္နည္းလမ္းတစ္ခုအား အေမရိကန္ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန၏ အမိန္႔အရ အေမရိကန္အမ်ိဳးသားသိပၸံ၊ အင္ဂ်င္နီယာပညာႏွင့္ ေဆးပညာတကၠသိုလ္မ်ားဆိုင္ရာ ေကာ္မတီက စက္တင္ဘာတြင္ အဆိုျပဳခဲ့ၿပီးျဖစ္သည္။

၎တို႔က က်န္းမာေရးေစာင့္ေ႐ွာက္မႈေပးၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေရာဂါကူးစက္ႏိုင္ေျချမင့္မားသည့္ (အေရးေပၚအခင္းျဖစ္ပြားရာေနရာသို႔ အကူအညီ‌ေပးရန္ ပထမဆုံးေရာက္႐ွိရသည့္ အထူးေလ့က်င့္မႈခံယူထားေသာ) အျခားေ႐ွ႕တန္းတိုက္စစ္မႉးမ်ားအား ထိပ္တန္းဦးစားေပးအျဖစ္ အၾကံျပဳခဲ့ၾကသည္။ မိသားစုဝင္ သို႔မဟုတ္ လူဦးေရ အမ်ားအျပားျဖင့္ ေနထိုင္ၾကရသည့္ အသက္ႀကီးေသာ အ႐ြယ္ေရာက္ၿပီးသူမ်ား (သက္ႀကီးပိုင္းမ်ား) အားလည္း ကာကြယ္ေဆးထိုးႏွံမႈပထမအဆင့္တြင္ ပါဝင္ေစရမည္ျဖစ္သည္ဟုလည္း ၎တို႔၏အၾကံျပဳအစီအစဥ္တြင္ ေဖာ္ျပခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus vaccine shots could go to U.S. health workers in about a month (cnbc)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service