ဥဇဘက်ကစ္စတန်တွင် တရုတ်ပြည်၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးဆင့် စမ်းသပ်မှု စတင်
ဥဇဘက်ကစ္စတန်တွင် တရုတ်ပြည်၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးဆင့် စမ်းသပ်မှု စတင် - Property News in Myanmar from iMyanmarHouse.com
17 Nov 2020 12:25 pm တွင် တင်ခဲ့သည်
1196 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်ပြည်က ထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်အစိုးရက သတင်းမီဒီယာများကို ထုတ်ဖော်ပြောကြားလိုက်သည်။
ယခုကာကွယ်ဆေးသည် တရုတ်နိုင်ငံ၏ ပဉ္စမမြောက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးလည်းဖြစ်ပြီး ရေမြေခြားနိုင်ငံများတွင် လူသားဖြင့် စမ်းသပ်မှု နောက်ဆုံးဆင့်ကို ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
“အဆင့် ၃ စမ်းသပ်မှု ရှေ့ပြေးအစီအစဉ်ကို မိမိဆန္ဒအလျောက် စမ်းသပ်ခံမယ့် ဥဇဘက်ကစ္စတန် နိုင်ငံသား ၅၀၀၀ ဦးမှာ စမ်းသပ်သွားမှာဖြစ်ပြီး ဒီဖြစ်စဉ်ကို ၁ နှစ်တာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဥဇဘက်ကစ္စတန် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ပြောကြားသည်။
ပါဝင်စမ်းသပ်ခံသူများမှာ အသက်အားဖြင့် ၁၈ နှစ်မှ ၅၉ နှစ်ကြားရှိသူများဖြစ်ကာ ၎င်းတို့အားလုံးသည် ၁ နှစ်အတွင်း ကျန်းမာရေးစမ်းသပ်မှု ၈ ကြိမ်ပြုလုပ်ကြရမည်ဟု ဆိုသည်။ အဆိုပါ ကာကွယ်ဆေးကို တရုတ်ပြည်ရှိ အန်းဟွေ စီဖိုင်း လုန်ကောင် (Anhui Zhifei Longcom ) ဇီဝဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်ခြင်း ဖြစ်သည်။
တရုတ်ပြည်မှ အထူးကျွမ်းကျင်ပညာရှင်ပေါင်းများစွာကိုလည်း ဥဇဘက်ကစ္စတန်သို့ စေလွှတ်ဖြန့်ကျက်ကာ ပါဝင်စမ်းသပ်ခံသူများကို စောင့်ကြည့်မည်ဖြစ်သည့်အပြင် ဥဇဘက်မှ ဆရာဝန်များကိုလည်း လေ့ကျင့်သင်တန်းပေးမည်ဟု ဆိုသည်။ စီဖိုင်း လုန်ကောင်မှ ကာကွယ်ဆေးအပြင် ဥဇဘက်ကစ္စတန်တွင် တရုတ်ပြည် Sinopharm ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ရုရှားထုတ် Sputnik V တို့ကိုလည်း စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။
ဥဇဘက်ကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၉၉၈၇ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၅၉၄ ဦးရှိကာ ၆၇၂၄၁ ဦးမှာ ရောဂါပျောက်ကင်းသွားကြပြီ ဖြစ်သည်။
နိုဝင်ဘာလအတွင်း နေ့စဉ် လူနာသစ် ၂၀၀ ဝန်းကျင်ခန့် တွေ့ရှိနေကာ အောက်တိုဘာလအတွင်း ပျှမ်းမျှနေ့စဉ် ၂၅၀ ဦး တွေ့ရှိခဲ့မှုနှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားသည်ဟု ဆိုရမည်။ လူဦးရေ ၃၄ သန်းရှိသော ဥဇဘက်ကစ္စတန်သည် တစ်နိုင်ငံလုံး လော့ဒေါင်းချမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကာ တတိယအကြိမ် လော့ဒေါင်းချဖွယ်ကား မရှိတော့ချေ။
ဥဇဘက်ကစ္စတန် သမ္မတ ရှက်ဗ်ကက် မာဇီယိုယက်ဗ်က ပြောကြားထားသည်မှာ ကပ်ဘေးအခြေအနေအတွင်းတွင်ပင် ရှင်သန် အလုပ်လုပ်ကိုင်တတ်ရန် ကြိုးစားကြရမည်ဟု ပြောထားသည်။
ဥဇဘက်အစိုးရသည် COVID-19 တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရန်ပုံငွေ ထူထောင်ထားသည်။
အဆိုပါ ရန်ပုံငွေမှ အများစုကို အခြေခံအဆောက်အအုံများ တည်ဆောက်ရန်၊ ပစ္စည်းကိရိယာများ ဝယ်ယူရန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို လေ့ကျင့်ပေးရန်တို့အတွက် အသုံးပြုသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chinese COVID-19 vaccine to enter late-stage trial in Uzbekistan(Xinhua News Agency ,Reuters)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
42 Mini Condo
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service