ကလေးငယ်တစ်ဦးကို PPE ဝတ်ထားသူကခေါ်သွားပုံရိုက်ကူးထားသည့် မြန်မာနိုင်ငံမှ ဓာတ်ပုံကိုသီရိလင်္ကာအဆိုတော်ကသီရိလင်္ကာတွင်ဖြစ်ပွားသည့်သဖွယ်ရေးသားထားမှုအားအေအက်ဖ်ပီသတင်းဌာန၏ အချက်အလက်စစ်ဆေးမှုအရပေါ်ပေါက်

ကလေးငယ်တစ်ဦးကို PPE ဝတ်ထားသူကခေါ်သွားပုံရိုက်ကူးထားသည့် မြန်မာနိုင်ငံမှ ဓာတ်ပုံကိုသီရိလင်္ကာအဆိုတော်ကသီရိလင်္ကာတွင်ဖြစ်ပွားသည့်သဖွယ်ရေးသားထားမှုအားအေအက်ဖ်ပီသတင်းဌာန၏ အချက်အလက်စစ်ဆေးမှုအရပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
16 Nov 2020 12:54 pm တွင် တင်ခဲ့သည်
25118 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သီရိလင်္ကာနိုင်ငံမှ နာမည်ကျော် အဆိုတော် ရိုရှန်းဖာနန်ဒိုသည် အောက်တိုဘာလ ၂၈ ရက်ကသူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး“ချစ်ခြင်းမေတ္တာကိုကွေကွင်းစေသောသဘာဝတရားကြီး” (සෙනෙහසඋදුරාගත්සොබාදහම..... ) ဟုရေးသားထားခဲ့သည်။ရိုရှန်းဖာနန်ဒို၏ ဖေ့စ်ဘုတ်စာမျက်နှာသည် Follower ပေါင်း ၈၈၀၄၇ ရှိသည်။

ဓာတ်ပုံတွင် တွေ့ရသည်မှာကလေးငယ်တစ်ဦးကိုPPE ဝတ်စုံဝတ်ဆင်ထားသူတစ်ဦးကပွေ့ချီခေါ်ယူသွားသည်ကိုကလေးငယ်၏ မိခင်ကငိုကြွေးကာ ကြည့်နေသည့်ပုံဖြစ်သည်။ သူ၏ ပို့စ်ကိုLikeပေးသူ ၃၂၀၀ ကျော်ရှိပြီး ပြန်လည်ဝေမျှသူ ၃၄၀၀ ကျော်အထိရှိခဲ့သည်။

အဆိုပါဓာတ်ပုံကိုရယူကာဖေ့စ်ဘုတ်တွင် ပြန်တင်သူများလည်းသီရိလင်္ကာတွင် များစွာရှိခဲ့ပြီးသီရိလင်္ကာတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

AFP သတင်းဌာနက Reverse image နှင့် keyword ရှာဖွေမှုများဖြင့် အချက်အလက်စစ်ဆေးမှုအရမူအဆိုပါပို့စ်တွင် ဖော်ပြထားသည့် ဓာတ်ပုံသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဖြစ်ကြောင်းတွေ့ရှိခဲ့သည်။

ရန်ကုန်မြို့နေမိန်းကလေးတစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့တွင် အဆိုပါဓာတ်ပုံနှင့် ပတ်သက်ပြီးဖေ့စ်ဘုတ်တွင် ရှင်းလင်းရေးသားခဲ့သည်မှာရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိကွာရန်တင်းစင်တာတစ်ခုတွင် ဖြစ်ပျက်ခဲ့သောဖြစ်ရပ်ဖြစ်ပြီးသူမကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်ကြောင်းဖော်ပြထားသည်။

ထိုဓာတ်ပုံတင်ခဲ့စဉ်ကရေးသားဖော်ပြခဲ့သည်မှာအဆိုပါဓာတ်ပုံသည် သူမ၏ ဖုန်းဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ အချို့သူများကသူမထံတွင် ခွင့်ပြုချက်တောင်းကာဖေ့စ်ဘုတ်တွင် ပြန်တင်ကြကြောင်း၊ တောင်ဒဂုံမြို့နယ်ရှိအထက (၃) တွင် မိခင်တစ်ဦးနှင့် ၄ လ သမီးကလေးတို့ ကွာရန်တင်းဝင်ခဲ့ကြရကြောင်း၊ စစ်ဆေးချက်အဖြေအရသမီးလေးမှာရောဂါမရှိ (Negative) ဖြစ်သည်ကိုတွေ့ရပြီးမိခင်မှာရောဂါရှိ (Positive) နေသည်ကိုတွေ့ရကြောင်း၊ မိခင်ကိုကွာရန်တင်းအခန်းတွင် ထားရန် စီစဉ်ချိန်၌ မိခင်ဖြစ်သူကစင်တာရှိအကြီးအကဲများကိုသူမ၏ ကလေးငယ်အားအိမ်ပြန်ပို့ပေးပါရန် တောင်းဆိုခဲ့ကြောင်း၊ ပို့စ်တင်သူမိန်းကလေးတို့ကမိခင်ဖြစ်သူအားဆုံးဖြတ်ချက်ကို ပြန်စဉ်းစားရန် တိုက်တွန်းခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုလျှင် ကလေးမှာမိခင်နှင့် ခွဲထားရန် ငယ်လွန်းသေးကြောင်း၊ ကလေးငယ်ကိုကွာရန်တင်းစင်တာမှ ခေါ်သွားပြီးလျှင် စင်တာထဲသို့ ပြန်ခေါ်၍ မရတော့ကြောင်းပြောပြကာတိုက်တွန်းခဲ့ကြောင်း၊ သို့သော် ကလေးငယ်ကိုဗိုင်းရပ်စ် မကူးစက်စေရန်အတွက် သူ၏ခင်ပွန်းထံသို့သာ ပြန်ပို့ရန် ဆုံးဖြတ်ခဲ့ကြောင်းရေးသားထားသည်။

အဆိုပါမိန်းကလေးကဆက်လက်ဖော်ပြထားသည်မှာသီရိမင်္ဂလာပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက PPE ဝတ်စုံဝတ်ကာကလေးငယ်ကိုသူ၏ ဖခင်ထံပို့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုဓာတ်ပုံနှင့် ပတ်သက်ပြီးသတင်းမှားများပျံ့နှံ့နေသည်ကိုမိမိကြားသိရကြောင်း၊ ဓာတ်ပုံနှင့် ပတ်သက်သည့် အမှန်တရားကိုလူအများသိစေလိုကြောင်း၊ ကလေးငယ်မှာ Positive ဖြစ်သွားဟန် ရေးသားနေကြကြောင်းဖော်ပြထားသည်။

Mg TunTun Winအမည်ဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးကလည်းအဆိုပါဓာတ်ပုံကိုသူ၏ ဖေ့စ်ဘုတ်အကောင့်တွင် အောက်တိုဘာလ ၁၆ ရက်က “ဒီနေ့တွေ့လိုက်ရတဲ့ပို့စ်…ရင်ထဲထိရှ” ဟုရေးသားကာတင်ထားခဲ့ပြီးအဆိုပါပို့စ်ကိုသီရိမင်္ဂလာပရဟိတအခမဲ့လူနာတင်ယာဉ်အသင်းမှ လူမှုရေးဝန်ထမ်းတစ်ဦးဖြစ်သူကဝင်ရောက်မှတ်ချက်ပြုရေးသားခဲ့သည်ကိုလည်းတွေ့ရသည်။

၎င်းက မှတ်ချက်ပြုရာတွင် “ကလေးကဘာမှ မဖြစ်ပါဘူး။ သူ့အမေက COVID-19 ပေါ့စတစ် စစ်ဆေးတွေ့ရှိလို့ ကလေးကိုသူ့အဖေဆီ ပြန်ပို့ပေးတာပါ” ဟုမှတ်ချက်ပြုရေးသားထားကြောင်းလည်း AFP သတင်းဌာန၏ အချက်အလက်စစ်ဆေးမှုတွင် ဖော်ပြသည်။

သီရိလင်္ကာနိုင်ငံတွင် အဆိုပါဓာတ်ပုံကိုဖေ့စ်ဘုတ်တွင် တင်ကြသူအလွန်များပြားပြီး “සෙනෙහසඋදුරාගත්සොබාදහම..... ” စာသားကိုကူးယူပြီးဖေ့စ်ဘုတ်တွင် ရှာဖွေကြည့်မည်ဆိုလျှင် သီရိလင်္ကာနိုင်ငံသားများတင်ထားကြသည့် ပို့စ်များကိုရှာဖွေတွေ့ရှိမည် ဖြစ်သည်။

(အချက်အလက်များ)

သီရိလင်္ကာအဆိုတော် ရိုရှန်းဖာနန်ဒို၏ ဖေ့စ်ဘုတ်အကောင့်-

https://www.imyanmarhouse.com/s/52bh6v8y

ရိုရှန်းဖာနန်ဒိုတင်ထားသည့် ပို့စ်-

https://www.imyanmarhouse.com/s/d1r3mn49

မြန်မာနိုင်ငံမှ မိန်းကလေးတစ်ဦးရှင်းပြထားသည့်ပို့စ်-

https://www.imyanmarhouse.com/s/smulpxad

ကွာရန်တင်းစင်တာတည်နေရာ- အထက ၃၊ အောင်ချမ်းသာလမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This photo shows a mother who tested positive for Covid-19 in Myanmar, according to photographer ( factcheck.afp)

 

 

[Zawgyi]

ကေလးငယ္တစ္ဦးကို PPE ဝတ္ထားသူကေခၚသြားပံုရိုက္ကူးထားသည့္ ျမန္မာႏိုင္ငံမွ ဓာတ္ပံုကိုသီရိလကၤာအဆိုေတာ္ကသီရိလကၤာတြင္ျဖစ္ပြားသည့္သဖြယ္ေရးသားထားမႈအားေအအက္ဖ္ပီသတင္းဌာန၏ အခ်က္အလက္စစ္ေဆးမႈအရေပၚေပါက္

သီရိလကၤာႏိုင္ငံမွ နာမည္ေက်ာ္ အဆိုေတာ္ ရိုရွန္းဖာနန္ဒိုသည္ ေအာက္တိုဘာလ ၂၈ ရက္ကသူ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ ဓာတ္ပံုတစ္ပံုတင္ခဲ့ျပီး“ခ်စ္ျခင္းေမတၱာကိုေကြကြင္းေစေသာသဘာဝတရားၾကီး” (සෙනෙහසඋදුරාගත්සොබාදහම..... ) ဟုေရးသားထားခဲ့သည္။ရိုရွန္းဖာနန္ဒို၏ ေဖ့စ္ဘုတ္စာမ်က္ႏွာသည္ Follower ေပါင္း ၈၈၀၄၇ ရွိသည္။

ဓာတ္ပံုတြင္ ေတြ႔ရသည္မွာကေလးငယ္တစ္ဦးကိုPPE ဝတ္စံုဝတ္ဆင္ထားသူတစ္ဦးကေပြ႔ခ်ီေခၚယူသြားသည္ကိုကေလးငယ္၏ မိခင္ကငိုေၾကြးကာ ၾကည့္ေနသည့္ပံုျဖစ္သည္။ သူ၏ ပို႔စ္ကိုLikeေပးသူ ၃၂၀၀ ေက်ာ္ရွိျပီး ျပန္လည္ေဝမွ်သူ ၃၄၀၀ ေက်ာ္အထိရွိခဲ့သည္။

အဆိုပါဓာတ္ပံုကိုရယူကာေဖ့စ္ဘုတ္တြင္ ျပန္တင္သူမ်ားလည္းသီရိလကၤာတြင္ မ်ားစြာရွိခဲ့ျပီးသီရိလကၤာတြင္ ျဖစ္ေပၚခဲ့သည့္ ျဖစ္ရပ္တစ္ခုအျဖစ္ ေဖာ္ျပခဲ့ၾကျခင္း ျဖစ္သည္။

AFP သတင္းဌာနက Reverse image ႏွင့္ keyword ရွာေဖြမႈမ်ားျဖင့္ အခ်က္အလက္စစ္ေဆးမႈအရမူအဆိုပါပို႔စ္တြင္ ေဖာ္ျပထားသည့္ ဓာတ္ပံုသည္ ျမန္မာႏိုင္ငံ၊ ရန္ကုန္ျမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ ျဖစ္ရပ္ျဖစ္ေၾကာင္းေတြ႔ရွိခဲ့သည္။

ရန္ကုန္ျမိဳ႕ေနမိန္းကေလးတစ္ဦးကေအာက္တိုဘာလ ၁၈ ရက္ေန႔တြင္ အဆိုပါဓာတ္ပံုႏွင့္ ပတ္သက္ျပီးေဖ့စ္ဘုတ္တြင္ ရွင္းလင္းေရးသားခဲ့သည္မွာရန္ကုန္ျမိဳ႕၊ ေတာင္ဒဂံုျမိဳ႕နယ္ရွိကြာရန္တင္းစင္တာတစ္ခုတြင္ ျဖစ္ပ်က္ခဲ့ေသာျဖစ္ရပ္ျဖစ္ျပီးသူမကိုယ္တိုင္ ရိုက္ကူးခဲ့သည့္ ဓာတ္ပံုျဖစ္ေၾကာင္းေဖာ္ျပထားသည္။

ထိုဓာတ္ပုံတင္ခဲ့စဥ္ကေရးသားေဖာ္ျပခဲ့သည္မွာအဆိုပါဓာတ္ပံုသည္ သူမ၏ ဖုန္းျဖင့္ ရိုက္ကူးခဲ့ျခင္းျဖစ္ေၾကာင္း၊ အခ်ဳိ႕သူမ်ားကသူမထံတြင္ ခြင့္ျပဳခ်က္ေတာင္းကာေဖ့စ္ဘုတ္တြင္ ျပန္တင္ၾကေၾကာင္း၊ ေတာင္ဒဂံုျမိဳ႕နယ္ရွိအထက (၃) တြင္ မိခင္တစ္ဦးႏွင့္ ၄ လ သမီးကေလးတို႔ ကြာရန္တင္းဝင္ခဲ့ၾကရေၾကာင္း၊ စစ္ေဆးခ်က္အေျဖအရသမီးေလးမွာေရာဂါမရွိ (Negative) ျဖစ္သည္ကိုေတြ႔ရျပီးမိခင္မွာေရာဂါရွိ (Positive) ေနသည္ကိုေတြ႔ရေၾကာင္း၊ မိခင္ကိုကြာရန္တင္းအခန္းတြင္ ထားရန္ စီစဥ္ခ်ိန္၌ မိခင္ျဖစ္သူကစင္တာရွိအၾကီးအကဲမ်ားကိုသူမ၏ ကေလးငယ္အားအိမ္ျပန္ပို႔ေပးပါရန္ ေတာင္းဆိုခဲ့ေၾကာင္း၊ ပို႔စ္တင္သူမိန္းကေလးတို႔ကမိခင္ျဖစ္သူအားဆံုးျဖတ္ခ်က္ကို ျပန္စဥ္းစားရန္ တိုက္တြန္းခဲ့ေၾကာင္း၊ အဘယ့္ေၾကာင့္ဆိုလွ်င္ ကေလးမွာမိခင္ႏွင့္ ခြဲထားရန္ ငယ္လြန္းေသးေၾကာင္း၊ ကေလးငယ္ကိုကြာရန္တင္းစင္တာမွ ေခၚသြားျပီးလွ်င္ စင္တာထဲသို႔ ျပန္ေခၚ၍ မရေတာ့ေၾကာင္းေျပာျပကာတိုက္တြန္းခဲ့ေၾကာင္း၊ သို႔ေသာ္ ကေလးငယ္ကိုဗိုင္းရပ္စ္ မကူးစက္ေစရန္အတြက္ သူ၏ခင္ပြန္းထံသို႔သာ ျပန္ပို႔ရန္ ဆံုးျဖတ္ခဲ့ေၾကာင္းေရးသားထားသည္။

အဆိုပါမိန္းကေလးကဆက္လက္ေဖာ္ျပထားသည္မွာသီရိမဂၤလာပရဟိတအသင္းအဖြဲ႔ဝင္တစ္ဦးက PPE ဝတ္စံုဝတ္ကာကေလးငယ္ကိုသူ၏ ဖခင္ထံပို႔ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ သို႔ေသာ္ ယခုဓာတ္ပံုႏွင့္ ပတ္သက္ျပီးသတင္းမွားမ်ားပ်ံ႕ႏွံ႔ေနသည္ကိုမိမိၾကားသိရေၾကာင္း၊ ဓာတ္ပံုႏွင့္ ပတ္သက္သည့္ အမွန္တရားကိုလူအမ်ားသိေစလိုေၾကာင္း၊ ကေလးငယ္မွာ Positive ျဖစ္သြားဟန္ ေရးသားေနၾကေၾကာင္းေဖာ္ျပထားသည္။

Mg TunTun Winအမည္ျဖင့္ ေဖ့စ္ဘုတ္သံုးစြဲသူတစ္ဦးကလည္းအဆိုပါဓာတ္ပံုကိုသူ၏ ေဖ့စ္ဘုတ္အေကာင့္တြင္ ေအာက္တိုဘာလ ၁၆ ရက္က “ဒီေန႔ေတြ႔လိုက္ရတဲ့ပို႔စ္…ရင္ထဲထိရွ” ဟုေရးသားကာတင္ထားခဲ့ျပီးအဆိုပါပို႔စ္ကိုသီရိမဂၤလာပရဟိတအခမဲ့လူနာတင္ယာဥ္အသင္းမွ လူမႈေရးဝန္ထမ္းတစ္ဦးျဖစ္သူကဝင္ေရာက္မွတ္ခ်က္ျပဳေရးသားခဲ့သည္ကိုလည္းေတြ႔ရသည္။

၎က မွတ္ခ်က္ျပဳရာတြင္ “ကေလးကဘာမွ မျဖစ္ပါဘူး။ သူ႔အေမက COVID-19 ေပါ့စတစ္ စစ္ေဆးေတြ႔ရွိလို႔ ကေလးကိုသူ႔အေဖဆီ ျပန္ပို႔ေပးတာပါ” ဟုမွတ္ခ်က္ျပဳေရးသားထားေၾကာင္းလည္း AFP သတင္းဌာန၏ အခ်က္အလက္စစ္ေဆးမႈတြင္ ေဖာ္ျပသည္။

သီရိလကၤာႏိုင္ငံတြင္ အဆိုပါဓာတ္ပံုကိုေဖ့စ္ဘုတ္တြင္ တင္ၾကသူအလြန္မ်ားျပားျပီး “සෙනෙහසඋදුරාගත්සොබාදහම..... ” စာသားကိုကူးယူျပီးေဖ့စ္ဘုတ္တြင္ ရွာေဖြၾကည့္မည္ဆိုလွ်င္ သီရိလကၤာႏိုင္ငံသားမ်ားတင္ထားၾကသည့္ ပို႔စ္မ်ားကိုရွာေဖြေတြ႔ရွိမည္ ျဖစ္သည္။

(အခ်က္အလက္မ်ား)

သီရိလကၤာအဆိုေတာ္ ရိုရွန္းဖာနန္ဒို၏ ေဖ့စ္ဘုတ္အေကာင့္-

https://www.imyanmarhouse.com/s/52bh6v8y

ရိုရွန္းဖာနန္ဒိုတင္ထားသည့္ ပို႔စ္-

https://www.imyanmarhouse.com/s/d1r3mn49

ျမန္မာႏိုင္ငံမွ မိန္းကေလးတစ္ဦးရွင္းျပထားသည့္ပို႔စ္-

https://www.imyanmarhouse.com/s/smulpxad

ကြာရန္တင္းစင္တာတည္ေနရာ- အထက ၃၊ ေအာင္ခ်မ္းသာလမ္း၊ ၇၀ ရပ္ကြက္၊ ေတာင္ဒဂံုျမိဳ႕နယ္၊ ရန္ကုန္

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This photo shows a mother who tested positive for Covid-19 in Myanmar, according to photographer ( factcheck.afp)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service