အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရသူ ဂျိုးဘိုင်ဒင်ကကိုရိုနာဗိုင်းရပ်စ်အရေးကိုင်တွယ်မည့်အဖွဲ့အားဦးဆောင်ရန် အိန္ဒိယလူမျိုးတစ်ဦးကိုခန့်အပ်

အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရသူ ဂျိုးဘိုင်ဒင်ကကိုရိုနာဗိုင်းရပ်စ်အရေးကိုင်တွယ်မည့်အဖွဲ့အားဦးဆောင်ရန် အိန္ဒိယလူမျိုးတစ်ဦးကိုခန့်အပ် - Property News in Myanmar from iMyanmarHouse.com
12 Nov 2020 12:04 pm တွင် တင်ခဲ့သည်
1670 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယလူမျိုး၊ အမေရိကန်နိုင်ငံသားသမားတော် ဒေါက်တာဗီဗစ် ဟာလ်ဂီရီမူသီ (VivekHallegere Murthy) သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကိုကိုင်တွယ်ရေးတွင် အမေရိကန်သမ္မတအားအကြံပေးရမည့် COVID-19အကြံပေးဘုတ်အဖွဲ့၏ ပူးတွဲဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံလိုက်ရသည်။

အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရသူ ဂျိုးဘိုင်ဒင်သည် နိုင်ငံအတွင်းအရှိန်ဟုန်ဖြင့် ဆက်လက်ပျံ့ပွားနေဆဲဖြစ်သောဗိုင်းရပ်စ် အကျပ်အတည်းကိုရင်ဆိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်ရေးဆိုင်ရာယခုအဖွဲ့ကိုဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။

ဒေါက်တာဗီဗစ် မူသီနှင့်အတူအခြားသောပူးတွဲဥက္ကဌ ၂ ဦးသည် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုကွပ်ကဲသွားမည် ဖြစ်သည်။

ဗီဗစ် မူသီသည် သမားတော်တစ်ဦးဖြစ်ပြီးယခင်က ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ပြန်တမ်းဝင်အရာရှိများအဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် Covid-19ရောဂါကူးစက်မှုများစံချိန်တင်ပေါ်ပေါက်နေချိန်တွင် ဗီဗစ် မူသီအားခန့်ထားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အသက် ၄၃ နှစ်ရှိပြီဖြစ်သောမူသီအားသမ္မတ (ဟောင်း) ဘားရက် အိုဘားမားက ၂၀၁၄ ခုနှစ်တွင် အမေရိကန်၏ ၁၉ ဆက်မြောက် ပြည်သူ့ကျန်းမာရေးဌာနအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

ဗီဗစ် မူသီသည် မူလကအိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းကာနာတာကားပြည်နယ်တွင် နေထိုင်ခဲ့သူဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီးအဆိုပါရာထူးကိုအသက်အငယ်ဆုံးရရှိခဲ့သူဖြစ်ကာအသက် ၃၇ နှစ်အရွယ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ထရမ့်အစိုးရလက်ထက်တွင် ရာထူးမှ ဆင်းပေးရန် တောင်းဆိုခြင်းခံခဲ့ရသည်။

စနေနေ့ညကဒီလာဝဲပြည်နယ်၊ ဝီလ်မင်တန်မြို့တွင် ပြောကြားခဲ့သောရွေးကောက်ပွဲအောင်နိုင်မှု မိန့်ခွန်းအတွင်းဘိုင်ဒင်က “တနင်္လာနေ့မှာ ကျွန်တော်ဟာထိပ်တန်းသိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့အဖွဲ့ကိုဖွဲ့စည်းမှာ ဖြစ်ပါတယ်။

အကူးအပြောင်းကာလအကြံပေးပုဂ္ဂိုလ်တွေကလည်းBiden-Harrisကိုဗစ်စီမံချက်ကိုကူညီပေးနေကြပြီးဒါကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှာစတင်မယ့် လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်အစီအစဉ်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။

ဂျိုးဘိုင်ဒင်ကထိုအဖွဲ့အားမည်သူကဦးဆောင်မည်ကိုမူထိုနေ့ကထည့်သွင်းပြောကြားခဲ့ခြင်းမရှိချေ။

Washington Postသတင်းစာတွင် ဖော်ပြချက်အရမူအဆိုပါအဖွဲ့ကိုဒေါက်တာမူသီနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု အကြီးအကဲဟောင်းဒေးဗစ် ကက်စလာတို့ ပူးတွဲဥက္ကဌများအဖြစ် ဦးဆောင်သွားကြလိမ့်မည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Biden picks Indian American to lead the new task force to tackle COVID crisis in US (wionews)

[Zawgyi]

အေမရိကန္သမၼတသစ္အျဖစ္ ေရြးေကာက္ခံထားရသူ ဂ်ဳိးဘိုင္ဒင္ကကိုရိုနာဗိုင္းရပ္စ္အေရးကိုင္တြယ္မည့္အဖြဲ႔အားဦးေဆာင္ရန္ အိႏိၵယလူမ်ဳိးတစ္ဦးကိုခန္႔အပ္

အိႏိၵယလူမ်ဳိး၊ အေမရိကန္ႏိုင္ငံသားသမားေတာ္ ေဒါက္တာဗီဗစ္ ဟာလ္ဂီရီမူသီ (VivekHallegere Murthy) သည္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကိုကိုင္တြယ္ေရးတြင္ အေမရိကန္သမၼတအားအၾကံေပးရမည့္ COVID-19အၾကံေပးဘုတ္အဖြဲ႔၏ ပူးတြဲဥကၠဌအျဖစ္ ခန္႔အပ္ျခင္းခံလိုက္ရသည္။

အေမရိကန္သမၼတသစ္အျဖစ္ ေရြးေကာက္ခံထားရသူ ဂ်ဳိးဘိုင္ဒင္သည္ ႏိုင္ငံအတြင္းအရွိန္ဟုန္ျဖင့္ ဆက္လက္ပ်ံ႕ပြားေနဆဲျဖစ္ေသာဗိုင္းရပ္စ္ အက်ပ္အတည္းကိုရင္ဆိုင္ရန္အတြက္ ကိုရိုနာဗိုင္းရပ္စ္ကိုင္တြယ္ေရးဆိုင္ရာယခုအဖြဲ႔ကိုဖြဲ႔စည္းလိုက္ျခင္းလည္း ျဖစ္သည္။

ေဒါက္တာဗီဗစ္ မူသီႏွင့္အတူအျခားေသာပူးတြဲဥကၠဌ ၂ ဦးသည္ ျပည္သူ႔က်န္းမာေရးကၽြမ္းက်င္ပညာရွင္မ်ားအဖြဲ႔ကိုကြပ္ကဲသြားမည္ ျဖစ္သည္။

ဗီဗစ္ မူသီသည္ သမားေတာ္တစ္ဦးျဖစ္ျပီးယခင္က ျပည္သူ႔က်န္းမာေရးဝန္ေဆာင္မႈ ျပန္တမ္းဝင္အရာရွိမ်ားအဖြဲ႔၏ ဒုတိယဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ Covid-19ေရာဂါကူးစက္မႈမ်ားစံခ်ိန္တင္ေပၚေပါက္ေနခ်ိန္တြင္ ဗီဗစ္ မူသီအားခန္႔ထားမႈ ေပၚေပါက္လာျခင္း ျဖစ္သည္။

အသက္ ၄၃ ႏွစ္ရွိျပီျဖစ္ေသာမူသီအားသမၼတ (ေဟာင္း) ဘားရက္ အိုဘားမားက ၂၀၁၄ ခုႏွစ္တြင္ အေမရိကန္၏ ၁၉ ဆက္ေျမာက္ ျပည္သူ႔က်န္းမာေရးဌာနအၾကီးအကဲအျဖစ္ ခန္႔အပ္ခဲ့သည္။

ဗီဗစ္ မူသီသည္ မူလကအိႏိၵယႏိုင္ငံအေနာက္ေတာင္ပိုင္းကာနာတာကားျပည္နယ္တြင္ ေနထုိင္ခဲ့သူျဖစ္သည္။

ျဗိတိန္ႏိုင္ငံတြင္ ေမြးဖြားသူျဖစ္ျပီးအဆိုပါရာထူးကိုအသက္အငယ္ဆံုးရရွိခဲ့သူျဖစ္ကာအသက္ ၃၇ ႏွစ္အရြယ္တြင္ စတင္တာဝန္ ထမ္းေဆာင္ခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ ထရမ့္အစိုးရလက္ထက္တြင္ ရာထူးမွ ဆင္းေပးရန္ ေတာင္းဆိုျခင္းခံခဲ့ရသည္။

စေနေန႔ညကဒီလာဝဲျပည္နယ္၊ ဝီလ္မင္တန္ျမိဳ႕တြင္ ေျပာၾကားခဲ့ေသာေရြးေကာက္ပြဲေအာင္ႏိုင္မႈ မိန္႔ခြန္းအတြင္းဘိုင္ဒင္က “တနလၤာေန႔မွာ ကၽြန္ေတာ္ဟာထိပ္တန္းသိပၸံပညာရွင္ေတြနဲ႔ ကၽြမ္းက်င္ပညာရွင္ေတြပါဝင္တဲ့အဖြဲ႔ကိုဖြဲ႔စည္းမွာ ျဖစ္ပါတယ္။

အကူးအေျပာင္းကာလအၾကံေပးပုဂၢိဳလ္ေတြကလည္းBiden-Harrisကိုဗစ္စီမံခ်က္ကိုကူညီေပးေနၾကျပီးဒါကို ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီ ၂၀ ရက္မွာစတင္မယ့္ လုပ္ငန္းေဆာင္ရြက္မႈ အေသးစိတ္အစီအစဥ္အျဖစ္ ေျပာင္းလဲသြားမွာ ျဖစ္ပါတယ္” ဟုထည့္သြင္းေျပာၾကားခဲ့သည္။

ဂ်ဳိးဘိုင္ဒင္ကထိုအဖြဲ႔အားမည္သူကဦးေဆာင္မည္ကိုမူထိုေန႔ကထည့္သြင္းေျပာၾကားခဲ့ျခင္းမရွိေခ်။

Washington Postသတင္းစာတြင္ ေဖာ္ျပခ်က္အရမူအဆိုပါအဖြဲ႔ကိုေဒါက္တာမူသီႏွင့္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈ အၾကီးအကဲေဟာင္းေဒးဗစ္ ကက္စလာတို႔ ပူးတြဲဥကၠဌမ်ားအျဖစ္ ဦးေဆာင္သြားၾကလိမ့္မည္ျဖစ္ေၾကာင္းေဖာ္ျပခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Biden picks Indian American to lead the new task force to tackle COVID crisis in US (wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service