မယ်လတိုနင်ဟော်မုန်းက ကိုရိုနာဗိုင်းရပ်စ်ကုသမှုဖြစ်လာနိုင်ကြောင်း တွေ့ရှိ

မယ်လတိုနင်ဟော်မုန်းက ကိုရိုနာဗိုင်းရပ်စ်ကုသမှုဖြစ်လာနိုင်ကြောင်း တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
12 Nov 2020 11:31 am တွင် တင်ခဲ့သည်
1274 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မယ်လတိုနင်ဟော်မုန်းသည် COVID-19 ရောဂါကို ဖြစ်စေသော SARS-CoV-2 အမည်ရှိ ဗိုင်းရပ်စ်ရှိနိုင်ခြေကို ၃၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်ခြင်းနှင့် ဆက်စပ်လျက်ရှိသည်ဟု သုတေသီများက တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မယ်လတိုနင်သည် အိပ်စက်ခြင်းနှင့် နိုးထခြင်းစက်ဝန်းကို ပုံမှန်ဖြစ်စေရန်ထိန်းညှိပေးရုံထက်ပို၍ အသုံးဝင်နိုင်ခြေရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမြို့ရှိ Cleveland Clinic ဆေးရုံမှ လေ့လာမှုသစ်တစ်ရပ်က ၎င်းဟော်မုန်းသည် အဆိုပါကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအတွက် ကုသမှုနည်းလမ်းတစ်ခုဖြစ်လာနိုင်သည်ဟု အကြံပြုလိုက်သဖြင့်ဖြစ်သည်။

Cleveland Clinic ၏ COVID-19 စာရင်းမှ လူနာအချက်အလက်များကို လေ့လာဆန်းစစ်ခဲ့ရာ အသက်အရွယ်၊ လူမျိုး၊ ဆေးလိပ်သောက်ခြင်းမှတ်တမ်းနှင့် အမျိုးမျိုးသောရောဂါများရှိမှုအခြေအနေတို့ကို ချိန်ညှိပြီးနောက် မယ်လတိုနင်ဟော်မုန်းသည် ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်ခြေ ၃၀ ရာခိုင်နှုန်းနီးပါးလျှော့ချနိုင်မှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု PLOS Biology ဂျာနယ်တွင် ဖော်ပြခဲ့သည့် အဆိုပါလေ့လာမှုထုတ်ပြန်ချက်သစ်တစ်ရပ်တွင် ရေးသားထားခဲ့သည်။

မယ်လတိုနင်နှင့်ပတ်သက်သော ၎င်းတွေ့ရှိချက်များသည် ရှိပြီးသားဆေးများထဲမှ COVID-19 အတွက် ကုသနိုင်မည့်ဆေးများရှာဖွေဖော်ထုတ်ရန် Lerner Research Institute မှ သုတေသီများမှ တီထွင်သည့် AI platform တစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပို၍အတိအကျဆိုရသော် လေ့လာမှုတွင်ပါဝင်ခဲ့သည့်သုတေသီများက အခြားရောဂါများနှင့် COVID-19 တို့အကြား ဘုံရောဂါဗေဒနှင့် လက်တွေ့သရုပ်သကန်များကို ရှာဖွေရန် Cleveland Clinic လူနာများ၏ ဆေးကုသမှုမှတ်တမ်းမြောက်များစွာနှင့် Network Medicine နည်းလမ်းများကို တွဲဖက်အသုံးချခဲ့ခြင်းဖြစ်သည်။

COVID-19 လူနာများအတွက် မယ်လတိုနင် ၏လက်တွေ့အကျိုးကျေးဇူးများ တရားဝင်ဖြစ်စေရန် ယခုတွေ့ရှိချက်မှတစ်ဆင့် ထပ်မံ၍ အကြီးစားစောင့်ကြည့်လေ့လာမှုများနှင့် လက်တွေ့စမ်းသပ်မှုများစွာ ပါဝင်သည့် သုတေသနများပြလုပ်ရန် လိုအပ်ဦးမည်ဖြစ်သည်။

COVID-19 ဆိုသည် ဆဲလ်များ၊ တစ်သျှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေသည့် ရောဂါတစ်မျိုးဖြစ်သဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် အခြားရောဂါများအကြား ရှုပ်ထွေးစွာအပြန်အလှန်သက်ရောက်စေကြောင်း သိရှိနားလည်မှုမှာ COVID-19 ကုသနေစဉ် ထပ်တိုးလာသောရောဂါများကို နားလည်နိုင်ရေးနှင့် ရှိပြီးသားဆေးများထဲမှ COVID-19 အတွက် ကုသနိုင်မည့်ဆေးများရှာဖွေဖော်ထုတ်ရေးတို့အတွက် အဓိကကျကြောင်း မကြာသေးမီကလေ့လာမှုများကလည်း ညွှန်ပြထားသည်ဟု Cleveland Clinic ဆေးရုံ၏ သမားတော် Feixiong Cheng က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့လေ့လာမှုက COVID-19 ဆက်စပ်ရောဂါသရုပ်သကန်တွေကို ခန့်မှန်းဖို့နဲ့ ထိရောက်တဲ့ကုသမှုရှာဖွေရေးအဆင်ပြေစေဖို့အတွက် အားကောင်းတဲ့ Network Medicine မဟာဗျူဟာတစ်ခုကို ပံ့ပိုး‌‌ပေးတာပဲဖြစ်ပါတယ်” ဟုလည်း Cheng က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Melatonin eyed as possible coronavirus treatment, study suggests (foxnews)

[Zawgyi]

မယ္လတိုနင္ေဟာ္မုန္းက ကို႐ိုနာဗိုင္းရပ္စ္ကုသမႈျဖစ္လာႏိုင္ေၾကာင္း ေတြ႕႐ွိ

မယ္လတိုနင္ေဟာ္မုန္းသည္ COVID-19 ေရာဂါကို ျဖစ္ေစေသာ SARS-CoV-2 အမည္႐ွိ ဗိုင္းရပ္စ္႐ွိႏိုင္ေျခကို ၃၀ ရာခိုင္ႏႈန္းနီးပါး ေလွ်ာ့ခ်ေပးႏိုင္ျခင္းႏွင့္ ဆက္စပ္လ်က္႐ွိသည္ဟု သုေတသီမ်ားက ေတြ႕႐ွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

မယ္လတိုနင္သည္ အိပ္စက္ျခင္းႏွင့္ ႏိုးထျခင္းစက္ဝန္းကို ပုံမွန္ျဖစ္ေစရန္ထိန္းညႇိေပး႐ုံထက္ပို၍ အသုံးဝင္ႏိုင္ေျခ႐ွိေနပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အေမရိကန္ႏိုင္ငံ အိုဟိုင္းယိုးျပည္နယ္ ကလိဗ္လန္းၿမိဳ႕႐ွိ Cleveland Clinic ေဆး႐ုံမွ ေလ့လာမႈသစ္တစ္ရပ္က ၎ေဟာ္မုန္းသည္ အဆိုပါကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားအတြက္ ကုသမႈနည္းလမ္းတစ္ခုျဖစ္လာႏိုင္သည္ဟု အၾကံျပဳလိုက္သျဖင့္ျဖစ္သည္။

Cleveland Clinic ၏ COVID-19 စာရင္းမွ လူနာအခ်က္အလက္မ်ားကို ေလ့လာဆန္းစစ္ခဲ့ရာ အသက္အ႐ြယ္၊ လူမ်ိဳး၊ ေဆးလိပ္ေသာက္ျခင္းမွတ္တမ္းႏွင့္ အမ်ိဳးမ်ိဳးေသာေရာဂါမ်ား႐ွိမႈအေျခအေနတို႔ကို ခ်ိန္ညႇိၿပီးေနာက္ မယ္လတိုနင္ေဟာ္မုန္းသည္ ကို႐ိုနာဗိုင္းရပ္စ္႐ွိႏိုင္ေျခ ၃၀ ရာခိုင္ႏႈန္းနီးပါးေလွ်ာ့ခ်ႏိုင္မႈႏွင့္ ဆက္စပ္လ်က္႐ွိေၾကာင္း ေတြ႕႐ွိခဲ့သည္ဟု PLOS Biology ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည့္ အဆိုပါေလ့လာမႈထုတ္ျပန္ခ်က္သစ္တစ္ရပ္တြင္ ေရးသားထားခဲ့သည္။

မယ္လတိုနင္ႏွင့္ပတ္သက္ေသာ ၎ေတြ႕႐ွိခ်က္မ်ားသည္ ႐ွိၿပီးသားေဆးမ်ားထဲမွ COVID-19 အတြက္ ကုသႏိုင္မည့္ေဆးမ်ား႐ွာေဖြေဖာ္ထုတ္ရန္ Lerner Research Institute မွ သုေတသီမ်ားမွ တီထြင္သည့္ AI platform တစ္ခုမွ ရ႐ွိခဲ့ျခင္းျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ပါ႐ွိသည္။

ပို၍အတိအက်ဆိုရေသာ္ ေလ့လာမႈတြင္ပါဝင္ခဲ့သည့္သုေတသီမ်ားက အျခားေရာဂါမ်ားႏွင့္ COVID-19 တို႔အၾကား ဘုံေရာဂါေဗဒႏွင့္ လက္ေတြ႕သ႐ုပ္သကန္မ်ားကို ႐ွာေဖြရန္ Cleveland Clinic လူနာမ်ား၏ ေဆးကုသမႈမွတ္တမ္းေျမာက္မ်ားစြာႏွင့္ Network Medicine နည္းလမ္းမ်ားကို တြဲဖက္အသုံးခ်ခဲ့ျခင္းျဖစ္သည္။

COVID-19 လူနာမ်ားအတြက္ မယ္လတိုနင္ ၏လက္ေတြ႕အက်ိဳးေက်းဇူးမ်ား တရားဝင္ျဖစ္ေစရန္ ယခုေတြ႕႐ွိခ်က္မွတစ္ဆင့္ ထပ္မံ၍ အႀကီးစားေစာင့္ၾကည့္ေလ့လာမႈမ်ားႏွင့္ လက္ေတြ႕စမ္းသပ္မႈမ်ားစြာ ပါဝင္သည့္ သုေတသနမ်ားျပလုပ္ရန္ လိုအပ္ဦးမည္ျဖစ္သည္။

COVID-19 ဆိုသည္ ဆဲလ္မ်ား၊ တစ္သွ်ဴးမ်ားႏွင့္ ကိုယ္တြင္းအဂၤါမ်ားကို ထိခိုက္ေစသည့္ ေရာဂါတစ္မ်ိဳးျဖစ္သျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ အျခားေရာဂါမ်ားအၾကား ႐ႈပ္ေထြးစြာအျပန္အလွန္သက္ေရာက္ေစေၾကာင္း သိ႐ွိနားလည္မႈမွာ COVID-19 ကုသေနစဥ္ ထပ္တိုးလာေသာေရာဂါမ်ားကို နားလည္ႏိုင္ေရးႏွင့္ ႐ွိၿပီးသားေဆးမ်ားထဲမွ COVID-19 အတြက္ ကုသႏိုင္မည့္ေဆးမ်ား႐ွာေဖြေဖာ္ထုတ္ေရးတို႔အတြက္ အဓိကက်ေၾကာင္း မၾကာေသးမီကေလ့လာမႈမ်ားကလည္း ၫႊန္ျပထားသည္ဟု Cleveland Clinic ေဆး႐ုံ၏ သမားေတာ္ Feixiong Cheng က ထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ရဲ႕ေလ့လာမႈက COVID-19 ဆက္စပ္ေရာဂါသ႐ုပ္သကန္ေတြကို ခန္႔မွန္းဖို႔နဲ႔ ထိေရာက္တဲ့ကုသမႈ႐ွာေဖြေရးအဆင္ေျပေစဖို႔အတြက္ အားေကာင္းတဲ့ Network Medicine မဟာဗ်ဴဟာတစ္ခုကို ပံ့ပိုး‌‌ေပးတာပဲျဖစ္ပါတယ္” ဟုလည္း Cheng က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Melatonin eyed as possible coronavirus treatment, study suggests (foxnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service