Sinopharm ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးထိုးထားသူ ၅၆၀၀၀ ပြည်ပသို့ ခရီးသွားလာခဲ့ကြပြီး ရောဂါကူးစက်ခြင်းမခံခဲ့ကြရ

Sinopharm ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးထိုးထားသူ ၅၆၀၀၀ ပြည်ပသို့ ခရီးသွားလာခဲ့ကြပြီး ရောဂါကူးစက်ခြင်းမခံခဲ့ကြရ - Property News in Myanmar from iMyanmarHouse.com
10 Nov 2020 12:19 pm တွင် တင်ခဲ့သည်
28045 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်အစိုးရပိုင် China National Pharmaceutical Group Corp (အတိုကောက်အားဖြင့် Sinopharm ဟုခေါ်) မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးထိုးထားသူ ၅၆၀၀၀ ဦးသည် ပြည်ပသို့ ခရီးသွားလာခဲ့ကြရာ တစ်ဦးမှ ရောဂါကူးစက်ခြင်းမခံခဲ့ကြရကြောင်း Sinopharm ၏ ဥက္ကဌက ပြောကြားသည်။

Sinopharm ၏ ဥက္ကဌ လျူကျင်းကျန် (Liu Jingzhen ) က ပြီးခဲ့သော သောကြာနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်မှာ ကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးဖြင့် လူပေါင်း ၁၀၀,၀၀၀ အား ဆေးထိုးပေးပြီးဖြစ်ပြီး ၎င်းတို့တွင် ဆိုးကျိုးပြသမှုများ မရှိကြောင်း ပြောကြားသည်။

ကာကွယ်ဆေးထိုးပြီးနောက် ပြည်ပသို့ ခရီးသွားသူများတွင် မည်သူမျှ ရောဂါကူးစက်ခြင်းမခံကြရကြောင်း ဥက္ကဌလျူက ပြောသည်။

ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အရေးပေါ်သုံးအနေဖြင့် ထိုးနှံခံကြသူများတွင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation) ၊ တရုတ် ရေနံဓာတုကော်ပိုရေးရှင်း (China Petrochemical Corporation) နှင့် နည်းပညာကုမ္ပဏီကြီး Huawei တို့မှ ဝန်ထမ်းများ ပါဝင်သည်။

လျူက ပြောရာတွင် မက္ကဆီကိုနိုင်ငံရှိ Huawei ရုံးတွင် ဝန်ထမ်း ၉၉ ဦးရှိသည့်အနက် ၈၁ ဦးကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါရုံးရှိ ကာကွယ်ဆေးထိုးမထားသော ဝန်ထမ်း ၁၀ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

ကာကွယ်ဆေးထိုးထားသူ တစ်ဦးမှ ရောဂါကူးစက်ခြင်းမခံခဲ့ရဟူသည်မှာ ကာကွယ်ဆေးက အလုပ်လုပ်သည်ကို ပြသသည့် သက်သေတစ်ခုဖြစ်ကြော်း ရှန်ဟိုင်းအခြေစိုက် ကာကွယ်ဆေးကျွမ်းကျင်ပညာရှင် ဟောင်းလီန (Tao Lina) က Global Times သို့ ပြောသည်။

အထက်ပါ အချက်အလက်များက Sinopharm ၏ ကာကွယ်ဆေးကို ဈေးကွက်သို့ တင်ပို့ရန် နီးစပ်နေပြီဆိုခြင်းကို ပြသနေကြောင်း ဟောင်းလီနက ခန့်မှန်းသည်။

Sinopharm ၏ ဥက္ကဌက ပြောသည်မှာ ယခုနှစ် ဇွန်လကတည်းက Sinopharm ၏ ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုများကို အာရပ်စော်ဘွားများပြည်ထောင်စု၊ အီဂျစ်၊ ဘာရိန်း၊ ပီရူးနှင့် မော်ရိုကိုတို့ အပါအဝင် ကမ္ဘာ့နိုင်ငံနှင့် နယ်မြေများစွာတွင် စမ်းသပ်ခဲ့ပြီး လူပေါင်း ၅၀၀၀၀ ကျော် ပါဝင်စမ်းသပ်ခံခဲ့ကြကြောင်း ပြောကြားသည်။

စမ်းသပ်မှု ရလဒ်များအရ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနှင့် အခြားသော နိုင်ငံများတွင် Sinopharm ၏ ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် အတည်ပြုခဲ့ကြကြောင်း ဥက္ကဌလျူက ပြောသည်။

၎င်းကိုယ်တိုင်လည်း ယခုနှစ် မတ်လအတွင်း ကာကွယ်ဆေးစမ်းသပ်ခံခဲ့ရာ ဘေးထွက်ဆိုးကျိုးပြသမှုများ မရှိကြောင်း ဥက္ကဌလျူက ပြောကြားသည်။

Sinopharm သည် ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး သန်း ၁၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ပြီး လာမည့်နှစ်တွင် ကာကွယ်ဆေး ၁ ဘီလီယံခန့် ထုတ်လုပ်မည်ဟု ခန့်မှန်းထားကြောင်း ဥက္ကဌလျူက ဆက်လက်ပြောကြားသည်။

တရုတ်ပြည်တွင် ကာကွယ်ဆေး ၃ မျိုးကို အရေးပေါ်သုံးအဖြစ် အတည်ပြုထားသည်။

အဆိုပါကာကွယ်ဆေးများကို အန္တရာယ်များပြားသည့် အုပ်စုများဖြစ်သော ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါကူးစက်မှုများသည့် တိုင်းပြည်များသို့ စေလွှတ်ထားသော သံတမန်များ၊ ခါးပတ်နှင့်လမ်း ခြေလှမ်းအတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်ထားသည့် ဝန်ထမ်းများကို ထိုးနှံပေးထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: No infections among 56,000 people who traveled abroad after receiving Sinopharm-developed COVID-19 vaccine: developer (Global Times)

[Zawgyi]

Sinopharm ကုမၸဏီထုတ္ COVID-19 ကာကြယ္ေဆးထိုးထားသူ ၅၆၀၀၀ ျပည္ပသို႔ ခရီးသြားလာခဲ့ၾကျပီး ေရာဂါကူးစက္ျခင္းမခံခဲ့ၾကရ

တရုတ္အစိုးရပိုင္ China National Pharmaceutical Group Corp (အတိုေကာက္အားျဖင့္ Sinopharm ဟုေခၚ) မွ ထုတ္လုပ္ေသာ COVID-19 ကာကြယ္ေဆးထိုးထားသူ ၅၆၀၀၀ ဦးသည္ ျပည္ပသို႔ ခရီးသြားလာခဲ့ၾကရာ တစ္ဦးမွ ေရာဂါကူးစက္ျခင္းမခံခဲ့ၾကရေၾကာင္း Sinopharm ၏ ဥကၠဌက ေျပာၾကားသည္။

Sinopharm ၏ ဥကၠဌ လ်ဴက်င္းက်န္ (Liu Jingzhen ) က ျပီးခဲ့ေသာ ေသာၾကာေန႔တြင္ ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္မွာ ကုမၸဏီမွ ထုတ္လုပ္ေသာ ကာကြယ္ေဆးျဖင့္ လူေပါင္း ၁၀၀,၀၀၀ အား ေဆးထိုးေပးျပီးျဖစ္ျပီး ၎တို႔တြင္ ဆိုးက်ဳိးျပသမႈမ်ား မရွိေၾကာင္း ေျပာၾကားသည္။

ကာကြယ္ေဆးထိုးျပီးေနာက္ ျပည္ပသုိ႔ ခရီးသြားသူမ်ားတြင္ မည္သူမွ် ေရာဂါကူးစက္ျခင္းမခံၾကရေၾကာင္း ဥကၠဌလ်ဴက ေျပာသည္။

ကုမၸဏီထုတ္ ကာကြယ္ေဆးကို အေရးေပၚသံုးအေနျဖင့္ ထိုးႏွံခံၾကသူမ်ားတြင္ တရုတ္အမ်ဳိးသား ေရနံေကာ္ပိုေရးရွင္း (China National Petroleum Corporation) ၊ တရုတ္ ေရနံဓာတုေကာ္ပိုေရးရွင္း (China Petrochemical Corporation) ႏွင့္ နည္းပညာကုမၸဏီၾကီး Huawei တို႔မွ ဝန္ထမ္းမ်ား ပါဝင္သည္။

လ်ဴက ေျပာရာတြင္ မကၠဆီကိုႏိုင္ငံရွိ Huawei ရံုးတြင္ ဝန္ထမ္း ၉၉ ဦးရွိသည့္အနက္ ၈၁ ဦးကို ကာကြယ္ေဆးထိုးေပးျပီးျဖစ္ေၾကာင္း ေျပာၾကားသည္။

အဆိုပါရံုးရွိ ကာကြယ္ေဆးထိုးမထားေသာ ဝန္ထမ္း ၁၀ ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ျဖစ္ေပၚခဲ့သည္ဟု ဆိုသည္။

ကာကြယ္ေဆးထိုးထားသူ တစ္ဦးမွ ေရာဂါကူးစက္ျခင္းမခံခဲ့ရဟူသည္မွာ ကာကြယ္ေဆးက အလုပ္လုပ္သည္ကို ျပသသည့္ သက္ေသတစ္ခုျဖစ္ေၾကာ္း ရွန္ဟိုင္းအေျခစိုက္ ကာကြယ္ေဆးကၽြမ္းက်င္ပညာရွင္ ေဟာင္းလီန (Tao Lina) က Global Times သို႔ ေျပာသည္။

အထက္ပါ အခ်က္အလက္မ်ားက Sinopharm ၏ ကာကြယ္ေဆးကို ေစ်းကြက္သို႔ တင္ပို႔ရန္ နီးစပ္ေနျပီဆိုျခင္းကို ျပသေနေၾကာင္း ေဟာင္းလီနက ခန္႔မွန္းသည္။

Sinopharm ၏ ဥကၠဌက ေျပာသည္မွာ ယခုႏွစ္ ဇြန္လကတည္းက Sinopharm ၏ ကာကြယ္ေဆး အဆင့္ ၃ စမ္းသပ္မႈမ်ားကို အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ အီဂ်စ္၊ ဘာရိန္း၊ ပီရူးႏွင့္ ေမာ္ရိုကိုတို႔ အပါအဝင္ ကမၻာ့ႏိုင္ငံႏွင့္ နယ္ေျမမ်ားစြာတြင္ စမ္းသပ္ခဲ့ျပီး လူေပါင္း ၅၀၀၀၀ ေက်ာ္ ပါဝင္စမ္းသပ္ခံခဲ့ၾကေၾကာင္း ေျပာၾကားသည္။

စမ္းသပ္မႈ ရလဒ္မ်ားအရ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဘာရိန္းႏွင့္ အျခားေသာ ႏိုင္ငံမ်ားတြင္ Sinopharm ၏ ကာကြယ္ေဆးကို အေရးေပၚသံုးအျဖစ္ အတည္ျပဳခဲ့ၾကေၾကာင္း ဥကၠဌလ်ဴက ေျပာသည္။

၎ကိုယ္တိုင္လည္း ယခုႏွစ္ မတ္လအတြင္း ကာကြယ္ေဆးစမ္းသပ္ခံခဲ့ရာ ေဘးထြက္ဆိုးက်ဳိးျပသမႈမ်ား မရွိေၾကာင္း ဥကၠဌလ်ဴက ေျပာၾကားသည္။

Sinopharm သည္ ယခုႏွစ္ကုန္ပိုင္းတြင္ ကာကြယ္ေဆး သန္း ၁၀၀ ခန္႔ ထုတ္လုပ္မည္ျဖစ္ျပီး လာမည့္ႏွစ္တြင္ ကာကြယ္ေဆး ၁ ဘီလီယံခန္႔ ထုတ္လုပ္မည္ဟု ခန္႔မွန္းထားေၾကာင္း ဥကၠဌလ်ဴက ဆက္လက္ေျပာၾကားသည္။

တရုတ္ျပည္တြင္ ကာကြယ္ေဆး ၃ မ်ဳိးကို အေရးေပၚသံုးအျဖစ္ အတည္ျပဳထားသည္။

အဆိုပါကာကြယ္ေဆးမ်ားကို အႏၱရာယ္မ်ားျပားသည့္ အုပ္စုမ်ားျဖစ္ေသာ က်န္းမာေရးဝန္ထမ္းမ်ား၊ ေရာဂါကူးစက္မႈမ်ားသည့္ တိုင္းျပည္မ်ားသို႔ ေစလႊတ္ထားေသာ သံတမန္မ်ား၊ ခါးပတ္ႏွင့္လမ္း ေျခလွမ္းအတြက္ ျပည္ပႏိုင္ငံမ်ားသို႔ ေစလႊတ္ထားသည့္ ဝန္ထမ္းမ်ားကို ထိုးႏွံေပးထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: No infections among 56,000 people who traveled abroad after receiving Sinopharm-developed COVID-19 vaccine: developer (Global Times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service