CopenHill လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါ် နှင်းလျှောစီး၊ တောင်တက်၊ တွယ်တက်စရာများဖန်တီးထား
CopenHill လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါ် နှင်းလျှောစီး၊ တောင်တက်၊ တွယ်တက်စရာများဖန်တီးထား - Property News in Myanmar from iMyanmarHouse.com
10 Nov 2020 12:00 pm တွင် တင်ခဲ့သည်
968 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်ရှိ ကမ္ဘာ့အသန့်စင်ဆုံး (စွန့်ပစ်ပစ္စည်းမှပြောင်းလဲထုတ်လုပ်သည့်) စွမ်းအင်စက်ရုံလို့ ခေါ်ဝေါ်သမုတ်ခြင်းခံထားရတဲ့ CopenHill သန့်စင်စွမ်းအင်စက်ရုံရဲ့ အမိုးပေါ်မှာ စကီး သို့မဟုတ် နှင်းလျှောစီးအားကစားအတွက် ဆင်ခြေလျှောကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တုန်းက စတင်ဖွင့်လှစ်ခဲ့တာပါ။
အဲဒီလိုဖွင့်လှစ်ခဲ့တာကို ၎င်းစက်ရုံရဲ့ မန်နေဂျင်းဒါရိုက်တာ ဂျက်ကော့ဆိုင်မွန်ဆင်ကတော့ ဘဝအရည်အသွေးနဲ့ လူ့ပျော်ရွှင်မှုကို ပိုမိုကောင်းမွန်စေတဲ့ “ပျော်ရွှင်မှုပဓာနဝါဒစဉ်ဆက်မပြတ်တည်တံ့နေမှု” ရဲ့ ဥပမာတစ်ခုလို့ တင်စားခဲ့ပါတယ်။
ဆင်ခြေလျှောတစ်လျှောက်ခင်းထားတဲ့ neveplast တံဆိပ် နှင်းလျှောစီးဖို့အထူးပြုလုပ်ထားတဲ့ အစိမ်းရောင်မြက်ခင်းတုက အမြင်အားဖြင့် နှင်းနဲ့မတူပေမဲ့လို့ အထိအတွေ့အားဖြင့်တော့ နှင်းလျှောစီးဖို့ရာ အမှန်တကယ်ကိုပဲ လုံလုံလောက်လောက်ချောမွတ်ပါတယ်။
မီတာ ၄၅၀ (ပေအားဖြင့် ၁၄၇၆ ဒသမ ၅ ပေ) ရှည်လျားတဲ့ နှင်းလျှော သို့မဟုတ် စကီးလျှောဟာ ကမ္ဘာ့အမတ်စောက်ဆုံးစကီးလျှောလည်း ဖြစ်ပါတယ်။
Amager Resource Center (ARC) လို့လည်း ခေါ်တဲ့ စတုရန်းပေ ၄ ဒသမ ၄ သန်း ဧရိယာအကျယ်အဝန်းရှိတဲ့ ၎င်းဓာတ်အားပေးစက်ရုံကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြန်လည်အသုံးမပြုနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို စွမ်းအင်အဖြစ် ၎င်းစက်ရုံက ပြောင်းလဲလာနေခဲ့တာပဲဖြစ်ပါတယ်။
ပြန်လည်အသုံးပြုလို့မရတဲ့ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးပြီး နေအိမ် ၁ သိန်းခွဲအတွက် လုံလောက်တဲ့အပူဓာတ်နဲ့ လျှပ်စစ်ဓာတ်အားတွေကို ထုတ်လုပ်ပေးပါတယ်။ မီသိန်းဓာတ်ငွေ့ထွက်ရှိနိုင်တဲ့ ဖို့မြေဖြစ်မယ့်အခြေအနေကနေ စွန့်ပစ်ပစ္စည်းအမှိုက်သရိုက်တွေကို ကယ်ဆယ်ပေးပြီး ဇီဝရုပ်ကြွင်းလောင်စာတွေကို မီးရှို့လျှင် ထွက်မှာထက် လျော့နည်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ပမာဏကို လေထုထဲ ထုတ်လွှတ်ပါတယ်။ (နှစ်စဉ် ၎င်းစက်ရုံကနေ စွန့်ပစ်ပစ္စည်းတန်ချိန် ၄၄၀,၀၀၀ ကို သန့်စင်စွမ်းအင်အဖြစ် ပြောင်လဲပေးနိုင်ပါတယ်။) (ကိုပင်ဟေဂင်ဟာ လာမယ့်ငါးနှစ်အတွင်း “ကမ္ဘာ့ပထမဆုံးကာဗွန်ဒိုင်အောက်ဆိုဒ်ကင်းစင်သောမြို့ပြ” ဖြစ်လာဖို့စီစဉ်နေတဲ့မြို့ ဖြစ်ပါတယ်။)
ဒါပေမဲ့ CopenHill ကို စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းမှာတင် မဟုတ်ပါဘူး၊ “မြို့ပြတောင်တက်အားကစားအချက်အချာနေရာ” တစ်ခုအဖြစ်လည်း မူလကတည်းက ရည်ရွယ်ကာ ဒိန်းမတ်ဗိသုကာကုမ္ပဏီ BIG က ဒီဇိုင်းထွင်ထားခဲ့တာပါ။
CopenHill မှာ စကီးလျှောသာမက တကယ့်တောင်လိုပဲ သစ်ပင်အစစ်တွေနဲ့ မီတာ ၅၀၀ ရှည်လျားတဲ့ပြီး “အမိုးပေါ်တောင်တက်လမ်းကြောင်း” အပြင် မျက်နှာစာမှာလည်း ၈၅ မီတာ အမြင့်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး(လူလုပ်)တွယ်တက်နံရံလည်း ရှိပါသေးတယ်။ အမိုးပေါ်မှာ ဘားတစ်ခုနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ဖို့နေရာတစ်ခုလည်းပဲ ပါရှိတယ်လို့ သိရပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Denmark’s copenhill power plant sports a rooftop ski slope (globetrender, businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service