ထိုင်းလေကြောင်းလိုင်းက Covid-19 ကြောင့် ဒေဝါလီမခံရရေးအတွက် လေယာဉ်ပေါင်း ၃၄ စင်း ရောင်းချရန် စီစဉ်

ထိုင်းလေကြောင်းလိုင်းက Covid-19 ကြောင့် ဒေဝါလီမခံရရေးအတွက် လေယာဉ်ပေါင်း ၃၄ စင်း ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
7 Nov 2020 11:29 am တွင် တင်ခဲ့သည်
1703 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ၏ ရိုက်ခတ်မှုများကြောင့် ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (Thai Airways International) သည် ဒေဝါလီခံရမည့် အရေးမှ လွတ်ကင်းရန် လုပ်ငန်းပြန်လည်ထူထောင်ရေးအတွက် ဗဟိုဒေဝါလီခုံရုံးတွင် ဒေဝါလီခံမှု အကာအကွယ်ပေးရေးကို ယခုနှစ် မေလအတွင်းက လျှောက်ထားခဲ့ရာ ထိုင်းအစိုးရက ခွင့်ပြုပေးခဲ့သည်။

ဒေဝါလီခုံရုံးက လုပ်ငန်းပြန်လည်ထူထောင်မှုဖြစ်စဉ်ကို စောင့်ကြည့်သွားမည်ဖြစ်ပြီး လေကြောင်းလိုင်း၏ မြီရှင်များထံမှ သဘောတူညီချက်ဖြင့် အုပ်ချုပ်ကွပ်ကဲရေးမှူးတစ်ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း မေလအတွင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ယခုအခါ ဒေဝါလီခံမှု ကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်သည့်အနေဖြင့် ခရီးသည်တင်လေယာဉ်ဟောင်း ၃၄ စင်းကို လေလံတင်ရောင်းချရန် စီစဉ်လာရခြင်းလည်း ဖြစ်သည်။

ရောင်းချမည့် လေယာဉ်များသည် သက်တမ်း ၁၂ မှ နှစ် ၃၀ ကြားရှိပြီး မျက်မြင်အခြေအနေအတိုင်း ရောင်းချမည် ဖြစ်သည်။

လေကြောင်းလိုင်းမှာ ယခုအခါ ငွေပြတ်နေပြီ ဖြစ်သည်။ ကြွေးမြီပြန်လည်ဖြေရှင်းထူထောင်ရေး စီမံကိန်းအရ ထိုင်းလေကြောင်းလိုင်း ဝန်ထမ်းစုစုပေါင်း၏ ၄ ပုံ ၁ ပုံဖြစ်သော ဝန်ထမ်း ၅၀၀၀ နီးပါးမှာ မိမိဆန္ဒအလျောက် နှုတ်ထွက်စာ တင်ခဲ့ကြရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ခရီးသွားမှုများ ကျဆင်းသွားခဲ့ရာ လေကြောင်းကုမ္ပဏီမှာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နည်းလမ်းများ ကြံဆတီထွင်လာခဲ့ရသည်။

ဘန်ကောက်ရှိ ထိုင်းလေကြောင်းလိုင်း၏ ရုံးချုပ်တွင် လေယာဉ်ပေါ်တွင် တည်ခင်းဧည့်ခံသည့် စားသောက်ဖွယ်ရာများကို ရောင်းချမှုများ ပြုလုပ်လာသည်။ ပြန်လည်မွမ်းမံထားသော လေယာဉ်ထိုင်ခုံများဖြင့် ဖောက်သည်များကို စီစဉ်ပေးပြီး လေယာဉ်မယ်တို့က တည်ခင်းဧည့်ခံပေးခြင်း ဖြစ်သည်။

မကြာသေးမီကလည်း ထိုင်းလေကြောင်းက ခရီးစဉ်တစ်ခုကို နိုဝင်ဘာ ၃၀ က စီစဉ်ခဲ့သေးသည်။ ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားသည့်နေရာပေါင်း ၉၉ ခုသို့ လေယာဉ်ဖြတ်သန်းပျံသန်းမည်ဖြစ်ပြီး ခရီးသည်များက လေယာဉ်ပေါ်တွင် ဗုဒ္ဓ၏ ပရိတ်များကို ရွတ်ဖတ်ကြမည့် ခရီးစဉ် ဖြစ်သည်။

ယခုအခါတွင်ကား ထိုင်းလေကြောင်းသည် ၎င်း၏ လေယာဉ်ဟောင်းများကို ရောင်းထုတ်နေပြီဖြစ်ရာ ရောင်းချမည့် လေယာဉ်များမှာ

၁။ ဘိုးအင်း B737-400 လေယာဉ် ၂ စင်း (၁၉၉၂ နှင့် ၉၃ ခုနှစ်များတွင် ထုတ်လုပ်)

၂။ အဲဘတ်စ် A300-600 လေယာဉ် ၁ စင်း (၁၉၉၃ ခုနှစ်ထုတ်)

၃။ အဲဘတ်စ် A340-500 လေယာဉ် ၃ စင်း (၂၀၀၅ မှ ၂၀၀၇ ခုနှစ်ကြားထုတ်လုပ်)

၄။ အဲဘတ်စ် A340-600 လေယာဉ် ၆ စင်း (၂၀၀၅ မှ ၂၀၀၈ ခုနှစ်ကြား ထုတ်လုပ်)

၅။ ဘိုးအင်း 747-400 လေယာဉ် ၁၀ စင်း (၁၉၉၃ မှ ၂၀၀၃ ခုနှစ်ကြားထုတ်လုပ်)

၆။ ဘိုးအင်း B777-200 လေယာဉ် ၆ စင်း (၁၉၉၆ မှ ၉၈ ခုနှစ်ကြား ထုတ်လုပ်)

၇။ ဘိုးအင်း B777-300 လေယာဉ် ၆ စင်း (၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်ကြား ထုတ်လုပ်)

ဝယ်ယူရန် စိတ်ဝင်စားသူများအနေဖြင့် နိုဝင်ဘာလ ၁၃ ရက်တွင် လေလံဆွဲနိုင်ပြီး အသေးစိတ်အချက်အလက်များကို aircraftsale@thaiairways.com အီးမေးလိပ်စာသို့ စာရေးသားဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai Airways to auction off 34 used passenger aircrafts (The Thaiger)

[Zawgyi]

ထိုင္းေလေၾကာင္းလိုင္းက Covid-19 ေၾကာင့္ ေဒဝါလီမခံရေရးအတြက္ ေလယာဥ္ေပါင္း ၃၄ စင္း ေရာင္းခ်ရန္ စီစဥ္

COVID-19 ၏ ရိုက္ခတ္မႈမ်ားေၾကာင့္ ထိုင္းႏိုင္ငံတကာေလေၾကာင္းလိုင္း (Thai Airways International) သည္ ေဒဝါလီခံရမည့္ အေရးမွ လြတ္ကင္းရန္ လုပ္ငန္းျပန္လည္ထူေထာင္ေရးအတြက္ ဗဟိုေဒဝါလီခံုရံုးတြင္ ေဒဝါလီခံမႈ အကာအကြယ္ေပးေရးကို ယခုႏွစ္ ေမလအတြင္းက ေလွ်ာက္ထားခဲ့ရာ ထိုင္းအစိုးရက ခြင့္ျပဳေပးခဲ့သည္။

ေဒဝါလီခံုရံုးက လုပ္ငန္းျပန္လည္ထူေထာင္မႈျဖစ္စဥ္ကို ေစာင့္ၾကည့္သြားမည္ျဖစ္ျပီး ေလေၾကာင္းလိုင္း၏ ျမီရွင္မ်ားထံမွ သေဘာတူညီခ်က္ျဖင့္ အုပ္ခ်ဳပ္ကြပ္ကဲေရးမွဴးတစ္ဦး ခန္႔အပ္သြားမည္ျဖစ္ေၾကာင္း ေမလအတြင္း သတင္းထုတ္ျပန္ခဲ့ဖူးသည္။

ယခုအခါ ေဒဝါလီခံမႈ ကာကြယ္ေရးလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္သည့္အေနျဖင့္ ခရီးသည္တင္ေလယာဥ္ေဟာင္း ၃၄ စင္းကို ေလလံတင္ေရာင္းခ်ရန္ စီစဥ္လာရျခင္းလည္း ျဖစ္သည္။

ေရာင္းခ်မည့္ ေလယာဥ္မ်ားသည္ သက္တမ္း ၁၂ မွ ႏွစ္ ၃၀ ၾကားရွိျပီး မ်က္ျမင္အေျခအေနအတိုင္း ေရာင္းခ်မည္ ျဖစ္သည္။

ေလေၾကာင္းလိုင္းမွာ ယခုအခါ ေငြျပတ္ေနျပီ ျဖစ္သည္။ ေၾကြးျမီျပန္လည္ေျဖရွင္းထူေထာင္ေရး စီမံကိန္းအရ ထိုင္းေလေၾကာင္းလိုင္း ဝန္ထမ္းစုစုေပါင္း၏ ၄ ပံု ၁ ပံုျဖစ္ေသာ ဝန္ထမ္း ၅၀၀၀ နီးပါးမွာ မိမိဆႏၵအေလ်ာက္ ႏႈတ္ထြက္စာ တင္ခဲ့ၾကရသည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ ခရီးသြားမႈမ်ား က်ဆင္းသြားခဲ့ရာ ေလေၾကာင္းကုမၸဏီမွာ ရွင္သန္ရပ္တည္ႏိုင္ေရးအတြက္ နည္းလမ္းမ်ား ၾကံဆတီထြင္လာခဲ့ရသည္။

ဘန္ေကာက္ရွိ ထိုင္းေလေၾကာင္းလိုင္း၏ ရံုးခ်ဳပ္တြင္ ေလယာဥ္ေပၚတြင္ တည္ခင္းဧည့္ခံသည့္ စားေသာက္ဖြယ္ရာမ်ားကို ေရာင္းခ်မႈမ်ား ျပဳလုပ္လာသည္။ ျပန္လည္မြမ္းမံထားေသာ ေလယာဥ္ထုိင္ခံုမ်ားျဖင့္ ေဖာက္သည္မ်ားကို စီစဥ္ေပးျပီး ေလယာဥ္မယ္တို႔က တည္ခင္းဧည့္ခံေပးျခင္း ျဖစ္သည္။

မၾကာေသးမီကလည္း ထိုင္းေလေၾကာင္းက ခရီးစဥ္တစ္ခုကို ႏိုဝင္ဘာ ၃၀ က စီစဥ္ခဲ့ေသးသည္။ ထိုင္းႏိုင္ငံတစ္ဝန္းရွိ ဘာသာေရးဆိုင္ရာ အထြတ္အျမတ္ထားသည့္ေနရာေပါင္း ၉၉ ခုသို႔ ေလယာဥ္ျဖတ္သန္းပ်ံသန္းမည္ျဖစ္ျပီး ခရီးသည္မ်ားက ေလယာဥ္ေပၚတြင္ ဗုဒၶ၏ ပရိတ္မ်ားကို ရြတ္ဖတ္ၾကမည့္ ခရီးစဥ္ ျဖစ္သည္။

ယခုအခါတြင္ကား ထိုင္းေလေၾကာင္းသည္ ၎၏ ေလယာဥ္ေဟာင္းမ်ားကို ေရာင္းထုတ္ေနျပီျဖစ္ရာ ေရာင္းခ်မည့္ ေလယာဥ္မ်ားမွာ

၁။ ဘိုးအင္း B737-400 ေလယာဥ္ ၂ စင္း (၁၉၉၂ ႏွင့္ ၉၃ ခုႏွစ္မ်ားတြင္ ထုတ္လုပ္)

၂။ အဲဘတ္စ္ A300-600 ေလယာဥ္ ၁ စင္း (၁၉၉၃ ခုႏွစ္ထုတ္)

၃။ အဲဘတ္စ္ A340-500 ေလယာဥ္ ၃ စင္း (၂၀၀၅ မွ ၂၀၀၇ ခုႏွစ္ၾကားထုတ္လုပ္)

၄။ အဲဘတ္စ္ A340-600 ေလယာဥ္ ၆ စင္း (၂၀၀၅ မွ ၂၀၀၈ ခုႏွစ္ၾကား ထုတ္လုပ္)

၅။ ဘိုးအင္း 747-400 ေလယာဥ္ ၁၀ စင္း (၁၉၉၃ မွ ၂၀၀၃ ခုႏွစ္ၾကားထုတ္လုပ္)

၆။ ဘိုးအင္း B777-200 ေလယာဥ္ ၆ စင္း (၁၉၉၆ မွ ၉၈ ခုႏွစ္ၾကား ထုတ္လုပ္)

၇။ ဘိုးအင္း B777-300 ေလယာဥ္ ၆ စင္း (၁၉၉၈ မွ ၂၀၀၀ ျပည့္ႏွစ္ၾကား ထုတ္လုပ္)

ဝယ္ယူရန္ စိတ္ဝင္စားသူမ်ားအေနျဖင့္ ႏိုဝင္ဘာလ ၁၃ ရက္တြင္ ေလလံဆြဲႏိုင္ျပီး အေသးစိတ္အခ်က္အလက္မ်ားကို aircraftsale@thaiairways.com အီးေမးလိပ္စာသို႔ စာေရးသားဆက္သြယ္ စံုစမ္းႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thai Airways to auction off 34 used passenger aircrafts (The Thaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service