ဂျပန်တွင် ခွေး ၁၆၄ ကောင်နှင့်အတူစတုရန်းပေ ၃၀၀ သာရှိသောအိမ်ကလေးတွင် နေထိုင်လျက်ရှိသည့် မိသားစု
ဂျပန်တွင် ခွေး ၁၆၄ ကောင်နှင့်အတူစတုရန်းပေ ၃၀၀ သာရှိသောအိမ်ကလေးတွင် နေထိုင်လျက်ရှိသည့် မိသားစု - Property News in Myanmar from iMyanmarHouse.com
6 Nov 2020 12:07 pm တွင် တင်ခဲ့သည်
2942 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျပန်ကျန်းမာရေးအရာရှိတို့သည် သေးငယ်သောနေအိမ်ကလေးတစ်လုံးတွင် ပိန်ချုံးနေသောခွေးပိန်ကလေးများ ၁၆၄ ကောင် ပြွတ်သိပ်ကြပ်ညပ်စွာနေထိုင်ရလျက်ရှိပြီးတိုင်းပြည်၏ အဆိုးရွားဆုံးတိရစ္ဆာန်စုဆောင်းမှုတွင် တစ်ခုအပါအဝင်အဖြစ် တွေ့ရှိခဲ့ကြကြောင်းတိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတို့ကပြောကြားသည်။
ကပ်ပါးကောင်များကိုက်ခဲနေသောခွေးများကိစ္စကိုဂျပန်နိုင်ငံအနောက်ပိုင်းအိဇုမို့ (Izumo) မြို့တွင် အိမ်နီးချင်းများ၏ တိုင်ကြားမှုကြောင့် အောက်တိုဘာလလယ်ပိုင်းတွင် သိရှိလာကြခြင်းဖြစ်ကြောင်းတိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသည့်အုပ်စုဖြစ်သောDobutsukikin ၏ အကြီးအကဲကူနီဟီဇာဆဂမိ (Kunihisa Sagami) က ပြောသည်။
လွန်ခဲ့သော ၇ နှစ်ကအဆိုပါနေအိမ်ရှိခွေးများ၏ ဆူညံလှသောအသံများနှင့် အနံ့ဆိုးများကြောင့် အိမ်နီးချင်းများကတိုင်ကြားရာ ပြည်သူ့ကျန်းမာရေးအရာရှိတို့ကထိုနေအိမ်သို့ သွားရောက်ခဲ့ကြသည်။
အဆိုပါနေအိမ်တွင် သက်ကြီးရွယ်အိုဇနီးမောင်နှံနှင့် ၎င်းတို့၏ သမီးဖြစ်သူတို့နေထိုင်ကြပြီးထိုစဉ်ကမူအရာရှိတို့အားနေအိမ်တွင်းဝင်ရောက်စစ်ဆေးခွင့် မပြုဘဲ ငြင်းဆန်ခဲ့ကြသည်ဟုဆိုသည်။
ခွေးများသည် စတုရန်းပေ ၃၂၃ ပေသာရှိသောတစ်ထပ်အိမ်ကလေး၏ စင်များပေါ်၊ စားပွဲများ- လက်ဆေးကန်များနှင့် ကုလားထိုင်များအောက် ပြွတ်သိပ်ကာနေထိုင်လျက်ရှိကြသည်။
“တစ်အိမ်လုံးကခွေးတွေနဲ့ ပြည့်နှက်နေပါတယ်။ မြင်နိုင်သမျှ ကြမ်းပြင်တစ်ခုလုံးမှာလည်းခွေးချေးတွေနဲ့ ဖုံးလွှမ်းနေပါတယ်” ဟု ဆဂမိက ပြောသည်။
အိမ်ပြင်ဘက် မြေပြင်တွင်လည်းခွေးချေးများဖြင့် အတိပြီးနေသည်ကိုတွေ့ခဲ့ကြသည်။
ခွေးများသည် ၎င်းတို့၏ အညစ်အကြေးများကို ပြန်လည်စားသောက်နေကြရရာကပ်ပါးကောင်များစွဲကပ်နေစေသည်။
ဒေသတွင်းသတင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရအဆိုပါမိသားစုသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၊ ၄၀ ခန့်က လမ်းဘေးခွေးတစ်ကောင်ကိုမွေးမြူထားခဲ့ရာအဆိုပါခွေးမှတဆင့် တစ်အုပ်တစ်မဖြစ်သည်အထိပေါက်ဖွားလာခြင်းဖြစ်ကြောင်းရေးသားဖော်ပြသည်။
အဆိုပါမိသားစုကပြောရာတွင် ၎င်းတို့သည် ခွေးအထီး၊ အမများကိုသင်းကွပ်ရန် မတတ်နိုင်သောကြောင့် ပွားများလာသည်ကိုသာလက်ခံထားရကြောင်းပြောသည်။
တိရစ္ဆာန်အခွင့်အရေးအဖွဲ့ Dobutsukikin က အင်စတာဂရမ်တွင် ရေးသားဖော်ပြရာ၌ ယခုဖြစ်ရပ်သည် နှိပ်စက်ညှင်းပန်းသည့်ဖြစ်ရပ် ဖြစ်သည်မှာထင်ရှားကြောင်းရေးသားခဲ့သည်။
အဆိုပါ မိသားစုကခွေးများကိုစွန့်လွှတ်ရန် သဘောတူညီခဲ့သည်ဟုဆိုသည်။
Dobutsukikinအဖွဲ့ကပြောကြားရာတွင် ခွေးအားလုံးကိုသားကြောဖြတ်၊ သင်းကွပ်မည်ဖြစ်ပြီးဆေးဝါးကုသပေးမှုများ ပြုလုပ်ပြီးနောက်တွင် ၎င်းတို့ကိုမွေးစားမည့်သူများရှာဖွေပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Japan officials find 164 dogs living with family of three in 300 sqft home (SCMP)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service