အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ်ပြော

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ်ပြော - Property News in Myanmar from iMyanmarHouse.com
4 Nov 2020 11:52 am တွင် တင်ခဲ့သည်
978 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒေါ်နယ်ထရမ့်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်မှုတွင် ဦးဆောင်ကာ ကူညီနေရချိန်တွင် သိပ္ပံပညာနှင့် နိုင်ငံရေးအကြားမှ မျဉ်းပေါ်၌ ဂရုထားကာ ကိုင်တွယ်နေရသော ဒေါက်တာ ဒက်ဘရာ အယ်လ် ဘာ့ဇ် (Deborah L. Birx) က အမေရိကန်ပြည်ထောင်စု၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအခြေအနေသည် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသစ်ဆီသို့ ဝင်ရောက်လာနေပြီဖြစ်ကြောင်း တနင်္လာနေ့ (နိုဝင်ဘာ ၂ ) တွင် အိမ်ဖြူတော် အရာရှိများအား ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၀၀၀၀၀ ခန့်သို့ ချဉ်းကပ်ကာ စံချိန်တင်ကူးစက်မှုများဖြစ်ပေါ်နေချိန်တွင် အိမ်ဖြူတော်အရာရှိများထံ သီးသန့်ပေးစာ၌ ဒေါက်တာ ဒက်ဘရာက ပြောကြားလိုက်ခြင်း ဖြစ်သည်။

သူမ၏ ပြောကြားချက်မှာ သမ္မတ ဒေါ်နယ်ထရမ့် မကြာခဏပြောကြားနေသော ကပ်ဘေးအခြေအနေမှာ ကောင်းမွန်လာနေပြီဆိုသည့် အချက်နှင့် ဆန့်ကျင်နေသည်။

ဒေါက်တာ ဒက်ဘရာက အကြံပြုထားသည်မှာ သမ္မတထရမ့်နှင့် သူ၏ အကြံပေးများသည် လော့ဒေါင်းချမှုများကို တားဆီးရေးအတွက်သာ အချိန်ကုန်နေခဲ့ပြီး ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် အချိန်ပေးခြင်းမရှိကြောင်း ပြောကြားထားသည်။

“ကျွန်မတို့ဟာ ဒီကပ်ရောဂါဘေးရဲ့ စိုးရိမ်စရာ အကောင်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံးအဆင့်ထဲကို ဝင်လာနေပါပြီ” ဟု ဒေါက်တာ ဒက်ဘရာက ရေးသားထားသည်။

ဒေါက်တာ ဒက်ဘရာ၏ ပေးစာအကြောင်းကို ပထမဆုံးစတင်ဖော်ပြခဲ့သည်မှာ The Washington Post သတင်းစာမှ ဖြစ်သည်။

အိမ်ဖြူတော် ထိပ်တန်းအရာရှိတစ်ဦးကလည်း ယခုပေးစာအကြောင်း အတည်ပြုထားသည်။

ပွင့်ပွင့်လင်းလင်းရေးသားထားသော ယခုပေးစာသည် ဒေါက်တာ ဒက်ဘရာအတွက် ထူးခြားသည့်အရာတစ်ခုလည်း ဖြစ်သည်။ အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်သည်နှင့်အညီ သမ္မတကို (သို့မဟုတ်) အစိုးရကို အများသိအောင် ဝေဖန်ခြင်းမျိုး မပြုလုပ်ဖူးချေ။

သူမ၏ ပြတ်သားသော ဝေဖန်မှုက အစိုးရသိပ္ပံပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များအကြား ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး အဆိုးရွားဆုံးကာလ ရောက်လာတော့မည်ကို ရတက်မအေးမှုများ မြင့်တက်နေကြောင်း ထင်ဟပ်ပြသနေသည်။

အစိုးရ၏ ထိပ်တန်း ကူးစက်ရောဂါပညာရှင် ဒေါက်တာ အန်းသနီ ဖောင်းချီကလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့ရာ ထရမ့်၏ ပစ်မှတ်ဖြစ်လာရသည်။

မီယာမီတွင် တနင်္လာနေ့ နံနက်ကပြုလုပ်ခဲ့သော မဲဆွယ်ဟောပြောပွဲ၌ ထရမ့်က သတင်းမီဒီယာများကို ကိုရိုနာဗိုင်းရပ်စ်အကြောင်းသာ အထူးပြုဖော်ပြနေမှုအတွက် ဝေဖန်တိုက်ခိုက်ခဲ့ရာ ပရိသတ်အား လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်ခဲ့ပြီး ထရမ့်အားထောက်ခံသူတို့က “ဖောင်းချီကို ဖြုတ်ပစ်၊ ဖောင်းချီကို ဖြုတ်ပစ်” ဟု ကြွေးကြော်ခဲ့ကြသည်။

ထရမ့်က အစိုးရဝန်ထမ်းများကို ဖြုတ်ချနိုင်ရေးအတွက် မိမိကိုယ်မိမိ အခွင့်အာဏာပိုမိုရရှိစေရန် မကြာသေးမီကပင် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ဒေါက်တာ အန်းသနီ ဖောင်းချီတွင် ပြည်သူ့ဝန်ထမ်းဆိုင်ရာ အကာအကွယ်များရှိသောကြောင့် ထရမ့်အနေဖြင့် ဖောင်းချီကို ရာထူးမှဖယ်ရှားရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A top White House coronavirus adviser warns of a ‘deadly phase’(New York Times)

[Zawgyi]

အေမရိကန္တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အဆိုးရြားဆံုးအဆင့္သို႔ ေရာက္ရွိေနျပီျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ အၾကံေပးပုဂၢိဳလ္ေျပာ

ေဒၚနယ္ထရမ့္အစိုးရ၏ ကိုရိုနာဗိုင္းရပ္စ္ တုန္႔ျပန္မႈတြင္ ဦးေဆာင္ကာ ကူညီေနရခ်ိန္တြင္ သိပၸံပညာႏွင့္ ႏိုင္ငံေရးအၾကားမွ မ်ဥ္းေပၚ၌ ဂရုထားကာ ကိုင္တြယ္ေနရေသာ ေဒါက္တာ ဒက္ဘရာ အယ္လ္ ဘာ့ဇ္ (Deborah L. Birx) က အေမရိကန္ျပည္ေထာင္စု၏ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးအေျခအေနသည္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အေျခအေနသစ္ဆီသို႔ ဝင္ေရာက္လာေနျပီျဖစ္ေၾကာင္း တနလၤာေန႔ (ႏိုဝင္ဘာ ၂ ) တြင္ အိမ္ျဖဴေတာ္ အရာရွိမ်ားအား ေျပာၾကားလိုက္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ ၁၀၀၀၀၀ ခန္႔သို႔ ခ်ဥ္းကပ္ကာ စံခ်ိန္တင္ကူးစက္မႈမ်ားျဖစ္ေပၚေနခ်ိန္တြင္ အိမ္ျဖဴေေတာ္အရာရွိမ်ားထံ သီးသန္႔ေပးစာ၌ ေဒါက္တာ ဒက္ဘရာက ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

သူမ၏ ေျပာၾကားခ်က္မွာ သမၼတ ေဒၚနယ္ထရမ့္ မၾကာခဏေျပာၾကားေနေသာ ကပ္ေဘးအေျခအေနမွာ ေကာင္းမြန္လာေနျပီဆိုသည့္ အခ်က္ႏွင့္ ဆန္႔က်င္ေနသည္။

ေဒါက္တာ ဒက္ဘရာက အၾကံျပဳထားသည္မွာ သမၼတထရမ့္ႏွင့္ သူ၏ အၾကံေပးမ်ားသည္ ေလာ့ေဒါင္းခ်မႈမ်ားကို တားဆီးေရးအတြက္သာ အခ်ိန္ကုန္ေနခဲ့ျပီး ဗိုင္းရပ္စ္္ထိန္းခ်ဳပ္ေရးအတြက္ အခ်ိန္ေပးျခင္းမရွိေၾကာင္း ေျပာၾကားထားသည္။

“ကၽြန္မတို႔ဟာ ဒီကပ္ေရာဂါေဘးရဲ႕ စိုးရိမ္စရာ အေကာင္းဆံုးနဲ႔ ေၾကာက္စရာအေကာင္းဆံုးအဆင့္ထဲကို ဝင္လာေနပါျပီ” ဟု ေဒါက္တာ ဒက္ဘရာက ေရးသားထားသည္။

ေဒါက္တာ ဒက္ဘရာ၏ ေပးစာအေၾကာင္းကို ပထမဆံုးစတင္ေဖာ္ျပခဲ့သည္မွာ The Washington Post သတင္းစာမွ ျဖစ္သည္။

အိမ္ျဖဴေတာ္ ထိပ္တန္းအရာရွိတစ္ဦးကလည္း ယခုေပးစာအေၾကာင္း အတည္ျပဳထားသည္။

ပြင့္ပြင့္လင္းလင္းေရးသားထားေသာ ယခုေပးစာသည္ ေဒါက္တာ ဒက္ဘရာအတြက္ ထူးျခားသည့္အရာတစ္ခုလည္း ျဖစ္သည္။ အိမ္ျဖဴေတာ္၏ ကိုရိုနာဗိုင္းရပ္စ္ တုံ႔ျပန္ေရး ညွိႏႈိင္းေဆာင္ရြက္ေရးမွဴးျဖစ္သည္ႏွင့္အညီ သမၼတကို (သို႔မဟုတ္) အစိုးရကို အမ်ားသိေအာင္ ေဝဖန္ျခင္းမ်ဳိး မျပဳလုပ္ဖူးေခ်။

သူမ၏ ျပတ္သားေသာ ေဝဖန္မႈက အစိုးရသိပၸံပညာရွင္မ်ားႏွင့္ ျပည္သူ႔က်န္းမာေရးကၽြမ္းက်င္ပညာရွင္မ်ားအၾကား ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘး အဆိုးရြားဆံုးကာလ ေရာက္လာေတာ့မည္ကို ရတက္မေအးမႈမ်ား ျမင့္တက္ေနေၾကာင္း ထင္ဟပ္ျပသေနသည္။

အစိုးရ၏ ထိပ္တန္း ကူးစက္ေရာဂါပညာရွင္ ေဒါက္တာ အန္းသနီ ေဖာင္းခ်ီကလည္း ပြင့္ပြင့္လင္းလင္း ေဝဖန္သံုးသပ္မႈမ်ား ျပဳလုပ္ခဲ့ရာ ထရမ့္၏ ပစ္မွတ္ျဖစ္လာရသည္။

မီယာမီတြင္ တနလၤာေန႔ နံနက္ကျပဳလုပ္ခဲ့ေသာ မဲဆြယ္ေဟာေျပာပြဲ၌ ထရမ့္က သတင္းမီဒီယာမ်ားကို ကိုရိုနာဗိုင္းရပ္စ္အေၾကာင္းသာ အထူးျပဳေဖာ္ျပေနမႈအတြက္ ေဝဖန္တိုက္ခိုက္ခဲ့ရာ ပရိသတ္အား လံႈ႔ေဆာ္ေပးသကဲ့သို႔ ျဖစ္ခဲ့ျပီး ထရမ့္အားေထာက္ခံသူတို႔က “ေဖာင္းခ်ီကို ျဖဳတ္ပစ္၊ ေဖာင္းခ်ီကို ျဖဳတ္ပစ္” ဟု ေၾကြးေၾကာ္ခဲ့ၾကသည္။

ထရမ့္က အစိုးရဝန္ထမ္းမ်ားကို ျဖဳတ္ခ်ႏိုင္ေရးအတြက္ မိမိကိုယ္မိမိ အခြင့္အာဏာပိုမိုရရွိေစရန္ မၾကာေသးမီကပင္ အမိန္႔တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ေသာ္လည္း ေဒါက္တာ အန္းသနီ ေဖာင္းခ်ီတြင္ ျပည္သူ႔ဝန္ထမ္းဆိုင္ရာ အကာအကြယ္မ်ားရွိေသာေၾကာင့္ ထရမ့္အေနျဖင့္ ေဖာင္းခ်ီကို ရာထူးမွဖယ္ရွားရန္ အလြန္ခက္ခဲလိမ့္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A top White House coronavirus adviser warns of a ‘deadly phase’(New York Times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service