ကိုယ်ဝန်ဆောင်များ COVID-19 ကူးစက်ခံရပါကရောဂါပြင်းထန်စွာခံစားရပြီးသေဆုံးနိုင်ချေ မြင့်မားကြောင်းလေ့လာတွေ့ရှိ

ကိုယ်ဝန်ဆောင်များ COVID-19 ကူးစက်ခံရပါကရောဂါပြင်းထန်စွာခံစားရပြီးသေဆုံးနိုင်ချေ မြင့်မားကြောင်းလေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
4 Nov 2020 11:44 am တွင် တင်ခဲ့သည်
1038 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါကရောဂါပြင်းထန်စွာခံစားရပြီးသေဆုံးနိုင်ချေ မြင့်မားကြောင်း၊ ထို့အပြင် လမစေ့မီမွေးဖွားနိုင်သည့် အန္တရာယ်လည်း မြင့်မားကြောင်းအမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) မှ တနင်္လာနေ့ကထုတ်ပြန်ခဲ့သောလေ့လာချက်တွင် ဖော်ပြသည်။

ယေဘုယျအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွင် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုနှုန်းနည်းပါးသော်လည်း CDC မှ သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်မရှိသောအမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါကအထူးကြပ်မတ်ကုသမှု၊ အသက်ရှူစက်၊ နှလုံးနှင့် အဆုပ်အထောက်အကူပေးမှုတို့ ပိုမိုလိုအပ်သည်ကိုတွေ့ရှိခဲ့ ကြသည်။

လမစေ့မီမွေးဖွားမှု (ကိုယ်ဝန် ၃၇ ပတ်မပြည့်မီမွေးဖွားခြင်း) နှုန်းမှာသာမန်အခြေအနေတွင် ၁၀ ဒသမ ၂ ရာခိုင်နှုန်းသာရှိသော်လည်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောအမျိုးသမီးများတွင်မူ ၁၂ ဒသမ ၉ ရာခိုင်နှုန်းအထိတွေ့ရကြောင်း CDC ၏ လေ့လာချက်တွင် ဖော်ပြသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက အန္တရာယ်များပြားသည်ဟူသောသက်သေအထောက်အထားများရှိခဲ့ပြီးဖြစ်ရာယခုသုတေသနအသစ်ကထပ်ဆောင်းအားဖြည့်ပေးလိုက်ခြင်းဖြစ်ကြောင်းEmoryဆေးတက္ကသိုလ်၊ သားဖွားမီးယပ်နှင့် သွေးရည်ကြည်ပညာဌာနမှ ဥက္ကဌဒေါက်တာDenise Jamieson က ပြောကြားသည်။

“သူတို့ရဲ့ ကလေးငယ်တွေ ရောဂါကူးစက်မခံရရင်တောင်မှ အန္တရာယ်ရှိနေပြီးဆိုးကျိုးရိုက်ခတ်မှုတွေ ကြုံရနိုင်တယ်လို့ အခုလေ့လာချက်ကတွေ့ရှိရပါတယ်” ဟုဒေါက်တာJamieson က ပြောကြားသည်။

သုတေသနပညာရှင်များပြုလုပ်ခဲ့သောလေ့လာချက်များအနက် လေ့လာချက်တစ်ခုအတွက် ဇန်နဝါရီလ ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အကြားကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့သည့် အသက် ၁၅ နှစ်မှ ၄၄ နှစ်အရွယ်ကြားအမျိုးသမီး ၄၆၁၈၂၅ ဦးကိုလေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

သုတေသနပညာရှင်များကကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများခံစားကြရသူများကိုသာဦးတည်လေ့လာခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့လေ့လာရာတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အထူးကြပ်မတ်ကုသမှုများပိုမိုလိုအပ်လေ့ရှိကြကြောင်းတွေ့ရှိခဲ့ကြသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀၀ ဦးလျှင် ၁၀ ဒသမ ၅ ဦးမှာအထူးကြပ်မတ်ကုသဆောင်သို့ ပို့ကြရသည်ကိုတွေ့ရပြီးကိုယ်ဝန်မရှိသောအမျိုးသမီးများတွင်မူ ၁၀၀၀ ဦးတွင် ၃ ဒသမ ၉ ဦးနှုန်းသာအထူးကြပ်မတ်ကုသဆောင်သို့ ရောက်ရှိကြသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်မရှိသူများနှင့် နှိုင်းယှဉ်လျှင် အသက်ရှူစက်အကူအညီလိုအပ်မှု ၃ ဆ ပိုမိုမြင့်မားသည် ကိုလည်းတွေ့ရသည်။ ၎င်းတို့သည် အဆုပ်နှင့် နှလုံးအားအောက်ဆီဂျင် အကူအညီပေးရန် လိုအပ်မှု ပိုမိုမြင့်မားသည့် အန္တရာယ်ရှိကြသည်။

ထို့အပြင် သေဆုံးနိုင်ချေလည်းပိုမိုမြင့်မားရာကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀၀ ဦးလျှင် သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၅ ဦးနှုန်းရှိပြီးကိုယ်ဝန်မရှိသူများသေဆုံးနှုန်းမှာမူ ၁၀၀၀ ဦးလျှင် ၁ ဒသမ ၂ ဦးနှုန်းသာရှိသည်။

အခြေခံပြည်သူများအကြားတွေ့မြင်နေရသည့် အခြေအနေများအရသုတေသနပညာရှင်များတွေ့ရှိသည်မှာအချို့သောလူမျိုး၊ မျိုးနွှယ်စုများတွင် ရောဂါကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်နိုင်မှု အလားအလာပိုမိုမြင့်မားသည်ကိုလည်းတွေ့ခဲ့ကြသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနက် စပိန်စကားပြောနိုင်ငံများ (အထူးသဖြင့် ဗဟိုနှင့် တောင်အမေရိကတိုက်မှ) မှ အမျိုးသမီးများမှာသေဆုံးနိုင်ချေ ၂ ဒသမ ၄ ဆ ပိုမိုမြင့်မားပြီးအာရှ၊ ဟာဝိုင်အီနှင့် ပစိဖိတ်ကျွန်းစုများမှ အမျိုးသမီးများမှာမူအထူးကြပ်မတ်ကုသဆောင် သို့ ရောက်ရှိနိုင်ချေ ပိုမိုမြင့်မားကြောင်းတွေ့ရှိခဲ့ကြသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ရောဂါပြင်းထန်စွာခံစားမှု ကြီးမားခြင်းရခြင်း၏ အကြောင်းရင်းမှာကိုယ်ဝန်ဆောင်ကာလအတွင်း နှလုံးခုန်နှုန်းမြင့်တက်ခြင်းနှင့် အဆုပ်၏ လုပ်ဆောင်မှု ကျဆင်းခြင်းတို့ အပါအဝင် ဇီဝကမ္မ ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်ကြောင်းသုတေသနပညာရှင်တို့ကပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pregnant women with Covid-19 face higher risk of severe illness and death, study says (CNN)

 [Zawgyi]

ကိုယ္ဝန္ေဆာင္မ်ား COVID-19 ကူးစက္ခံရပါကေရာဂါျပင္းထန္စြာခံစားရျပီးေသဆံုးႏိုင္ေခ် ျမင့္မားေၾကာင္းေလ့လာေတြ႔ရွိ

ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးမ်ားကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရပါကေရာဂါျပင္းထန္စြာခံစားရျပီးေသဆံုးႏိုင္ေခ် ျမင့္မားေၾကာင္း၊ ထို႔အျပင္ လမေစ့မီေမြးဖြားႏိုင္သည့္ အႏၱရာယ္လည္း ျမင့္မားေၾကာင္းအေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟို (CDC) မွ တနလၤာေန႔ကထုတ္ျပန္ခဲ့ေသာေလ့လာခ်က္တြင္ ေဖာ္ျပသည္။

ေယဘုယ်အားျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားတြင္ ေရာဂါျပင္းထန္မႈႏွင့္ ေသဆံုးမႈႏႈန္းနည္းပါးေသာ္လည္း CDC မွ သုေတသနပညာရွင္မ်ား၏ ေတြ႔ရွိခ်က္အရကိုယ္ဝန္ေဆာင္မ်ားသည္ ကိုယ္ဝန္မရွိေသာအမ်ဳိးသမီးမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရပါကအထူးၾကပ္မတ္ကုသမႈ၊ အသက္ရွဴစက္၊ ႏွလံုးႏွင့္ အဆုပ္အေထာက္အကူေပးမႈတို႔ ပိုမိုလိုအပ္သည္ကိုေတြ႔ရွိခဲ့ ၾကသည္။

လမေစ့မီေမြးဖြားမႈ (ကိုယ္ဝန္ ၃၇ ပတ္မျပည့္မီေမြးဖြားျခင္း) ႏႈန္းမွာသာမန္အေျခအေနတြင္ ၁၀ ဒသမ ၂ ရာခိုင္ႏႈန္းသာရွိေသာ္လည္းကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေသာအမ်ဳိးသမီးမ်ားတြင္မူ ၁၂ ဒသမ ၉ ရာခိုင္ႏႈန္းအထိေတြ႔ရေၾကာင္း CDC ၏ ေလ့လာခ်က္တြင္ ေဖာ္ျပသည္။

ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ားကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရပါက အႏၱရာယ္မ်ားျပားသည္ဟူေသာသက္ေသအေထာက္အထားမ်ားရွိခဲ့ျပီးျဖစ္ရာယခုသုေတသနအသစ္ကထပ္ေဆာင္းအားျဖည့္ေပးလိုက္ျခင္းျဖစ္ေၾကာင္းEmoryေဆးတကၠသိုလ္၊ သားဖြားမီးယပ္ႏွင့္ ေသြးရည္ၾကည္ပညာဌာနမွ ဥကၠဌေဒါက္တာDenise Jamieson က ေျပာၾကားသည္။

“သူတို႔ရဲ႕ ကေလးငယ္ေတြ ေရာဂါကူးစက္မခံရရင္ေတာင္မွ အႏၱရာယ္ရွိေနျပီးဆိုးက်ဳိးရိုက္ခတ္မႈေတြ ၾကံဳရႏိုင္တယ္လုိ႔ အခုေလ့လာခ်က္ကေတြ႔ရွိရပါတယ္” ဟုေဒါက္တာJamieson က ေျပာၾကားသည္။

သုေတသနပညာရွင္မ်ားျပဳလုပ္ခဲ့ေသာေလ့လာခ်က္မ်ားအနက္ ေလ့လာခ်က္တစ္ခုအတြက္ ဇန္နဝါရီလ ၂၂ ရက္မွ ေအာက္တိုဘာ ၃ ရက္အၾကားကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္းစစ္ေဆးေတြ႔ရွိခဲ့သည့္ အသက္ ၁၅ ႏွစ္မွ ၄၄ ႏွစ္အရြယ္ၾကားအမ်ဳိးသမီး ၄၆၁၈၂၅ ဦးကိုေလ့လာမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

သုေတသနပညာရွင္မ်ားကကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ားခံစားၾကရသူမ်ားကိုသာဦးတည္ေလ့လာခဲ့ၾကျခင္း ျဖစ္သည္။

ထိုသို႔ေလ့လာရာတြင္ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးမ်ားသည္ အထူးၾကပ္မတ္ကုသမႈမ်ားပိုမိုလိုအပ္ေလ့ရွိၾကေၾကာင္းေတြ႔ရွိခဲ့ၾကသည္။

ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီး ၁၀၀၀ ဦးလွ်င္ ၁၀ ဒသမ ၅ ဦးမွာအထူးၾကပ္မတ္ကုသေဆာင္သို႔ ပို႔ၾကရသည္ကိုေတြ႔ရျပီးကိုယ္ဝန္မရွိေသာအမ်ဳိးသမီးမ်ားတြင္မူ ၁၀၀၀ ဦးတြင္ ၃ ဒသမ ၉ ဦးႏႈန္းသာအထူးၾကပ္မတ္ကုသေဆာင္သို႔ ေရာက္ရွိၾကသည္။

ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ားသည္ ကိုယ္ဝန္မရွိသူမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ အသက္ရွဴစက္အကူအညီလိုအပ္မႈ ၃ ဆ ပိုမိုျမင့္မားသည္ ကိုလည္းေတြ႔ရသည္။ ၎တို႔သည္ အဆုပ္ႏွင့္ ႏွလံုးအားေအာက္ဆီဂ်င္ အကူအညီေပးရန္ လိုအပ္မႈ ပိုမိုျမင့္မားသည့္ အႏၱရာယ္ရွိၾကသည္။

ထို႔အျပင္ ေသဆံုးႏိုင္ေခ်လည္းပိုမိုျမင့္မားရာကိုယ္ဝန္ေဆာင္အမ်ဳိးသမီး ၁၀၀၀ ဦးလွ်င္ ေသဆံုးမႈႏႈန္းမွာ ၁ ဒသမ ၅ ဦးႏႈန္းရွိျပီးကိုယ္ဝန္မရွိသူမ်ားေသဆံုးႏႈန္းမွာမူ ၁၀၀၀ ဦးလွ်င္ ၁ ဒသမ ၂ ဦးႏႈန္းသာရွိသည္။

အေျခခံျပည္သူမ်ားအၾကားေတြ႔ျမင္ေနရသည့္ အေျခအေနမ်ားအရသုေတသနပညာရွင္မ်ားေတြ႔ရွိသည္မွာအခ်ဳိ႕ေသာလူမ်ဳိး၊ မ်ဳိးႏႊယ္စုမ်ားတြင္ ေရာဂါကူးစက္ႏိုင္မႈႏွင့္ ေရာဂါျပင္းထန္ႏိုင္မႈ အလားအလာပိုမိုျမင့္မားသည္ကိုလည္းေတြ႔ခဲ့ၾကသည္။

ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ားအနက္ စပိန္စကားေျပာႏိုင္ငံမ်ား (အထူးသျဖင့္ ဗဟိုႏွင့္ ေတာင္အေမရိကတိုက္မွ) မွ အမ်ဳိးသမီးမ်ားမွာေသဆံုးႏိုင္ေခ် ၂ ဒသမ ၄ ဆ ပိုမိုျမင့္မားျပီးအာရွ၊ ဟာဝုိင္အီႏွင့္ ပစိဖိတ္ကၽြန္းစုမ်ားမွ အမ်ဳိးသမီးမ်ားမွာမူအထူးၾကပ္မတ္ကုသေဆာင္ သို႔ ေရာက္ရွိႏိုင္ေခ် ပိုမိုျမင့္မားေၾကာင္းေတြ႔ရွိခဲ့ၾကသည္။

ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးမ်ားတြင္ ေရာဂါျပင္းထန္စြာခံစားမႈ ၾကီးမားျခင္းရျခင္း၏ အေၾကာင္းရင္းမွာကိုယ္ဝန္ေဆာင္ကာလအတြင္း ႏွလံုးခုန္ႏႈန္းျမင့္တက္ျခင္းႏွင့္ အဆုပ္၏ လုပ္ေဆာင္မႈ က်ဆင္းျခင္းတို႔ အပါအဝင္ ဇီဝကမၼ ေျပာင္းလဲမႈမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္းသုေတသနပညာရွင္တို႔ကေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Pregnant women with Covid-19 face higher risk of severe illness and death, study says (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service