COVID ကြောင့် သေဆုံးလျှင် ဆရာဝန်များဝင်ငွေကောင်းကြောင်းထရမ့်ပြောကြား
COVID ကြောင့် သေဆုံးလျှင် ဆရာဝန်များဝင်ငွေကောင်းကြောင်းထရမ့်ပြောကြား - Property News in Myanmar from iMyanmarHouse.com
3 Nov 2020 10:55 am တွင် တင်ခဲ့သည်
1037 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်ပါတီမှ ပြိုင်ဖက် ဂျိုးဘီဒင်တို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်ဆိုးရွားလာနေသောအမေရိကန်အနောက်အလယ်ပိုင်းပြည်နယ်များတွင် ပြီးခဲ့သောသောကြာနေ့ကရွေးကောက်ပွဲမဲဆွယ်ဟောပြောမှုများ ပြုလုပ်ခဲ့ကြရာထရမ့်က ဆရာဝန်တို့သည် COVID-19 သေဆုံးမှုများကြောင့် အကျိုးအမြတ်ရနေကြောင်းမှားယွင်းစွာစွပ်စွဲပြောကြားခဲ့ပြီး ဂျိုးဘီဒင်ကပြောကြားခဲ့ရာတွင် ထရမ့်သည် ကပ်ရောဂါဘေးကိုလက်နက်ချလိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
ပြီးခဲ့သောရက်သတ္တပတ်အတွင်းရောဂါကူးစက်မှုများ ၂ ဆမြင့်တက်ခဲ့သောဝစ္စကွန်ဆင်ပြည်နယ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု နှေးကွေးစေရန် ချမှတ်ထားသောစည်းမျဉ်းတင်းကျပ်မှုများကိုရုပ်သိမ်းပေးရန် ထရမ့်က ပြည်နယ်အုပ်ချုပ်ရေးမှူး (ဒီမိုကရက်ပါတီမှ) ကိုတိုက်တွန်းခဲ့ သည်။
ထရမ့်၏ မဲဆွယ်ဟောပြောမှုများတွင် တက်ရောက်လာသော ပြည်သူထောင်ပေါင်းများစွာအနက် အများစုမှာပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိကြချေ။
“ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ရဲ့ ပြည်နယ်ကိုဖွင့်ပေးလိုက်ဖို့လိုပါတယ်။ ဒါကို မြန်မြန်လုပ်ဆောင်ကြရမှာဖြစ်တယ်” ဟုထရမ့်က ရွေးကောက်ပွဲမတိုင်မီသူ၏ဟောပြောမှုတွင် ပြောကြားခဲ့သည်။ (အမေရိကန်ရွေးကောက်ပွဲမှာယနေ့ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည် ဖြစ်သည်)
မီချီဂန်ပြည်နယ်တွင် ထရမ့်က မဲဆွယ်ဟောပြောခဲ့ရာ၌ အမေရိကန်၏ ကျန်းမာရေးစနစ်ကိုဝေဖန်တိုက်ခိုက်ခဲ့ပြီးမှားယွင်းစွာစွပ်စွဲပြောကြားခဲ့သည်မှာ “လူတစ်ယောက် ကိုဗစ်ကြောင့်သေရင် ကျွန်တော်တို့ရဲ့ ဆရာဝန်တွေ ပိုက်ဆံပိုရပါတယ်” ဟုဆိုသည်။
ဒီမိုကရက်ပါတီမှ သမ္မတလောင်း ဂျိုးဘီဒင်ကမင်နီဆိုးတာပြည်နယ် ဟောပြောပွဲတွင် ပြောကြားခဲ့သည်မှာထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် ကိုလက်မြှောက်အရှုံးပေးလိုက်ပြီဖြစ်ကြောင်း၊ ၎င်းအနေဖြင့် လူနာများကိုကုသပေးနေသည့် ဆေးဘက်ဝန်ထမ်းများကိုမတိုက်ခိုက်သင့် ကြောင်းပြောကြားခဲ့သည်။ “ထရမ့်နဲ့ မတူတဲ့အချက်က ကျွန်တော်တို့ဟာဒီဗိုင်းရပ်စ်ကိုလက်မြှောက်အရှုံးပေးလိမ့်မှာမဟုတ်ပါဘူး” ဟု ဂျိုးဘီဒင်ကပြောသည်။
ဘီဒင်ကိုထောက်ခံသူများက ၎င်းတို့၏ ကားများထဲတွင် လူမှုအလှမ်းခွါကာစုရုံးကြရင်းသဘောတူညီမှု ပြသသည့်အနေဖြင့် ကားဟွန်းများတီးခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၂၉၀၀၀ ကျော် သေဆုံးခဲ့ရပြီးလူသန်းပေါင်းများစွာအလုပ်လက်မဲ့ ဖြစ်ခဲ့ကြရသည်။
Covid-19 ကိုယ်တိုင်ကူးစက်ခံရကာသက်သာပျောက်ကင်းလာသူဖြစ်သော်လည်းထရမ့်သည် ကျန်းမာရေးအကျပ်အတည်းကိုမဆိုးရွားသယောင် လပေါင်းများစွာ ပြုမူနေခဲ့ပြီးရောဂါကူးစက်ခံရသူများ မြင့်တက်နေသည့်တိုင်အောင် ထရမ့်က သူ့အားထောက်ခံသူများကိုပြောကြားရာတွင် မိမိတိို့နိုင်ငံသည် ပြန်လည်နာလံထူစပြုလာနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Trump claims doctors ‘get more money’ for COVID deaths ( mercurynews)
  [Zawgyi]
Covid-19 ကိုယ်တိုင်ကူးစက်ခံရကာသက်သာပျောက်ကင်းလာသူဖြစ်သော်လည်းထရမ့်သည် ကျန်းမာရေးအကျပ်အတည်းကိုမဆိုးရွားသယောင် လပေါင်းများစွာ ပြုမူနေခဲ့ပြီးရောဂါကူးစက်ခံရသူများ မြင့်တက်နေသည့်တိုင်အောင် ထရမ့်က သူ့အားထောက်ခံသူများကိုပြောကြားရာတွင် မိမိတို့နိုင်ငံသည် ပြန်လည်နာလံထူစပြုလာနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service